ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.7.16

ရေပိုင်နက်အငြင်းပွားမှုများဖြင့် တင်းမာမှုများရှိနေချိန် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မည်

 တောင်တရုတ်ပင်လယ်တွင် ရုရှ နှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း တရုတ်က ပြောကြားလိုက်သည်။ ရေပိုင်နက် အငြင်းပွားမှုများဖြင့် တင်းမာမှုများ အရှိန်မြင့်နေချိန်တွင် ရုရှ နှင့် ပူးတွဲစစ်ရေးလေကျင့်မည့်အစီအစဉ်ကို တရုတ်က ချပြခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ‘၀’၊ မိုင်းလားအဖွဲ့ ခေါင်းဆောင်များ ယနေ့တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနက် အင်အားအကြီး ဆုံးအဖွဲ့ဖြစ်သည့် ‘၀’၊ ၎င်း၏ မဟာမိတ် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့၏ခေါင်းဆောင်များသည် ယနေ့နံနက်တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ကားစလစ်ဈေး ကျပ် သိန်း ၁၀၀ ကျော်ပေါက်

စက်မှုဇုန်ထုတ်ကားများ အစား အိမ်စီးကားများ တင်သွင်း ခွင့်မပြုတော့ဟု ဆိုခြင်းကြောင့် ပြည်တွင်းကားဈေးကွက်တွင် စလစ်ဈေး ကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာကြောင်း သ တင်းရရှိသည်။

UPI ကတ် ကုမ္ပဏီက ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ Debit Card၊ Credit Card များ ထုတ်မည်

တရုတ်နိုင်ငံမှ ကတ်ကုမ္ပဏီ Union Pay International (UPI) က ယခုနှစ်အတွင်း ပြည်တွင်းဘဏ် ခြောက်ခုနှင့် ပူးပေါင်းကာ ငွေပေးချေကတ် (Debit Card)နှင့် အကြွေးဝယ်ကတ်(Credit Card)များ ထုတ်မည်ဖြစ်ကြောင်း UPI ကုမ္ပဏီမန်နေဂျာ ဦးအောင်နန္ဒာကျော်က ပြောကြားသည်။

အုပ်ချုပ်ရေး ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ မစွက်ဖက်ရန် ကရင် နယ်/လုံဝန်ကြီးဌာန သတိပေး

အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် တားမြစ် ကန့်ကွက်စာကို ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်က ပေးပို့ခဲ့ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

28.7.16

ဇုန်ထုတ်ကားများအပ်နှံပြီး အိမ်စီးကား အစားထိုး တင်သွင်းခွင့်မပြုတော့

စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံပါက အိမ်စီးကားများ ပြန်လည်တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

(၈)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများအစည်းအဝေးဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံထမ်းဆောင်မည်



နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် e-lottery စနစ်ဖြင့် ၅ဝဝ ကျပ်တန်ထီများ တိုးချဲ့ဆောင်ရွက်ရန်စီစဉ်



ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီပေါက်သူ ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်သော ထီဆုငွေများမှ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူခြင်းမရှိသည့် ဘဏ္ဍာသိမ်းရငွေများအပေါ် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဆင့် နိုင်ငံတော်၏လုံခြုံရေး၊ ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် ၅၁ သန်းကျော်သော ပြည်သူများအတွက် အချိုးကျပြန်လည်ခွဲဝေသုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်လေးစင်းဝယ်ယူရေး ကန်ထရိုက်စာချုပ် အိန္ဒိယလက်မှတ်ရေးထိုး

အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်လေးစင်း ဝယ်ယူရေးဆိုင်ရာ ကန်ထရိုက် စာချုပ်ကို အိန္ဒိယနိုင်ငံက ဇူလိုင် ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

Miss Golden Land Myanmar 2016 ပြိုင်ပွဲအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရွေးချယ် ထားသော ဆန်ခါတင်အလှမယ် ၂၀ ဦး



Miss Golden Land Myanmar 2016 ပြိုင်ပွဲအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရွေးချယ် ထားသော

မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်စည်းရိုး ကာရံမည်

အိန္ဒိယနိုင်ငံအား နမူနာယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားများ ဝင်ရောက်မှုနှင့် ကုန်မှောင်ခိုကူးမှုများအား တားဆီးနိုင်ရေးအတွက် သံဆူးရိုးစည်းရိုးအား မြန်မာနယ်စပ်တွင် ကာရံရန် ဆုံးဖြတ်ထားသည်။

ဗြိတိန်အစိုးရနဲ့ ပူးပေါင်းပြီး Amazon က ဒရုန်း သယ်ယူပို့ဆောင်မှုစနစ်ကို လုပ်ဆောင်သွားမည်

ပါဆယ်ပစ္စည်းအထုပ်တွေကို ဒရုန်းလေယာဉ်ငယ်တွေနဲ့ သယ်ယူပို့ဆောင်ပေးမယ့် စနစ်တစ်ခု ထူထောင်လုပ်ဆောင်ဖို့
အတွက် ဗြိတိန်အစိုးရဆီကနေ ခွင့်ပြုချက်ရရှိထားပြီလို့ အမေရိကန် အွန်လိုင်းလက်လီလုပ်ငန်းစု Amazon ကုမ္ပဏီက
ကြေညာသွားပါတယ်။

27.7.16

စီးပွားရေး ပူးပေါင်းလုပ်ဆောင်ဖို့ ကိုရီးယားရဲ့ SK Networks နဲ့ ဧဒင်လုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး



စီးပွားရေးလက်တွဲလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံက ဧဒင်လုပ်ငန်းစုနဲ့နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဇူလိုင်လ ၂၃ ရက်က ဆိုးလ်မြို့ Gwangjin-gu အရပ်က W ဟိုတယ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ SK Networks ကုမ္ပဏီက ထုတ်ဖော်သွားပါတယ်။

ယူရိုငွေ၊ ဂျပန် ယန်းတို့နဲ့ ယှဉ်ရင် ဒေါ်လာငွေတန်ဖိုး ကျဆင်း


အမေရိကန် ဒေါ်လာငွေကြေးတန်ဖိုးဟာ ဇူလိုင်လ ၂၆ ရက်က ယူရိုနဲ့ ယန်းငွေတို့နဲ့ လဲလှယ်မှုနှုန်းမှာတော့ အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ၀ါရှင်တန်နဲ့ တိုကျိုက ငွေကြေးမူဝါဒ ရေးဆွဲချမှတ်သူတွေဟာ အတိုးနှုန်းတွေသတ်မှတ်မှုပိုင်းနဲ့ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေကို ထုတ်ပြန်သွားဖို့ ပြင်ဆင်နေပါတယ်။

ယူနက်စကိုစာရင်းဝင်ရန် ပုဂံဒေသတွင် ရပ်ဆိုင်းထားသော ဟိုတယ် ၄၂ လုံးပြဿနာ ဦးစွာဖြေရှင်းရန် မန္တလေးဝန်ကြီးချုပ်ပြော

ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအ နှစ်အဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်ရာတွင် ရပ်ဆိုင်းထား သည့် ဟိုတယ် ၄၂ လုံးပြဿနာကို ဦးစွာဖြေရှင်းရမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသ သုံးရက်အတွင်း ရေကြီးရေလျှံအန္တရာယ်ရှိနိုင်

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးအားကောင်းနေပြီး မြစ်ကြီးများတွင် စိုးရိမ်ရေမှတ်အထက်သို့ မြစ်ရေမြင့်တက်နေသည့်အတွက် နောက်သုံးရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွင်ပါ ရေကြီးရေလျှံမှုအန္တရာယ် ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

နယ်စပ်လုံခြုံရေး ပူးပေါင်းတိုးမြှင့်ရန် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး

နယ်စပ်တစ်လျှောက်ရှိ သောင်းကျန်းသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းရေး၊ လက်နက်မှောင်ခိုကူးမှုများနှင့် လုံခြုံရေးအေဂျင်စီများကြား ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းများကို နှစ်နိုင်ငံတိုးမြှင့်ဆောင်ရွက်သွားရန် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံက ဇူလိုင် ၂၆ ရက်က ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး ရာဂျစ်မီဟရီရှီက မြန်မာနိုင်ငံမှ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အပြန်အလှန်တွေ့ဆုံအစည်းအဝေးတွင် အဆိုပါကိစ္စရပ်အား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးအတွင်း နယ်စပ်တစ်လျှောက် သောင်းကျန်းသူများ၏ လှုပ်ရှားမှုများနှင့် လက်နက်မှောင်ခိုကူးမှုများအား စောင့်ကြည့်ရေးအပါအဝင် လုံခြုံရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးသတင်း မျှဝေရေး၊ မူးယစ်ဆေးဝါးကုန်ကူးမှု ပူးပေါင်းတားဆီးရေးနှင့် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုကူးမှုများအား စောင့်ကြည့်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီး   ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်ဧရိယာများတွင် စည်းရိုးကာခြင်းအပါအဝင် နယ်စပ်စီမံခန့်ခွဲရေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။
ထိုပြင် နှစ်နိုင်ငံကြား နိုင်ငံသားအကျဉ်းသားကိစ္စရပ်အပါအဝင် ကောင်စစ်ရေးရာများကိုလည်း အသေးစိတ်ဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုတွင် မူးယစ်ဆေးဝါး၊ တောရိုင်းတိရစ္ဆာန်ထိန်းချုပ်ရေးနှင့် သဘာဝဘေးစီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် စွမ်းဆောင်ရည်မြှင့်စီမံချက်များကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အိန္ဒိယဖက်က ကမ်းလှမ်းခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ၎င်းတို့နှင့် တွေ့ဆုံရ၍ ဝမ်းမြောက်မှု ပြသသော အိန္ဒိယပြည်ထဲရေးဝန်ကြီးအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် နယ်စပ်စီမံခန့်ခွဲမှု၊ လုံခြုံရေးနှင့်   ကောင်စစ်ရေးရာတို့နှင့် ပတ်သက်သည့် ဘုံစိုးရိမ်ပူပန်မှုများအရေးကိစ္စရပ်များကို ဆွေးနွေးရန် ပြန်လှန်ဖိတ်ကြားခဲ့သည်။
လာမည့်နောက်စ်ကြိမ်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပဖြစ်ဖွယ်ရှိသည်။
Credit To >>> The Mirror Daily

ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုစီးပွားဘဝများ တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ




မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့သို့ ၂ဝ၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး ကမ္ဘာ့နိုင်ငံများအတွင်း ရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းတို့၏ လူမှုစီးပွား ဘဝများ တိုးမြှင့်ပေးနိုင်ရေးတို့ကို အထူးအလေးပေးဆွေးနွေးဆောင်ရွက် လျက်ရှိပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများ၊ စိန်ခေါ်မှုများကို ပြည်ထောင်စုအစိုးရအနေဖြင့် လုပ်ငန်းစဉ်များချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ် သမားများ တရားဝင်စေလွှတ်နိုင်ရန် မှတ်ပုံတင်ခွင့်ပြုထားသည့် အေဂျင်စီ ပေါင်း ၂၄၃ ခုရှိပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းပေးထားပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ဥပဒေများ၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာစကားစသည်တို့ကို အတန်အသင့်သိရှိထားရန်အတွက် အကြိုသင်တန်း များပေးခြင်း၊ လိုအပ်သည့်မှာကြားမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပြီး စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများကိုလည်း ယင်းတို့၏ စည်းကမ်းဖောက်ဖျက်မှုအနည်းအများအလိုက် အလုပ်သမားစေလွှတ်ခြင်းကို ယာယီရပ်ဆိုင်ခြင်းမှ အပြီးပိတ်သိမ်းခြင်းအထိ အဆင့်ဆင့်အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့သည့် အလုပ်သမား များနှင့်ပတ်သက်၍ အလုပ်သမားနှင့် အလုပ်ရှင်အကြား နှစ်ဖက်သဘောတူ စာချုပ်တွင် အလုပ်သမား၏ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ၊ အလုပ်အမျိုးအစား၊ နေရာထိုင်ခင်း၊ အစားအသောက်၊ အလုပ်ချိန်၊ နားရက်၊ ဆေးဝါးကုသခွင့်နှင့် ခရီးသွားလာခွင့်စသည့် အချက်အလက်များပြည့်စုံစွာပါရှိသည့်အပြင် အသက် အာမခံကိစ္စရပ်များကိုလည်း စီစဉ်ပေးထားပါကြောင်း၊ ထို့ပြင် မြန်မာအလုပ် သမားများအား သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း အကျိုးခံစားခွင့်ရရှိစေရန် စီစဉ်ပေးခြင်းတို့ကို ထည့်သွင်းချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သော အေဂျင်စီများ အတွက် ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကိုလည်း ချမှတ်ပေးထားပြီးဖြစ်၍ အေဂျင်စီများအနေဖြင့် အလုပ်သမားများ စတင်စေလွှတ်သည်မှစ၍ မြန်မာနိုင်ငံသို့ အလုပ်သမား ပြန်လည်ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်လုပ်ကိုင်စေပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင် ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်းတွင်ပါရှိသော ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာဆီယံ နိုင်ငံများအနက် အလုပ်သမားစေလွှတ်သော နိုင်ငံများနှင့် လက်ခံသောနိုင်ငံ များရှိ အစိုးရ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအကြား ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော အခက်အခဲများ ဖြေလျှော့နိုင်ရေး၊ ကောင်းမွန်လုံခြုံစိတ်ချရသော လုပ်ငန်းခွင် ဖြစ်စေရေး၊ ခွဲခြားဆက်ဆံခံရမှုမရှိစေရေး၊ ခေါင်းပုံဖြတ်မခံရစေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်၏ ၂ဝ၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဖွဲ့စည်းခဲ့သော အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နေရာဒေသ နှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်သမားများ အတွက် အနည်းဆုံးအခကြေးငွေ တစ်နာရီ ငွေကျပ် ၄၅ဝ နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၃၆ဝဝ သတ်မှတ်ချက်နှုန်းထားကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ခု သတ်မှတ်ရာ၌ အဓိကအားဖြင့် အလုပ်သမားများ၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်သကဲ့သို့ အလုပ်ရှင်များက အမှန်တကယ်ပေးနိုင်မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်ပါကြောင်း။
အနည်းဆုံးအခကြေးငွေနှုန်းထားသတ်မှတ်ရန်အတွက် မျက်မှောက် ကာလဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းအခြေအနေများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခြေအနေများ၊ အလုပ်ရှင်၊ အလုပ်သမားအခြေအနေများ၊ အလုပ် အကိုင် အခွင့်အလမ်းအခြေအနေများ၊ ငွေကြေးတည်ငြိမ်မှုအခြေအနေများ နှင့် နယ်မြေဒေသအခြေအနေများအပေါ်မူတည်၍ ဘက်စုံထောင့်စုံမှ လေ့လာ စောင့်ကြည့်ရန်လိုအပ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ ထုတ်ပြန်ခဲ့သည့် အနည်းဆုံးအခကြေးငွေနှုန်းထားသည် ပထမဆုံး အကြိမ် ထုတ်ပြန်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီများနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါသဖြင့် လတ်တလောတွင် ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီးက နိုင်ငံ အတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမား များအား မည်သည့်ဥပဒေအထောက်အထား ကန့်သတ်ချက်များဖြင့် လုပ်ကိုင် ခွင့်ပြုထားသည်ကို သိရှိလိုကြောင်းနှင့် ၄င်းအလုပ်သမားများထံမှ အခွန်အခ များ ကောက်ခံရယူခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားများ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ နေထိုင်ခွင့်ပြုခြင်းတို့ကို တည်ဆဲဥပဒေများဖြစ်သည့် ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ၊ ၁၉၄ဝ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေများ၊ ၁၉၅၁ ခုနှစ် ချုပ်နှောင်ခြင်းနည်းဥပဒေ၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှစ၍ ပြောင်းလဲပြင်ဆင်အသုံးပြုလျက်ရှိသည့် ပြည်ဝင်ဗီဇာ (၁၂)မျိုး၊ ပြည်ပြန်ဝင်ခွင့်ဗီဇာ (၃)မျိုး၊ နှစ်နိုင်ငံသဘောတူစာချုပ် များနှင့်အညီ သတ်မှတ်အခငွေများကောက်ခံပြီး စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
Credit To >>> The Mirror Daily

