15.6.13

ကမ္ဘာ့ကလေးသူငယ်များအခြေအနေအစီရင်ခံစာနိုင်ငံတော်အဆင့် ဖွင့်ပွဲကျင်းပ

ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ( ယူနီဆက်ဖ် ) မှ ထုတ်ပြန်သော “၂၀၁၃ ကမ္ဘာ့ ကလေးသူငယ်များ အခြေအနေ” အစီရင်ခံစာ နိုင်ငံတော်အဆင့် ဖွင့်လှစ်ပွဲကို ဇွန် ၁၄ က အောင်ဆန်းအားကစားပြိုင်ဝင်း တွင် ကျင်းပမဲ့သည်။

အဆိုပါပွဲတွင် မသန်စွမ်းကလေးသူငယ်စုစုပေါင်း ၁၀၀ကျော် က အားကစားပြိုင်ပွဲ စုစုပေါင်း ကိုးမျိုးကို ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အနိုင်ရရှိသည့် မသန်စွမ်းကလေးငယ် ၂၇ ဦးကို ယူနီဆက်ဖ် ဆုများ ချီးမြှင့်ပေးခဲ့သည်။ ကမ္ဘာ့ကလေးသူငယ်များ အခြေအနေ အစီရင်ခံစာသည် ယူနီဆက်ဖ် က တစ်ကမ္ဘာလုံး တစ်ဝှမ်းတွင် နှစ်စဉ် ထုတ်ဝေသော အစီရင်ခံစာ တစ်စောင်ဖြစ်ပြီး ယခုနှစ် အစီရင်ခံစာတွင် မသန်စွမ်း ကလေးသူငယ်များအကြောင်းကို ဦးစားပေးတင်ဆက်ထားကြောင်း သိရသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

0 comments:

Post a Comment