27.7.13

ပေါ့ပါးသွက်လက်မှုနှင့်အားကစားဖက်ရှင် "

ကမ္ဘာကြီးတွင် ဝတ်စားဆင်ယင်မှုအပိုင်း၊ နေမှုထိုင်မှု အပိုင်းစသည်ဖြင့် ဖက်ရှင်အမျိုး မျိုးရှိရာမှ ၄င်းဖက်ရှင်ရောင်စုံအမျိုးမျိုးတို့သည် ပရိသတ်စိတ်ဝင်စားမှုများသော အားကစား လောကနဲ့ အာကစားကွင်းများဆီသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ သည်။


ဘောလုံးကွင်းများနှင့် အားကစားကွင်းများရှိ ပရိသတ် များသည် မိမိတို့အားပေးသော ဘောလုံးအသင်း(သို့မဟုတ်)အား
က စား သမား၏ဝတ်စုံများ ကို ဝတ်ဆင် အားပေးလေ့ရှိသကဲ့သို့ ကိုယ် စားပြုမိမိတိုင်း၊ နိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုဝတ်စားဆင် ယင် ထုံးဖွဲ့မှုနှင့်အတူ မိမိနှစ် သက် မြတ်နိုးရာနှင့် ရိုးရာ အ ထိမ်းအမှတ်ဝတ်စုံများဖြင့်လည်း ဖက်ရှင်ကျကျအားပေးကြတာ တွေ့ ရသည်။ ကမ္ဘာ့ဖလား ပြိုင် ပွဲ၊ ဥရောပဖလားပြိုင်ပွဲ၊ အာဖရိ ကဖလားပြိုင်ပွဲ၊ အာရှ ဖလား ပြိုင်ပွဲစသည့်
တိုက်ကြီးများနှင့် နိုင်ငံများ အလိုက် ဘောလုံးပြိုင် ပွဲများကိုလက်ခံ ကျင်းပရာ နိုင်ငံ များအနေဖြင့် ၄င်းတို့နိုင်ငံ၏ ရိုးရာအဝတ်အစား၊ ယဉ်ကျေးမှု ဖက်ရှင်ပုံစံများဖြင့်နိုင်ငံသူနိုင်ငံသားပရိသတ်များက တက် တက် ကြွကြွအားပေး သကဲ့သို့ မိမိနိုင်ငံတော်အလံကို မျက်နှာတွင် ဆေးရောင်စုံခြယ်သကာ အား ပေးကြသည်ကို ဖက်ရှင်ရသ မြောက်စွာကြည့်ရှုခံစား ရသည်။

မိမိနှစ်သက်ရာ အားကစား သမားကို မြတ်နိုးစွာအားပေး ကြပြီး ၄င်းတို့ကို ဟီးရိုးထား ကာနှစ်သက်ကြသည်။ အားကစားသမားနာမည်ကိုပင်
ဆေးမင်ကြောင်ထိုးခြင်းကဲ့သို့ ဖက်ရှင်များလည်း မြင်တွေ့ရသည်။

ဘောလုံးအားစားနည်း သာမကတင်းနစ်၊ ဂေါက်သီး၊ ရေကူးအစရှိသော အားကစားနည်းမျိုးစုံမှနာမည်ကြီးအားကစားသမားများသည်ပင် ပရိသတ် များ၏ဟီးရိုးများကဲ့သို့ အလွန်အမင်းချစ်ခင်အားပေးမှုကိုခံကြရပြီး ထိုအားကစားသမားများ၏ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံတို့ကို ကမ္ဘာတစ်လွှားရှိ ပရိသတ်များကဖက်ရှင်ဟု သတ် မှတ်၍လိုက်လံတုပဝတ်ဆင်နေ
ထိုင်ကြတာလည်း အံ့မခန်းစွာ မြင်တွေ့ရသည်မှာ ယနေ့ထိ တိုင်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အားကစားကို ကြိုက်နှစ်သက်သူ လူငယ်၊လူကြီးမရွေး မိမိအားပေးရာ အားကစားအသင်းဝတ်စုံကိုဝတ်ဆင်ကာ အားပေးကြ သည်မှာဖက်ရှင်ရေစီးကြောင်းတစ်ခုဖြစ်လာသည်။ မြန်မာပရိသတ်အားပေးမှုအများဆုံး မှာ အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက် အသင်းဖြစ်နေပြီး မန်ချက်စတာယူနိုက်တက် အသင်းကို
အားပေးသည့် အနုပညာရှင်မင်းသွေးကမူ အားကစား အင်္ကျီကို ဂုဏ်ယူမြတ်နိုးစွာဖြင့်ဝတ် ဆင်အား ပေးကြောင်းပြောသည်။

" မြန်မာအသင်းတို့၊ မန်ယူအသင်းတို့ အင်္ကျီတွေကို ဂုဏ်ယူပြီးဝတ်တာပါပဲ။ ဖက်ရှင်တစ်ခုအနေနဲ့ တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ငါကြိုက်တာ ဒီအသင်းဆိုတဲ့ စိတ်နဲ့ ပေါ့။

