15.6.13

UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်းသို့ WFP မှ Deputy Country Director ၄ ရက်ကြာ ခရီးစဉ် လာရောက်မည်



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရုံးချုပ်မှ Deputy Country Director Mr.Guillaume Foliot ပြင်သစ်နိုင်ငံသားသည် ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၈ ရက်အထိ UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ ၄ ရက်ကြာခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းခရီးစဉ် ၄ ရက်တွင် UWSP/UWSA “၀” အဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များအား တွေ့ဆုံ၍ Mr. Guillaume Foliot သည် ဇွန်လ ၂၅ ရက်နေ့၌ မိုင်းလား၊ မိုင်းဖျန်၊ မိုင်းပေါက်၊ ပန်ဆန်းသို့လည်းကောင်း၊ ဇွန် ၂၆ ရက်နေ့တွင် ပန်ဆန်း-ရင်ဖန်-လုံထန် သို့လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် လုံထန်၊ ၀လင်း၊ ပန်ဆန်းသို့ လည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် ပန်ဆန်း-မိုင်းပေါက်-မိုင်ဖျန်-မိုငးလား-ကျိုင်းတုံသို့ လည်းကောင်း လာရောက်မည်ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာ၀၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Mr.Guillaume Foliot သည် အထက်ပါခရီးစဉ်အတွင်း လုံထန်ကန်မှ လက်ဖက်စိုက်ခင်းများအား သွားရောက် လေ့လာပြီး ၀လင်းမြို့နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စီမံကိန်းကျေးရွာများအား သွားရောက်လည်ပတ် လေ့လာမည်ဖြစ်ပြီး ပန်ဆန်းမြို့ WFP ရုံးရှိ စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

shan news

0 comments:

Post a Comment