တန်ဖိုးနည်းဘရိတ်ဓားပန်းချီနှင့် ရုပ်သေးရုပ်ကလေးများကို နိုင်ငံတကာခရီးသွားဧည့်သည်များ အမှတ်တရဝယ်ယူ


၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွား ဧည့်သည်များစွာ ဝင်ရောက်ခဲ့ကြသည်။ အနောက် နိုင်ငံများက မြန်မာနိုင်ငံကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပြုလုပ်ရန် အကောင်းဆုံးသောနိုင်ငံဟု သတ်မှတ်ထားသည်။ခရီသွားဝန်ဆောင်မူလုပ်ငန်းကို မီးခိုးမထွက်သည့်စက်ရုံဟု တင်စားနိုင်သည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် မြန်မာ့တောတောင်ရေမြေသဘာဝအလှအပရှုခင်းများကိုလေ့လာကာ မြန်မာမှုအနုလက်ရာများကို အမှတ်တရ ဝယ်ယူလေ့ရှိကြသည်။

အများစုသော နိုင်ငံတကာခရီးသွားဧည့်သည်များသည် သယ်ယူပို့ဆောင်မှုအဆင့်ဆင့်အရ လေးလံသောကြေးထည်ပစ္စည်း၊ ပန်းပုပစ္စည်းများထက် ပေါ့ပါးသော မြန်မာမှုအနုပညာလက်ရာမြောက် ပစ္စည်းများကို ဝယ်ယူလေ့ရှိသည်။ အများဆုံဝယ်ယူသောပစ္စည်းမှာ တန်ဖိုးနည်း မြန်မာ့ရှုခင်း ဘရိတ်ဓားပန်းချီကားများ၊ ရွှေချည်ထိုးပန်းချီကားများနှင့် ပေါ့ပါးသော န်ြမာလက်မှုအနုပညာမြောက် ရုပ်သေးရုပ်ကလေးများကို ဝယ်ယူလေ့ရှိသည်။ 


မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်ပြီး နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသော ရွှေကျောင်းကြီး၊ ဦးပိန်တံတားနှင့် အခြားနေရာများတွင် ရုပ်သေးရုပ်နှင့် အခြားမြန်မာမှုလက်ဆောင်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။ 