အားကစားအင်္ကျီက ပေါ့ပေါ့ပါးပါးပတ်ဝန်းကျင်မှာဆို ကောင်းပါတယ်။ ပွဲတွေဘာတွေတော့ မတင့်တယ်ဘူး" ဟု မင်းသွေးက ဆိုသည်။

အားကစားအင်္ကျီဈေးကွက်တွင် အားကစားအင်္ကျီကို ဝတ်ဆင်အားပေးကြသူများမှာ လူငယ်အများစုဖြစ်ကြောင်း အားကစားပဒေသာအားကစား ပစ္စည်း အရောင်းဆိုင်မှသိရသည်။

" ဘောလုံးကို ခရေဇီဖြစ် တဲ့ လူငယ်အရွယ်တွေ စိတ်ဝင်စားကြတယ်။ တချို့တွေက ဘောလုံးအသင်းဝက်ဘ်ဆိုက်တွေ အမြဲကြည့်ပြီးထွက်ရင် အမြဲလာမေး ကြတယ်" ဟု အားကစားပဒေသာဆိုင်မှ ဒါရိုက်တာ ကိုမျိုး ပိုင်ချစ်က ပြောသည်။

အဆိုပါ လူငယ်များအနေ ဖြင့် အားကစားအင်္ကျီကို ဘောလုံးပွဲစသည့်အားကစားပွဲများ တွင်သာမကပြင်ပတွင်ပါ ဝတ်ဆင်လာကြပြီး အားကစားဖက်ရှင်မှာ လူငယ်များ အားပေးရာ ဖြစ်လာသည်။

" အားကစားအင်္ကျီတွေထဲ မှာ ဘောလုံးအင်္ကျီက အရောင်းရ ဆုံးဆိုပေမယ့် ကြက်တောင်တို့၊ ဘတ်စကတ် ဘောတို့၊ ရေကူးတို့စတာ တွေလည်း ရာသီအလိုက် ရောင်းရတယ်။ ဆီးဂိမ်းကလည်း နီးနေတော့ရောင်း ကောင်းဖို့ရှိပါတယ်" ဟု ကိုမျိုး ပိုင်ချစ်က ဆိုပါသည်။

ငယ်စဉ်ကတည်းက ဘောလုံးအား ကစားကိုဝါသနာပါခဲ့ပြီး အားကစားအင်္ကျီများကို နှစ်နှစ်သက် သက်ဝတ်ဆင်သည့် မန္တလေးမှ ကိုရန်ရန်က ယခုကဲ့ သို့ ပြောသည်။

" လူငယ်တွေမှာလည်း ဖက်ရှင်ကအရေးပါတယ်။ ဝတ်သွားတဲ့ဟာက ဖက်ရှင်ကျဖို့ လိုတယ်။ ဘောလုံးဆိုလည်းဘောလုံးဖက် ရှင်ရှိတယ်။ လိုက်ဖက်ရင်တော့ ကောင်းတာပေါ့ဗျာ။ဘောလုံး အင်္ကျီနဲ့ပုဆိုးကြီးနဲ့ဆိုလည်း ကြည့် မကောင်းဘူးလေ" ဟု ပြောသည်။

၂ဝ၁၂ MNL အကောင်းဆုံး ကစားသမားနှင့် ရန်ကုန်ယူနိုက် တက်အသင်း၏ ကြယ်ပွင့်ဖြစ်သူ ကြည်လင်းကလည်း ဖက်ရှင်က လူများ၏စိတ်ကို ပြောင်းလဲစေ နိုင်သည်ဟု ပြောပါသည်။

" ဘောလုံးကွင်းထဲမှာတော့ ဘောလုံးဝတ်စုံနဲ့ပေါ့။ အပြင် ဘက်ကိုသွားရင်တော့ လွတ်လွတ် လပ်လပ်ပဲသွားဖြစ်တယ်။ ကိုယ့်ပုံစံကဖက်ရှင်ကျနေရင် ပျော် ရွှင်မှုရတယ်။

စိတ်ကိုပြောင်းလဲစေတယ်။ ကျွန်တော်က ဘောလုံးကန်ရင်တော့ ရန်ကုန်ယူနိုက် တက်ဝတ်စုံက ကိုယ်နဲ့ဝတ်ရတာ အဆင်ပြေတယ်လို့ခံစားရတယ်" ဟု ကြည်လင်းကသူ၏ ဖက်ရှင်နှင့်
ပတ်သက်ပြီး ပြောသည်။ယခုအချိန်တွင် အားကစား ဝတ်စုံနှင့် ဖက်ရှင်ရေစီးကြောင်း မှာ လူငယ်များသာ စီးမျောနိုင်သည့် အနေအထားရှိသော် လည်း မကြာမီကာလ အတွင်း
ကျင်းပမည့်ဆီးဂိမ်းပြိုင်ပွဲကြီး တွင် လည်းတွေ့မြင်ရဦးမည့်အား ကစားဝတ်စုံများ၊ ဆီးဂိမ်းတံ ဆိပ်များနှင့် အားပေးမှု များမှာ မရိုးနိုင်သော အားကစား ဖက် ရှင်တစ်ခုဖြစ်လာမည် ဖြစ်သည်။

သီဟ
Popular Journal

0 comments:

Post a Comment