ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.7.13

Air Supply မြန်မာပြည်၌သြဂုတ်လတွင် ဖျော်ဖြေမည်

ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား သြဂုတ်လ ၁၅ရက်နေ့တွင်မရမ်းကုန်းမြို့နယ် MCC ခန်းမတွင်ပြုလုပ်မည်ဖြစ်သည်

အတိတ်မကောင်းသော အနာဂါတ်များ၏ ပိုင်ရှင်

ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးခရီးသည် လိုအပ်ချက်ပေါင်းများစွာနှင့် ရှည်လျားတွန့်ဆုပ်နေလွန်းသည်ဟု ထင်သည်။ရှည်လျား တွန့် ဆုပ်နေသော ငြိမ်းချမ်းရေး ခရီးစဉ်ကြားမှာ တကိုယ်ရည်တကာယ ရပ်တည်နိုင်ရေး၊ မိသားစုဘ၀လည်ပတ်နိုင်ရေးနှင့် မိမိတို့ ရင်သွေးငယ်များ၏ ပညာရေး သည်လည်း နေ့စဉ်နှင့်အမျှ စဉ်းစားရပ်တည်နေရသောကချင်ပြည်နယ် တွင်း က စစ်ရှောင်စခန်းအသီးသီးမှ စစ်းဘေးရှောင် မိဘပြည်သူ မိသားစုတစ်ခုချင်းစီ၏ ဘ၀လုံခြုံမှုရေး၊ခိုင်မြဲသော မိသားစုဘ၀အဖြစ် ရပ်တည်နိုင်ရေးတို့သည် ကိုယ့်ကံကြမ္မာကို ဖန်းတီးခွင့်မရသေးသော အခြေအနေများနှင့်နေ့ စဉ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရသော ပဋိပက္ခများဖြစ်သည်၊ ဘ၀တစ်ခု၊ မိသားစုတစ်ခု၏ အခြေခံကျသောအနူးညံ့ဆုံးနှင့် ကမ္ဘာ့အကြီးမားဆုံး ထိုပဋိ ပက္ခများသည် စစ်အေးကာလဖြစ်တဲ့ ယခုလိုအခါမျိုးမှာတောင် တခါတခါမှ
ထဖြစ်တတ်တဲ့ မထင်ရှားသောစစ်ပွဲလေးတွေရဲ့ အောက်မှာ မှေးမှိန် ဝေး ၀ါးနေရဆဲလဲ ဖြစ်သည်။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီး

ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် အမေရိကန်နိုင်ငံမှ အသက် ၁၁၂နှစ်အရွယ်ရှိ ဆာလက်တီရာနိုဆန်ချက်ဇ် ဘလက်ဇ် ကွက်ဇ် ဖြစ်လာကြောင်း ဇူလိုင်လ ၂၆ရက်နေ့က ဂင်းနက်စ်မှတ် တမ်း၌ ဖော်ပြထားသည်။

ပေါ့ပါးသွက်လက်မှုနှင့်အားကစားဖက်ရှင် "

ကမ္ဘာကြီးတွင် ဝတ်စားဆင်ယင်မှုအပိုင်း၊ နေမှုထိုင်မှု အပိုင်းစသည်ဖြင့် ဖက်ရှင်အမျိုး မျိုးရှိရာမှ ၄င်းဖက်ရှင်ရောင်စုံအမျိုးမျိုးတို့သည် ပရိသတ်စိတ်ဝင်စားမှုများသော အားကစား လောကနဲ့ အာကစားကွင်းများဆီသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ သည်။

ပြုပြင်ပြောင်းလဲမည့် ခေတ်မီ ပညာရေးစနစ်နှင့် ကျူရှင်ကဏ္ဍ

စနစ်တစ်ခုက တစ်ခုကို ပြောင်းလဲတော့မယ်ဆိုရင် စနစ်ဟောင်းရဲ့ ဆိုးမွေတွေကို သေသေချာချာ လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်။ ဆိုးကျိုးတွေကို ဖြစ်စေတတ်တဲ့ အရာမှန်သမျှကို ဖျက်သင့်တာ ဖျက်၊ ပယ်သင့်တာကို ပယ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဆိုးခြင်းနှင့် ကောင်းခြင်းကို လက်ခံသူချင်း မတူကြတဲ့အတွက် ကွဲပြား ခြားနားမှုက ရှိကြမှာပါ။

တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေသသို့ ဂျပန် ဝန်ကြီးချုပ် သွားရောက်

ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပူပူနွေးနွေး အနိုင်ရရှိထားသူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရှေ့တောင်အာရှ ဒေသ တွင်း တရုတ်နိုင်ငံ ခြိမ်းခြောက်မှုကို တုံ့ပြန်မှုပြုရန် အလို့ငှာ အာဆီယံ နိုင်ငံ များသို့ ယခုရက်သတ္တတစ်ပတ်အတွင်း သွားရောက် လည်ပတ်လျက် ရှိကြောင်း The Japan Times သတင်းစာက ရေးသား ဖော်ပြသည်။

ထို့ပြင် အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းလာမှုနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများကို တန်ပြန် ချိန်ခွင်လျှာ ညှိရန်သာမက အာဆီယံ နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်လည်း ရည်ရွယ်သည်ဟု ဂျပန် အစိုးရ အရာရှိကြီးများက ပြောကြားသည်။

ကြက်ကိုစားသော ဧရာမ ပင့်ကူ Nephila edulis

Nephila edulis လို့အမည်ရတဲ့ ပင့်ကူပါ။ သြစတေးလျ နိုင်ငံမှာပဲ ရှိတဲ့ ပင့်ကူ ဖြစ်ပါတယ်။ ကြက်တင်မကပဲ အခြားသော အကောင်ကြီး သတ္တဝါများကို စားသုံးတဲ့အထိ ဖြစ်ပါတယ်။

သူက အသားမစားပါဘူး။ ဦးနှောက်ပဲ ဖောက်စားတာပါ။ လူတွေကို အန္တရာယ် ပြုရတဲ့အထိတောင် ကြောက်ရတဲ့ ပင့်ကူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ သြစတေးလျက ပန်းခြံတစ်ခုမှာ မွေးထားတဲ့ ပင့်ကူ ဖြစ်ပါတယ်။

Business Air လေကြောင်းလိုင်းသစ် ဘန်ကောက်သို့ စတင် ပြေးဆွဲမည်

Business Air လေကြောင်းလိုင်းအသစ်မှ လာမည့် သြဂုတ်လအတွင်း ရန်ကုန်မှ ဘန်ကောက်သို့ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်း လိုင်းအသစ် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

နား ၊နှာခေါင်း ၊လည်ချောင်းဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲကျင်းပ

စင်ကာပူ အမျိုးသား တက္ကသိုလ် ဆေးရုံကြီး ( NUH ) နှင့် ၄င်း၏ မြန်မာပြည်ကိုယ်စားလှယ် ဖြစ်သော Care Forever ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြုလုပ်သော နား ၊နှာခေါင်း ၊လည်ချောင်းဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲကို Park Royal ဟိုတယ် တွင် နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးခင်ညွန့်ပန်းချီပြခန်းက ပြပွဲတခု

ဦးခင်ညွန့်ရဲ့ ရန်ကုန်မြို့က န၀ဒေး ပန်းချီပြခန်းမှာ ၆ ရက်ကြာ ပြုလုပ်မယ့် ပန်းချီပြပွဲတခုကို မနေ့က စတင်လိုက်ပါတယ်။

Flying Colours လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ ပန်းချီဆရာ ဆရာမ ၂၂ ဦးရဲ့ လက်ရာစုံ ပါဝင်တာကို တွေ့ရမှာပါ။

လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၇၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် တရုတ် စီစဉ်

တရုတ်နိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း လေထု ညစ်ညမ်းမှုများကို တိုက်ဖျက်နိုင်ရေးအတွက် အစိုးရက ဒေါ်လာ ၂၇၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားရန် စီစဉ်လျက် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

တရုတ်တွင် အလုပ်အကိုင် ပြဿနာကြောင့် လူမှုရေး မတည်မငြိမ်မှုများ ဖြစ်လာဖွယ်ရှိဟု အစိုးရ သတိပေး

