ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.6.15

အိန္ဒိယတပ် မြန်မာပြည်ထဲ ဝင်တိုက်တော့

အိန္ဒိယ,  မြန်မာ့တပ်မတော်, မဏိပူရ်, နာဂ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်ဘက်ယာဉ်တန်းတခု ခြုံခိုတိုက်ခိုက်ခံရသည့်အတွက် တပ်သား၂၀ ခန့် ကျဆုံးခဲ့ ရပြီး ရက်အနည်းငယ် အကြာ အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ ရန်သူစခန်းများကို နယ်စပ်ဖြတ်ကျော်ပြီး ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် စိတ်စင်စားဖွယ် ဒေသတွင်း စစ်ရေးနှင့် နိုင်ငံရေး သတင်းဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံအတွင်းသို့ မြန်မာ့တပ်မတော် လေယာဉ်မှ ဗုံးကျရောက်ခဲ့သည့် အတွက် စစ်ဦးစီး အရာရှိချုပ် (လေ)ကို နယ်ဘက်ပြောင်းရွှေ့


တပ်မတော်(လေ)တွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)ပြီးလျှင် ရာထူးအကြီးဆုံးဖြစ်သော စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦးကို နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တွဲဖက် တာဝန်ထမ်းဆောင်စေလိုက်ကြောင်း သတင်း ရရှိသည်။ ထိုသတင်းနှင့် ပတ်သက်၍ တပ်မတော်(လေ)မှ အရာရှိကြီး တစ်ဦးက ပြေကြားရာတွင် “ကြားတာကတော့ ကိုးကန့် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲအတွင်းမှာ တပ်မတော်လေက ကြဲချခဲ့တဲ့ဗုံးက တရုတ်နိုင်ငံအတွင်း ကျရောက်ပြီး တရုတ်လူမျိုး တချို့ သေဆုံးခဲ့ရတဲ့အပေါ် တာဝန်ရှိတယ်လို့ ယူဆပြီး ပြောင်းရွှေ့လိုက်တာပဲ၊ သူ့အတွက်ကတော့ နာတာပေါ့၊ လာမယ့် ရွေးကောက်ပွဲမှာ ကာကွယ်ရေး ဦးစီးချုပ်(လေ)က တပ်ကထွက်ပြီး ရွေးကောက်ပွဲ ၀င်မှာဆိုတော့ သူက ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်မဲ့သူလေ”ဟု Tomorrowသို့ ပြောပြသည်။
လက်ရှိတွင် လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှူး ဖြစ်သူ ယခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ သားဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ကျော်ကို စစ်ဦးစီး အရာရှိချုပ်(လေ)အဖြစ် ရာထူး တိုးမြှင့် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
Credit to>>>Tomorrow

22.6.15

ဒဂုံစီးတီ စီမံကိန်း လုံးဝရပ်ဆိုင်းပေးမည်ဟုဆို


ရန်ကုန် ဇွန် ၂၁ ။       ။ ဒဂုံစီးတီး စီမံကိန်း လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဂတိပြုခဲ့ကြောင်း ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် ဥိးဆောင် ဆရာတော် ဦးနေမိန္ဒက ဇွန်လ ၂၁ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

19.6.15

နယ်ခြားပစ်ခတ်မှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေရှ့် ဆင့်ခေါ်

ဘင်္ဂလား- မြန်မာ နယ်စပ်ပစ်ခတ်မှု၊ဘင်္ဂလားဒေ့ရှ့် နယ်ခြားစောင့် တဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေရှ့် အစိုးရက ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဆင့်ခေါ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တွဲဖက်အတွင်းဝန်က ပြင်းပြင်းထန်ထန် ကန့်ကွက်စာရေးပြီး တုံပြန့်လိုက်ကြောင်း ဘင်္ဂလာဒေ့ရှ် အခြေစိုက် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါအပြင် ဖမ်းဆီခံ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားကိုလည်း ပြန်လည်ပေးအပ် ဖို့ တောင်းဆိုလိုက်ပါတယ်၊
Credit to>>>

18.6.15

ရုရှားနှင့် ထိစပ်နေသော ဥရောပနိုင်ငံများတွင် F-22 ဂျက်တိုက်လေယာဉ်များ ထားရှိရန် အမေရိကန် ပြင်ဆင်


