25.7.16

တောင်ကိုရီးယားနိုင်ငံ၏ THADD ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်ချထားမှု နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း တရုတ်ပြော


တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန် အမေရိကန်၏ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကျက်ချထားရန် တောင်ကိုရီးယားနိုင်ငံ၏ လုပ်ဆောင်မှုသည် နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း ပြောကြားလိုက်သည်ဟု တနင်္လာနေ့ သတင်းများတွင် ဖော်ပြသည်။
ပစ်မှတ်မြင့်ဧရိယာကာကွယ်ရေးတပ်ဖြန့်မည့် ယခုလအစောပိုင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကြေညာချက်သည် တရုတ်နိုင်ငံဘက်မှ သဘောမတူ ကန့်ကွက်ချက်များ ထွက်ပေါ်လာပြီး ဒေသတွင်း လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည်ဟုဆိုသည်။ THADD စနစ်ကို တပ်ဖြန့်ချထားမည့် ဆုံးဖြတ်ချက်သည် အထီးကျန်နေသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားထပ်မံပေးခြင်း ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ၄င်းတို့၏ စစ်ရေးလုပ်ဆောင်ချက်များကို ယင်းစနစ်၏ ရေဒါများက ထောက်လှမ်းမည်ကို စိုးရိမ်နေသည်။
Credit To >>> Democracy Today

0 comments:

Post a Comment