ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.6.13

လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်မှ စာလွှာပေးပို့



ဒေါ်အောင်ဆန်းစုကြည် ပေးပို့သောစာလွှာမှာ " ရုပ်ရှင်ဆိုပေါ်တာမကြာသေးပေမဲ့ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ဆုံး လူထုအမြောက် အများကို အလွှမ်းမိုးနိုင်ဆုံး အချိန်တိုအတွင်းမှာ အောင်မြင်တဲ့အနုပညာတစ်ရပ် ဖြစ်လာတာ မဆန်းပါဘူး။ ရုပ်ရှင် နည်းပညာ ဟာ လူထုဖျော်ဖြေရေးအနုပညာတစ်ရပ်ဖြစ်လို့ ယဉ်ကျေးမှုသဘောအရသာမက လူဘောင်လောကအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရပါ သက်ရောက်မှုတွေ ရှိလာတာလည်း သိသာထင်ရှား ပါတယ်။ အဲဒါကြောင့် ရုပ်ရှင် အနုပညာသည်တွေ ဟာ လူဘောင်လောကရဲ့ ခေတ်ပြောင်းစနစ်ပြောင်း၊အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ကြပါတယ်။ ပါလည်းပါဝင် ခဲ့ကြပါတယ်။ အခုလို ကျမတို့ တိုင်းပြည်ရဲ့ အချိုး အကွေ့ အပြောင်းအလဲအတွက် တာဆူနေတဲ့အချိန်မှာ ဒီမိုကရေစီအကြောင်း လူ့အခွင့်အရေးနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာ အကြောင်းကို သာမန်လူထုအတွင်း ထိုးထွင်းသိရှိနားလည်ဖို့ အနုပညာရှင်များရဲ့ စွမ်းဆောင်ရည်ဟာ ပိုလို့တောင် အရေးကြီးလာပါတယ်။

မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော


ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်း မရှိသကဲ့သို့ ထောက်ခံမှုလည်းမရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲ တာဝန်ခံဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မပိယက မိန့်သည်။

UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်းသို့ WFP မှ Deputy Country Director ၄ ရက်ကြာ ခရီးစဉ် လာရောက်မည်



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရုံးချုပ်မှ Deputy Country Director Mr.Guillaume Foliot ပြင်သစ်နိုင်ငံသားသည် ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၈ ရက်အထိ UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ ၄ ရက်ကြာခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံ

ရန်ကုန် ဇွန် ၁၅ ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ မူလ သတင်းထုတ်ပြန် ထားချက်အရ မွန်းလွဲ ၂ နာရီ ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့်စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှုမရှိခဲ့ကြောင်း သိရသည်။“အလည်သက်သက် လာတာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က နေအိမ်မှ ပြန်လည် ထွက်ခွာချိန် သတင်းရယူရန် စောင့်ဆိုင်းနေသော မီဒီယာ များအား ကားပေါ်မှ ပြောကြားသွားခဲ့သည်။

ဆီးရီးယားအတိုက်အခံအဖွဲ့များထံ လက်နက်များပေးပို့ရန် အိုဘားမားခွင့်ပြု

ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရ တပ်ဖွဲ့များသည် ဓာတုလက်နက်များကို အသုံးပြုခဲ့ကြောင်းကို အိမ်ဖြူတော်မှ အတည်ပြု ပြောကြားခဲ့ပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင်းရှိ အတိုက်အခ တပ်ဖွဲ့များကို စစ်လက်နက်ပစ္စည်းများ ပေးပို့ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဇွန် ၁၃ ရက်တွင် တရား ဝင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော် အမတ်ဖြစ်သူ ဂျွန်မက်ကိန်း၏ ပြောကြားချက်အရသိသည်။

ပန်းသီးဖောင်ဒေးရှင်း

ရန်ကုန်က ABC ကုန်စုံဆိုင်တခုမှာ ဈေးဝယ်ရင်း ပန်းသီးပုံကပ်ထားတဲ့ အလှူခံပုံးလေးတစ်ခုကို သတိပြုမိကြမှာပါ။ ဈေးဝယ်သူ တချို့ လှူကြတာကိုလည်း တွေ့ရမှာပါ။

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေး အားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲ ပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ



အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီး ကာကွယ်ပေး နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်

မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများ သည် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။

လစာငွေ အဓမ္မအလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာအုပ်စု စည်းရုံးရေးမှူးများသို့ ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ်ပါတီရုံးမှ အလှူခံ လိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည်။

ကမ္ဘာ့ကလေးသူငယ်များအခြေအနေအစီရင်ခံစာနိုင်ငံတော်အဆင့် ဖွင့်ပွဲကျင်းပ

ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ( ယူနီဆက်ဖ် ) မှ ထုတ်ပြန်သော “၂၀၁၃ ကမ္ဘာ့ ကလေးသူငယ်များ အခြေအနေ” အစီရင်ခံစာ နိုင်ငံတော်အဆင့် ဖွင့်လှစ်ပွဲကို ဇွန် ၁၄ က အောင်ဆန်းအားကစားပြိုင်ဝင်း တွင် ကျင်းပမဲ့သည်။

Htoo Group of Companies ဥက္ကဌ ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီး ပေးအပ်လှူဒါန်း



မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတုမြန်မာ့ ကျောက်မျက်ပြပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းဝင် အားလုံးကို ဂုဏ်ပြုသော အားဖြင့် အလွန်အရည်အသွေး ကောင်းမွန်သည့် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီးအား နေပြည်တော်ကျောက်မျက်ရတနာပြခန်း တွင် ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲ နှစ် (၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနား ၌ နိုင်ငံတော်သို့ လှူဒါန်းခဲ့ ကြာင်း သိရသည်။

DKBA ကြီးမှူးသော တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း



ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော် (DKBA ) သည် လူထုလူတန်းစားပေါင်းစုံပါဝင်သော တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင်များ နှီးနှောဖလှယ်ပွဲတရပ်ကို ယနေ့မနက်ပိုင်း၌ ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံစည်းမြိုင် (ကော်သူးမွဲခီး) ကျေးရွာတွင် ကျင်းပခဲ့သည်ဟု DKBA ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။ “ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတယ် ဆိုပေမဲ့ တိုးတက်မှုတော့ မတွေ့ရသေးပါဘူး။ တဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေး နဲ့ တိုင်းရင်းသားအခွင့်အရေးအတွက် ကြိုးစားတဲ့နေရာမှာ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ တဖြည်းဖြည်းနဲ့ ရည်မှန်းချက်တွေ မှေးမှိန် လာနေတာ တွေ့ရပါတယ်” ဟုဆိုပါသည်။

ဤသို့ကြောင့် အားနည်းလာနေသော စည်းလုံးညီညွတ်ရေး အခြေအနေများမှ ပြန်လည်တိုးတက်လာစေရန် ရည်ရွယ်ပြီး ပွင့်ပွင့် လင်းလင်း တိုင်ပင်ဆွေးနွေးပြီး အဖြေရှာကြရန်လိုအပ်သည့်အတွက် ဤနှီးနှောဖလှယ်ပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
DKBA သည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးတွင် တတတ်တအားပါဝင်လာနိုင်ရန်၊ နှီးနှောဖလှယ်ပွဲများကျင်းပပြီး အဖြေရှာ သင့်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ အင်အားစုများ ၊နိုင်ငံရေး ပါတီများ၊ တသီး ပုဂ္ဂလများ၊ ပညာရှင်များ၊ လက်နက်ကိုင် အင်အားစုများနှင့် အစိုးရ၀န်ထမ်းများပါမကျန် ပါဝင်သော ဖလှယ်ပွဲမျိုးဖြစ်ရန်DKBA မှ တောင်းဆို ခဲ့ခြင်းလည်း ဖြစ်ပါ သည်။

နှီးနှောဖလှယ်ပွဲသို့ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် နယ်အသီးသီးများမှ ကိုယ်စားလှယ်ပေါင်း (၁၄၀) ကျော် တက်ရောက် ခဲ့ပါသည်။ ယင်းကိုယ်စားလှယ်များသည်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ဘာသာရေး အဖွဲ့အစည်းများ၊တိုင်းရင်းသား တပ်ဖွဲ့များ၊ အစိုးရ၏ အမျိုးသား လွှတ်တော်၊ ပြည့်သူ့ လွှတ်တော် အမတ်များ၊ တပ်ပေါင်းစု အဖွဲ့အစည်းများ၊ မြို့နယ် ဥက္ကဌများ၊ သတင်းနှင့် စာနယ်ဇင်း အဖွဲ့အစည်းများ၊ မြ၀တီ၊ ကော့ကရိတ် ၊ကြာအင်း ဆိပ်ကြီး မြို့နယ်များမှ ဒေသ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသား တပ်မတော်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ ဖများမှ ဖြစ်သည်ဟု ဆိုပါသည်။

မလေးရှားမှ လာတဲ့ M.A.I လေယာဉ်က ယခု ဆိုက်ရောက်ပြီ

မလေးရှားမှ လာတဲ့ M.A.I လေယာဉ်က ယခု ဆိုက်ရောက်ပြီဖြစ်ပြီး လေဆိပ်မှ M.A.I ၀န်ထမ်း များမှ Welcome Our Home ဆိုတဲ့ ဗီနိုင်းစာတမ်းနဲ့ M.A.I တံဆိပ်ပါ လက်ဆောင်ထုပ်များနဲ့ ကြိုဆိုဖို့ စောင့်ဆိုင်းနေကြတယ်။ ယခုပြန်ရောက်တဲ့သူတွေက ပဋိပက္ခအရေးကို စိုးရိမ်လို့ ပြန်လာ သူရှိသလို အလုပ် အဆင်မပြေလို့ ပြန်လာသူလည်း ပါဝင်တယ်လို့ သိရတယ်။

The Modern News Journal

အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း

ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တင်ပြစာပေးရန် ကြိုးစားခဲ့ တဲ့အတွက် ရိုက်နှက်ခံရပြီးဆေးရုံတက်၊ ကုသရတယ်ဆိုတဲ့ အမျိုးသမီး က ပြင်ဦးလွင် NLD တွေကို ရဲစခန်းမှာ အမှုဖွင့်လိုက်တယ် ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကုလသမဂ္ဂ သွားရောက်ကူညီခွင့် စတင်ရရှိ



 ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ လူသားချင်း ဆိုင်ရာ ထောက်ပံ့ကူညီပေးရေးကို မြန်မာအစိုးရက ဒီကနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေဆီ ကုလသမဂ္ဂအဖွဲ့တွေ ဝင်ရောက်အကူအညီပေးရေးကို မြန်မာအစိုးရက ပိတ်ပင် ထားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထရပ်ကား ၁၀ စီးနဲ့ အကူအညီပေးရေး ပစ္စည်းတွေတင်ဆောင် သွားတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ ဒီကနေ့ လိုင်ဇာမြို့က ဒုက္ခသည်တွေဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

အာဆီယံ လူထုညီလာခံတွင် လူထု၏ အသံများကို လွတ်လပ်စွာ ဖော်ပြနိုင်ရန် အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်


မြန်မာလူထုညီလာခံလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အေးမြတ်မွန်)
 
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ လူထုညီလာခံတွင် အိမ်ရှင်အစိုးရဘက်မှ ဆွေးနွေးခွင့် မပြုသည့် ကန့်သတ်ချက်များ ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် လူထုအသံ များ ကို လွတ်လပ်စွာ ဖော်ပြနိုင်ရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာလူထုညီလာခံ လုပ်ငန်း အဖွဲ့မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ဦးကျော်လင်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် EIA ဆိုင်ရာ ခိုင်မာသည့် မူဝါဒ ပြဋ္ဌာန်းချက်များ မရှိ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်နေမှုများကို ထိန်းချုပ်ရန် ခက်ခဲနေ


ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာအား ၂၀၁၃ ခုနှစ် မတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းမင်းထက်)
 
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အများအပြား ၀င်ရောက်လာပြီ ဖြစ်သော်လည်း EIA (Environmental Impact Assessment) ဆိုင်ရာ ခိုင်မာသည့် မူဝါဒများ မရှိသဖြင့် လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နေမှုများကို စစ်ဆေး အရေးယူရန်နှင့် ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များ က ထောက်ပြခဲ့ကြသည်။လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်းပြီး ဖြစ် ကာ နည်းဥပဒေ ပြဋ္ဌာန်းရန်အတွက် ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

လာမည့်ဇူလိုင်လတွင် ဗဟိုဘဏ် ဥပဒေသစ် ထွက်ပေါ်လာတော့မည်


 မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့မြင်ရစဉ်

လာမည့်ဇူလိုင်လတွင် လွှတ်တော်အတွင်း၌ ဗဟိုဘဏ်ဥပဒေသစ်အား အတည်ပြုသွားမည် ဖြစ်ကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်တော့မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ-ထိုင်း တက္ကသိုလ် ၃၀ ကျော်ပါဝင်သည့် ပညာရေးပြပွဲ ပထမဆုံးအကြိမ်ကျင်းပ

ပညာရေးပြပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ)
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ ပူးပေါင်း၍ ပြသသည့် နှစ်နိုင်ငံရှိ တက္ကသိုလ်များ အကြောင်း ပညာရေးပြပွဲကို ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ဇွန် ၁၃ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သည်။

အဆိုပါ ပညာရေးပြပွဲသို့ ထိုင်းနိုင်ငံမှ Office of the Higher Education Commission၊ Assumption University၊ Bankok University၊ Chulabhorn Graduate Institute၊ Dusit Thani College၊ Shinawatra University၊ Siam University၊ University of Thai Chamber of Commerce၊ Burapha University၊ Chiang Mai University၊ Chulalongkorn University၊ Kasetsart University၊ Khon Kaen University၊ Mae Fah Luang University၊ Mahasarakham University၊ Mahidol University Naresuan University၊ Prince of Songkla University Rajamangala University of Technology Isan၊ Ramkhamhaeng University၊ Silpakorn University၊ Srinakarinwirot University၊ Suranaree University of Technology၊ Suratthani Rajabhat University Thammasat University၊ Walailak University နှင့် မြန်မာတက္ကသိုလ်များ ပါဝင်ပြသခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် ပညာကဏ္ဍ ပညာရေး ဆွေးနွေးမှုများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့သည်။

''ဒီနေ့ပွဲကတော့ မြန်မာ-ထိုင်း အဆင့်မြင့် ပညာကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေး အတွက် စုပေါင်းကျင်းပတဲ့ပွဲပါ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၅ ခုနှစ်မှာ Asean Community တည်ထောင်ရေးအတွက် Work plan တွေ ရေးဆွဲဖို့အတွက် ကျင်းပတာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ နှစ်နိုင်ငံ အဆင့်မြင့်ပညာ ကဏ္ဍအတွက် ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ကို ဖလှယ်တာ ဖြစ်ပါ တယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ဆိုသည်။

ပြပွဲသို့ ထိုင်းနိုင်ငံမှ တက္ကသိုလ် ၂၃ ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာတက္ကသိုလ် ၄၇ ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ တက္ကသိုလ် ၂၃ ခု နှင့် မြန်မာနိုင်ငံရှိ အဆင့်မြင့် ပညာကဏ္ဍမှ ပညာရေး သတင်းအချက်အလက်ဆိုင်ရာ ပြခန်းရှစ်ခန်းတို့ ပါဝင်ပြ သခဲ့ကြောင်း သိရသည်။

Eleven Media Group

အင်းလေးကန် (အင်းလေးအင်း)နှင့် စကားအင်းတွင် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည့်ရက် ရွှေ့ဆိုင်း

အင်းလေးကန်အတွင်း ငါးဖမ်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန်(အင်းလေးအင်း) အပါအ၀င် အင်းနှင့်တင်ဒါပိုက်ချက် များအား လေလံတင်ရောင်းချရန် မူလစီစဉ်ထားသည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန်အင်း/တင်ဒါ ပိုက်ချက်များ အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီ အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ် သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး တောင်ကြီးမြို့တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မူလက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ဂရန်အင်းများတွင် အင်းလေးအင်း၊ စံကားအင်း၊ တင်ဒါပိုက်ချက်များတွင် ကိုးမိုင်တံတားဝ ပိုက်ချက်၊ ငါးရှဥ့်ဖြူတံတားအောက်ပိုက် ချက်၊ ရွှေရန်ပြေ တံတားအောက် ပိုက်ချက်တို့ ပါဝင် သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြ ခဲ့သည်။

''အင်းလေလံအတွက် ရက်ပြောင်းလိုက်တယ်လို့ သိရပါတယ်။ လေလံဆွဲမယ့် အဖွဲ့တွေကို ၂၇ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်''ဟု ညောင်ရွှေမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်သူ တစ်ဦးက ဇွန် ၁၃ ရက်က ပြောပြသည်။ အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်း ရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များအတွင်း အင်းလေးကန်၊ အင်းလေးဒေသ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်... အင်းလေးအင်းဟု ဂရန်အင်းအဖြစ် ထည့်သွင်း ဖော်ပြထားသည့် အင်းလေး ကန်နှင့် စံကားအင်းတို့သည် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပါဝင်နေ သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့အတွင်းတည်ရှိကာ အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခု ဖြစ်သည်။

ယခုနှစ်များ အတွင်းတွင် အင်းလေးကန်သည် သဘာဝထိန်းသိမ်းရေး နယ်မြေများမှ အခြားမြေ အသုံးချမှုသို့ ပြောင်းလဲ အသုံးပြုရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လာခြင်း၊ ဥပမာ လူနေအိမ်ခြေ များပြားလာမှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှု၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ များပြားလာမှု၊ ဘေးမဲ့တောအတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တရားဝင် ငါးဖမ်းလိုင်စင်များ ချထားမှုကြောင့် ဒေသခံတို့၏ ရေရှည်အသုံးချနိုင်မှုအတွက် ထိန်းသိမ်းရေး လုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် အခက်အခဲ ရှိနေခြင်း၊ အင်းလေးကန်အတွင်း ရေအရည်အသွေး ကျဆင်းစေသည့် ဖြစ်စဉ်များ တိုးမြှင့်လာခြင်း စသည်တို့ကို ကြုံတွေ့နေရသည်ဟု သိရသည်။

အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်း ရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များအတွင်း အင်းလေးကန်၊ အင်းလေးဒေသ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် ပြန်လည်သုံးသပ်ရမည့် အခြေအနေ ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။ ''အင်းလေးမှာပဲပေါက်တဲ့ ငါးမျိုးစိတ်တွေ ရှိပါတယ်။ ဒါတွေကို မထိန်းသိမ်းနိုင်တော့ ရင်ကုန်သွားမယ်။ မရှိတော့ရင် ကန်လည်း တန်ဖိုးကျသွားမယ်'' ဟု အဆိုပါ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ကိုင်သူက ပြောကြားသည်။


Eleven Media Group

မန္တလေး မြနန်းစံကျော် ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ထားသော်လည်း အမျိုးသားဥယျာဉ် စီမံကိန်းလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေး

မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယဉ်ကျေးမှုဝန်ကြီးဌာန မှ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သော်လည်း Historical Park (အမျိုးသားဥယျာဉ်စီမံကိန်း) ပြုလုပ် ရန် အတွက် လုပ်ငန်းစတင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံးတို့အားယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးတိုင်း   ဒေသကြီး အစိုးရအဖွဲ့သို့ ဇွန် ၇ ရက်က နေပြည်တော်တွင် လွှဲပြောင်းပေးအပ် လိုက်ခြင်း ဖြစ်သည်။ ''မြနန်းစံကျော် ရွှေ နန်းတော်ကို တိုင်းဒေသကြီး အစိုးရအား ယဉ်ကျေးမှု ၀န်ကြီးဌာနက လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ နန်းတွင်းကို ၀င်ကြေးကောက်ခံမှုတွေနဲ့ Historical Park လုပ်ဖို့အတွက်က တိုင်းဒေသကြီးကပဲ ဆက်လက်လုပ်ဆောင် သွားမှာဖြစ် ပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းပြုပြင်ပြီး နိုင်ငံတကာအဆင့် မီ Historical Park ပြုလုပ်သွားရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက တင်ဒါခေါ်ယူ ထားခဲ့သည်။ လက်ရှိအချိန်၌ မန္တလေးမြနန်းစံကျော် ရွှေနန်းတော် အား တိုင်းဒေသကြီးအစိုးရသို့ ယဉ်ကျေးမှု အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရ လက်အောက်တွင် ထားရှိထိမ်းသိမ်းနိုင်သည့် ဥပဒေပုဒ်မ ၁၈၈ အရ လွှဲပြောင်းပေးအပ် ထားခြင်းဖြစ်သော်လည်း ရှေးဟောင်း သုတေသနဌာနမှ ယာယီ ထိန်းသိမ်းမှုများ ပြု လုပ်နေကြောင်း သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အား နိုင်ငံတကာအဆင့်မီ Historical Park အဖြစ် လုပ်ဆောင်သွား ရန်အတွက် တင်ဒါခေါ်ယူထားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းမှ ရရှိထားသည်ဟု ဧရာဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသော်လည်း လက်ရှိအချိန်၌ မည်သူ့ကိုမှ လုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိသေးကြောင်း သိရသည်။ မြေဧကနှစ်မိုင်ပတ်လည် အကျယ်ရှိပြီး နှစ်သက်တမ်း ၁၅၄ နှစ်ရှိပြီဖြစ်သည့် မန္တလေးမြနန်းစံကျော်ရွှေနန်းတော် အတွင်း၌ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်း တရားကြီး၏ အုတ်ဂူတော်နှင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများ၊ ဒင်္ဂါးစက်ရုံ၊ တောင် -မြောက် ဥယျာဉ်တော်၊ မင်းညီမင်းသားများ ရေဆော့ကစားရာ နေရာဖြစ်သည့် ဘုတ်တလုတ် ကန်တော် တို့အား ပြုပြင်ထိန်းသိမ်းမှုများ ပြန်လည်ပြုလုပ်ရန် လိုအပ်နေသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချထားခွင့် ပြုပေးသွားမည်ဖြစ်သည့် အမျိုးသားဥယျာဉ် စီမံကိန်း အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးအပ်ပြီးပါက နန်းမြို့တွင်းသို့ ၀င်ရောက်လည် ပတ်ခွင့်နှင့် ၀င်ကြေးကောက်ခံသည့် အခြေအနေများကို စိတ်ဝင်စားသူများ ရှိနေကြသည်။

Eleven Media Group

မလေးရှားနိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရသူ မြန်မာအလုပ်သမား အများစု ဆေးရုံမှပြန်ဆင်း

ဆွန်ဂိုင်းဘလိုဆေးရုံတွင် တက်ရောက်ကုသနေရသော စောအယ်လ်ရှီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ မြို့နယ်အချို့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဆေးရုံ သို့ ရောက်ရှိကာ ဆေးကုသမှု ခံယူနေရသော မြန်မာလုပ်သား အများစု ဆေးရုံမှ ပြန်ဆင်း သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းစာ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့သည်။

မေ ၃၀ ရက်မှ ဇွန်ပထမပတ်အတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများ တွင် မြန်မာအလုပ်သမား ခုနစ်ဦးခန့်သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြ သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများစုမှာ ဆလာရန်းဈေးဟောင်းနှင့် ဈေးသစ်အနီး ၀န်းကျင်များတွင် တိုက်ခိုက်ခံ ခဲ့ရသူများ ဖြစ်ကြသည်။ သေဆုံးသူ ခုနစ်ဦးမှာ ကိုမင်းဇော်၊ ကိုဝင်းခိုင်၊ ကိုဝင်းလှိုင်၊ စောဘဗလူဂေ၊ ကိုတင်လှိုင်နှင့် အမည်မသိ မြန်မာအမျိုးသားနှစ်ဦး တို့ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များနှင့် မလေးရှားရှိ လူမှုကူညီရေး အဖွဲ့များ၊ မလေးရှား သတင်းစာများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ဒဏ်ရာရရှိပြီးဆေးရုံတက်ခဲ့ ရသူများအနက် ကိုမင်းဇော်ဦး၊ ကိုတင်မောင်ဝင်း၊ ကိုထွန်းမော်သိန်း၊ ကိုကိုမောင်၊ စောစေး အယ်နှင့် ကိုအောင်ဝင်းတို့မှာ ဆေးရုံမှ ပြန်ဆင်းခွင့် ရခဲ့ပြီး စောအယ်ရှီး နှင့် အောင်မျိုးဦး တို့ နှစ်ဦးမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။

ဆေးကုသမှုခံနေရသူနှစ်ဦးအနက် ဆွမ်ဂိုင်းဘလ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရ ဆဲဖြစ်သော စောအယ်ရှီး၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပြီး အသက်ရှင်ရန် အခွင့်အလမ်း ရာခိုင်နှုန်း ၅၀ သာ ရှိကြောင်း သိရသည်။ စောအယ်ရှီးသည် ဇွန် ၁ ရက် ညနေပိုင်းက ညီဖြစ် သူ စောဘဗလူဂေ၊ ဦးလေးဖြစ်သူ စောစေးအယ်တို့နှင့် ဆလာရန်းဈေးသစ်သို့ ဈေးလာဝယ်စဉ် အတွင်း လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ စောဘဗလူဂေမှာ နေရာတွင် ပင် သေဆုံးသွားခဲ့သည်။ ဆေးရုံမှ ဆင်းသွားသူများသည် ဒဏ်ရာများ လုံးဝသက်သာ၍ ဆင်း သွားရခြင်း မဟုတ်ဘဲ မလေးရှားဆေးရုံများ၏ လုပ်ထုံးလုပ်နည်းအရ ဒဏ်ရာသက်သာချိန်တွင် ဆင်းစေခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်ဆေးရုံက မဆင်းချင်သေးဘူး။ ဒါပေမဲ့ ဆင်းခဲ့ရတယ်'' ဟု ဇွန် ၁၁ ရက်က ဆေးရုံမှ ဆင်းခဲ့သူ ကိုကိုမောင်က ပြောကြားသည်။ ''ကျွန်မတို့ဆီကို လူနာတွေက အများကြီး လာနေ တယ်။ သူတို့တွေအတွက် နေရာလိုအပ်တယ်။ အဲဒါကြောင့် သက်သာတာနဲ့ စိုးရိမ်စရာ မလိုတော့ဘူးဆိုရင် ဆင်းခိုင်းလိုက်တယ်'' ဟု ဆလာရန်းဆေးရုံမှ တာဝန်ကျ သူနာပြုတစ်ဦးက ပြောကြားသည်။

Eleven Media Group

ထန်းကိုင်းရေနံမှော်မှ ရေနံတူးသူများအား ဇွန် ၁၃ ရက် အပြီးထွက်ခွာရန် ကြေညာမှုကြောင့် ဒုတိယအကြိမ် စုဝေးကန့်ကွက်

ရေနံတူးသူများ ဇွန် ၁၃ ရက်က ဒုတိယအကြိမ် စုဝေးကန့်ကွက်ကြစဉ် မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတူးသူများအား သက်ဆိုင်ရာ ရဲစခန်းမှ ဇွန် ၁၃ ရက် နံနက် ၈ နာရီ နောက်ဆုံးထားထွက်ခွာရန် ကြေညာခဲ့မှုကြောင့် ရေနံတူးသူများက ဒုတိယ အကြိမ် စုဝေးကန့်ကွက် ခဲ့ကြကြောင်း သိရသည်။


ယင်းမှော်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ရေနံတူးသူ နှစ်သောင်းခန့် လာရောက်လုပ်ကိုင် လျက် ရှိကြောင်း ပထမအကြိမ် ဇွန် ၉ ရက် နောက်ဆုံးထား ထွက်ခွာရန် ကြေညာခဲ့စဉ် က လည်း ၀ိုင်းဝန်းကန့်ကွက် ခဲ့ကြကြောင်း သိရသည်။ အဆိုပါမှော်ကို ၂၀၀၆ ခုနှစ်က ပုဒ်မ ၁၄၄ ထုတ်ကာ သေနတ်ဖောက် သိမ်းယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်က မူရင်းပိုင်ရှင် တောင်သူ များသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ရေနံတူးသူများ စုဝေးခဲ့ကြစဉ် ပြဿနာများ မဖန်တီးကြရန် ဖန်တီးသူများ ရှိလာပါက သတိရှိ ရှိဖြင့် ရှောင်ရှားပြီးအေးချမ်းစွာဖြင့် ရေရှည်တူးဖော်ခွင့် ရရှိသည်အထိ တောင်းဆိုကြရန် အများ သဘောတူ ဆုံးဖြတ်ခဲ့... ''ကျွန်တော်တို့ကို ပြန်ပေးလို့ ယာစိုက်ဖို့ မြေရှင်းနေစဉ်မှာပဲ ဘေးနယ် ကလူတွေ အပါအ၀င် ရေနံတွင်းအဟောင်း လာဖော်သူတွေ တစ်နေ့တခြား များလာလို့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့ပေမယ့် အရေးယူမှု မရှိခဲ့ပါဘူး။ အခုလို လူတွေအများ ကြီး ရောက်လာပြီးမှ အပြီးထွက်ပါဆိုတော့ ဆုံးရှုံးနစ်နာမှုတွေ ပိုများကုန်တာပေါ့။ ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်'' ဟု ထန်းကိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။


အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ထန်းကိုင်း အစိုးရ ရေနံမြေမှ တာဝန်ခံ တစ်ဦးက ''ကျွန်တော်တို့ကတော့ နေ့စဉ် အခြေအနေကို အထက်ဌာနဆီ တင်ပြပေးနေပြီး ညွှန်ကြား ချက်တွေတော့ မလာသေးပါဘူး။ ဒီပြဿနာတွေ ပြေလည်နိုင်ဖို့က တရားဥပဒေ စိုးမိုးရေးနဲ့ သက်ဆိုင်တဲ့အတွက် ဒေသခံ အုပ်ချုပ်သူတွေကို အကူအညီ တောင်းထားလို့ သူတို့လည်း လုပ်ဆောင်သင့်တာတွေ ပြုလုပ်နေပါတယ်'' ဟု ဖြေကြားခဲ့သည်။ ဇွန် ၁၃ ရက်က ရေနံတူး သူများ စုဝေးခဲ့ကြစဉ် ပြဿနာများ မဖန်တီးကြရန် ဖန်တီးသူများ ရှိလာပါက သတိရှိ ရှိဖြင့် ရှောင်ရှားပြီး အေးချမ်းစွာဖြင့် ရေရှည်တူးဖော်ခွင့် ရရှိသည်အထိ တောင်းဆိုကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။


Eleven Media Group

မလေးရှားရောက် ဒုဝန်ကြီး ဦးဇင်ယော်၏ ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းပြောကြားချက်များ


မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှား နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်များ


နေပြည်တော် ဇွန် ၁၃


မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှား နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ် သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်းခေါင်းဆောင် သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမား များနှင့်တွေ့ဆုံပြီး ဇွန် ၁၃ ရက်တွင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


သတင်းအဖွဲ့က ဒုတိယဝန်ကြီး ဦးဇင်ယော်အား ဇွန် ၁၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။


မေး။ ။ ဒုတိယဝန်ကြီးတို့အနေနဲ့ မလေးရှားနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတာလေးတွေနဲ့ ပတ်သက် ပြီး ပြောပြပေးစေချင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ ဇွန် ၁၁ ရက်ညနေက မလေးရှားနိုင်ငံကို ရောက်ရှိ ပါတယ်။ ရောက် ရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစီးတဲ့အဖွဲ့နဲ့ နောက်တစ်နေ့ ဆောင်ရွက် မယ့်၊ သွားရောက်မယ့် လုပ်ငန်းစဉ်တွေ ကို တွေ့ဆုံ ညှိနှိုင်းပါတယ်။ ဇွန် ၁၂ ရက် နံနက်ပိုင်းက စတင်ပြီး ပထမ ဦးစွာ မြန်မာသံရုံးကို သွားရောက်ပါတယ်။ သံရုံးမှာ ပတ်စ်ပို့သက်တမ်းလာတိုး တဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာ အလုပ်သမား ၁၅ဝ ကျော်နဲ့တွေ့ ခဲ့ပါတယ်။ ကျွန်တော်ရယ်၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းရယ်၊ အလုပ်သမား အေဂျင် စီတွေက ကိုယ်စားလှယ်တွေရယ် အုပ်စု နှစ်စုခွဲပြီး တွေ့ပါတယ်။ အဲလိုတွေ့ဆုံရာမှာ အလုပ် သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ကြားသိရတဲ့ သတင်းတွေအပြင် သူတို့ မြန်မာ နိုင်ငံကို ပြန်လိုတယ်၊ မပြန်လိုဘူးဆိုတာကို အသေးစိတ်မေးမြန်းခဲ့ပါတယ်။


မေး။ ။ သူတို့အနေနဲ့ အဲဒီကအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေ တာပေါ့နော်။ အဲဒီ လို မေးမြန်းတော့ ဘယ်လိုများ ဖြေကြားကြပါသလဲ။

ဖြေ။ ။ မေးမြန်းတဲ့အခါမှာ သူတို့လက်ရှိတွေ့ကြုံနေတဲ့ အနေအထားလေးကို သိရှိခွင့် ရခဲ့ပါ တယ်။ အများစုက ပြော တာတော့ သူတို့ မြန်မာတချို့ ဆာလာရန်းဘက်မှာ တိုက်ခိုက်ခံရတဲ့ သတင်းကိုကြားသိတယ်။ တစ်ခြားကောလာဟလ သတင်းတွေလည်း အများကြီးတွေ့ပါ တယ်။ ဖေ့စ်ဘွတ်မှာလည်း တွေ့တယ်လို့ဆိုပြီး ပြောပါတယ်။ သူတို့ကို မြန်မာနိုင်ငံကို ပြန် မလား။ ဘယ်လိုလုပ်မလဲမေးတော့ တချို့က အခုမှသက်တမ်း လာတိုးတာ၊ ရောက်နေတာ လည်း သုံးနှစ်ရှိပြီ၊ တချို့ဆိုရင် ငါးနှစ်၊ ခြောက်နှစ်ရှိပြီ၊ တစ်ချို့ဆိုရင် ၁၀ နှစ်လောက် ရှိပြီပေါ့၊ သူတို့ တရားဝင်နေထိုင်တယ်၊ တရားဝင် လုပ်ကိုင်တယ်၊ လုပ်ငန်းအခြေအနေလည်းကောင်း တယ်၊ စိုးရိမ်စရာ သူတို့အလုပ် လုပ်တဲ့နေရာမှာ မရှိတဲ့အတွက် သူတို့ကတော့ မပြန်လိုသေး ပါဘူးလို့ အများစုကပြောကြ ပါတယ်။ သက်တမ်းတိုးတယ် ဆိုကတည်းကလည်း ဒီမှာဆက်နေ မယ်လို့ ရည်ရွယ်ချက်နဲ့ သက်တမ်းလာတိုးတယ်လို့ ယူဆပါတယ်။ နောက် ဘာအခက်အခဲ ရှိသလဲပေါ့ မေးတဲ့အခါ အပြင်ထွက်ဖို့ အခက်အခဲရှိတယ်။ အလုပ်ရှင်တွေက စိုးရိမ်လို့ အပြင်ပေး မထွက်ဘူး။ နောက်ကောလာဟလသတင်းတွေ ကြားတဲ့အတွက် မြန်မာနိုင်ငံက မိဘဆွေမျိုး အသိုင်းအဝိုင်းက စိုးရိမ်ပြီး ပြန်လာမလားဆိုပြီး ခေါ်နေတယ်ဆိုတဲ့ အကြောင်းတွေ လည်း ကြားသိရပါတယ်။


မေး။ ။ သံရုံးကနေ ဘယ်ကိုများ ဆက်သွားပါသေးသလဲ ခင်ဗျာ။

ဖြေ။ ။ သံရုံးကနေ ကျွန်တော်တို့အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆာလာရန်းဈေးကို သွားရောက်ခဲ့ပါတယ်။ ဆာလာရန်းဈေး က ဈေးသစ်ဈေးဟောင်း နှစ်ဈေးရှိပါတယ်။ ကျွန်တော် တို့ ဈေးသစ်ကို သွားရောက်ခဲ့ ပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ အစောင့်အရှောက်တွေလည်း လိုက်ပါလာတယ်။ အဲဒီနယ်မြေဟာ မလေးရှားနိုင်ငံမှာ ရာဇဝတ်မှု ထူပြောတဲ့နေရာ ဖြစ်ပါတယ်။ ဂိုဏ်းဂဏ အုပ်စုတွေရှိတယ်။ မူးယစ်ဆေး ဝါးတွေ ရောင်းဝယ်ဖောက်ကားတယ်။ နောက် ဒီဈေးကြီးဟာ နေ့ခင်းပိုင်းမှာ ကုန်စိမ်းဈေးပေါ့၊ အသီးအရွက်တွေ၊ အသီးအနှံတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောက်ရှိ တယ်၊ ဖြန့်ချိတယ်။ ညဘက်မှာ ညလယ်ဈေးအဖြစ် ဆက်ရှိတယ်။ ငါးတွေဖြန့် ချိတယ်၊ ရောင်း ချတယ်ဆိုပြီး သိရပါတယ်။ အဲဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံက ရောက်ရှိပြီး တရားမဝင်နေ ထိုင်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ပါတယ်။ သူတို့ဆီမှာ ပတ်စ်ပို့တွေ မရှိဘူး၊ အခွန်မဆောင်ထား ဘူး၊ နောက် နေထိုင်တာလည်း အနှစ် ၂၀ ကြာတဲ့လူရှိတယ်၊ ၁၀ နှစ် ၁၅ နှစ် ကြာတဲ့လူတွေ စသည်ဖြင့် ထမင်းဆိုင် လုပ်နေတာ၊ မော်တော်ကား တာယာဆိုင်ဖွင့်ထား တာတွေ တွေ့ခဲ့ရပါတယ်။ မြန်မာ ၄၀၀၀ လောက် အဲဒီမှာ ရှိတယ်လို့ သိရှိရပါတယ်။ အဲဒီတော့ သူတို့ လုပ်ရ ကိုင်ရတဲ့ အခြေအနေ ဘယ်လိုရှိသလဲမေးတော့ သူတို့ အနေနဲ့ ကတော့ ဒီမှာ ဖြစ်ပွား သွားတာမှန်ပါတယ်။ အကုန်လုံးကိုတော့ သူတို့ မသိမမြင်လိုက်ပါဘူး။ ဒါပေမယ့်လည်း ဂိုဏ်းဂဏအဖွဲ့မျိုး နဲ့သော်လည်းကောင်း၊ အခြားအုပ်စုတစ်စုစုကသော် လည်းကောင်း တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကတော့ မပြန်လိုပါဘူး။ ဆက်လက် နေထိုင်ကြဦးမှာပဲ ဆိုပြီးတော့ ပြောကြပါတယ်။ တချို့ အသက်ငယ်ငယ်နဲ့ မကြာခင်ကမှ တရားမဝင် ရောက်လာတယ်ဆိုတဲ့ လူငယ်တွေနဲ့ တွေ့ပါတယ်။ ဇာတိတွေ ကတော့ စုံပါတယ်၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ မန္တလေး၊ မြင်းခြံ၊ နတ်မောက် စသဖြင့် အကုန်လုံးကို တွေ့ပါတယ်။ သတိဝီရိယနဲ့နေဖို့၊ ကိုယ့်ကိုယ်ကို လုံခြုံရေး သတိရှိဖို့၊ အချင်းချင်း ဂရုစိုက်ကြဖို့၊ စောင့်ရှောက်ကြဖို့ မှာကြားခဲ့ပြီးတော့မှ နယ်မြေ အခြေအနေ ကြည့်ပါတယ်။