ယူကရိန်းနိုင်ငံ စစ်မက်ပဋိပက္ခတွင် ရုရှားအစိုးရ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်တုံ့ပြန်မှုကို ပြသသည့်အနေနှင့် အမေရိကန်လေတပ်က ဥရောပဒေသသို့ F-22 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ပို့လွှတ်ထားရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်းထွက်ပေါ်လာကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ဆဲ ကာလတွင် အကြီးစား စီမံကိန်းများ ရပ်တန့်ထားရန် KDNG တောင်းဆို

စီမံကိန်းကြီးများ, ကချင်, KDNG
ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလတွင် ကချင်ပြည်နယ် အတွင်းရှိ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ အကောင် အထည်ဖော် လုပ်ဆောင်နေမှုကို လုံးဝ ရပ်တန့်ထားပေးရန် ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းတင်ရာတွင် လူမျိုးပေါင်း ၉၀၀ ကျော်ရှိ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် မှတ်တမ်းယူရာမှာ လူမျိုးပေါင်း ၉၁၇ မျိုး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက် နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ


ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာဒေ့ရှ့် နယ်ခြားစောင့် တပ်ဖွဲ့ ၀င် တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့ အတူ မြန်ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

ဒဂုံစီးတီး စီမံကိန်းများ ရပ်ဆိုင်းရန် ရန်ကုန်စည်ပင်ကော်မတီဝင် စာထုတ်ကန့်ကွက်


 ရွှေတိဂုံစေတီတော်အနီး တပ်ပိုင်မြေ ငှားရမ်းကာ အိမ်ရာစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ဒဂုံစီးတီး (၁) နှင့် (၂) စီမံကိန်းများသည် ရွှေတိဂုံဘုရားနှင့် သမိုင်းဝင်ဘုရားကြီးများ၏ မြင်ကွင်းကို ပျောက်ကွယ်စေသောကြောင့် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် သဘောထားမှတ်ချက်စာ ထုတ်ကာ ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၇) ဦးခင်လှိုင်က ပြောကြားသည်။

17.6.15

မြေဧက၊တစ်သိန်းကျော်တွင်၊မြို့သစ်ပေါင်း၊ခုနစ်ခု တိုးချဲ့သွားရန် ရန်ကုန်မြို့တော်ဝန် စီစဉ်နေ

လူနေထိုင်မှု ပိုမိုသိပ်သည်းလာသည့် ရန်ကုန် မြို့တော်အတွက် လာမည့်နှစ် ၃၀ ကျော်တွင်ပိုမိုတိုး
လာမည့်လူဦးရေကို မှန်းဆကာ မြေ ဧက ၁၀၀,၀၀၀ ကျော်ကို အသုံးပြုကာ မြို့သစ်များတည်၍
အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
မြို့တော်ဝန် ဦးလှမြင့်က အသေးစိတ်အစီရင်ခံစာကို တင်သွင်းခဲ့ပြီးအဆိုပါအစီရင်ခံစာအပေါ်
လာမည့် ဇွန် ၁၉ ရက်နေ့တွင် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။

လာမည့်အနာဂတ်တွင် Mega City  ဖြစ်လာမည့် ရန်ကုန်မြို့တော်အတွက် မြို့သစ်များ တည်
မည်ဖြစ်ကာ တိုးချဲ့မြေ စုစုပေါင်း ၁၁၈,၇၃၂ ဧက (စတုရန်းမိုင်ပေါင်း ၁၈၅ ဒသမ ၅၄) ရှိပြီး
လူဦးရေ ၁၀ သန်းခန့် အခြေချနိုင်မည်ဖြစ်ကာ ယင်းအတွက် စုစုပေါင်းကုန်ကျငွေ ကျပ် ၈,၁၇၇
ဒသမ ၅၁ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်မြို့တော်ဝန်က အသေးစိတ် တင်ပြခဲ့သည့် ယင်းအစီရင်ခံစာသည် ၂၀၁၃ ခုနှစ်တွင်
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် Japan International Cooperation
Agency(JICA)  တို့ ပူးပေါင်း၍ မူကြမ်းရေးဆွဲပြီးစီးခဲ့သည့် ရန်ကုန် မြို့ဟာဗျူဟာစီမံကိန်း
၂၀၄၀ (Yangon Strategic Plan 2040) ၏ အသေးစိတ်စီမံကိန်း လည်း ဖြစ်သည်။

