14.5.13

“ရှမ်းပြည်နယ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ စုပေါင်း၍ မိထ္တီလာ ဒုက္ခသည်သို့ လူမျိုးဘာသာမရွေး ဒု-အကြိမ် သွားရောက်လှူဒါန်း”


မေလ ၁၄ ရက်
 

မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှုမှ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ စုပေါင်း၍ ဒုတိယအကြိမ်အဖြစ် (၁၁- ၅-၂၀၁၃)ရက်နေ့တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရပါသည်။

အလှူရှင်အဖွဲ့သည် မိတ္ထီလာမြို့ ဗဟိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဒုက္ခသည်စခန်း(၄)ခု၊ ဇီးပင်ပေါက်၊ က္ကုကိုပေါက်၊ ဘုရားလေးကုန်း၊ ယင်းတော်နှင့် ရမည်းသင်းမြို့အနီးရှိ ရွာတန်း ဒုက္ခသည်များ အသီးသီးထံသို့ အ၀တ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ မိထ္တီလာ ဒုက္ခသည်များအား ထိရောက်စွာကူညီ လှူဒါန်းနိုင်ရေး အတွက် တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အခြားမြို့များမှ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ပန်းသေးမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ အလှူရှင်များအားလုံး စုပေါင်းပါဝင်ကာ ကူညီလှူဒါန်းရေးကော်မတီတရပ်ကို (၂၄-၃-၂၀၁၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလှူငွေလက်ခံခြင်း၊ အ၀တ်
အထည်နှင့် စားသောက်ကုန်များလက်ခံခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်

M-Media

0 comments:

Post a Comment