မေး။ ။ ဆာလာရန်းဆေးရုံကိုလည်း ရောက်ပါသေးသလားခင်ဗျာ။

ဖြေ။ ။ ဆာလာရန်း ဈေးကနေပြီးတော့မှ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆေးရုံကို သွားကြည့်ပါ တယ်။ ဆေးရုံမှာ သံရုံးနဲ့ သံအမတ်ကြီး သွားတွေ့ခဲ့တုန်းက တွေ့ခဲ့တာ လေးဦးပေါ့။ နှစ်ဦး ကတော့ သက်သာလို့ ဆေးရုံကဆင်းသွားပါပြီ။ တစ်ဦးကတော့ ဇွန် ၈ ရက်က ဆုံးသွား ပါ တယ်။ တစ်ဦးကတော့ ကျန်ပါသေးတယ။် စကားပြောနိုင်နေပြီး သက်သာတဲ့ အနေ အထားတွေ့ခဲ့ရပါတယ်။ ဇာတိကတော့ မြင်းခြံဘက်ကလို့ ပြောပါတယ်။ သူ့ကိုကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့က မလေးရှားရင်းဂစ် ၁၈ဝဝ ထောက်ပံ့ခဲ့ပါတယ်။ လူနာတစ်ယောက် တည်း ဖြစ်နေတဲ့အတွက် သံရုံး က စောင့်ရှောက် ပေးဖို့လည်း စီစဉ်ပေးခဲ့ပါတယ်။


မေး။။ အဲဒီဆေးရုံတက်နေတဲ့ လူနာကို မလေးရှားအလုပ်ရှင်ကရော လာမကြည့်ဘူးလား ခင်ဗျာ။

ဖြေ။ ။ သူ့အလုပ်ရှင်ကလည်းတစ်နေ့ တစ်ခေါက်လာကြည့်တယ်၊ ဂရုစိုက်ပါတယ်လို့ ပြော ပါတယ်။


မေး။ ။ တော်သေးတာပေါ့နော်။ အဲဒီလိုအလုပ်ရှင်က တာဝန်ကျေရင်နေရတာ အဆင်ပြေသေး တာပေါ့။ ပြီးတော့ရော ဘယ်တွေများ ထပ်ရောက်ပါသေးသလဲခင်ဗျာ။

ဖြေ။ ။ အဲဒီနောက် ကျွန်တော်တို့ ကပုန်းဘက်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပါတယ်။ ကျောင်းရောက်တဲ့အခါမှာ တရုတ်ဗုဒ္ဓဘာသာကျောင်းမှာ မြန်မာ ဆရာတော်ကို ကျောင်းထိုင်နေတာက ဆရာတော် ဒေါက်တာအရှင်အနဂ္ဂ ဖြစ်ပါ တယ်။ ကျောင်းမှာ ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေပြီးတော့ မြန်မာ အလုပ်သမား ၂၀ ခန့် လာရောက်ပြီး ခိုလှုံနေတာကို တွေ့ရှိရပါတယ်။


မေး။ ။ ဆရာတော်က မြန်မာအလုပ်သမားတွေကို စောင့်ရှောက်ထားတာပေါ့နော်။ ဆရာတော် ကရော ဘာတွေများ မိန့်ကြားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဆရာတော့်အနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့ မြန်မာတွေအမြန်ဆုံး ပြန်နိုင်အောင် ဘယ်လိုစီစဉ်ပေးနိုင် မလဲ၊ နောက် ကျန်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်မယ့် မြန်မာအလုပ်သမားတွေကို ဘယ်လို အကာအကွယ် အစောင့်အရှောက်တွေ ပေးနိုင်မလဲ၊ အလုပ်တော့ လုပ်နေပေမယ့်လည်း အခုအလုပ်က ရပ်နားထားပြီး အလုပ်ခွင်ကနေ ပြီးတော့ ပြန်ချင်နေတဲ့သူတွေလည်း ရှိတယ်၊ ဘယ်လိုဆောင်ရွက်ပေးမလဲ စသည်ဖြင့် ဒါတွေ ကို မေးပါတယ်။ ဆရာတော် စောင့်ရှောက်ထားတဲ့သူတွေနဲ့ တွေ့ပါတယ်။ သူတို့က အခု တရားဝင် လာလုပ်တာလား၊ တရားမဝင် လာလုပ်တာလား၊ ပတ်စ်ပို့ ကိုင်ထားတဲ့ လူလား ခွဲခြားတဲ့ အခါကျတော့ ပြန်ချင်တာကတော့ ဆာလာရန်း နယ်မြေမှာ အလုပ်လုပ်ခဲ့တဲ့ ခုနဘေးအန္တရာယ်တွေ ကြုံတွေ့တာ၊ ကြားသိခဲ့ရတဲ့၊ မြင်ခဲ့ရတဲ့ မြန်မာအများစု ဖြစ်ပါ တယ်။ လောလော ဆယ်၁၆ ဦးက ပြန်မယ်ဆိုပြီး ပြောပါတယ်။ သူတို့ပြန်ဖို့ CI (Certificate of Identification) ကို မြန်မာ သံရုံးက ထုတ်ပေးပါမယ်။


မေး။ ။ သူတို့ကို မြန်မာသံရုံးက CI အလွယ်တကူ ထုတ်ပေးပါသလားခင်ဗျာ။

ဖြေ။ ။ သူတို့ဟာ မြန်မာတွေဖြစ်ကြောင်း သေချာတဲ့အတွက် မြန်မာသံရုံးက အလွယ်တကူ ထုတ်ပေးပါတယ်။ လက်မှတ် ရပြီဆိုရင် သံရုံးက ထောက်ခံစာနဲ့ ဒီ ၁၆ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်ဆောင်သွားရပါမယ်။ အဲဒီမှာ Check Out Memo ဖောင်ဖြည့် ရမယ်။ သူတို့ရဲ့ လက်ဗွေတွေယူပြီးတော့ ဒီမှာရာဇဝတ်မှုကျူးလွန်ခဲ့တာရှိ မရှိ၊ အလုပ်ရှင်တွေ က နေပြီး အလုပ်ခွင်ကနေ တရားမဝင်ထွက်ပြေးသွားတဲ့ လျော်ကြေးပေးရန် ကျန်သေးတယ်လို့ တိုင်ကြား ထားခြင်းရှိ မရှိ စသဖြင့်စစ်လို့ ရှင်းလင်းတယ်ဆိုရင် သူတို့ပြန်မှာ ဖြစ်ပါတယ်။


မေး။ ။ သူတို့အားလုံးက ရှင်းရှင်းလင်းလင်း ရှိနိုင်ရဲ့လားခင်ဗျာ။

ဖြေ။ ။ အားလုံးကလည်း ရှင်းလင်းတယ်ဆိုပြီး ပြောကြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေး အဖွဲ့ကို သွားတွေ့တယ် ဆိုရင် သူတို့ အိုဗာစတေးပေါ့။ တရားမဝင် နေထိုင်ခဲ့တဲ့အတွက် ရင်းဂစ် ၄ဝဝ ပေးရမှာ ဖြစ်ပါတယ်။ ရင်းဂစ် ၄၀၀ ပေးပြီးတော့မှ တစ်ပတ်အတွင်းမှာ ပြန်မယ့် လေယာဉ်ပျံ လက်မှတ်ကိုလည်း တင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ သူဆိုရင်တော့ ချက်ချင်းပြန်ခွင့်ပေးမယ် ဆိုပြီးတော့မှ သံရုံးနဲ့ မလေးရှား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။


မေး။ ။ ဘယ်တော့လောက် အစောဆုံးပြန်လာနိုင်မလဲ ခင်ဗျာ။

ဖြေ။ ။ သူတို့ကိုတော့ အခုလောလောဆယ် စနေနေ့ပေါ့။ ဇွန်လ ၁၅ ရက်နေ့မှာ ပြန်နိုင်အောင် ဆိုပြီးတော့မှ သံရုံးရယ်၊ ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေ ဆောင်ရွက်ပေး နေပါပြီ။ သူတို့ အခမဲ့ ပြန်နိုင်ဖို့အတွက် ဆိုပြီးတော့ ရင်းဂစ် ၄၀၀ ကို အလှူရှင်တွေ ဖြစ်တဲ့ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးတေဇတို့ စသဖြင့် လှူဒါန်းထားတဲ့ ငွေတွေကိုသုံးစွဲပါမယ်။ ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့က ဒီမှာရောက်ရှိပြီးတော့မှ သူတို့ကဒီငွေတွေ လှူမယ် ပြောပါ တယ်။ နောက်ပြန်မယ်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း က ဦးအောင်ကိုဝင်း တို့ရဲ့ အလှူငွေတွေနဲ့ ပြန်လို့ရအောင် ဆိုပြီး လောလောဆယ် စီစဉ်ထားပါတယ်။


မေး။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက်ကိုရော ဘယ်လိုများ စီစဉ်ပေးပါမလဲ။

ဖြေ။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက် ဘယ်လိုလုပ်မလဲဆိုရင် ဒီအလုပ်သမားတွေ အကာအကွယ်ရဖို့ နံနက်ကပဲ သံရုံးမှာ သက်တမ်းလာတိုးတဲ့ အလုပ်သမားတွေက မေးပါတယ်။ သူတို့ကိုလည်း ဒီအတိုင်း ကျွန်တော် တို့ ဖြေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ မြန်မာ အလုပ်သမားတွေ အတိုက်ခိုက် မခံရအောင်၊ အကာအကွယ်ရအောင် တောင်းဆိုမယ်။ ဒီမှာအဆက်အသွယ် မပြတ်အောင် ဆောင်ရွက်လျက်ရှိနေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲများနဲ့ ဆက်သွယ်ပြီးတော့မှ သတင်းရယူတာ၊ သတင်းပေးတာ၊ အကူအညီ တောင်းခံတာ စသဖြင့် အဆက်မပြတ်နဲ့ ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်အလုပ်သမားကိစ္စ ဖြစ်တဲ့အတွက် မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ တွေ့ပြီးတော့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အကာအကွယ်ပေးဖို့၊ ပိုပြီးဂရုစိုက်ပေးဖို့၊ ပိုပြီးထောက်ပံ့ပေးဖို့ ဒါတွေဆောင် ရွက် ပေးသွားပါမယ်။


မေး။ ။ အခုလောလောဆယ် ပြန်မယ့်လူတွေအပြင် နောက်ထပ်ရော ရှိနေသလားခင်ဗျာ။

ဖြေ။ ။ လောလောဆယ် ပြန်ချင်တဲ့လူတွေစာရင်းကို ပါလာတဲ့ အဖွဲ့အစည်းတွေ၊ သံအမတ်ကြီး တို့နဲ့ ဆက်သွယ်ပြီးတော့မှ ၁၆ ဦး ပြန်ဖို့ဆိုပြီးတော့ စာရင်းထွက်လာပါတယ်။ သူတို့ကိုတော့ အလှူရှင်တွေလည်း အဆင်သင့်ရှိပြီး ဖြစ်တာနဲ့ချက်ချင်းစီစဉ် ဆောင်ရွက်ပေးခဲ့ ပါတယ်။ နောက်ထပ်လည်း ပြန်မယ်ဆိုပြီးတော့မှ ဆက်သွယ် လာခဲ့တာတွေရှိပါတယ်။ ဆက်သွယ်လာတဲ့ ဦးရေကတော့ အများကြီးတော့ မရှိသေးပါဘူး။ ၁၅ ဦး ၁၆ ဦးလောက် ဖြစ်မယ် လို့ ယူဆပါတယ်။


မေး။ ။ သိပ်တော့မရှိသေးဘူးပဲ။ မလေးရှားတစ်နိုင်ငံလုံး အနေနဲ့ဆိုရင်တော့ ပြန်ချင်တဲ့သူများ မလား ဒုတိယဝန်ကြီး ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ မေးခဲ့တာရှိပါတယ်။ ဆရာတော် အနေနဲ့ ပြန်ချင်တဲ့ အရေအတွက် ဘယ်လောက်ခန့်မှန်းပါ သလဲဆိုတော့အများဆုံးရှိရင် ထောင်ဂဏန်းကနေ သောင်း ဂဏန်း လောက်ထိပဲ ဖြစ်နိုင်တယ်။ ကျန်တာကတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်လုပ်ရတဲ့ အခြေအနေတွေ မတူလို့ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အကြီးတွေမှာ လစာ ကောင်းကောင်းနဲ့ လာလုပ်တဲ့လူတွေ Accountant လိုမျိုး စသဖြင့်တွေ့ခဲ့ပါတယ်။ သူတို့ကတော့ မပြန်လိုပါဘူး။ ဒီမှာသက်ဆိုင်ရာ ကုမ္ပဏီများကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်တဲ့အတွက် လုပ်မယ်ဆိုတဲ့အဖွဲ့တွေတွေ့ ပါတယ်။ နောက်အဖွဲ့များကလည်း အခုနက မှန်စက်ရုံလိုမျိုးပေါ့၊ အလုပ်သမား ၁၅၀ လောက် ရှိတယ်။ သူတို့ကိုတတ်နိုင် သလောက်ကာကွယ်စောင့်ရှောက်တယ်၊ သူတို့ရဲ့ကျွမ်းကျင်မှုကိုလည်း လိုအပ်တယ်။ အဲဒီတော့ အပြန်အလှန် ကူညီတဲ့အနေနဲ့ အလုပ်သမားတွေ ဆက်ရှိဖို့လိုတယ်။ ထားတဲ့နေရာကလည်း စနစ်တကျနဲ့ လုံခြုံမှုလည်းရှိတယ်။ ဒုစရိုက်ပေါတဲ့ နယ်မြေလည်း မဟုတ်ဘူးဆိုလို့ရှိရင် ဒီလူမျိုးတွေက ဆက်လုပ်ချင်တယ်။ ဆက်နေမယ်ဆိုတဲ့ဟာ မျိုး လည်း တွေ့ရ ပါတယ်။ တခြားအလုပ်ကြမ်း သမားလုပ်ပေမယ့် အလုပ်ကြမ်းသမားတွေက လခများများ ပိုရပါတယ်။ နောက် Over Stay တွေ ဖြစ်နေတဲ့ အတွက်လည်း ကျန်တဲ့ အခွန်အခတွေ ပေးစရာငွေကုန်ကြေးကျ များစရာ သိပ်မရှိတဲ့ အတွက် သူတို့ကလည်း မပြန်ချင်တဲ့ သူတွေရှိတယ် စသည်ဖြင့် အမျိုးမျိုး တွေ့ရပါတယ်။


မေး။ ။ ပြန်လိုတဲ့သူတွေက အဓိက ဆာလာရန်းဒေသကပဲ ဖြစ်မလား ခင်ဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်။ကျွန်တော်တို့သတင်းထဲမှာ အများစုပါတဲ့ အရပ်ဒေသအနေနဲ့ ဒီ ဆာလာရန်း ဒေသပေါ့။ ဒီဒေသက လူတွေကတော့ နေမယ့်လူကလည်း နေမယ်၊ ပြန်တဲ့လူ ကလည်း ပြန်မယ်ဆိုပြီးတော့မှ နှစ်ပိုင်းတွေ့ရတဲ့ အတွက်ပြေလည်အောင် ဆောင်ရွက် ပေးပါ မယ် ဆိုပြီးတော့ ဆရာတော်ကို လျှောက်ခဲ့ပါတယ်။ အဲဒီမှာ ပြန်ချင်တဲ့သူတွေလည်း တွေ့ ပြီးတော့ သူတို့မေးတာတွေ ဖြေကြားပါတယ်။ အဲဒီမှာပဲ ကပုန်း နာရေးကူညီမှုအသင်းက ကိုဆန်းဝင်း တို့နဲ့တွေ့ပြီးတော့မှ အပြန်အလှန်ဆက်သွယ်ပြီးတော့ လိုအပ်တဲ့ အကူ အညီတွေ ဆောင်ရွက်ပေးပါ။ နောက် သင်္ဂြိုဟ်မယ့်ကိစ္စလေးတွေ ရှိပါတယ်၊ အဲဒီမှာ ဆုံးသွားတဲ့ လူတွေထဲက လေးယောက်ပေါ့။ ရဲဌာနကနေပြီးတော့ တရားဝင် အတည်ပြု တာလေးယောက်၊ နောက်ထပ်ဆေးရုံမှာ ဆုံးတာတစ်ယောက်၊ ပေါင်းငါးယောက်ကို သင်္ဂြိုဟ်ဖို့ သူတို့ဆက်ပြီးတော့ လုပ်မယ်ပေါ့။ သင်္ဂြိုဟ်ခွင့်ရတာကတော့ သုံးယောက်ရှိပါပြီ။ အဲတော့ နောက်ထပ်နှစ်ယောက်ကိုတာ့ စုံစမ်းတုန်းပါ။ သူရဲ့ Identification လုပ်နေတုန်းပါ။ မကြာခင်မှာ သင်္ဂြိုဟ်နိုင်လိမ့်မယ် ဆိုပြီးတော့မှ နာရေးကူညီမှုအသင်းရော ရဲရော၊ သံရုံးကရော ဒီလိုပဲဆောင်ရွက်လျက် ရှိပါတယ်။


မေး။ ။ အခြားနေရာတွေကိုရော ရောက်ခဲ့ပါသေးသလား ခင်ဗျာ။

ဖြေ။ ။ အဲဒီကနေပြီးတော့မှ နောက်ဆေးရုံတစ်ရုံ သွားတဲ့အခါ အဲဒီမှာ ဆေးရုံတက်နေတဲ့ မြန်မာတစ်ဦးကို တွေ့ပါတယ်။ သူကတော့ စကားကောင်းကောင်း မပြောနိုင်သေးပါဘူး။ Intensive Care လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂရုတစိုက် စောင့်ကြည့်ပြီးတော့ ကုသပေးနေ ရတဲ့ အခြေအနေ ရှိတဲ့အတွက် သူ့အတွက် အလှူငွေကိုလည်း သံရုံးကနေ တစ်ဆင့် ထိန်းသိမ်းပေး ဖို့ဆိုပြီးတော့မှ အပ်နှံပြီးတော့ အဲဒီကနေ ပြန်ထွက်ပြီး စက်ရုံတစ်ရုံကို သွားပြီးလေ့လာ ပါ တယ်။ အဲဒီမှာတော့ မြန်မာအလုပ်သမား ၁၅ဝ ရှိပါတယ်။ အများဆုံးကတော့ ယောကျာ်းလေးတွေချည်းပဲ ဖြစ်ပါတယ်။ ဒီယောကျာ်းလေးတွေဟာ Shift နှစ်ခုနဲ့ နံနက်ပိုင်းတစ်ခု ညနေပိုင်းတစ်ခု ဆင်းပါတယ်၊ အဲတော့ ညနေပိုင်း Shift ၇၅ ဦးလောက် အုပ်စုနဲ့တွေ့ပါတယ်။ အလုပ်ရှင်ကလည်း ဒီအလုပ်သမားတွေဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တယ်၊ သူလည်း အတတ်နိုင်ဆုံး ကြည့်ရှုစောင့်ရှောက် နေတယ် ဆိုပြီး ပြောပါတယ်။ နောက်ထပ်တောင်မှ မြန်မာပြည်က အလုပ်သမား လိုချင်တဲ့ အခါမှာ ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ရပ်ဆိုင်းထားရတယ်။ ဟိုဘက်က မလာတော့ဘူး ဆိုပြီးတော့ ပြောပါတယ်။ မြန်မာအလုပ်သမားတွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့အနေနဲ့ သူတို့အရပ်ဒေသကတော့ စိတ်ချရတယ်။ ဒါပေမယ့် အသံမျိုးစုံတွေ ကြားနေရတော့ ထိတ်လန့်မှု ရှိတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရဆောင်ရွက် ရမယ့် အပိုင်းပေါ့။ တရားဝင် တောင်းဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ပါ့မယ်။ သူတို့ အပိုင်းကလည်း ကိုယ်တိုင်လုပ်ဆောင်ရမယ့်ဟာ ရှိပါတယ်။ ဒါကတော့ အပြင်မှာ လုံခြုံရေး အခြေအနေအရ ဂရုစိုက်ရမယ့်ဟာမျိုး ဆိုလို့ရှိရင် အပြင်မထွက်ဘဲနေဖို့ ထွက်တယ် ဆိုလို့ရှိရင်လည်း တစ်ဦးတည်း မသွားဘဲနဲ့ လေး၊ ငါး၊ ဆယ်ဦး အနည်းဆုံးဆယ်ဦးလောက် အုပ်စုဖွဲ့ပြီးတော့သွားဖို့ အပြန်အလှန် စောင့်ရှောက်ဖို့ အချင်းချင်း ဖုန်းဆက်ပြီး သတိပေးတာတို့ အကူအညီ တောင်းတာတို့ ရရင် လုပ်ဖို့ပေါ့။