ထိုနေ့တွင်တင်သွင်းခဲ့သည့် အစီရင်ခံစာ ၌ မြို့သစ်များတိုးချဲ့ခြင်းအပြင် အခြေခံအဆောက်အအုံ
အဆင့်မြှင့်တင်ခြင်းဖြစ် သည့် လမ်း၊ မြစ်ကူးတံတားနှင့် မြေအောက်တူးမြောင်းများ ဖောက်လုပ်ခြင်း
များလည်း ပါရှိသည်။

မြို့သစ်တိုးချဲ့ခြင်းများတွင် ဦးစားပေး ခုနစ်ခုဖြင့် ရန်ကုန်မြို့၏ အရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊
ဒလမြို့နယ်၊ သန်လျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင်
တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။

မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရ


 တောင်တရုတ် ပင်လယ်ပြင်အတွင်း ၀န်ထမ်း ၂၂ ဦး လိုက်ပါလာတဲ့ ရေနံတင်သင်္ဘော ဒုတိယတစင်း ထပ်ပျောက်သွားပြီး ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ယူဆရကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ယခုလအတွင်း ဖွဲ့စည်းမည်

ယနေ့တွင် ပြုလုပ်သည့် ရဲတပ်ဖွဲ့နှင့် မီဒီယာများအကြား အလုပ်ရုံ ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ - မေစစ်ပိုင် / ဧရာဝတီ)ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် မှုခင်းအခြေအနေများ၊ သတင်း အချက်အလက်များအား ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိစေနိုင်ရန် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။

၂၀၁၆ သမ္မတရွေးကောက်ပွဲ Donald Trump ၀င်ပြိုင်ဖို့ကြိုးပမ်း

 
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တယောက်ထပ်တိုး လာပြန်ပါပြီ။

16.6.15

ကျောင်းမအပ်ရသေးသော ကျောင်းသားများကို နေအိမ်ထိလိုက်လံခေါ်ယူမည်


အခြေခံပညာကျောင်း များတွင် ကျောင်းဖွင့်ချိန်ရောက်ရှိ နေသော်လည်း ကျောင်းမအပ်နှံ ရသေးသည့်ကျောင်းသားများကို ဇွန်လတတိယပတ်အထိ နေအိမ် များအထိ လိုက်လံခေါ်ယူပြီး ကျောင်းအပ်နှံရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

မြေဧက ၃သောင်း မြို့သစ်စီမံကိန်း ရန်ကုန်လွှတ်တော်အတည်ပြု

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ ကော့မှုး၊ တွံတေး စတဲ့မြို့နယ်တွေက မြေဧက ၃၀၀၀၀ မှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆွေးနွေးရာ အများစုက ထောက်ခံခဲ့တဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တိုင်းလွှတ်တော်အတည်ပြု

 ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ သစ်စီမံကိန်းအမြန်အကောင်အ ထည်ဖော်ရေးအဆိုကို ဇွန်လ ၁၅ ရက်တွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲရာ ထောက်ခံမဲ များသည့်အတွက် အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။

15.6.15

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က မျှော်လင့်သလို ဖွဲ့စည်းပုံ ပြင်နိုင်မလား


ခုဆိုရင် သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ (၆) ပွင့်ဆိုင် ဆွေးနွေး ပွဲကို မစောင့်တော့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်း တင်သွင်းလိုက်ပါပြီ။ လွှတ်တော်နဲ့ နီးစပ်တဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တစ်ချို့ရဲ့ ပြောဆိုချက်အရ ဒီဥပဒေကြမ်း ကို ရေးပြီးထားတာ ကြာပြီ၊ ဒီအတိုင်း လွှတ်တော်တင်၊ ဆွေးနွေး၊ မဲခွဲဆုံးဖြတ် လိုက်ရင် ထောက်ခံသူ ၇၅ ရာခိုင်နှုန်းကျော် မရပဲ အရှုံးနဲ့ ရင်ဆိုင်ရမယ်၊ ဒါကြောင့် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြရတာလို့ ဆိုပါတယ်။ သူတို့ ထင်မြင် ယူဆချက်အရ အဲဒီ ဥပဒေကြမ်းဟာ အင်န်အယ်လ်ဒီ က လက်ခံနိုင်တဲ့ ဥပဒေကြမ်းလို့ မျှော်လင့်ထားပုံပါ။

