19.9.13

တောင်အာဖရိက ဟာမာနပ်မြို့ ဝေလငါးကြောင့် နိုးကြားတက်ကြွလာ

တောင်အာဖရိကနိုင်ငံ၏ ဟာမာနပ်မြို့သည် ကမ္ဘာလုံး ဆိုင်ရာ ဝေလငါးစောင့်ကြည့် လေ့လာရန် နေရာအဖြစ် ပေါ် ထွက်လာခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုခန့် က သတ္တဗေဒပညာရှင်မတ်ကာ ဝါဒင်းက ကမ္ဘာ့အကောင်းဆုံး ဝေလငါးများ စောင့်ကြည့်လေ့ လာရန် နေရာနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကို သုတေသန ပြုရန်အတွက် ဟာမာနပ်မြို့သို့ ရောက်ရှိခဲ့ရာမှ ဟာမာနပ်မြို့ သည် ကမ္ဘာပေါ်တွင် ဝေလငါးများ ကို စောင့်ကြည့်ရန် အကောင်းဆုံး အခြေစိုက်နေရာအဖြစ် သရုပ် ဖော်ရေးသားခဲ့သည်။


ဟာမာနပ်မြို့ကို ဟာမာနပ် ပီတာဆိုသူက ၁၈၀ဝပြည့်နှစ်အ စောပိုင်းမှာ တည်ထောင်ခဲ့တယ်။ ဟာမာနပ်ပီတာသည် အစပထမ တွင်ဆင်ခြေရာခံသည့်အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် ဝေလငါးလေ့လာ စောင့်ကြည့်ခြင်းကို စတင်ခဲ့သည်။

မက္ကဆီကိုနိုင်ငံ၏ ကာဂျာ ကယ်လီဖိုးနီးယား၊ အာဂျင်တီး နားနှင့် အခြားနေရာများမှာ ဝေ လငါးစောင့်ကြည့်ရန် ကောင်း မွန်သောနေရာများဖြစ်သော် လည်း ယခုအခါ တောင်အာဖရိ ကတွင် အခြေခံအဆောက်အအုံ များကို အကြီးအကျယ်တည် ဆောက်ခဲ့ပြီးဖြစ်ကြောင်း၊ တောင် အာဖရိကတွင် ကမ္ဘာလှည့်ခရီး သွားများ လာရောက်လည်ပတ် ကာ လှိုင်းစီးခြင်း၊ ကြောင်ကြီးများ နှင့် ဝေလငါးများကို ကြည့်ရှုခြင်း တို့ကြောင့် ယခုအခါ ဃနအခေနညေ ခရီးသွားလုပ်ငန်းမှာ ဟာမာနပ်၏ အသက်သွေးကြောဖြစ်လာခဲ့ ကြောင်း သိရသည်။တောင်အာဖရိက၏ တောင် ဘက်တစ်လွှားတွင် ဝေလငါးများ ကို အများဆုံးတွေ့ရှိရပြီး ဝေလ ငါးမျိုးစိတ် ၁၂၀၀ဝခန့်ရှိကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment