2.3.14

လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ကောလိပ်တွင် ထမင်းချက်ရာမှ မီးလောင်



၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ဖေဖော်ဝါရီ၂၈ ရက် ၁ဝ နာရီခွဲအချိန်က ထမင်းချက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်ဟု တိုင်းရင်းသား ကျောင်းသားတစ်ဦးက ပြောကြားသည်။


မီးလောင်ကျွမ်းမှုကြောင့် အလျား(၁၈)ပေ၊ အနံ(၁၂)ပေရှိ အဆောက်အဦးနှစ်လုံး မီးလောင်ကျွးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မီးလောင်ကျွမ်းသည့်ဖြစ်စဉ်ကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ ရွာသစ်ကြီး ရဲကင်းစခန်းမှ ဒုရဲအုပ် သီးဟစိုးနှင့် အဖွဲ့က စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်မီးကျေးရွာမှ ပန်းရံအလုပ်သမားတစ်ဦးက အလုပ်သမား တန်းလျားရှိ မီးဖိုတွင် ထမင်းအိုးတည်ထားခဲ့ရာ မီးဖိုဆောင်နံရံကို မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ဆယ်သိန်းကျော်ဖြစ်သည်ဟု တိုင်းမီးသတ်ဦးစီးဌာန ဒုညွှန်မှူး ဦးမင်းစမ်းအေးက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်အပေါ် စစ်ကိုင်းမြို့မရဲစခန်းက(ပ) ၉၅/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment