ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.3.14

သီလဝါအထူးစီးပွားရေးဇုံမှ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧက ငွေကျပ်သိန်း ၃၀၀ တောင်းဆိုမည်


ရန်ကုန်၊ မဇ္ဈိမ။ ။ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းအတွက် လယ်မြေ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧကလျှင် သိန်းသုံးရာ လျော်ကြေးပေးရန် တောင်းဆိုမည်ဟု ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၈ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ် တွေ့ဆုံမည်


Sunday, March 2, 2014

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်အခါကောင်းဟု သမ္မတ ပြော


2/3/2014

လယ်ယာကဏ္ဍ အပါအ၀င် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်အခါကောင်း ဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ ပေးပို့ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ယခင်အစိုးရ ကိုယ်တိုင်ရေးဖွဲ့စည်းပုံကြီးကို လုံးဝအလိုမရှိဟုအင်းယားဆန္ဒထုတ်ဖော်သူတို့ဆို



2/3/2014

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယခင်အစိုးရက၎င်းတို့အာဏာရရှိရေးအတွက် ရေးဆွဲထားခြင်း ဖြစ်သည့်အတွက် လက်ရှိအစိုးရကို လုံးဝ အလိုမရှိဟု မတ်လ ၂ရက်နေ့ကပြုလုပ်သည့် အင်းယားကန်ဘောင် ဆန္ဒထုတ်ဖော်ပွဲ၌ ဆန္ဒထုတ်ဖော်သူများက ပြောဆိုကြသည်။

တောင်သူလယ်သမားအရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံရဲ့ မွေးနေ့



တောင်သူလယ်သမားအရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် တောင်သူလယ်သမား အရေးတော်ပုံ စတင်ခဲ့တဲ့နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးစေချင်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့မှာ ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားက ကြေညာချက် ထုတ်ပြန်ပါတယ်။

မတ္တရာလယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲ



2/3/2014

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ သိမ်းဆည်းခံထားရတဲ့ ရွာတွေအပါအဝင် လွန်ခဲ့တဲ့ ၂၈ နှစ်ခန့်က သိမ်းယူခဲ့တဲ့ လယ်မြေတွေကို ပြန်ရရေး ရွာပေါင်း ၁၄ ရွာခန့်က ရာနဲ့ချီတဲ့လယ်သမားတွေဟာ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ မတ်လ ၂ ရက် နေ့မှာတော့ အာဏာပိုင်တွေက တူးမြောင်းကိုပိတ်ပစ်လိုက်တာကြောင့် တခြား သိမ်းယူခြင်းမခံရသေးတဲ့တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးတော့မယ့် အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလာချိန် တောင်သမန်အင်းမှ ဦးပိန်တံတားပျက်စီးမှု ပိုမိုဆိုးရွားလာ



၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိသည့် တောင်သမန်အင်း အတွင်းမှ ဦးပိန်တံတား ပျက်စီးယိုယွင်းမှု ပိုမိုများပြား လာနေသောကြောင့် အမြန်ဆုံးပြုပြင် ထိန်းသိမ်းရန် လိုအပ်လာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားမှာ ပျက်စီးယိုယွင်းမှုများ ပိုမိုများပြားလာခြင်းကြောင့် မူလလက်ရာအတိုင်း အမြန်ဆုံးပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်လာကြောင်း သမိုင်းပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောဆိုမှုများရှိနေကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို သုံးနှစ်အတွင်း စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ကူညီမည်


၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအ ဖွဲ့YESB ကို သုံးနှစ်အတွင်း သီးခြားစီးပွားရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)က ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ပနိုင်ငံများ၌ မြန်မာနိုင်ငံသားအချို့ ပညာအရည်အချင်း အထောက်အထား လိမ်လည်အသုံးပြုခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် အလုပ်အပါအ၀င် ကျောင်းလျှောက်ထားမှုများအပေါ် ယခင်ကထက် ပိုမိုစိစစ်လာနိုင်ဖွယ်ရှိ


၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် ပညာအရည်အချင်း အထောက်အထား လိမ်လည်အသုံးပြုခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်အပါအဝင် ကျောင်းလျှောက်ထားမှုများအပေါ် ယခင်ကထက် ပိုမိုစိစစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာပညာရေး အသိုင်းအဝိုင်းက လေ့လာသုံးသပ်သူများက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် အောက်ဆီဂျင်အိုး ပေါက်ကွဲမှု နှစ်ဦးဒဏ်ရာရ


၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သံဖြတ်နေစဉ်အတွင်း အောက်ဆီဂျင် ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရမှု မကွေးမြို့တွင် မတ်လ ၁ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အင်းယားကန်ဘေးလမ်းပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားသည့် ယာဉ်များကို ကရိန်းဖြင့်ဆွဲ အရေးယူတော့မည်

၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

  ရန်ကုန်မြို့၊ ပြည်လမ်းရှိ အင်းယားကန်အနီးတွင် အပန်းဖြေရန် လာရောက်သည့်ယာဉ်များ စည်းကမ်းမဲ့ရပ်နားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားသဖြင့် ကရိန်းယာဉ်ဖြင့် ဖယ်ရှားသွားမည်ဖြစ်မည်ဟု အမှတ်၂
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ဖေဖော်ဝါရီ ၂၈ရက်က ပြောသည်။

ယူကရိန်းမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ချက်ချင်း တာဝန်ပေးရန် အမေရိကန်ပြောယူကရိန်းမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ချက်ချင်း တာဝန်ပေးရန် အမေရိကန်ပြော



၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

ယူကရိန်းနိုင်ငံရဲ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်း အဝေးမှာ ရုရှနဲ့ အနောက်အင်အားကြီးနိုင်ငံတွေကြား မတ်လ ၁ ရက်နေ့က အပြန်အလှန် စွပ်စွဲနေကြတာပါ။

လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ကောလိပ်တွင် ထမင်းချက်ရာမှ မီးလောင်



၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ဖေဖော်ဝါရီ၂၈ ရက် ၁ဝ နာရီခွဲအချိန်က ထမင်းချက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်ဟု တိုင်းရင်းသား ကျောင်းသားတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ၂၉ ဦး သေဆုံး


၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

တရုတ်ထိပ်တန်း လုံခြုံရေးအရာရှိ မန့်ကျန်းကျိုးဟာ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရဲ့ မြို့တော် ကူမင်းမြို့ဘူတာရုံ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆီကို မတ်လ ၂ ရက်နေ့ မနက်က သွားရောက် လည်ပတ်ပါတယ်။

ပါကစ္စတန်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့ကို ခြုံခိုတိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် အာဖဂန်နစ်စတန်နဲ့ နယ်စပ်က တိုင်းရင်းသားဒေသ ဂျမ်ရဒ် ပြည်နယ်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့တဖွဲ့ကို စစ်သွေးကြွတွေက မတ်လ တရက်နေ့က ခြုံခိုတိုက်ခဲ့လို့ လုံခြုံရေး ကင်းထောက် အဖွဲ့ဝင် ၁၂ယောက် သေဆုံးပါတယ်။ ယာဉ်တန်းကို သေနတ်နဲ့မပစ်ခင် ဗုံးနဲ့ အရင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို


ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည်
ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။

ကျန်သက်တမ်းကာလ ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်မည်


အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်းမှာ တောင်သူလယ်သမားတွေနဲ့ နိုင်ငံသားအားလုံးအတွက် ကျေးလက်ဒေသ ဖံွ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။