လက်ရှိကာလတွင် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ပန်းပုပစ္စည်းများကို လေ့လာကြည့်ရှုကြပြီး တန်ဖိုးနည်း ဘရိတ်ဓားပန်းချီကားကလေးများနှင့် တန်ဖိုးနည်း မြန်မာမှုရုပ်သေးရုပ်ကလေးများကိုသာ အမှတ်တရအဖြစ် ဝယ်ယူမှုများပြားလျက်ရှိသည်။ ပန်းပုပစ္စည်းများမှာ တန်ခူးလနောက်ပိုင်းတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဦးပိန်တံတား ပန်းပုပစ္စည်း အရောင်းဆိုင်မှ ပြောပြသည်။

Credit To >>> The Mirror Daily

26.7.16

သဘာဝအလှကို ပျောက်ကွယ်စေမည့် အထပ်မြင့် အဆောက်အအုံများကို ခွင့်မပြုဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို သဘာဝ ခရီးသွားမြို့အဖြစ် ပြုလုပ်ရန် မြို့သဘာဝအလှကို ကွယ်ပျောက်စေမည့် အထပ်မြင့် အဆောက်အအုံများကို ကမ်းနားလမ်းနှင့် လမ်းအချို့တို့တွင် တည်ဆောက်ခွင့် မပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

ပုဂ္ဂလိက ရုပ်သံ လုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်

ပုဂ္ဂလိက ရုပ်သံ ထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံ ထုတ်လွှင့်ခွင့်များကို ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာပါရန် အမေရိကန်သံရုံးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အသိပေး


ရန်ကုန်မြို့ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင် ၂၄ ရက်က လုံခြုံရေး လေ့ကျင့်မှု ပြုလုပ်ရာမှ မျက်ရည်ယိုဗုံး

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက်ခေါ်ယူမည်


အပြန်စရိတ် မရှိ၍ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသော မြန်မာအလုပ်သမား ၃၀၀၀ ကျော်ကို သြဂုတ်လဆန်းပိုင်းတွင် လေယာဉ်ခြောက်စင်း သို့မဟုတ် ခုနစ်စင်းဖြင့် သွားရောက်ခေါ်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့အတူ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေ


(၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဖွဲ့ဝင်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။

ရေပြင်ဝေဟင် မောင်းနှင်နိုင်သောလေယာဉ် တရုတ်နိုင်ငံ ထုတ်လုပ်မှု သမိုင်းမှတ်တိုင်စိုက်ထူ


တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင်လည်းကောင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်းကောင်း အသုံးပြုရန် ရည်ရွယ်လျက်

25.7.16

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် နိုင်ငံပိုင်ကြေးမုံ သတင်းစာဖော်ပြ

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်း၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား သဘော တူလက်ခံနိုင်သော ရေအားလျှပ် စစ်စီမံကိန်းများသာ ရှာဖွေဖော် ထုတ်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်ရန် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာရေပိုင်နက်အတွင်း ပြည်ပမှငါးခိုးဖမ်းနေခြင်းကို ထိရောက်စွာ အရေးယူကာကွယ်နိုင်ရေး လွှတ်တော်၌ဆွေးနွေးမည်


အခြားနိုင်ငံ များမှ မြန်မာရေပိုင်နက်အတွင်း ငါး ခိုးဖမ်းနေခြင်း ကို ထိရောက်စွာအ ရေးယူကာကွယ်နိုင်ရန် မကြာမီကျင်း ပ တော့မည့်လွှတ်တော်တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ THADD ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်ချထားမှု နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း တရုတ်ပြော


တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန် အမေရိကန်၏ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကျက်ချထားရန် တောင်ကိုရီးယားနိုင်ငံ၏ လုပ်ဆောင်မှုသည် နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း ပြောကြားလိုက်သည်ဟု တနင်္လာနေ့ သတင်းများတွင် ဖော်ပြသည်။

ရုရှ လူစွန့်စားတစ်ဦး မီးပုံပျံစီးကာ အမြန်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်

ရုရှ နိုင်ငံသား လူစွန့်စားတစ်ဦးဖြစ်သည့် ဖေဒါ ကိုနူကော့ဗ် ဆိုသူသည် တစ်ကိုယ်တော် မီးပုံပျံစီးကာ ၁၁ ရက်တည်းဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း

စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား

 ဗြိတိန်နိုင်ငံဥရောပသမဂ္ဂကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရုတ်ချည်းဆိုသလိုအင်္ဂလန်ပေါင်ငွေ တန်ဘိုးစံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာ   ဈေးကွက်တွေထဲမှာလည်း ကမောက်ကမ အခြေအနေတွေဖြစ်ခဲ့ပါတယ်။

