19.9.13

လားရှိုးမြို့နယ်တွင် Mobile Team က ရက်ပေါင်း ၇၀ အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ကျပ်သိန်းပေါင်း ငါးထောင်ကျော် သိမ်းဆည်းရမိ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု ထိန်းသိမ်းရေး ရွေ့လျား အဖွဲ့သည် ဇူလိုင် ၅ ရက်မှ စတင်ကာ ခေးနင်း ကျေးရွာအနီးရှိ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြု၍ တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သိမ်းဆည်းလျက်ရှိရာ ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၅ ရက် ထိ ရက်ပေါင်း ၇၀ ကျော်အတွင်း သိမ်းဆီးရမိသည့် တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ငါးထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများမှာ အ၀တ်အထည်များ၊ လျှပ်စစ်ပစ္စည်း၊ မိုဘိုင်းတယ်လီဖုန်း ပစ္စည်းများ၊ ကားပစ္စည်း၊ မော်တော်ဆိုင်ကယ်ပစ္စည်း၊ ဂိမ်းစက်၊ ဆေးဝါး၊ ဘီယာများနှင့် အခြားစားသောက်ကုန် ပစ္စည်းများ အများဆုံး ပါဝင်ကြောင်း သိရသည်။

''တရားမ၀င် ကန့်သတ်ကုန်တွေ တင်ဆောင်တဲ့ သူတွေက Mobile Team အနီးက ရှောင်ကွင်းလမ်းတွေကို အသုံးပြုပြီး ရှောင်ကွင်းသွားလာကြတယ်။ ဒါကြောင့် Mobile Team အနေနဲ့ ရှောင်ကွင်းလမ်းတွေမှာ ကန့်သတ်ကုန်၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေကို ရှောင်တခင် သွားရောက်ပြီး စစ်ဆေးအရေးယူလျက် ရှိပါတယ်'' ဟု လားရှိုး Mobile Team မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

(မန္တလေး-လားရှိုး လမ်းမပေါ်၌ ဖြတ်သန်းသွားသော ယာဉ်များအား Mobile Team က စစ်ဆေးမှုများ ပြုလုပ်နေစဉ်)

Eleven Media Group

0 comments:

Post a Comment