အလုပ်ဆင်းလို့ ရှိရင်လည်း အုပ်စုဖွဲ့ပြီးတော့မှ လာဖို့ပေါ့၊ သူတို့ အနေအထားလေး ကတော့ကောင်းပါတယ်။ စက်ရုံနဲ့ မျက်နှာချင်းဆိုင်လောက် မှာ ဟော်တယ်လိုမျိုး ထားပြီးတော့ စက်ရုံပိုင်ရှင်က စီစဉ်ပေးထားတာ ရှိပါတယ်။ အားလုံး အုပ်စုလိုက်နေတယ်၊ အုပ်စုလိုက် စားသောက်တယ်၊ သွားကြတယ်၊ လာကြတယ်ဆိုလို့ရှိရင် အန္တရာယ်ကျရောက်လာတယ် ဆိုရင်တောင်မှ ကာကွယ်နိုင်တယ်ဆိုတဲ့ အနေအထားရှိတယ်၊ သူတို့က ပြန်ချင်သလား ဆိုတော့ သူတို့ကတော့ မပြန်ချင်ပါဘူး။ ဆက်ပြီးတော့ အလုပ်လုပ် ချင်တယ်ဆို ပြီး ပြောပါတယ်။ တချို့ဇနီးခေါ်ထားတဲ့ သူတွေရှိပါတယ်။ ကိုယ်ဝန် ရှိနေတဲ့ ဇနီးတွေ ရှိပါတယ်။ အဲဒါတွေကိုတော့ ပြန်ပို့ချင်တယ် ဆိုလို့ရှိရင် သံရုံးနဲ့ပူးပေါင်းပြီးတော့မှ သံရုံးရဲ့ ဖုန်းနံပါတ်၊ အလုပ်သမား ကိုယ်စားလှယ်ရဲ့ ဖုန်းနံပါတ်၊ သံအမတ်ကြီးရဲ့ကတ် စသည်ဖြင့် အကုန်လုံး ပေးပြီးတော့ အချိန်မရွေး ကူညီပါမယ်၊ ဆောင်ရွက်ပါမယ် စသည် ဖြင့် ပြောကြားခဲ့ပါတယ်။ နောက် Over Stay ဖြစ်နေတဲ့ မြန်မာတွေ ပြန်ချင်ရင် ဘယ်လို လုပ် မလဲ၊ ပတ်စ်ပို့လည်း မရှိဘူး။ တောင်ကျော်လာတာတွေ ဆိုတဲ့အခါမှာ ဒီကိစ္စတွေ အတွက်လည်း မြန်မာသေချာတယ်ဆိုရင် သံရုံးမှာ CI ထုတ်ပေးပါမယ်။ ထုတ်ပေးပြီး တော့မှ ခုနကလှူဒါန်းမယ့် လူတွေလည်း ရှိနေတဲ့အခါမှာ လူဝင်မှု ကြီးကြပ်ရေးမှာ မှုခင်း ကင်းရှင်းကြောင်းနဲ့ ကျန်တဲ့ကိစ္စအဝဝ ကင်းရှင်းကြောင်း စစ်ဆေးခံရ မယ်။ နောက် Over Stay ဖြစ်တဲ့အတွက် ရင်းဂစ် ၄ဝဝ ကိုလည်း အလှူရှင်တွေက ပေးနိုင်မယ့် အခြေအနေ ရှိတယ်။ ပြန်မယ်ဆိုလို့ရှိရင်လည်း လေယာဉ်ပျံ လက်မှတ်ခက တစ်ဝက်နှုန်းထားပေါ့။ MAI က လျှော့ချပေးတာတွေရှိတယ်။ အလှူရှင်တွေ ရှိနေတဲ့အတွက် အခမဲ့လည်း ရနိုင်တယ်။ အဲဒီတော့ ပြန်ချင်တဲ့သူ အချိန်မရွေး ပြန်လို့ရအောင် စီစဉ်ပါမယ်ဆိုတော့ နှစ်ဦးလား မသိဘူး ထွက်လာပါတယ်။ ကျန်တဲ့ သူတွေကတော့ ပြန်ပို့စရာ ဇနီးတွေမရှိပါဘူး။ အဲတော့ သူတို့အတွက် လိုအပ်တာတွေကူညီ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့မှ ပြောကြားပြီးတော့မှ ကျွန်တော်တို့ စက်ရုံကနေ ကွာလာလမ်ပူကို ည ၇ နာရီခွဲလောက်မှာ ထွက်လာခဲ့ပါတယ်။ စက်ရုံက ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ရှိတဲ့အတွက် ကားကတော့ တစ်နာရီလောက် မောင်းရပါတယ်။


မေး။ ။ အင်တာနက်သတင်းတွေမှာ ဖော်ပြပါရှိတဲ့ အချက်အလက်တွေနဲ့ ဒုတိယဝန်ကြီးတို့ လက်တွေ့မြေပြင် မှာ တွေ့မြင်ရတဲ့အခြေအနေမှာ ကိုက်ညီမှုရှိသလား။ ဒါမှမဟုတ် ဘယ်လို ကွာခြားတယ် ဆိုတာလည်း ဖြေကြားပေးပါဦး ခင်ဗျာ။

ဖြေ။ ။ ကွာခြားမှုအနေနဲ့ကတော့ စိုးရိမ်စရာကောင်းတယ်၊ ထိတ်လန့်စရာကောင်းတယ် ဆိုတဲ့နေရာက ခုနက ဒုစရိုက်နယ်မြေဖြစ်တဲ့ အမှုအခင်းတွေ အများဆုံးဖြစ်ခဲ့တဲ့ ဆာလာရန်း နယ်မြေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ နယ်မြေတွေ ကျွန်တော်တို့သွားကြည့်တဲ့ မှန်စက်ရုံ ရှိတဲ့နေရာမှာ ဆိုလို့ရှိရင်လည်း ဒီလိုအနေအထားမျိုးတွေ လုံးဝမတွေ့ရဘူး။ အမှုအခင်းဖြစ်ပွားတဲ့နေရာ မဟုတ်ဘူးပေါ့၊ ဒီလိုဟာမျိုးရှိတဲ့အတွက် သူတို့ အေးအေး ဆေးဆေး နေနိုင်တယ်။ ဒါပေမယ့် ကောလာဟလ သတင်းတွေကတော့ ဟိုနေရာလည်း ဖြစ်တယ်၊ ဒီနေရာလည်း ဖြစ်လာလိမ့်မယ် ဆိုပြီးတော့မှ လှုံ့ဆော်မှုတွေ ရှိတဲ့အတွက် စိုးရိမ်မှုတော့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်သံရုံးကိုလာတဲ့ ကလေးတွေ မေး ကြည့်တော့လည်း သူတို့နေရာတွေမှာတော့ ဘာမှမဖြစ်ဘူး။ သူတို့ ကြားတော့ ကြားတယ်။ တချို့ကတော့ ဂရုမစိုက်မိ ဘူး။ ဖေ့စ်ဘွတ်လည်း မဖွင့်အားဘူး။ ကျန်တဲ့ဟာ တွေနဲ့ အဆက်အသွယ်မရှိဘူး။ သူတို့ အလုပ်တွေနဲ့ လုံးပန်းနေရ တဲ့အတွက် သတိမထားမိပါဘူးလို့ ပြောတာလည်း ရှိပါတယ်။


ဆိုလိုတာကတော့ နေရာအနှံ့အပြားမှာ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလောက်အောင် ဖြစ်နေတဲ့ အခြေအနေ မဟုတ်ပါဘူး။ မလေးရှားမှာ တရားဝင်လာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်သိန်းနှစ်သောင်းကျော်လောက် ရှိပါတယ်။ တရားမဝင် ဆိုလို့ရှိရင်လည်း သုံးသောင်းကျော်လောက်ရှိမယ်။ ထပ်တိုးတာနဲ့ ဆိုရင်တောင်မှ အများဆုံး နှစ်သိန်းထက် မပိုနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒီအလုပ်သမားတွေအားလုံး ခုချက်ချင်းပြေးဟယ် လွှားဟယ်နဲ့ ကောက်ပြန်ရမယ့် အနေအထားမျိုး ရောက်အောင်တော့ မတွေ့မမြင်မိပါဘူး။ မခံလည်းမခံစားမိပါဘူး။ ဒီလိုပြောရတာလည်း လက်တွေ့တွေ့ရတဲ့ အလုပ်သမားတွေကို မေးမြန်းတယ်၊ နောက် ဘုန်းတော်ကြီးကျောင်းမှာ မေးမြန်းတယ်။ နာရေးကူညီမှု အသင်းမှာ ပြောတယ်။ စက်ရုံကို သွားကြည့်တယ်ပေါ့။ တစ်နိုင်ငံလုံး နေရာအနှံ့ကိုတော့ ကျွန်တော်တို့ မရောက်ပါဘူး။ ကျွန်တော်တို့ ရောက်တဲ့နေရာ အနှံ့ကို တွေ့တဲ့အခါမှာတော့ သူတို့မှာ ဒီလို ခံစားချက်မျိုး မရှိဘူး။ ခုချက်ချင်း မဖြစ်မနေ ကောက်ပြီးတော့ ထပြန်ရမယ့် လူမျိုးမရှိပါဘူး။ အခု CI လျှောက်မယ်၊ ပြန်ချင်တယ်၊ စိုးရိမ်ပူပန်မှုရှိတယ် ဆိုတာ ကလည်း မိသားစုကို ပြန်လွှတ်ချင်တာ။ နောက်ဆာလာရန်းမှာ အလုပ်လုပ်ပြီးတော့မှ ဒီနေရာဒေသမှာ ဆက်အလုပ် မလုပ်နိုင်တော့လို့ ပြန်မယ့်လူအုပ်စု ဒီဟာပဲ တွေ့ရှိရတဲ့အတွက် ကွဲပြားခြားနားမှုကတော့ ဒီအချက်အ လက်တွေ တွေ့ ရကြောင်း ပြောကြားလိုပါတယ်။