အနုညာတခုံရုံးအဆုံးအဖြတ်ထွက်လာပြီးနောက် တရုတ်စစ်ဘက်က လက်နက်အသစ်များခင်းကျင်းပြသ


တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသအများစုကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်သည်ဟူသော တရုတ်နိုင်ငံ၏ ပြောကြားချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိ ဟု ကုလသမဂ္ဂက ထောက်ခံသည့်အနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်စစ်ဘက်က တာဝေးပစ်ဒုံးကျည် လက်နက်များအပါအဝင် လက်နက်သစ်များကို ခင်းကျင်း ပြသခဲ့ကြောင်း ဇူလိုင် ၂၂ ရက် ပီတီအိုင်သတင်းတွင် ဖော်ပြသည်။

22.7.16

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧက ၂ သန်းကျော်တည်ထောင်ဖို့ ရည်မှန်းထား

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧက ၂ ဒသမ ၂၇ သန်းအထိ တည်ထောင်ဖို့ ရည်မှန်းထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနကသိရပါတယ်။

အိုလံပစ်ပွဲတော်ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံရွယ်နေသောအဖွဲ့တစ်ခုကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းမိ


ဘရာဇီးရဲတပ်ဖွဲ့သည် အိုင်အက်စ်အဖွဲ့ကို သစ္စာတော်ခံပြီး မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတော်ကို တိုက်ခိုက်ရန် ကြံစည်နေသော အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အပျော်တမ်းအကြမ်းဖက်အဖွဲ့တစ်ခုကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် ယနေ့မှစ၍ တစ်နေ့နှစ်ကြိမ် နိုင်ငံတော် သီချင်းဖွင့်မည်

ထိုင်းနယ်စပ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားမြန်မာဘက် ခြမ်းတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) မှစ၍ အသံချဲ့စက်ဖြင့် နိုင်ငံတော် သီချင်း တစ်နေ့နှစ်ကြိမ်ဖွင့်မည် ဖြစ်ပြီး ဒေသခံပြည်သူများကြား ရာနေရာမှ မတ်တတ်ရပ်ဂါရ၀ပြု ရန် နှိုးဆော်ထားကြောင်း မြ၀တီ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီဖွဲ့စည်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရန် စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိသည်။

21.7.16

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု အမိန့်နှင့် ညွှန်ကြားချက်ကို ပြင်ဆင်ထား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု ကကန ကောင်စီ၏ အမိန့်နှင့် ညွှန်ကြားချက်ကို ပြင်ဆင်ထားသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ဗြိတိန်နဲ့ ဥရောပဗဟိုဘဏ်တွေရဲ့ ငွေကြေးမူဝါဒဖြေလျော့တော့မယ့် အလားအလာမြင်တွေ့နေရတဲ့အချိန် အမေရိကန်ဒေါ်လာဈေးတက်


ဗြိတိန် နဲ့ ဥရော ဗဟိုဘဏ်တို့က ငွေကြေးမူဝါဒပိုင်း ဖြေလျော့မယ့် သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဇူလိုင်လ ၁၉ ရက်က အမေရိကန်ဒေါ်လာဈေးနှုန်းဟာ ပေါင်နဲ့ ယူရိုငွေကြေးတို့နဲ့ ယှဉ်ရင် မြင့်တက်လာခဲ့ပါတယ်။

EU အာရှနိုင်ငံတွေနဲ့ကုန်သွယ်ရေးတိုးတက်ဖို့ခြေလမ်းသစ်အဖြစ် အင်ဒိုနီးရှားနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ကြိုးပမ်းလာ


အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု စနစ်တစ်ခုကို ထူထောင်နိုင်ဖို့အရေး နှစ်ဘက်ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဥရောပသမဂ္ဂ (EU)ကထုတ်ဖော်ပြောကြားလိုက်ပါတယ်

"ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတအိုဘားမားဖိတ်ကြား "

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတအိုဘားမား က ဖိတ်ကြားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းရရှိသည်။

ကာလတိုအတွင်း ပျောက်ကင်းနိုင်မည့် စီပိုးရောဂါကုဆေးများ FDA ခွင့်ပြုချက်ဖြင့် တင်သွင်းမည်

အသည်းရောင်အသား ၀ါ စီပိုးရောဂါအတွက် ကာလတို အတွင်း ပျောက်ကင်းနိုင်မည့် စီ ပိုးသောက်ဆေးများကို FDA ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းရောင်းချ မည်ဖြစ်ကြောင်း Golden Hawks International ကုမ္ပဏီမှ သတင်း ရရှိသည်။

