ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.11.15

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အတားအဆီးများ

ငြိမ်းချမ်းရေး, ဒေါ်အောင်ဆန်းစုကြည်, NLD
မကြာမီ မြန်မာနိုင်ငံ လွှတ်တော်တွင် အမတ်အသစ်များ နေရာယူပြီး ဒုသမ္မတနှင့် သမ္မတအသီးသီး ကိုရွေးချယ်ကာ အစိုးရအသစ်တရပ်ကို ဖွဲ့စည်းမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်တက်လာမည့် သမ္မတအသစ် အထက်တွင် ရှိမည်ဟု ပြောခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် အမေရိကန်နှင့် အလုပ်အတူတွဲလုပ်မည်ဖြစ်ကြောင်း ရုရှားပြော


ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့ကို တိုက်ခိုက်ရန် အမေရိကန်နှင့် ၄င်း၏ လက်တွဲဖော်များကို ရုရှားနိုင်ငံအနေဖြင့် ပူးပေါင်းမည်ဖြစ်ကြောင်း၊ သို့သော် ထိုပူးပေါင်းဆောင်ရွက်ရာ တွင် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချသကဲ့သို့ ထပ်မံ ဖြစ်ပေါ်လာမည်ဆိုပါက အန္တရာယ် ကျရောက်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသားများဘဏ် မှတ်ပုံတင်မည်


  မြန်မာနိုင်ငံ သားများဘဏ်လီမိတက်မှ ရန်ကုန် စတော့အိတ်ချိန်းတွင် ပါဝင်နိုင်ရန် နိုဝင်ဘာလကုန်တွင် ရန်ကုန်စတော့ အိတ်ချိန်းကော်မတီသို့ မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် မှ သိရသည်။
''မှတ်ပုံတင်ဖို့အတွက် ကြိုးစား နေပါတယ်။ အစုရှယ်ယာရှင်တွေရဲ့ သဘောထား အတည်ပြုချက်ကိုရ ယူတာပါ။ မှတ်ပုံတင်နိုင်ဖို့အ တွက် ကော်မတီနဲ့လည်း နေ့စဉ်မပျက်ချိတ် ဆက်နေပါတယ်။ သူတို့သတ် မှတ်ထား တဲ့လိုအပ်ချက်တွေ ရရှိနိုင်အောင်လည်းကြိုးစားနေ တယ်''ဟု မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်အုပ် ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းကပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ အထူး ကိုယ်စား လှယ် မစ္စတာ ဗီဂျေနမ်ဗီးယား လာရောက်တွေ့ဆုံ


  ယနေ့ နံနက် ၁၀နာရီအချိန် က ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ အထူး ကိုယ်စား လှယ် မစ္စတာ ဗီဂျေနမ်ဗီးယားက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ပြည်သူ့ လွှတ်တော်ဥက္ကဌ ၏ ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံ ခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် တစ်သောင်းကျပ် အတုဖြင့် ၄၇သိန်းကျော်ဖိုး ရွှေဝယ်ယူမှုဖြစ်ပွား


မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု ရုံးပင်ကုန်းရပ်ကွက်၊ အရုဏ်ဦး ရွှေဆိုင်တွင် ငွေကျပ် သိန်းပေါင်း ၄၇သိန်းကျော် တန်ဖိုးရှိ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းများကို ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများနှင့် လိမ်လည် ၀ယ်ယူသွားခဲ့မှု နိုဝင်ဘာလ ၁၇ရက် ညနေ ၄နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောသည်။

စစ်လက်နက်ပစ္စည်းများ အမေရိကန် ရောင်းပါက အသုံးတည့်လျှင် ၀ယ်မည်ဟု တပ်ချုပ်ပြော


မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်း မွန်လာမည်ဟု ယုံကြည်ပြီး စစ် လက်နက်ပစ္စည်းများ အမေရိ ကန်ကရောင်းပါက အသုံးတည့်လျှင် ၀ယ်ယူမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၀ါရှင် တန်ပို့စ်သတင်းဌာနနှင့် အင်တာ ဗျူးတွင် ပြောကြားသည်။

ကျန်းမာရေး ဌာနများသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ ပြောင်းရွှေ့ခန့်ထားခြင်း ဆက်လက် မဆောင်ရွက်ရန် ဖဲကြိုးနက် ဆရာဝန်များ ကြေညာချက် ထပ်မံထုတ်ပြန်


ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် ဆရာဝန်များ ၀ိုင်းဝန်းတောင်းဆို ကန့်ကွက်ခဲ့သည့် “ကျန်းမာရေး ဌာနများသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ ပြောင်းရွှေ့ ခန့်ထားခြင်း” လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုပါရန်ဖဲကြိုးနက် ဆရာဝန်များက နိုဝင်ဘာ ၂၆ ရက်က သဘောထား ကြေညာချက် တစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစိုးရဖွဲ့ရာတွင် NLD မှ မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရဖွဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နောက်ထပ်အမှား ထပ်မလုပ်ရန် တူရကီကို ရုရှား ပြင်းပြင်းထန်ထန် သတိပေး


ရုရှား ဂျက်တိုက်လေယာဉ် တစ်စင်းကို တူရကီစစ်ဘက်က ပစ်ချလိုက်မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ရုရှားအစိုးရက နောက်ထပ် အလားတူဖြစ်ရပ်မျိုး ထပ်မံမပြုလုပ်ရန် တူရကီ အစိုးရကို ရှင်းရှင်းလင်းလင်း သတိပေး ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

NLD ဦးဉာဏ်ဝင်း ဂျပန်ခရီး စတင်

ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် ဂျပန်ရောက်မြန်မာများ ကြိုဆို။ သတင်းဓာတ်ပုံ- Credit to ကိုအောင်ထွန်းလင်း တိုကျို ဂျပန်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံကို မကြာခင်နာရီပိုင်းကပဲ ရောက်ရှိသွားခဲ့ပါပြီ။ ဦးဉာဏ်ဝင်းကို ဂျပန်အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးစံမိုဝေက တင်ပြပေးထားပါတယ်။