27.7.13

ငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံGansu ပြည်နယ်တွင် ရေကြီးမြေပြိုမှု များ ဖြစ်ပေါ်

Gansu တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြာဿပတေးနေ့(ဇူလိုင် ၂၅ ရက်)ကတည်းက ရေကြီးမှု၊ မြေပြိုမှုနှင့် တောင်တန်းများပေါ်မှ ကျောက်တုံးကျောက်ခဲများ ပြိုကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ပြောကြား


တရုတ်နိုင်ငံ Gansu ပြည်နယ်တွင် ရေလွှမ်းမိုးမှုနှင့် ရွံ့နွံပြိုကျမှုများကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးနိုင်ကြောင်း သိရသည်။ Gansu ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်းကလည်း အင်အားပြင် ငလျင်နှစ်ခုလှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၉၅ ဦး သေဆုံးခဲ့သည်။ Gansu တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြာဿပတေးနေ့(ဇူလိုင် ၂၅ ရက်) ကတည်း က ရေကြီးမှု၊ မြေပြိုမှုနှင့် တောင်တန်းများပေါ်မှ ကျောက်တုံးကျောက်ခဲများ ပြိုကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ပြောကြားသည်။ ယခုဖြစ်ရပ်ကြောင့် Rongguang အမည်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်ထက် ဝက်ကျော် ပျက်စီးသွားကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုများ ထပ်မံကြုံတွေ့နိုင်သဖြင့် Gansu ဒေသခံ ၃၀,၀၀၀ ကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

Planet Myanmar Network

0 comments:

Post a Comment