ဗြိတိန်ရေတပ်အတွက် နျူလက်နက်စနစ်သစ် တပ်ဆင်နိုင်ရေး ပါလီမန်ခွင့်ပြုပေးပြီ

ကမ္ဘာ့အလယ်တွင် အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံရေတပ်၏'ထရိုင်းဒန့်'(ခက်ရင်းခွလှံတံ) အမျိုးအစား ရေငုပ်သင်္ဘောများ၏ နျူကလီးယားလက်နက်စနစ်ဟောင်းနေရာတွင် လက်နက်စနစ်သစ်ဖြင့် အစားထိုးရန် ပါလီမန်က သဘောတူညီ ခွင့်ပြုပေးလိုက်ပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

ကျန်းမာရေးအန္တရာယ်ရှိ၍ ဦးပိုင်ကုမ္ပဏီပိုင် စစ်ကိုင်းက ဆာဖြူရစ်အက်ဆစ်စက်ရုံအား နေရာပြောင်းရွှေ့ခိုင်းရန် အစိုးရအနေဖြင့် ချက်ချင်းအမိန့်ထုတ်သင့်ဟု AI အဖွဲ့ ပြော

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာအနီးတွင် ရှိနေသော ဆာဖြူရစ်အက်ဆစ်စက်ရုံက ကျန်းမာရေးအန္တရာယ်ရှိနေသဖြင့် အစိုးရအနေဖြင့် ချက်ချင်း စက်ရုံနေရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်သင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းရေးအဖွဲ့ Amnesty International က ဇူလိုင် ၂၀ ရက်၌ ထုတ်ပြန်သည်။

20.7.16

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း တစ်ပြိုင်တည်း ကြေညာပြီး အပစ်ရပ်ရန် UNFC တောင်းဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကို တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်းကြေညာ၍ အပစ်ရပ်စဲ ကြရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု(UNFC)က တောင်းဆိုခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းပေးမည်ဟု ပြောကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင် ၁၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာရှိ သဘာဝသစ်တောကို ယူနက်စကိုစာရင်းဝင်ရန် ထိုင်းကြိုးပမ်းနေမှု မြန်မာအစိုးရကန့်ကွက်

နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာကို ထိုင်းအစိုးရက ၎င်းတို့ထိန်းသိမ်းထားသည့် သဘာဝတောအဖြစ် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ယူနက်စကိုအစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

တိဗက်လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ် စတင်ပျံသန်း

တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော တိဗက်ဒေသ၏ ပထမဆုံးသော လေကြောင်းကုမ္ပဏီ ဖြစ်သည့်

ရုရှားနိုင်ငံ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ


ရုရှားနိုင်ငံအား အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ နှစ်ရပ်စလုံး ယှဉ်ပြိုင်မှုကို တားမြစ်သင့်သည်ဟု လေးနှစ်တာဆေးစစ်မှု အတည်ပြုချက်များ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့တားမြစ်ဆေး စစ်ဆေးရေးအေဂျင်စီ( ဝါဒါ)က ထုတ်ပြန်ကြေညာခဲ့သည်။ ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေဒိုးမြို့တွင် သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

၂ဝ၁၁ ခုနှစ်နှောင်းပိုင်းမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လအတွင်း နွေရာသီနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် ရုရှားကစားသမားအများစု၏ ဆီးနမူနာကို စစ်ဆေးခဲ့ရာ တားမြစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဝါဒါကော်မရှင် ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (အိုင်အိုစီ)သည် ရုရှားနိုင်ငံအား လာမည့် ၂ဝ၁၆ ရီယို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပေးမည်၊ မပေးမည်ဆိုသည်ကို ဇူလိုင် ၁၉ ရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

အိုင်အိုစီဥက္ကဋ္ဌ သောမတ်စ်ဘာ့ဂ်ျက ''ယာယီပိတ်ပင်မှု''ပြုလုပ်ရေး ကိစ္စကို တယ်လီဖုန်းကွန်ဖရင့်ဖြင့်ပင် ဆုံးဖြတ်သွားရန်ရှိကြောင်း သိရသည်။ ၎င်းက ရုရှားနိုင်ငံအား အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု ပိတ်ပင်မည်ဆိုပါက ယင်းမှာ ''အခက်ခဲဆုံးတားမြစ်မှု'' တစ်ရပ်ပင်ဖြစ်လာမည်ဟု ရှုမြင်ပြီး အိုလံပစ် ပြိုင်ပွဲ၏ ဂုဏ်သိက္ခာနှင့် မကြုံစဖူး ထူးခြားသည့် တိုက်ခိုက်မှုတို့ ထိပ်တိုက်တွေ့သည့် ဖြစ်စဉ်ပင်ဖြစ်ကြောင်း ဆိုခဲ့သည်။