တရုတ်နိုင်ငံတွင် အလုပ်ခန့်အပ်မှုနှင့် ပတ်သက်၍ လာမည့် လများအတွင်း ကြီးမားသော ဖိအားပေးမှုများ ဖြစ်ပေါ်လာရန်ရှိရာ အဆိုပါကိစ္စက လူမှု မတည်မငြိမ်မှုများကို ဖြစ်ထွန်းစေနိုင်သည်ဟု တရုတ် အလုပ်သမား ဝန်ကြီး ဌာနက သတိပေးလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံGansu ပြည်နယ်တွင် ရေကြီးမြေပြိုမှု များ ဖြစ်ပေါ်

Gansu တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြာဿပတေးနေ့(ဇူလိုင် ၂၅ ရက်)ကတည်းက ရေကြီးမှု၊ မြေပြိုမှုနှင့် တောင်တန်းများပေါ်မှ ကျောက်တုံးကျောက်ခဲများ ပြိုကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ပြောကြား

တရုတ်နှင့် မြောက်ကိုရီးယားအရေး ဂျပန် ကြားဖြတ် ကာကွယ်ရေး အစီရင်ခံစာ ထုတ်

နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်လေ့ ရှိသော မြောက်ကိုရီးယားနှင့် ရေတပ်အင်အား တိုးချဲ့လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အထူးပြု လေ့လာထားသည့် ဂျပန် အစိုးရ အဖွဲ့ထံ တင်ပြမည့် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြားဖြတ် ကာကွယ်ရေး အစီရင်ခံစာ ထွက်လာကြောင်း အဆာဟိရှင်ဘွန်း သတင်းစာ က ရေးသား ဖော်ပြထားသည်။

တိုင်းပြည်တိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အဓိကကျတာဟာ ပညာရေးဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာ တိုးတက်အောင် သုတ၊ ရသစာပေတွေ များများဖတ်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ရွေ့လျား စာကြည့်တိုက် စတင်ဖွင့်လှစ်

ဗိုလ်ချုပ်အောင်ဆန်း ဇနီး ဒေါ်ခင်ကြည် ကို ရည်စူးပြီး တည်ထောင် ထားတဲ့ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ကနေ ကော့မှူးမြို့နယ် အတွက် ရွေ့လျား စာကြည့် တိုက် တခု ဒီကနေ့ ဖွင့်လှစ် ခဲ့ရာ သမီးဖြစ်သူ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် စကားပြောကြားခဲ့ ပါတယ်။

စကားဆိုတာ

ပြောတိုင်းလည်း မကောင်းသလို
များတိုင်းလည်းမကောင်းဘူး

မှန်တာပြောတိုင်းလူမုန်းခံရသလို
မှားတာပြောလည်း လူကဲ့ရဲ့ခံရတတ်တယ်

ပြဿနာအများစုရဲ့ ဇစ်မြစ်ဟာ လူတွေပြောနေကြတဲ့
စကားလုံးတွေဆီကနေစတင်တယ်

စကားတစ်ခွန်းက လူတစ်ယောက်ဘ၀ကို ကယ်တင်နိုင်သလို
စကားတစ်ခွန်းက လူတစ်ယောက်ဘ၀ကို

ဘရာဇီးလ်ကမ်းခြေတွင် ငါးမန်ကိုက်ခံရသဖြင့် မိန်ကလေးတစ်ဦး သေဆုံး

ဘရာဇီးလ်နိုင်ငံရှိ လူသိများသော ကမ်းခြေတစ်ခုတွင် ငါးမန်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

အသက်(၁၈)နှစ်သာ ရှိသေးသော ဘရူနာဂိုဘီသည် ခါးကျော်ကျော်မျှသာ နက်သော ရေထဲတွင် ဆော့ကစားနေစဉ် အဆိုပါ သားစား သတ္တဝါကြီး၏ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

အစိုးရနဲ့ ပလောင်လွတ်မြောက်ရေးတပ်ဦး ဇူလိုင် ၃၁ မှာ ငြိမ်းချမ်းရေးဆွေးနွေးမယ်

ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီအဖွဲ့တွေ ဇူလိုင်လ ၃၁ ရက်နေ့မှာ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း လေ့လာသူအဖြစ် တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိပါတယ်။