14.5.13

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်


၁၄.၅.၂၀၁၃၊ အင်္ဂါနေ့
JTWC မှ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ခန့်မှန်းပုံဖေါ်ထားသည့် မုန်တိုင်း လမ်းကြောင်း ဖြစ်ပါသည်(အောက်)

 
ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN သည် JTWC မှ မေလ ၁၃ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ရရှိသည့် အချက်အလက်များ၊ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ မိုင်၊၊ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၇၂ဝ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၇၁၅ မိုင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝမိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ အထက်ပါ ဗဟိုပြုနေရာမှ နောက် ၆ နာရီအတွင်း မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ကြောင်း JTWC မှ ပုံပါအတိုင်း ခန့်မှန်းဖေါ်ပြထားပါသည်။

မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် ၁၄ဝ ခန့် ရှိပြီး၊ မေလ ၁၄ ရက် ၁၈၃ဝ နာရီ MST တွင် အချင်း မိုင် ၁၉ဝ ခန့်သို့လည်းကောင်း၊ မေလ ၁၅ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၁ဝ ခန့်သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၃ဝ ကျော်အထိလည်းကောင်း အရွယ်အစားတဖြည်းဖြည်းကြီးမားလာကာ ပိုမိုအားကောင်းလာပြီး အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

ယခုလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားမည်ဆိုပါက ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တောင်ဘက် ၂၇ မိုင်ခန့်မှ ကုန်းတွင်းကို – အားကောင်းသော အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ ကုန်းတွင်းသို့ ကျော်ဖြတ် ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီလျှင် ၈ဝ.၅၅ မိုင် သို့မဟုတ် ၁၂၉.၆ ကီလိုမီတာ) နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

JTWC မှ နာရီ ၁၂ဝ အထိ ကြိုတင် ခန့်မှန်းချက်အရ မုန်တိုင်း MAHASEN သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် – ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ အနီးမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မော်လိုက်၊ ဘန်းမောက် မြို့များအနီးမှလည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကို ဖြတ်သန်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့အနီးသို့ မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

13 May 2013 1200Z 
Location: 12.4 85.7 
Winds: 50 knots 
Central Pressure: 985 hPa


MMweather Page

0 comments:

Post a Comment