ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.5.13

“ရှမ်းပြည်နယ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ စုပေါင်း၍ မိထ္တီလာ ဒုက္ခသည်သို့ လူမျိုးဘာသာမရွေး ဒု-အကြိမ် သွားရောက်လှူဒါန်း”


မေလ ၁၄ ရက်
 

မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှုမှ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ စုပေါင်း၍ ဒုတိယအကြိမ်အဖြစ် (၁၁- ၅-၂၀၁၃)ရက်နေ့တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရပါသည်။

အလှူရှင်အဖွဲ့သည် မိတ္ထီလာမြို့ ဗဟိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဒုက္ခသည်စခန်း(၄)ခု၊ ဇီးပင်ပေါက်၊ က္ကုကိုပေါက်၊ ဘုရားလေးကုန်း၊ ယင်းတော်နှင့် ရမည်းသင်းမြို့အနီးရှိ ရွာတန်း ဒုက္ခသည်များ အသီးသီးထံသို့ အ၀တ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ မိထ္တီလာ ဒုက္ခသည်များအား ထိရောက်စွာကူညီ လှူဒါန်းနိုင်ရေး အတွက် တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အခြားမြို့များမှ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ပန်းသေးမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ အလှူရှင်များအားလုံး စုပေါင်းပါဝင်ကာ ကူညီလှူဒါန်းရေးကော်မတီတရပ်ကို (၂၄-၃-၂၀၁၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလှူငွေလက်ခံခြင်း၊ အ၀တ်
အထည်နှင့် စားသောက်ကုန်များလက်ခံခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်

M-Media

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်


၁၄.၅.၂၀၁၃၊ အင်္ဂါနေ့
JTWC မှ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ခန့်မှန်းပုံဖေါ်ထားသည့် မုန်တိုင်း လမ်းကြောင်း ဖြစ်ပါသည်(အောက်)

 
ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN သည် JTWC မှ မေလ ၁၃ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ရရှိသည့် အချက်အလက်များ၊ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ မိုင်၊၊ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၇၂ဝ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၇၁၅ မိုင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝမိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ အထက်ပါ ဗဟိုပြုနေရာမှ နောက် ၆ နာရီအတွင်း မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ကြောင်း JTWC မှ ပုံပါအတိုင်း ခန့်မှန်းဖေါ်ပြထားပါသည်။

မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် ၁၄ဝ ခန့် ရှိပြီး၊ မေလ ၁၄ ရက် ၁၈၃ဝ နာရီ MST တွင် အချင်း မိုင် ၁၉ဝ ခန့်သို့လည်းကောင်း၊ မေလ ၁၅ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၁ဝ ခန့်သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၃ဝ ကျော်အထိလည်းကောင်း အရွယ်အစားတဖြည်းဖြည်းကြီးမားလာကာ ပိုမိုအားကောင်းလာပြီး အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

ယခုလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားမည်ဆိုပါက ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တောင်ဘက် ၂၇ မိုင်ခန့်မှ ကုန်းတွင်းကို – အားကောင်းသော အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ ကုန်းတွင်းသို့ ကျော်ဖြတ် ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီလျှင် ၈ဝ.၅၅ မိုင် သို့မဟုတ် ၁၂၉.၆ ကီလိုမီတာ) နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

JTWC မှ နာရီ ၁၂ဝ အထိ ကြိုတင် ခန့်မှန်းချက်အရ မုန်တိုင်း MAHASEN သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် – ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ အနီးမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မော်လိုက်၊ ဘန်းမောက် မြို့များအနီးမှလည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကို ဖြတ်သန်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့အနီးသို့ မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

13 May 2013 1200Z 
Location: 12.4 85.7 
Winds: 50 knots 
Central Pressure: 985 hPa


MMweather Page

Facebook မှာ နာမည်ပြောင်းလိုက်တဲ့ အေးဝတ်ရည်သောင်း

၁၄.၅.၂၀၁၃၊ အင်္ဂါနေ့
 

မော်ဒယ် သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူ့Facebook နာမည်ကို လစ်ဇီပေါက်စီ လို့ ပြင်လိုက်ပါပြီ။ 

"ယနေ့မှစပြီး Account name အား Aye Wut Yi Thaung မှ
Lizzy Paukc သို့ပြောင်းလိုက်ပါကြောင်း အသိပေးအပ်ပါသည် ရှင်။
ကျေးဇူးတင်ပါတယ် ရှင်" လို့ လွန်ခဲ့တဲ့ ၆ နာရီကျော်ကျော်က Facebook မှာ ပြောလိုက်ပါတယ်။

Lizzy ဆိုတာ သူ့ရဲ့ ခရစ်ယာန်အမည် Elizabeth ကနေ လာတယ်၊
ပေါက်စီကတော့ သူ့ရဲ့ ငယ်နာမည် အိမ်နာမည်ပါတဲ့။ 

အထင်ကရတွေထဲက ထွန်းအိန္ဒြာဗို၊ ရဲတိုက် တို့ရဲ့ Facebook စာမျက်နှာတွေအကြောင်း ဧရာဝတီ ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။

http://blog.irrawaddy.org/2013/04/blog-post_5008.html တို့မှာ ဖြစ်ပါတယ်။

ပေါက်စီ အကြောင်း ပြန်ဆက်ရရင် ၁၂နှစ် သမီး အရွယ်မှာ မော်ဒယ်
လောကထဲရောက်၊ ၁၄ နှစ်အရွယ်မှာ ရုပ်ရှင်လောကထဲရောက်သွားသူပါ။

ပေါက်စီရဲ့ Facebook မှာ ရေးထားချက်အရ သူက ရန်ကင်း အထက 
၂ မှာ တက်ခဲ့တယ်၊ ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒအထူးပြုတက်ခဲ့တယ်လို့ သိရပါတယ်။

သူငယ်ချင်း နှစ်ထောင်ကျော် လက်ခံထားတဲ့ သူ့လိပ်စာhttp://www.facebook.com/ayewutyi.thaung.1 ပါ။ အခု တွေ့ရတဲ့ပုံတွေကို အဲဒီစာမျက်နှာကနေ ယူပါတယ်။

ဧရာဝတီblog