27.7.13

Business Air လေကြောင်းလိုင်းသစ် ဘန်ကောက်သို့ စတင် ပြေးဆွဲမည်

Business Air လေကြောင်းလိုင်းအသစ်မှ လာမည့် သြဂုတ်လအတွင်း ရန်ကုန်မှ ဘန်ကောက်သို့ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်း လိုင်းအသစ် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။


လေကြောင်းလိုင်းသစ်မှာ ရန်ကုန်-ဘန်ကောက် သို့ နေ့စဉ်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး တစ်ရက်လျှင် ၂ ကြောင်း ပြေးဆွဲပေးမည်ဟု Business Air (ရန်ကုန်) မှ အထွေထွေ မန်နေဂျာ ဦးဝင်းသိန်းနိုင်က ပြောသည်။ ထို့ပြင် ¤င်းလေကြောင်းလိုင်းမှာ ရန်ကုန်-ဘန်ကောက် သာမက ကိုရီးယား၊ ဂျပန်နှင့် ဆော်ဒီနိုင်ငံများကိုပါ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

0 comments:

Post a Comment