25.7.16

မြန်မာရေပိုင်နက်အတွင်း ပြည်ပမှငါးခိုးဖမ်းနေခြင်းကို ထိရောက်စွာ အရေးယူကာကွယ်နိုင်ရေး လွှတ်တော်၌ဆွေးနွေးမည်


အခြားနိုင်ငံ များမှ မြန်မာရေပိုင်နက်အတွင်း ငါး ခိုးဖမ်းနေခြင်း ကို ထိရောက်စွာအ ရေးယူကာကွယ်နိုင်ရန် မကြာမီကျင်း ပ တော့မည့်လွှတ်တော်တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် အမျိုးသားလွှတ် တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ် ငန်းဖွံ့ဖြိုးတိုး တက်ရေးကော် မတီတို့ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရေပိုင်နက်ဖြစ်သည့် တ နင်္သာရီကမ်းရိုးတန်းဒေသတွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်အစရှိ သည့်နိုင်ငံများမှ တရား မ၀င်ငါးခိုး ဖမ်းခြင်းများရှိနေပြီး အဆိုပါငါးခိုး ဖမ်းခြင်းများကိုကာကွယ်ရန် ဥပဒေ ပြင် ဆင်၍သော်လည်းကောင်း၊ ၀န်ကြီး ဌာန၊ ရေ တပ်၊ ဒေသခံရေ လုပ်သား အဖွဲ့များ၊ ငါးလုပ်ငန်းဦးစီး အစရှိသည် တို့ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ပိုင်ခွင့်များပေး ကာ လုပ်ဆောင်ခြင်းဖြင့် လည်းကောင်း ပြုလုပ် ပါက တရားမ၀င်ငါးခိုး ဖမ်း ခြင်းများ လျော့ ကျသွားနိုင်ကြောင်း အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော် မ တီဥက္ကဋ္ဌ ဒေါက်တာ ခွန်ဝင်းသောင်းက ဇူလိုင် ၂၃ တွင် ပြုလုပ် သည့် တောင်သူလယ်သမား ညီလာခံတွင် သတင်းမီဒီယာများသို့ ပြောသည်။

"အဲ့ဒီ တရားမ၀င်ငါးခိုးဖမ်းတဲ့ ကိစ္စမှာ လက်ရှိရှိထားတဲ့ဥပဒေတွေ ကို တော်တော်များများပြင်ရမယ့်အပိုင်းတွေ ရှိ တာပေါ့နော် ။ ပြော မယ် ဆိုရင် ဆရာတို့ရဲ့ငါးလုပ်ငန်းဌာနအ နေနဲ့ ငါးလုပ်ငန်းဦးစီးဆိုပေမယ့် သူ တို့မှာ ပြောပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့် တွေ၊ လိုအပ်တဲ့ယာဉ်တွေ မရှိတာ လည်း ပါတာပေါ့နော်။ စပိဘုတ်လို ဟာက အစပေါ့။ အဲ့ဒါတွေမရှိတဲ့ အတွက် လုပ်ချင်တာလုပ် လို့မရဘူး။ ပင်လယ်ပြင်လို လူသူမမြင်တဲ့နေရာ မှာ ကိုယ်တစ်ဖွဲ့တည်း သွားမယ်ဆို ရင်လည်း အထူးသဖြင့် ဒီလိုလုပ် ငန်းမျိုး ဆိုတာက လက်နက်တွေ ပါ ကြတယ်လေ။ အဲ့ဒီတော့ လုပ်လို့မရ တဲ့အတွက် တကယ်တမ်းက ဒီလုပ် ငန်းကို ထိရောက်အောင် လုပ် မယ် ဆိုရင် ဆရာတို့မြန်မာပြည်မှာ ယိုး ဒယားတို့လို အရင်ဆုံး အဖွဲ့အစည်း ပေါ့နော်၊ စုပေါင်းအဖွဲ့အ စည်းခေါ် မှာပေါ့။ ဌာနဆိုင်ရာကပါမယ်၊ ရေ တပ်က ပါမယ်၊ ဦးစီးကပါမယ်၊ နောက် ပြီး သက်ဆိုင်ရာဒေသခံဘက်က ရေ လုပ်သားအစု အဖွဲ့တွေ က တက်ကြွ တဲ့သူတွေ ပါမယ်။ ဒါဆိုလို့ရှိရင် တော့ ဖြစ်နိုင်တယ်။ ဒီအတိုင်းပဲ ဆိုရင်တော့ ကျွန်တော်တို့ က ငါးခိုး ဖမ်းတဲ့ဟာ ကို တော်တော်လေး ထိန်း မရဘူးဖြစ်နေမှာပဲ" ဟု အမျိုးသား လွှတ်တော် စိုက်ပျိုးရေး ၊ မွေးမြူ ရေးနှင့် ရေလုပ် ငန်းဖွံ့ဖြိုးတိုး တက် ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန် ၀င်းသောင်းက ထောက်ပြပြောဆို သည်။

