ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.9.13

ယာဉ်လုပ်သားများအတွက် ရှေ့နေထားရန် စီစဉ်

မထသ (ဗဟို) ၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်လုပ်သားအတွက် ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် ရရှိနိုင်ရန် ရှေ့နေများထားရှိ ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားနှင့် လမ်းလျှောက်ချီတက်ပွဲ လုပ်မည်

နိုင်ငံတစ်ဝန်း စစ်ပွဲများ၊ ဖိနှိပ်မှု များ၊ အကြမ်းဖက်မှုများ ပပျောက် စေ ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ အခမ်းအနားနှင့် လမ်း လျှောက်ချီတက်ပွဲ ပြုလုပ်သွားမည်ဟု Generation Wave မှ ကိုမိုယ်းသွေးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့်

တောင်အာဖရိက ဟာမာနပ်မြို့ ဝေလငါးကြောင့် နိုးကြားတက်ကြွလာ

တောင်အာဖရိကနိုင်ငံ၏ ဟာမာနပ်မြို့သည် ကမ္ဘာလုံး ဆိုင်ရာ ဝေလငါးစောင့်ကြည့် လေ့လာရန် နေရာအဖြစ် ပေါ် ထွက်လာခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုခန့် က သတ္တဗေဒပညာရှင်မတ်ကာ ဝါဒင်းက ကမ္ဘာ့အကောင်းဆုံး ဝေလငါးများ စောင့်ကြည့်လေ့ လာရန် နေရာနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကို သုတေသန ပြုရန်အတွက် ဟာမာနပ်မြို့သို့ ရောက်ရှိခဲ့ရာမှ ဟာမာနပ်မြို့ သည် ကမ္ဘာပေါ်တွင် ဝေလငါးများ ကို စောင့်ကြည့်ရန် အကောင်းဆုံး အခြေစိုက်နေရာအဖြစ် သရုပ် ဖော်ရေးသားခဲ့သည်။

ဆီးရီးယားသူပုန် ဓာတုလက်နက်သုံးကြောင်း ရုရှားက သက်သေပြမယ်

ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက်မှာ ဘယ်ဖက်က အသုံးပြုခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး ရုရှားနဲ့ ပြင်သစ်နိုင်ငံတို့ အငြင်းပွားကြပြီးနောက် ဓာတုလက်နက်တွေကို ဆီးရီးယားသူပုန်တွေ အသုံးပြုကြောင်း သက်သေသာဓကတွေ ဖော်ပြမယ်လို့ ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။

မွန်နဲ့ ပဲခူးတိုင်းရှိ ရွာ ၂၃၀ မှာ နေစွမ်းအင်နဲ့ မီးပေးစနစ် သုံးမယ်

လျှပ်စစ်မီးရရှိဖို့ ခက်ခဲတဲ့ မွန်ပြည်နယ် သ၀ါးတောကျေးရွာ၊ ပဲခူးတိုင်း ထုံးတောင်ကျေးရွာတွေမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း ၂၃၀ အတွက် နေရောင်ခြည်နည်းပညာသုံး မီးပေးစနစ်နဲ့ လျှပ်စစ်မီးပေးတော့မှာ ဖြစ်တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အခြေအနေပေါ် မူတည်၍ မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လတ်တလော အနေဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းရန် အစီအစဉ် မရှိသေးကြောင်း တရားဝင် ပြောကြားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပသုံးနိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက်မှစ၍ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့ရာတွင် ဥရောပ ခရီးစဉ်မှ စက်တင်ဘာ ၁၈ ရက် ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဆူပူမှု ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသားများကို ပြောင်းရွှေ့

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်မှ အကျဉ်းသားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်မှစ၍ ပြောင်းရွှေ့ရန် အကျဉ်းထောင်မှ စတင်ထွက်ခွာခဲ့ရာ ကော့သောင်းမြို့ရှိ သင်္ဘောဆိပ်သို့ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိလာပြီး ၃ နာရီခွဲ အချိန်တွင် ၁၀ ဘီးကားပေါ်မှ ၀န်တင်ကရိန်းကားဖြင့် လေးယောက်တစ်တွဲ ချီမကာ သံခွံသင်္ဘောအတွင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စည်းကမ်းမဲ့ မောင်းနှင်သည့် မော်တော်ယာဉ်များကို ဒဏ်ငွေတိုးမြှင့်ခြင်းအပြင် ယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းတို့ဖြင့် အရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ လျော့ကျစေရန် ဒဏ်ငွေတိုးမြှင့်ခြင်း အပြင် ယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းတို့ဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

လူကုန်ကူးမှု လျော့ကျခြင်း မရှိသေးသဖြင့် တစ်နိုင်ငံလုံးရှိ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့ကို အင်အားတိုးချဲ့မည်

လူကုန်ကူးမှု တစ်နိုင်ငံလုံး အနေအထားရှိ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် မြေများသိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများ အတွက် မြေလျော်ကြေးများ ပေးမည်

