27.11.15

ရန်ကုန်စတော့အိတ်ချိန်းတွင် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသားများဘဏ် မှတ်ပုံတင်မည်


  မြန်မာနိုင်ငံ သားများဘဏ်လီမိတက်မှ ရန်ကုန် စတော့အိတ်ချိန်းတွင် ပါဝင်နိုင်ရန် နိုဝင်ဘာလကုန်တွင် ရန်ကုန်စတော့ အိတ်ချိန်းကော်မတီသို့ မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် မှ သိရသည်။
''မှတ်ပုံတင်ဖို့အတွက် ကြိုးစား နေပါတယ်။ အစုရှယ်ယာရှင်တွေရဲ့ သဘောထား အတည်ပြုချက်ကိုရ ယူတာပါ။ မှတ်ပုံတင်နိုင်ဖို့အ တွက် ကော်မတီနဲ့လည်း နေ့စဉ်မပျက်ချိတ် ဆက်နေပါတယ်။ သူတို့သတ် မှတ်ထား တဲ့လိုအပ်ချက်တွေ ရရှိနိုင်အောင်လည်းကြိုးစားနေ တယ်''ဟု မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်အုပ် ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းကပြောသည်။

မြန်မာနိုင်ငံသားများ ဘဏ်အ နေဖြင့် စတော့အိတ်ချိန်းတွင်ပါဝင် ခွင့်ရရှိပါက ပြည်တွင်း၊ ပြည်ပမှ နည်း ပညာရှင်များ၊Marketing Manager နှင့် အမှုဆောင်အရှိချုပ်တို့ကို ခေါ် ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Stock Exchange ကိုတော့ စိတ်ဝင်စားပါတယ်။ စတော့အိတ်ချိန်း က နိုင်ငံတိုင်းမှာရှိပြီးတော့ ကျွန်တော် တို့နိုင်ငံမှာက မရှိသေးဘူး။ စတော့ အိတ်ချိန်းအောင်မြင်ဖို့ကလည်း မြန် မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် မှာမူတည်တယ်။ ကျွန်တော်တို့ တစ်ဦးတည်းနဲ့လည်း ကုမ္ပဏီတည်ထောင် ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန် တော်တို့မှာရှိတဲ့ ငွေကြေးရင်းနှီးမြှုပ် နှံမှုတွေကနေပြီး အစုရှယ်ယာတွေ ဝယ်ယူလို့ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်နိုင်မယ်'' ဟု မြန်မာနိုင်ငံသားများ ဘဏ်လီမိ တက်မှ အစုရှယ်ယာရှင် ကိုဇေယျာ ထက်က ပြောသည်။
မြန်မာနိုင်ငံသားများ ဘဏ်လီ မိတက်ကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အစု ရှယ်ယာရှင်ပေါင်း ၁၆၆၀ ကျော်ရှိ ကြောင်း သိရသည်။
မူလက ၂၀၁၅ အောက်တိုဘာ လအတွင်း ဖွင့်လှစ်ရန်စီစဉ်ထားသည့် ရန်ကုန်စတော့အိတ်ချိန်းကို ဒီဇင် ဘာလအတွင်း၌ စတင်ဖွင့်လှစ်သွား မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက် များကို ၂၀၁၆ ခုနှစ်တွင် အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန သိ ရသည်။
ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင် နှုန်း၊ ဂျပန်ဒိုင်ဝါကုမ္ပဏီနှင့် ဂျပန် စတော့အိတ်ချိန်းတို့မှ ၄၉ ရာခိုင် နှုန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်။
စတော့အိတ်ချိန်းရုံးခန်းကို ရန် ကုန်မြို့၊ ဆူးလေဘုရားလမ်းထောင့် နှင့် ကုန်သည်လမ်းထောင့်တွင် ဖွင့် လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်စတော့ အိတ်ချိန်းတွင် Under Writer(စတော့ ရှယ်ယာများကို တစ်ဆင့်ဖြန့်ဖြူးရောင်း ချသူ)၊ Dealer (ဝယ်ရောင်းရှယ်ယာ ကစားသူ)၊ Stock Labour(စတော့ ပွဲစား)နှင့် Advisor(အကြံပေး)အ မျိုးအစားလေးမျိုးအတွက် လိုင်စင် လျှောက်ထားသူ ၅၈ ဦးရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်ဘဏ်ရုံးချုပ်တွင် နို ဝင်ဘာ ၂၅ ရက်က ရန်ကုန်စတော့ အိတ်ချိန်းတွင်မှတ်ပုံတင်၍ အစုရှယ် ယာများရောင်းချရန် အစည်းအဝေး ပွဲ၌ မှတ်ပုံတင်နိုင်ရန်အတွက် အစု ရှယ်ယာရှင်များ၏ သဘောထားကို တောင်းခံခဲ့ခြင်းဖြစ်သည်။

Credit To >>> Democracy News 

0 comments:

Post a Comment