ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.6.16

မြန်မာနိုင်ငံတွင် ၂၀၂၉ ခုနှစ်အထိသာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်ရန်အတွက် နိုင်ငံခြားမှ ၀ယ်ယူရမည်ဟုဆို

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုသည် ၂၀၂၉ ခုနှစ်အထိသာ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် သဘာဝဓာတ် ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်ရန်အတွက် နိုင်ငံခြားမှ ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၃၁ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ပြန်လည်ရရှိရေး ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြောကြားသည်။

ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့် စောင့်ဆိုင်းနေသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၀၀ နီးပါးရှိနေ


မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ၏ ခွင့်ပြုချက်ချထားပေးရေး စောင့်ဆိုင်းနေသည့် အဆိုပြုထားသော ကုမ္ပဏီပေါင်း ၉၈ ခုရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က မေ ၃၁ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

MIC ကို အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန် ရင်းနှီးမြုပ်နှံနိုင်ရေးအတွက် အဆိုပြုထားကြသည့် ကုမ္ပဏီများမှာ ပြည်တွင်း ကုမ္ပဏီ ၅၀ နှင့် ပြည်ပကုမ္ပဏီပေါင်း ၄၈ ခုရှိနေသည်။

"နှစ်လအတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်မှုနဲ့ MIC ကို အဖွဲ့ဝင်ကိုးဦးနဲ့ အသစ်ပြင်ဆင်ဖွဲ့စည်းသွားဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။"ဟု ဦးဆန်းမြင့်က ပြောသည်။

ယခုရင်းနှီးမြုပ်နှံမှုရရန် အဆိုပြုလျှောက်ထားရာတွင် အများစုက အထည်ချုပ်လုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် ဖြစ်ကြသည်။ ထိုအပြင် စင်ကာပူကုမ္ပဏီတစ်ခုက မန္တလေးတိုင်းဒေသကြီးတွင် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးအတွက် ရင်းနှီးမြုပ်နှံသွားရန် အဆိုပြုထားကြောင်း သိရသည်။

အဆိုပြုလျှောက်ထားမှုအများစုက တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီလုပ်ငန်းအများစုဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အား လွှတ်တော်က မကြာမီပြဌာန်းနိုင်မည်လည်း မျှော်လင့်ရသည်။

နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၉ ဒဿမ ၅ ဘီလီယံရှိခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၈ ဘီလီယံရရှိရန် မျှော်မှန်းထားသည်။

တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၆ ခုနှစ် မတ်လအထိ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၆၃ ဒဿမ ၇၁၈ ဘီလီယံရှိခဲ့သည်။

Credit To >>> Mizzima Burmese

ရန်ကုန်တွင် ယခုနှစ် လျှပ်စစ်မီး အလုံလောက်ပေးမည်ဟု ၀န်ကြီးချုပ်ပြော

phyo-min-thein-300x232

ရန်ကုန်တိုင်းအတွင်း အရင်နှစ်တွေကလို လျှပ်စစ်မီးကို အလှည့်ကျပေးဖို့ မလိုအပ်တော့တာကြောင့် အလုံလောက် ဖြန့်ဖြူးပေးမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၃၁ ရက်နေ့ လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များ၏ ရန်ပုံငွေ ငွေကျပ် ၂ ဒသမ ဘီလီယံခန့်အားယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့ မည်ကဲ့သို့ သုံးစွဲခဲ့သည်ကို ယခုအချိန်ထိ မသိရှိရ

ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ထည့်ဝင်ခဲ့သည့် ငွေကျပ် ၂ ဒသမ ၈ ဘီလီယံခန့်ကို ယခင်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ သုံးစွဲခဲ့သည်ကို ယခုအချိန်ထိ မသိရှိရသေး ပါကြောင်း၊ အသေးစိတ်ခိုင်လုံသော အချက်အလက်များ ရရှိရေး ဆက်လက် စုံစမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ရေနံလက်ယက် တွင်း လုပ်ငန်းများက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့သော ငွေကျပ် ၂ ဒသမ ၈ ဘီလီယံခန့်ရှိကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရအဖွဲ့သစ်သို့ လွှဲ၊ မလွှဲနှင့် လွှဲခဲ့သည်ဆိုပါက မည်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစားများ လုပ်ကိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ယခင်မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပါကြောင်း၊ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင်ခဲ့သည့် ငွေကြေး နှင့် စာရင်းဇယားတို့ကို လွှဲအပ်ခဲ့ခြင်းမရှိသဖြင့် ထည့်ဝင်ငွေများနှင့်ပတ်သက်၍ မည်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုမျှ ဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စုနှင့် မထောခုကျေးရွာ အုပ်စုများ ပြည့်စုံစွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ စက်ရုံတည်ဆောက်စဉ် ၁၉၆ဝ ခုနှစ်မှ ယခုအထိ မီးလင်းရန် စိုက်ထူအသုံးပြု ထားသော သစ်သားတိုင် ဓာတ်တိုင်များကို ကွန်ကရစ်တိုင်အဖြစ် အစားထိုး ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဘီလူးချောင်းဓာတ်အားပေးစက်ရုံ အနီး လောပိတကျေးရွာအုပ်စု ၁၉ ရွာနှင့် မထောခုကျေးရွာအုပ်စု ကျေးရွာ ကိုးရွာကို ၁၉၆ဝ ခုနှစ်ကစပြီး ဓာတ်အားပေးလျက်ရှိပါကြောင်း၊ တိုးချဲ့နေရာ များ လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် ၄ဝဝ ဗို့ ဓာတ်အားလိုင်း ပေ ၂၇၉၆ဝ အသစ်တိုးချဲ့တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင် ဇရပ်ဖြူနှင့် ရေနီကန်ကျေးရွာ နှစ်ရွာအတွက် ၄ဝဝ ဗို့ ဓာတ်အား လိုင်း ပေ ၉၇၆ဝ တိုးချဲ့တည်ဆောက်ရန် ပြည်နယ်အစိုးရ ဘတ်ဂျက်တွင် လျာထားပြီး တင်ဒါခေါ်ဆိုရန် စီစဉ်လျက်ရှိပါကြောင်း။
တိုးချဲ့တည်ဆောက်ရန်အတွက် ၄ဝဝ ဗို့လိုင်း ပေ ၁၈၂ဝဝ နှင့် အစားထိုး လဲလှယ်ရန် သစ်သားတိုင် ၅၈၃ တိုင်တို့အား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံဆောင်ရွက်သွား ရန် ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်း၌ လျှပ်စစ်မီး ပြတ်တောက်နေမှုများ၊ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ မဖြန့်ဖြူးနိုင်ခြင်းများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားသည်၊ လျှပ်စစ်မီး ပြတ်တောက်သည့်အခါတွင်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ပုဂ္ဂလိက ကုမ္ပဏီကို လွှဲပြောင်းထားသည် ကို အများပြည်သူများ သိရှိရန် သတင်းထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ¤င်း ပုဂ္ဂလိကကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ကျောက်တံတားမြို့နယ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(့နှဃ) ကိုယ်စား ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများဆောင်ရွက်ရန် အာကာစိုးကုမ္ပဏီလီမိတက်က ၂ဝ၁၅ ခုနှစ် မေလမှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ တာဝန်မှာ ပြည်သူများအား လျှပ်စစ်ဗို့အားပြည့်ဝစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ အသစ်တည် ဆောက်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
စာချုပ်အရ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများအနက် အဓိကအချက်များအနေဖြင့် နှစ်စဉ် ၅ နှစ် စီမံကိန်းများရေးဆွဲ၍ ရင်းနှီး မြှုပ်နှံခြင်း၊ ဓာတ်အားသုံးစွဲမှု ဝန်အားတိုးတက်လာခြင်းကို အချိန်မီပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ပါက အမြန်ဆုံး ဓာတ်အားပို့လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်ပါက စာချုပ်ရပ်စဲမည်ဖြစ်ပြီး စာချုပ်ရပ်စဲ သည့်အခါ ဆောင်ရွက်ဆဲလုပ်ငန်းတစ်ရပ်လုံးကို တန်ဖိုးရယူခြင်းမပြုဘဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)သို့ အပြီးအပိုင် လွှဲပြောင်းပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနကလည်း ကုမ္ပဏီအား ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
''ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက် လုံလောက်စွာပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း'' ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်က တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။
အဆိုရှင်က မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ခြင်းလုပ်ငန်းထက် ကုသခြင်း လုပ်ငန်းကို ပိုမိုအလေးထားဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ၂ဝ၁၄ ခုနှစ် တွင် ဆေးရုံပေါင်း ၉ဝဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ဆေးရုံပေါင်း ၁၂ဝဝ နီးပါး တိုးတက်လာခဲ့ကြောင်း၊ သို့သော်လည်း ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ သူနာပြု၊ သားဖွားသင်တန်းကျောင်း (၄၆) ကျောင်းသာ ရှိခဲ့ကြောင်း။
ကျောင်းကျန်းမာရေးဌာနများမှာ ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ဌာန (၈ဝ) သာရှိသည့်အတွက် မိမိတို့နိုင်ငံ၏ အနာဂတ်တွင် အရေးကြီးလှသည့် ကျောင်းကျန်းမာရေးကဏ္ဍသည် မြို့နယ်တိုင်း ရှိရမည်ဖြစ်သော်လည်း လေးပုံ တစ်ပုံသာ ရှိပါကြောင်း ပြောကြားပြီး ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမို ထိရောက်ကြောင်းကို အဆိုရှင်က ထောက်ပြဆွေးနွေးသည်။
Credit To >>> The Mirror Daily 

ယူရိုငွေသန်း (၉၀)ကျော်သုံးစွဲမှု စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မျက်အသင်းတောင်းဆို

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အစည်းအဝေး မတ်လ ၁၃ ၂၀၁၆
အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ရံပုံငွေ ယူရိုငွေသန်း (၉၀)ကျော် သုံးစွဲမှုစာရင်းနဲ့ပတ်သက်လို့ အသင်းဥက္ကဌ ဦးရုံးမူအနေနဲ့ ဖြေရှင်းပေးဖို့ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက NLD အစိုးရရရော၊ လွှတ်တော်ကိုပါ မေလ (၂၇)ရက်နေ့က တိုင်ကြားစာပို့ခဲ့တာပါ။