27.7.13

မြန်မာနိုင်ငံမှာ ပထမဆုံး ရွေ့လျား စာကြည့်တိုက် စတင်ဖွင့်လှစ်

ဗိုလ်ချုပ်အောင်ဆန်း ဇနီး ဒေါ်ခင်ကြည် ကို ရည်စူးပြီး တည်ထောင် ထားတဲ့ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ကနေ ကော့မှူးမြို့နယ် အတွက် ရွေ့လျား စာကြည့် တိုက် တခု ဒီကနေ့ ဖွင့်လှစ် ခဲ့ရာ သမီးဖြစ်သူ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် စကားပြောကြားခဲ့ ပါတယ်။


စာအုပ်ပေါင်း ၁ သောင်းခွဲ တင်ဆောင် ထားတဲ့ ဟီးနိုး ကား တစီး ဟာ ကော့မှူးမြို့နယ် ကျေးရွာ ၂၁ ရွာကို လှည့်လယ်ပြီး ကားပေါ်မှာတင် စာကြည့်တိုက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

ဒီ ရွေ့လျား စာကြည့်တိုက်ဟာ မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ဖွင့်လှစ် တာလည်း ဖြစ်ပါတယ်။

BBC

0 comments:

Post a Comment