တရားမ၀င် ငါးခိုးဖမ်းခြင်းကို ဥပဒေတစ်ရပ်အနေဖြင့်သာမက ကွင်း ဆင်း ၍ ပြည်သူအားလုံးပူးပေါင်းပါ ၀င်လုပ်ဆောင်ရန် လိုကြောင်း၊ ဥပ ဒေနှင့်အညီ သက်ဆိုင်ရာဒေသ ဆိုင်ရာအလိုက် လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင် ခွင့်ပေးခြင်းနှင့် ထိန်းသိမ်းခွင့်များ ပေးမည် ဆိုပါက ယင်းလုပ်ငန်းသည် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေါက်တာ ခွန်ဝင်းသောင်းက ဆက် လက်ဆိုသည်။

"အခုကျတော့ ခိုးဖမ်းမှန်းလည်း သိတယ်။ အရေးယူလို့လည်း မရ ဘူး။ လုပ်ပိုင်ခွင့်တွေမရှိကြတော့ လေ၊ အခုဆရာတို့ ကွင်းဆင်းခဲ့ တဲ့ အရဆိုရင် သူ့ဒေသခံတွေ တောင်း ဆိုတာက ကိုယ့်ဒေသအလိုက် ပိုင်ဆိုင် ခွင့်လေးတွေ ပြောရမယ်ဆိုရင်တော့ သူတို့ကို ဘယ်ဒေသမှာမဆို လုပ် ပိုင်ခွင့်တွေပေးမယ်ဆိုရင် ဒါကဖက် ဒရယ်တစ်ခုပေးတာပဲလေ။ ကိုယ့် လုပ်ပိုင်ခွင့်ပေးလို့ ကိုင်တွယ်ခွင့်ရှိ မယ်ဆိုရင် ဒါ အခြားသီးသန့်တောင်း စရာလည်းမလိုတော့ဘူးလေ။ အဲ့ဒီ တော့ သူတို့တောင်းဆိုတာက သူတို့ ရဲ့ကျွန်းတွေကို သူတို့စီမံခန့်ခွဲပိုင် ခွင့်ရှိအောင်ပေါ့၊ အဲ့ဒါဆိုရင်တော့ ငါးခိုးဖမ်းတဲ့ကိစ္စတွေက တစ်နည်း တစ်ဖုံနဲ့လျော့ပါး သွားအောင် လုပ် နိုင် မယ်လို့ယူဆပါတယ်" ဟု ဒေါက် တာ ခွန်ဝင်းသောင်းက ၎င်းင်း၏ အမြင်ကိုပြော သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက် ၍ အမျိုးသားလွှတ်တော် စိုက်ပျိုး ရေး ၊ မွေးမြူရေးနှင့် ရေ လုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေ ဖြင့် လတ်တလောတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံ အလွတ် သဘောအကြံပြုထားကြောင်း၊ ယင်း အပြင် အဆိုပါကိစ္စရပ်ကို အရေးယူ ဆောင်ရွက်နိုင်ရေး အစိုးရဘက်မှ ဦးဆောင်မည်လား၊ လွှတ်တော်မှ ကော်မတီအနေဖြင့် မည်သို့ပံ့ပိုးပေး ရမည်ဆိုသည့် ဆွေးနွေးမှုများရှိပြီး အသေးစိတ်ဆွေးနွေးမှုများကို လွှတ် တော် အတွင်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီမှ သိ ရသည်။

Credit To >>> Democracy Today

0 comments:

Post a Comment