27.7.13

စကားဆိုတာ

ပြောတိုင်းလည်း မကောင်းသလို
များတိုင်းလည်းမကောင်းဘူး

မှန်တာပြောတိုင်းလူမုန်းခံရသလို
မှားတာပြောလည်း လူကဲ့ရဲ့ခံရတတ်တယ်

ပြဿနာအများစုရဲ့ ဇစ်မြစ်ဟာ လူတွေပြောနေကြတဲ့
စကားလုံးတွေဆီကနေစတင်တယ်

စကားတစ်ခွန်းက လူတစ်ယောက်ဘ၀ကို ကယ်တင်နိုင်သလို
စကားတစ်ခွန်းက လူတစ်ယောက်ဘ၀ကို

ဖျက်ဆီးပစ်နိုင်တယ်

စကားကိုလူတိုင်းပြောတတ်ကြပေမယ့်
ကိုယ်ပြောတဲ့စကားကိုကိုယ်တာဝန်ယူနိုင်ကြသူ နည်းတယ်

စကားတစ်ခွန်းကို ချင့်ချင့်ချိန်ချိန် တာဝန်ယူနိုင်မှ ပြောတာ အကောင်းဆုံးပါပဲ

သက်တန့်ချို

0 comments:

Post a Comment