19.9.13

ဖုန်းဘက်ထရီ အသုံးခံစေဖို့

အခုခေတ်မှာ ဖုန်းတွေကိုမဖြစ်မနေသုံးလာကြပါပြီ... တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအားသွင်းဖို့အဆင်မပြေတဲ့အခါမျိုး ကြုံရတတ်ပါတယ်... အဲ့ဒီလိုအချိန်မှာ ကိုယ့်ဖုန်းက ဘက်ထရီသိပ်မခံတဲ့ ဖုန်းမျိုးဆိုရင် ဒုက္ခရောက်တတ်ကြပါတယ်... ဒါကြောင့် အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေနဲ့ သင့်ဖုန်းရဲ့ ဘက်ထရီကိုကြာရှည်အသုံးခံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာထားဖို့လိုပါလိမ့်မယ်...


၁) အားပြည့်အောင်သွင်း
ဘက်ထရီရဲ့စွမ်းဆောင်ရည်ကိုထိန်းသိမ်းနိုင်ဖို့အတွက် သင့်အနေနဲ့ ဘက်ထရီကို တစ်လကိုတစ်ကြိမ်လောက် အားသွင်းဖို့လိုပါမယ်... ပြီးတော့ ဘက်ထရီအား ၂၀ % ထက်လျော့နေပြီဆိုတာနဲ့ အားသွင်းရပါမယ်... ဒီအချက်ကို သတိထားပြီး အားချက်ချင်းသွင်းဖို့ သတိပြုပါ...

၂) သင့်တော်တဲ့အပူချိန်
ဘက်ထရီအားသွင်းဖို့အတွက် အသင့်တော်ဆုံးအပူချိန်ကတော့ ၀ ကနေ ၄၅ ဒီဂရီအတွင်းဖြစ်ပါတယ်... ပူလွန်းအေးလွန်းတဲ့ အပူချိန်ဟာ သင့်ဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်... ပြီးတော့ သင့်ရဲ့မိုဘိုင်းဖုန်းကိုလည်း နေရောင်တိုက်ရိုက်ကျတာမျိုးတဲ့ အပူချိန်မြင့်မားတဲ့နေရာတွေမှာ ထားမိတာမျိုးကိုလည်း သတိထားရှောင်ကျဉ်ရပါမယ်...

၃) ချောင်ချောင်ချိချိထား
သင့်ဖုန်းကိုအားသွင်းထားတဲ့အချိန်မှာ ဖြစ်နိုင်ရင် ဖုန်းအခွံတွေကို ဖြုတ်ထားလိုက်ပါ... ဒါမှမဟုတ်ရင် ဖုန်းခွံတွေ အိတ်တွေက အပူကိုထိန်းထားတဲ့အတွက် သင့်ဖုန်းကိုထိခိုက်စေနိုင်ပါတယ်...

၎) Wi-Fi ပိတ်ထား
Wi-Fi ဟာ သုံးရတာအဆင်ပြေပြီး နေရာတော်တော်များများမှာ အလကားရနိုင်ပါတယ်... ဒါပေမဲ့ Wi-Fi ကိုသုံးတာဟာ 3G network တွေကိုသုံးတာထက် အားပိုစားပါတယ်... ဒါကြောင့် Wi-Fi ကိုပိတ်ထားပြီး လိုတဲ့အချိန်မှ ဖွင့်သုံးတာမျိုးက သင့်ဖုန်းကိုလည်း အားကုန်တာ သိသိသာသာ သက်သာစေပါတယ်...

၅) Mobile Data
3G နဲ့ 4G network တွေဟာ 2G network ထက် အားပိုသုံးရပါတယ်... ဒါကြောင့်မလိုအပ်တဲ့အချိန်မှာ 2G ကိုပဲသုံးဖြစ်အောင်ကြိုးစားကြည့်ပါ... ဒီနည်းကလည်း ဘက်ထရီအားကို တော်တော်ချွေတာရာရောက်ပါတယ်...

၆) Auto Sync ကို Disable လုပ်ထား
Auto Sync ဟာ Gmail တွေ Google contact တွေလိုမျိုးအရာတွေရဲ့ background data တွေကို အချိန်နဲ့အမျှ synchronize လုပ်ပေးဖို့သုံးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်... ဒါကြောင့် ဒီလုပ်ဆောင်ချက်တွေကို သုံးဖို့မလိုအပ်ဘူးဆိုရင် auto sync ကို မသုံးပါနဲ့...

၇) Bluetooth ကို ပိတ်ထား
Wi-Fi လိုမျိုးပဲ bluetooth ဟာလည်း ဘက်ထရီတော်တော်စားပါတယ်... သင့်အနေနဲ့ bluetooth headset ကို မကြာမကြာမသုံးဘူးဆိုရင်တော့ သင့်ဖုန်းရဲ့ bluetooth ကို ပိတ်ထားလိုက်ပါ...