ရန်ကုန်တောင်ပိုင်း ခရိုင်ရှိ သန်လျင်နှင့် ကျောက်တန်း ဒေသများ၌ အကောင်အထည်ဖော်မည့် အပြည်ပြည်ဆိုင်ရာ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည့် မြေနေရာများ သိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများအတွက် မြေလျော်ကြေးများပေးရန် စိစစ်ဆောင်ရွက် လျှက်ရှိကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းများ၌ နည်းစနစ် မှန်ကန်မှု မရှိပါက ဆောက်လုပ်ရေး ကန်ထရိုက်တာများအား ပြင်းထန်စွာ အရေးယူမည်

ရန်ကုန်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ အဆောက်အအုံ ဆောက်လုပ်မှု နည်းစနစ် မှန်ကန်မှု မရှိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ တစ်လအတွင်း ကျပ် ၁၉ ဘီလျံနီးပါး ထပ်မံမြှုပ်နှံ ခဲ့ပြီးနောက် စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၇၃၂ ဘီလျံအထိ ရှိလာ

ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ တစ်လအတွင်း ကျပ် ၁၉ ဘီလျံနီးပါး ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ မြှုပ်နှံလုပ်ကိုင်နေသည့် ပမာဏစုစုပေါင်းမှာ ကျပ် ၇၃၂ ဘီလျံအထိ ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲဖြစ်

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံအား ကျဆင်းသည်ကို ထိန်းချုပ်ပေးသည့် အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း အေအာဗွီ ဆေးဝါးများ လိုက်လံတိုက်ကျွေး ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲဖြစ်

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံအား ကျဆင်းသည်ကို ထိန်းချုပ်ပေးသည့် အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း အေအာဗွီ ဆေးဝါးများ လိုက်လံတိုက်ကျွေး ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာတွင် တပ်မတော် တပ်ရင်းသုံးရင်း လုံခြုံရေးယူထား

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မတည်ငြိမ် မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာအဝေးတွင် တပ်မတော် တပ်ရင်းသုံးရင်းက ၀ိုင်းရံထားပြီး လုံခြုံရေး ယူထားကြောင်း သတင်းရရှိသည်။

လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေသော ရန်ကုန်စက်မှုဇုန်ရှိ အေ၀မ်း အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် စက်ရုံတစ်ဝက်နီးပါး ပျက်စီးဆုံးရှုံး

မင်္ဂလာဒုံ ဥယျာဉ်မြို့တော် ရန်ကုန်စက်မှုဇုန်ရှိ လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေသော A-1 GARMENT FACTORY အထည်ချုပ် စက်ရုံသည် စက်တင်ဘာ ၁၈ ရက်၊ နံနက် ၁၁ နာရီ၊ မိနစ် ၃၀ ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး စက်ရုံတစ်ဝက်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် Mobile Team က ရက်ပေါင်း ၇၀ အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ကျပ်သိန်းပေါင်း ငါးထောင်ကျော် သိမ်းဆည်းရမိ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု ထိန်းသိမ်းရေး ရွေ့လျား အဖွဲ့သည် ဇူလိုင် ၅ ရက်မှ စတင်ကာ ခေးနင်း ကျေးရွာအနီးရှိ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြု၍ တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သိမ်းဆည်းလျက်ရှိရာ ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၅ ရက် ထိ ရက်ပေါင်း ၇၀ ကျော်အတွင်း သိမ်းဆီးရမိသည့် တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ငါးထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် Mobile Team က ရက်ပေါင်း ၇၀ အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ကျပ်သိန်းပေါင်း ငါးထောင်ကျော် သိမ်းဆည်းရမိ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု ထိန်းသိမ်းရေး ရွေ့လျား အဖွဲ့သည် ဇူလိုင် ၅ ရက်မှ စတင်ကာ ခေးနင်း ကျေးရွာအနီးရှိ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြု၍ တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သိမ်းဆည်းလျက်ရှိရာ ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၅ ရက် ထိ ရက်ပေါင်း ၇၀ ကျော်အတွင်း သိမ်းဆီးရမိသည့် တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ငါးထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျမှ အစိုးရက နိုင်ငံရေးဆွေးနွေးပွဲ လုပ်မည်ဆိုသည့် ကတိက၀တ်ကို ပေးမည်ဟုဆို

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကျမှ အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မည်ဆိုသည့် ကတိက၀တ်ကို ပေးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ရန် စီစဉ်ထားကြောင်း Myanmar Peace Center မှအကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

Mobile Team များဖြင့် ကိုးလအတွင်း ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီရမိဟု ထုတ်ပြန်

Mobile Team များဖြင့် တရားမ၀င် ကုန်သွယ်မှုများ ဖမ်းဆီးခဲ့သည့် ကိုးလအတွင်း အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှုနှင့် ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီးရမိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ သာဓုပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

Bo Xilai အမှု တနင်္ဂနွေ ပြစ်ဒဏ်ချမည်

တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား Bo Xilai အပေါ် စွဲချက်တင်ထားတဲ့ အမှုအတွက် တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ တရုတ် တရားရုံးတခုက ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ ဆုံးဖြတ်ချက်ချမယ့်အကြောင်း Jinan ပြည်သူ့တရားရုံးက သူတို့ရဲ့ ဘလော့ဂ် စာမျက်နှာမှာ ကြေညာထားတာပါ။

သြစတြေးလျ ၀န်ကြီးချုပ်သစ်အဖြစ် Tony Abbot စတင်တာဝန်ထမ်း

Conservative သမရိုးကျဝါဒီ လွှတ်တော်အမတ် Tony Abbot ဟာ သြစတြေးလျနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီး သက်တမ်း ၆ နှစ်ကြာ လေဘာပါတီ ဦးဆောင်တဲ့အစိုးရ အုပ်ချုပ်ရေး အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

ပခုံးဒဏ်ရာကြောင့် ကော်တင်ဟို ၆ပတ် အနားယူရမည်

လီဗာပူးတောင်ပံကစားသမား ကော်တင်ဟိုမှာဆွမ်ဆီးနှင့်ပွဲတွင် ရခဲ့သည့် ပခုံးဒဏ်ရာ ပြဿနာကြောင့် ၆ပတ်ခန့်အနားယူရမည်ဖြစ်သည်။

ဖုန်းဘက်ထရီ အသုံးခံစေဖို့

အခုခေတ်မှာ ဖုန်းတွေကိုမဖြစ်မနေသုံးလာကြပါပြီ... တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအားသွင်းဖို့အဆင်မပြေတဲ့အခါမျိုး ကြုံရတတ်ပါတယ်... အဲ့ဒီလိုအချိန်မှာ ကိုယ့်ဖုန်းက ဘက်ထရီသိပ်မခံတဲ့ ဖုန်းမျိုးဆိုရင် ဒုက္ခရောက်တတ်ကြပါတယ်... ဒါကြောင့် အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေနဲ့ သင့်ဖုန်းရဲ့ ဘက်ထရီကိုကြာရှည်အသုံးခံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာထားဖို့လိုပါလိမ့်မယ်...

ကယားတောင်သူတွေ အစားထိုးလျော်ပေးတဲ့ လယ်မြေကို လက်မခံ

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် သိမ်းယူထားခဲ့တဲ့ လယ်မြေတွေကို ကယားပြည်နယ်အစိုးရက တခြားလယ်ယာမြေတွေနဲ့ အစားထိုးပြန်ပေးမယ့် အစီအစဉ်ကို လယ်သမားတွေဘက်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကထူခြားတဲ့အရေပြားရောဂါသည်လေး

တရုတ်နိုင်ငံက Pan Xianhang လိုခေါ်တဲ့ 8နှစ်အရွယ်ကလေးကို
‘Fish Boy’ လိုခေါ်ကြပါတယ်။

မြန်မာတွင် အတွင်းတိမ်မျက်စိရောဂါ အဖြစ်များနေ

အ တွင်းတိမ်ရောဂါသည် မျက်စိရော ဂါများတွင် အဖြစ်များဆုံးရောဂါ တစ်ခုဖြစ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခန့်မှန်း တွက်ချက်မှုများအရ အတွင်းတိမ် ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း၆ဝခန့်ရှိ နေကြောင်း သိရသည်။

၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ငါးဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ရှော့ပင်း မောလ်နှစ်ခု အတွင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် စင်တင်ဘာ ၁၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက်မပြည့်သူ များ၏ ကာမလုံခြုံရေး ကာကွယ်ပေးရန် လိုပြီ

ရန်ကုန်တိုင်းဒေသကြီးတွင် အသက်မပြည့်သော ကလေးများ အဓမ္မပြုကျင့်ခံရမှုများပြားလာရာ ၄င်းတို့ ၏ လုံခြုံရေးအတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်း များ ကာကွယ်ပေးရန်လိုအပ်လာပြီဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က ပြောသည်။

ထိုင်းရော်ဘာ စိုက်ပျိုးရေး သမားများနှင့် အစိုးရ တပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇၇ဦး ဒဏ်ရာ ရရှိ

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင် ၇၇ဦးထိခိုက် ဒဏ်ရာ ရရှိပြီးနောက် အဆိုပါ ဒေသတွင် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။

သူပုန်များ၏ ဖမ်းဆီးထားခြင်း ခံရသော ဓားစာခံ ၁၀၇ ဦးအား ဖိလစ်ပိုင် စစ်တပ် ကယ်ဆယ် နိုင်ခဲ့

ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးအဖွဲ့ (MNLF) မှ ဖမ်းဆီးထားသော ဓားစာခံ ၁၀၇ ဦးခန့်ကို လွန်ခဲ့သည့် ၄၈ နာရီကျော်က ကယ်တင်နိုင် ခဲ့ကြောင်း စစ်တပ်က စက်တင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။