မေး။ ။ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ မလေးရှားအစိုးရရဲ့ ရှေ့ဆက် ပြီး တော့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ မနက်ဖြန် နံနက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့ဆုံခွင့် တောင်းခံထားတာ ရရှိပြီးဖြစ်ပါတယ်။ အဲဒီမှာ လုံခြုံရေးကိစ္စများကို အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်းလွဲနှစ်နာရီခွဲမှာ Social Welfare ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့မှာဖြစ်ပါတယ်။ အဲဒီမှာ အလုပ်သမားရေးရာ ကိစ္စတွေ အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြန်ချင်တဲ့ အလုပ်သမားတွေလည်း ပြန်ခွင့်ရအောင်၊ ဆက်လုပ်လိုတဲ့ အလုပ်သမားတွေ လုံခြုံမှုရှိအောင် ပြည်ထဲရေးနဲ့ ပြောပြီးတဲ့အခါမှာ Social Welfare နဲ့လည်း အလုပ်သမား ဥပဒေအရ ဘယ်လိုကာကွယ် ပေးနိုင် မလဲပေါ့။ နောက်ပြန်ချင်တဲ့သူတွေ ရှိတယ်ဆိုရင်လည်း Termination of Contract ပေါ့။ ဒီဟာကို အလုပ်ကနေ ရပ်နားပြီးတော့ အသက်သာဆုံး နှုန်းထားနဲ့ ပြန်လို့ရအောင်ပေါ့။ ဒီမှာတော့ အခုလက်ရှိ အလုပ်လုပ်နေတယ်၊ Contract က နှစ်နှစ်ရှိတယ်။ လုပ်တာက ရှစ်လပဲ ရှိသေးတယ်ဆိုတော့ ကျန်တဲ့လတွေအတွက် ပေးလျော်ရမယ် ဆိုပြီးတော့ ပါတဲ့ဟာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီတော့ ဒီဟာတွေအတွက် ဘယ်လိုဆောင်ရွက် ပေးနိုင်မလဲပေါ့။ သူ့ရဲ့ Terms and Condition ပိုင်းလုပ်မယ်ဆိုလည်း ဘယ်လိုအမြန်ဆုံး ဆောင်ရွက်ပေး နိုင်မလဲ စသည်ဖြင့် ဒီဟာတွေ ဆွေးနွေးထားဖို့ အတွက် သံအမတ်ကြီး၊ နောက်အလုပ်သမား ဒုတိယဝန်ကြီးတို့နဲ့ တိုင်ပင်ဆွေးနွေး ထားပြီးဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ သွားရောက်တွေ့ဆုံပါမယ်။ အဲဒီမှာတော့ ကျွန်တော်တို့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူထားတဲ့ အချက်တွေရှိပါတယ်၊ အလုပ်သမားစေလွှတ်တဲ့ Terms and Conditions တွေ၊ နောက်တစ်ခါ လုပ်ငန်းခွင် အတွက်စောင့်ရှောက် ပေးရမယ့် ကိစ္စတွေ၊ ယခင်သဘောတူညီထားတဲ့ အချက်တွေအတိုင်းပဲ ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ ဒီဟာတွေ တောင်း ဆိုကြမယ့် အပြင် လုံခြုံရေးကို အဓိကထားပြီးတော့ ကာကွယ်ပေးဖို့ပေါ့။ နောက် တရားဝင် လာအလုပ်လုပ်တာ မဟုတ်ဘဲနဲ့၊ အထောက်အထား မပြနိုင်ဘဲနဲ့ သူတို့ရဲ့ Detention Camp တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားများကို အမြန်ဆုံး ပြန်လည်ပြီးတော့မှ စေလွှတ်နိုင်ဖို့ စသည်ဖြင့် ဒီဟာတွေကို ဆက်လက်ပြီးတော့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ အဖြေကတော့ မနက်ဖြန်ညနေလောက်မှ ကျွန်တော်တို့ ဆွေးနွေး ပြီးတော့ ရမှာဖြစ်ပါတယ်။ မလေးရှားအစိုးရ အနေနဲ့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန အထူးသဖြင့်ရဲပေါ့၊ ဆေးရုံဆိုလို့ရှိရင်လည်း ဒုက္ခရောက်တဲ့သူတွေကို ချက်ချင်း လက်ခံ ပြီးတော့မှ ကုသ ပြီးတော့ ဆေးရုံစရိတ် ကိုတော့ လူနာရှင် အပ်တဲ့ပေါ် မူတည်ပြီး နာရေးကူညီမှုအသင်း ကပဲဖြစ်ဖြစ် သံရုံးကပဲဖြစ်ဖြစ် အလှူရှင် ဘက်ကပဲဖြစ်ဖြစ် ကျခံပြီးတော့ အလွယ်တကူ လက်ခံကုသပေးနေတဲ့ ဟာမျိုးတွေ ဆောင်ရွက် တာ တွေ့ရှိရပါတယ်။ နောက် အလုပ်ရှင်တွေပေါ့။ မလေးရှား-မြန်မာ Chamber of Commerce နဲ့လည်း ထပ်တွေ့ပြီးတော့မှ ဒီလူတွေနဲ့ ထပ်မံဆွေးနွေးပြီးတော့မှ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့် ကိစ္စမျိုးတွေ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်ယော်အား ယနေ့တွင် ထပ်မံ၍ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်-


မေး။ ။ ဒုတိယဝန်ကြီး ခင်ဗျာ။ ဒီနေ့ ဇွန် ၁၃ ရက်နေ့မှာ မလေးရှား နိုင်ငံမှာ ဆက်လက် ဆောင်ရွက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ဟာ ဒီနေ့နံနက် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာ ကျွန်တော်တို့ နိုင်ငံသား တွေ ဒီမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူတွေပေါ့။ သူတို့ အတွက် ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။ နောက်တစ်ချက်ကတော့ ပြန်မည့်လူတွေပေါ့။ ဒီလူတွေပြန်ဖို့ အတွက် မြန်မြန်ဆန်ဆန် ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်ပါမလဲ။ နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်ချင်တဲ့ လူတွေဆက်လုပ်မည့် လူတွေအတွက် ပိုမိုပြီးတော့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးပါတယ်။


မေး။ ။ သူတို့ဘက်က ဘယ်လိုများ တုံ့ပြန်ဆောင်ရွက်ပေးပါသလဲ ခင်ဗျာ။

ဖြေ။ ။ အခုလက်ရှိ ထိန်းသိမ်းခြင်းခံထားရတဲ့ မြန်မာတွေပေါ့။ အခု လောလောဆယ် သတင်းစာထဲမှာရော၊ သူတို့ အတည်ပြုတဲ့ဟာရော စုစုပေါင်း ၃ဝ၇ ဦး ဆိုပြီးတော့ သိရ ပါတယ်။ ၁၉၆ ဦးကတော့ သက်ဆိုင်ရာ စာရွက်စာတမ်း မရှိဘဲနဲ့ တရားမဝင် ဝင်ရောက် လာတဲ့ လူတွေဖြစ်ပြီးတော့ ၅၇ ဦးကတော့ UNHCR က အတုများ ကိုင်ဆောင်တယ် ဆိုပြီးတော့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ ၅၄ ဦးလည်း ရှိပါတယ်။ သူတို့ ကိုတော့ ရှေ့နေချုပ်ရုံးကို တင်ပြီးတဲ့အခါ နှစ်ပတ်အတွင်း အမှုကို စစ်ဆေးဖို့နဲ့ အဲဒီက ဆုံးဖြတ်ချက် ကျလာလို့ရှိရင် ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ ဒီလိုပြောတဲ့ အခါမှာလည်း ပြန်ချင်တဲ့လူတွေကို ပြန်ဖို့ အတွက် မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ဆက်နေချင်တဲ့ လူတွေအတွက် သီးခြားစဉ်းစားပေး သွားမယ် ဆိုပြီးတော့ ဆွေးနွေးပြောကြားပါတယ်။


မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ ပြောကြားချက်တွေကို ဆက်ပြီးရှင်းပြပေးပါ ခင်ဗျာ။

ဖြေ။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံရာမှာ စောစောက ကျွန်တော် ရှင်းပြတာ ပထမအချက် ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေး ပေးတာကတော့ ကျွန်တော် တို့ တောင်းဆိုတဲ့ ပြန်ချင်တဲ့ကလေးတွေ မြန်မြန်ပြန်နိုင်အောင်လို့ပေါ့။ လူဝင်မှုကြီးကြပ်ရေးဌာနကနေ ပြီးတော့မှ ဘယ်လိုများ မြန်မြန်ဆန်ဆန် ကူညီနိုင်မလဲလို့ မေးတဲ့အခါမှာ သူတို့အနေနဲ့ သံရုံးက သတ်မှတ်ထားတဲ့ ထုတ်ပေးပြီးသား လက်မှတ်ပါမယ်။ သူတို့ဆီမှာ စစ်ဆေးတဲ့ အမှုအခင်း ကင်းရှင်းတယ် ဆိုလို့ရှိရင်လည်း အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ သံရုံးနဲ့ အဆက်အသွယ် မပြတ်ဘဲနဲ့ ဆက်သွယ်ဖို့၊ သူတို့နဲ့ ကြိုတင်ညှိနှိုင်း ဖို့ပြောပါ တယ်။ တကယ်လို့ ပြန်မယ့် အလုပ်သမားတွေထဲမှာ မှုခင်းများ ကျူးလွန်ထားတာရှိရင် သူတို့ အနေနဲ့ တရား ဥပဒေကြောင်း အရ ဆက်လက်ပြီး ဆောင်ရွက်စရာတွေ ရှိတဲ့အတွက် မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှ မလေးရှားအလုပ်ရှင်များနဲ့ မြန်မာ အလုပ်သမားတွေကို ခန့်ထားတဲ့သူတွေနဲ့ တွေ့ပြီးတော့မှ သူတို့ရဲ့ သဘောထားတွေ၊ အမြင်တွေ သူတို့ အလုပ်သမားတွေကို ဘယ်လိုကာကွယ်နိုင်မလဲ စသဖြင့် ဆက်လက် တွေ့ဆုံဖို့ရှိပါတယ်။

သတင်းအဖွဲ့။ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေဆိုပေးသွားတဲ့ ဒုတိယဝန်ကြီးကို ကျေးဇူး တင်ပါတယ်။

Hmuu Zaw