၂ဝ၁၂ လန်ဒန်အိုလံပစ်နှင့် ၂ဝ၁၄ ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အားကစားနည်း ၃ဝ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုရှားကစားသမား ၅၈ဝ မှာ တားမြစ်ဆေးသုံးစွဲထားသည်ဟု ဒေါက်တာ မက်လာရင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရရန် အလားအလာများနေခြင်း ဖြစ်သည်။အိုင်အိုစီအနေဖြင့် ရုရှားမှ အိုလံပစ်ပြိုင်ပွဲဝင်မည့် ကစားသမား အရေအတွက်ကို ပြန်လည်စိစစ်လျှော့ချပေးသင့်သည်ဟု ဝါဒါတာဝန်ရှိသူများက အစောပိုင်း ကပင် သတိပေးပြောကြားထားပြီးဖြစ်သည်။

ရုရှားနိုင်ငံသည် ၂ဝ၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိထားသည့် အိမ်ရှင်နိုင်ငံလည်းဖြစ်ရာ ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဆိုပါက ရုရှားနိုင်ငံ၏ ပုံရိပ်ကို ပို၍ထိခိုက်မှုရှိစေလိမ့်မည်ဖြစ်ကြောင်း အားကစားမီဒီယာများက ရေးသားဖော်ပြကြသည်။ ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာ တားမြစ်ဆေးသုံးစွဲခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်လာအပြီး ရုရှားကစားသမားအတော်များများ တားမြစ်ဆေးသုံးစွဲနိုင်သည်ဟု မျှော်လင့်ထားပြီးဖြစ်သော်လည်း ဒေါက်တာမက်လာရင်၏ အစီရင်ခံစာသည် ရုရှားဘက်မှ မျှော်လင့်ထားသည်ထက်ပင် ဆိုးရွားနေရာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကျွမ်းဝင်သော အိုင်အိုစီဥက္ကဋ္ဌ သောမတ်စ်ဘာ့ဂ်ျအတွက်လည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာခဲ့သည်။

Credit To >>> The Mirror Daily 

ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအား ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ တင်ပြမည်

ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအား အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ အကြံပြုတင်ပြမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈၃၇ ခုတွင် ဒေါ်လာ ၅၃၃၄၈ သန်းကျော် ရရှိထားပြီး တရုတ်နှင့် စင်ကာပူမှ ဆက်လက် ဦးဆောင်

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈၃၇ ခုမှ ဒေါ်လာ ၅၃၃၄၈ သန်းကျော် ရရှိထားပြီး တရုတ်နှင့် စင်ကာပူမှ ဆက်လက် ဦးဆောင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

18.7.16

“ ဥက္ကဋ္ဌဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ၀ါဆိုသင်္ကန်းကပ် အလှူတော် မင်္ဂလာ ကျင်းပပြုလုပ်”















ယနေ့ ဇူလိုင်လ (၁၈)ရက်၊ ၂၀၁၆ခုနှစ်တွင် (၅၂)နှစ်ပြည့် မွေးနေ့ကျရောက် သည့် ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ ဦးတေဇအတွက် မွေးနေ့ အထိမ်း အမှတ်အဖြစ် ထူးကုမ္ပဏီများအုပ်စု၏ Hotel Business Unit နှင့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ်မှ ၀န်ထမ်းများသည် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် သံဃာတော် (၅)ပါးအား ပင့် ဖိတ်ပြီး ၀ါဆို သင်္ကန်း ကပ်လှူဒါန်း မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလှူတော်မင်္ဂလာအခမ်းအနားကို ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ (Conference Hall) တွင် ယနေ့ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၀ါဆိုသင်္ကန်းလှူဒါန်းမှုနှင့်အတူ န၀ကမ္မ အလှူငွေလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းခဲ ဖွယ်ဘောဇဉ်များ လှူဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။
ယခုကဲ့သို့ လှူဒါန်းမှုကြောင့် ဥက္ကဋ္ဌဦးတေဇသည် ကုသိုလ်ကောင်းမှု တရားများ တိုးပွားပြီး အသက်ရှည်ကျန်းမာ ပါစေကြောင်း ရည်ရွယ်ပြီး Hotel Business Unit နှင့် Kandawgyi Palace Hotel ဝန်ထမ်းများမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ထူးကုမ္ပဏီများအုပ်စု အနေဖြင့် ယခုပြုလုပ်သော ကုသိုလ်ကောင်းမှု အစုစုတို့ အား မိမိတို့ကုမ္ပဏီအုပ်စု၏ဌာန အသီးသီးမှ ၀န်ထမ်း များ အားလုံး အပြင် (၇)ရက်သားသမီးအပေါင်းတို့ပါ ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုခေါ် ဆို နိုင်ကြရန် ဖော်ပြအပ်ပါသည်။
Credit To >>> Htoo Foundation Companies