15.6.13

ဆီးရီးယားအတိုက်အခံအဖွဲ့များထံ လက်နက်များပေးပို့ရန် အိုဘားမားခွင့်ပြု

ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရ တပ်ဖွဲ့များသည် ဓာတုလက်နက်များကို အသုံးပြုခဲ့ကြောင်းကို အိမ်ဖြူတော်မှ အတည်ပြု ပြောကြားခဲ့ပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင်းရှိ အတိုက်အခ တပ်ဖွဲ့များကို စစ်လက်နက်ပစ္စည်းများ ပေးပို့ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဇွန် ၁၃ ရက်တွင် တရား ဝင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော် အမတ်ဖြစ်သူ ဂျွန်မက်ကိန်း၏ ပြောကြားချက်အရသိသည်။
အိုဘားမား၏ အဆိုပါဆုံးဖြတ်ချက် သည် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၅ဝဝဝ ခန့် ဂျော်ဒန်နိုင်ငံအတွင်း၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ပြုလုပ်နေစဉ်အတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဂျော်ဒန်နိုင်ငံတွင်း၌ ပြုလုပ်နေသော ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဇွန် ၉ ရက်က စတင်ခဲ့ပြီး ဇွန် ၂ဝ ရက်တွင် ပြီးဆုံးမည်ဟုသိရသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး နောက်တွင် အမေရိကန် ပြည်ထောင်စုသည် ပတ်ထရီယော့ဒုံးပစ်စင်များနှင့် F-၁၆ စစ်လေယာဉ်များ ကိုဂျော်ဒန်နိုင်ငံ တွင်း၌ ဆက်လက်ဖြန့်ချ သွားမည်ဖြစ် ကြောင်းသိရသည်။ အိုဘားမား၏ လက်နက်ပစ္စည်းများ ပေးပို့မည့် ဆုံးဖြတ်ချက်သည် ဆီးရီးယား ပြည်တွင်းစစ်၌ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များက အသာစီးရနေသည်ဟူသော ဂျွန်မက်ကိန်း၏ အတည်ပြုပြောကြားချက် ထွက်ပေါ်ပြီးနောက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်ကူဆာ မြို့ကို သီတင်းပတ်သုံး ပတ်ကြာ စစ်ဆင်ရေးဆင်နွှဲပြီးနောက် ဇွန် ၅ ရက်တွင် ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်းနှင့် ဇွန် ၁၂ ရက်တွင် အလက်ပိုမြို့ ဆင်ခြေဖုံး ဒေသတစ်ခုဖြစ်သော ကာဗာဟာပရာ ဒေသကို လည်း ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment