15.6.13

အင်းလေးကန် (အင်းလေးအင်း)နှင့် စကားအင်းတွင် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည့်ရက် ရွှေ့ဆိုင်း

အင်းလေးကန်အတွင်း ငါးဖမ်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန်(အင်းလေးအင်း) အပါအ၀င် အင်းနှင့်တင်ဒါပိုက်ချက် များအား လေလံတင်ရောင်းချရန် မူလစီစဉ်ထားသည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန်အင်း/တင်ဒါ ပိုက်ချက်များ အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီ အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ် သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး တောင်ကြီးမြို့တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မူလက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ဂရန်အင်းများတွင် အင်းလေးအင်း၊ စံကားအင်း၊ တင်ဒါပိုက်ချက်များတွင် ကိုးမိုင်တံတားဝ ပိုက်ချက်၊ ငါးရှဥ့်ဖြူတံတားအောက်ပိုက် ချက်၊ ရွှေရန်ပြေ တံတားအောက် ပိုက်ချက်တို့ ပါဝင် သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြ ခဲ့သည်။

''အင်းလေလံအတွက် ရက်ပြောင်းလိုက်တယ်လို့ သိရပါတယ်။ လေလံဆွဲမယ့် အဖွဲ့တွေကို ၂၇ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်''ဟု ညောင်ရွှေမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်သူ တစ်ဦးက ဇွန် ၁၃ ရက်က ပြောပြသည်။ အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်း ရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များအတွင်း အင်းလေးကန်၊ အင်းလေးဒေသ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်... အင်းလေးအင်းဟု ဂရန်အင်းအဖြစ် ထည့်သွင်း ဖော်ပြထားသည့် အင်းလေး ကန်နှင့် စံကားအင်းတို့သည် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပါဝင်နေ သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့အတွင်းတည်ရှိကာ အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခု ဖြစ်သည်။

ယခုနှစ်များ အတွင်းတွင် အင်းလေးကန်သည် သဘာဝထိန်းသိမ်းရေး နယ်မြေများမှ အခြားမြေ အသုံးချမှုသို့ ပြောင်းလဲ အသုံးပြုရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လာခြင်း၊ ဥပမာ လူနေအိမ်ခြေ များပြားလာမှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှု၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ များပြားလာမှု၊ ဘေးမဲ့တောအတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တရားဝင် ငါးဖမ်းလိုင်စင်များ ချထားမှုကြောင့် ဒေသခံတို့၏ ရေရှည်အသုံးချနိုင်မှုအတွက် ထိန်းသိမ်းရေး လုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် အခက်အခဲ ရှိနေခြင်း၊ အင်းလေးကန်အတွင်း ရေအရည်အသွေး ကျဆင်းစေသည့် ဖြစ်စဉ်များ တိုးမြှင့်လာခြင်း စသည်တို့ကို ကြုံတွေ့နေရသည်ဟု သိရသည်။

အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်း ရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များအတွင်း အင်းလေးကန်၊ အင်းလေးဒေသ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် ပြန်လည်သုံးသပ်ရမည့် အခြေအနေ ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။ ''အင်းလေးမှာပဲပေါက်တဲ့ ငါးမျိုးစိတ်တွေ ရှိပါတယ်။ ဒါတွေကို မထိန်းသိမ်းနိုင်တော့ ရင်ကုန်သွားမယ်။ မရှိတော့ရင် ကန်လည်း တန်ဖိုးကျသွားမယ်'' ဟု အဆိုပါ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ကိုင်သူက ပြောကြားသည်။


Eleven Media Group

0 comments:

Post a Comment