15.6.13

လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်မှ စာလွှာပေးပို့



ဒေါ်အောင်ဆန်းစုကြည် ပေးပို့သောစာလွှာမှာ " ရုပ်ရှင်ဆိုပေါ်တာမကြာသေးပေမဲ့ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ဆုံး လူထုအမြောက် အများကို အလွှမ်းမိုးနိုင်ဆုံး အချိန်တိုအတွင်းမှာ အောင်မြင်တဲ့အနုပညာတစ်ရပ် ဖြစ်လာတာ မဆန်းပါဘူး။ ရုပ်ရှင် နည်းပညာ ဟာ လူထုဖျော်ဖြေရေးအနုပညာတစ်ရပ်ဖြစ်လို့ ယဉ်ကျေးမှုသဘောအရသာမက လူဘောင်လောကအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရပါ သက်ရောက်မှုတွေ ရှိလာတာလည်း သိသာထင်ရှား ပါတယ်။ အဲဒါကြောင့် ရုပ်ရှင် အနုပညာသည်တွေ ဟာ လူဘောင်လောကရဲ့ ခေတ်ပြောင်းစနစ်ပြောင်း၊အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ကြပါတယ်။ ပါလည်းပါဝင် ခဲ့ကြပါတယ်။ အခုလို ကျမတို့ တိုင်းပြည်ရဲ့ အချိုး အကွေ့ အပြောင်းအလဲအတွက် တာဆူနေတဲ့အချိန်မှာ ဒီမိုကရေစီအကြောင်း လူ့အခွင့်အရေးနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာ အကြောင်းကို သာမန်လူထုအတွင်း ထိုးထွင်းသိရှိနားလည်ဖို့ အနုပညာရှင်များရဲ့ စွမ်းဆောင်ရည်ဟာ ပိုလို့တောင် အရေးကြီးလာပါတယ်။
တိုးတက်လာတဲ့ နည်းပညာရဲ့ ကျေးဇူးနဲ့ ကျမတို့ရဲ့ သတင်းစကားတွေဟာ လူထုဆီလျင်မြန်စွာ ရောက်ရှိ လာနိုင် မည် ဖြစ်ပါတယ်။လူသားတွေရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့အပြုအမူတွေ၊ အားထုတ်ကြိုးပမ်းမှုတွေ၊ ကြိုတင်ကြံစည်မှုတွေ ဟာဒီခေတ်မှာ ဖုံးဖိထားလို့ မရတော့ဘူး။ ကျမတို့ဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင်ဖို့လူ့အခွင့်အရေးကိုလည်း တာဝန် သိသိနဲ့ ထိန်းသိမ်းကာကွယ် စောင့်ေ၇ှာက်တက်ဖို့ လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ဆုံးရှုံးသွားခဲ့ရင်လည်း စနစ်တကျ ပြန်လည် ရယူနိုင်အောင် ကြိုးပမ်းအားထုတ်သွားရမှာ ဖြစ်ပါတယ်။နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေဟာ ကြိုးပမ်း အားထုတ်မှုတွေအတွက် အလွန်ပဲ အထောက်အပံ့ ဖြစ်စေတယ်လို့ထင်မြင်မိပါတယ်။ ဒါကြောင့် ဒီပွဲတော်ကြီး ဖြစ်မြောက်အောင် ကမကထ လုပ်ကြသူတွေ ၊၀ိုင်းဝန်းကြသူတွေ။ပါဝင်အားပေးကြသူတွေ ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။" ဟု ဖြစ်သည်။

လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ယနေ့ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံတွင်ဖွင့်လှစ်ပြသခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်က ၄င်းကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိသော ကြောင့် အခမ်းအနားအဖွင့်တွင် ကိုယ်စားတစ်ဦးမှ အထက်ပါအတိုင်း တက်ရောက်ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ ၊ အောင်ထက် (NYK)
Popular  Journal

0 comments:

Post a Comment