၈) Screen Timeout ကိုလျှော့
သင့်အနေနဲ့ Screen Timeout ကို လျှော့ချလိုက်မယ်ဆိုရင် ဘက်ထရီပါဝါစားတာကိုလည်း လျော့ကျစေပါလိမ့်မယ်... ဖြစ်နိုင်မယ်ဆိုရင် ၁ မိနစ်အောက်မှာထားတာ အကောင်းဆုံးပါပဲ...

၉) Brightness ကို ချိန်ညှိ
Screen brightness ဟာလည်း စွမ်းအင်ကိုတော်တော်သုံးပါတယ်... brightness ကိုလျှော့ချလိုက်ခြင်းဟာ ဘက်ထရီစွမ်းအားကို ချွေတာရာရောက်သလို သင့်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်...

၁၀) Background Apps များကို ပိတ်
နောက်ကွယ်မှာ run နေတဲ့ apps တွေကလည်း ဘက်ထရီစားပါတယ်... ဒါကြောင့် background မှာ ဘာ apps တွေ run နေလဲဆိုတာကို စစ်ပြီး ပိတ်ပေးဖို့လိုပါမယ်...

၁၁) Auto System update ကို ပိတ်ထား
Android ဖုန်းတော်တော်များများမှာ auto update ကိုထည့်ပေးထားပါတယ်... ဒီလုပ်ဆောင်ချက်ဟာလည်း ဘက်ထရီကိုတော်တော်သုံးပါတယ်.. ဒါကြောင့် ဘက်ထရီကိုကြာကြာထပ်သုံးဖို့ လိုသေးတဲ့အချိန်မျိုးမှာ auto update ကို ပိတ်ထားဖို့လိုပါလိမ့်မယ်... ဒါမှမဟုတ်ရင်လည်း update လုပ်တဲ့ အချိန်အတိုင်းအတာကို ချိန်ညှိပေးထားနိုင်ပါတယ်...

၁၂) Vibration ကို ပိတ်ထား
ဖုန်းကို vibration လုပ်ထားရင် အားပိုကုန်တယ်ဆိုတာကို လူတိုင်းသိပြီးသားပါပဲ... ဒါကြောင့် အရမ်းဆူတဲ့နေရာမျိုးနဲ့ အစည်းအဝေးလုပ်နေတဲ့အချိန်မျိုးမှာကလွဲလို့ ဒီလုပ်ဆောင်ချက်ကို မသုံးဘဲနေသင့်ပါတယ်...

၁၃) Power Control Widget ကို သုံး
သင့် Android ဖုန်းမှာ Power Control Widget ကို အသုံးပြုတာဟာလည်း ဘက်ထရီကိုချွေတာဖို့ အကောင်းဆုံးနည်းတစ်နည်းဖြစ်ပါတယ်... ဒါကြောင့် ဖုန်းရဲ့စွမ်းအင်သုံးစွဲမှုကို ထိန်းချုပ်ပေးနိုင်မယ့် ဒီလို apps မျိုးတွေကို ထည့်သွင်းအသုံးပြုထားသင့်ပါတယ်...

၁၄) မလိုအပ်တဲ့ Home Screen Widget များကို ဖယ်ရှား
သင့်ဖုန်းမှာသုံးထားတဲ့ home screen widget တွေဟာလည်း ဘက်ထရီစားပါတယ်... ဒါကြောင့် သုံးနေတာကလွဲလို့ မလိုအပ်ဘဲထည့်ထားတဲ့ တခြား home screen widget တွေကို ပြန်ပြီး ဖယ်ရှားထားတာက အကောင်းဆုံးပါပဲ...

၁၅) GPS ကို ပိတ်ထား
Wi-Fi နဲ့ Bluetooth တွေလိုမျိုးပဲ GPS ဟာလည်း ဘက်ထရီကိုတော်တော်သုံးပါတယ်... ဒါကြောင့် GPS ကိုလည်း သုံးစရာမရှိရင် ပိတ်ထားလိုက်ပါ... သင့်ဖုန်းရဲ့ ဘက်ထရီအား ပိုခံလာပါလိမ့်မယ်...

၁၆) လိုအပ်မှသုံး
ဖြစ်နိုင်မယ်ဆိုရင် သင့် Android ဖုန်းကနေ facebook တို့ twitter တို့ကို ဝင်တာမျိုးမလုပ်ပါနဲ့... မဖြစ်မနေအသုံးလိုမှသာ ဖုန်းနဲ့သုံးပါ... ဒါဆိုရင် ဘက်ထရီလည်းပိုခံပါလိမ့်မယ်...

----------------------------------------------------------------
Ref: Computer Science Engineers
နှိုင်းရင့်နွေ

0 comments:

Post a Comment