မြန်မာ့လေကြောင်းအတွက် အမေရိကန်က ဘိုးရင်းလေယာဉ်၁စီး ပေးအပ်

 နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)သည် အမေရိကန်ထိပ်တန်းကုမ္ပဏီကြီး General Electric ၏ လုပ်ငန်းခွဲတခုဖြစ်သောGeneral Electric Capital Aviation Services (GECAS)ထံမှ ဆီယက်တဲလ်မြို့ ဘိုရင်းလေယာဉ် လေယာဉ်စက်ရုံ ထုတ် ဘိုရင်း 737 ခရီးသည်တင်လေယာဉ်တစီးကို ပြီးခဲ့သည့် ရက်ပိုင်းက ရယူလိုက်သည်။ MNAအနေဖြင့် ယခုလေယာဉ်ကို နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က GECAS မှ မြန်မာ့ လေကြောင်းအတွက် ဘိုးအင်း ဂျက်လေယာဉ် အသစ် ၁၀ စီး ငှားရမ်းရန် သဘောတူညီခဲ့ကြပြီး ၂၀၁၅ခုနှစ်မှ စတင်ကာအမေရိကန် ဒေါ်လာ သန်း ၉၆၀ တန် ဘိုးအင်း 737-800 လေယာဉ် ၆ စီးနှင့် ဘိုးအင်း 737-8 MAXs လေယာဉ် ၄ စီးကို ၂၀၂၀ ခုနှစ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။
Credit to>>>The Irrawaddy

12.6.15

မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေသအတွင်း အထူးစီးပွားရေးဇုန်အသစ်များ ဖော်ထုတ်မည့်အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည်ပြု

 ရန်ကုန်၊ ဇွန် ၁၁- မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေ သအတွင်း အထူးစီးပွားရေး ဇုန်အသစ်များ ဖော်ထုတ်မည့် အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည် ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB) ၏ ထုတ်ပြန် ချက်အရ သိရသည်။

၄၂ သိန်းတန် တိုက်ခန်း သုံးသိန်း တည်ဆောက်ရန် ပြည်ထောင်စုအစိုးရသို့ တော်ဝင်ကုမ္ပဏီ တင်ပြထား

 ၄၂ သိန်းတန် တိုက်ခန်း သုံးသိန်း တည်ဆောက်ရန် ပြည်ထောင်စုအစိုးရသို့ တော်ဝင်ကုမ္ပဏီ တင်ပြထား
အများပြည်သူ အိမ်ရာလိုအပ် ချက်အား ဖြည့်ဆည်းနိုင်ရန်အတွက် တစ်ခန်းလျှင် (၄၂) သိန်း ကျသင့်မည့် တန်ဖိုးနည်း တိုက်ခန်းပေါင်း (၃)သိန်း ကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အမြန်ဆုံး ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုထွေးက The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားသည်။

ကိုးကန့်တပ်ရဲ့ အပစ်ရပ်ကြေညာမှုကို လေ့လာနေဆဲလို့ အစိုးရပြော

ye_htut
 ကိုးကန့်တပ် MNDAA ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာ ချက်ကို လေ့လာ နေဆဲ ဖြစ်ပြီး မြေပြင် မှာ ကိုးကန့် တပ် အနေနဲ့ လက်တွေ့ ဘယ်လို ဆောင်ရွက် သလဲ ဆိုတာ ကို စောင့် ကြည့် သွား မှာ ဖြစ်တယ် ဆိုပြီး မြန်မာ အစိုးရ က တုန့်ပြန် လိုက် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းပြီးဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆို ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ပြန်လည်တင်သွင်း

ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်မှုများနှင့်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဇွန် ၁၁ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

11.6.15

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၃၂ ဦး ထပ်မံရောက်ရှိ

 အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း တွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၃၂ ဦးသည် စတုတ္ထအကြိမ် အဖြစ် ယမန်နေ့ ညပိုင်းတွင် MAI လေကြောင်း လိုင်းဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သား များသည် တနင်္သာရီတိုင်း ဒေသကြီးမှ ၁၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၂ဝ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)မှ ၁၇ ဦး၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း)မှ နှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ လေးဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ ကရင်ပြည်နယ် မှ သုံးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ နှစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ တစ်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ
၁၃ ဦး၊ စုစုပေါင်း ၁၃၂ ဦးဖြစ်သည်။

လူတော် လူကောင်းများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ကော်မရှင်ဥက္ကဋ္ဌ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကို မနေ့က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) သို့ တက်ရောက်ခဲ့သည့် သင်တန်း သားဟောင်း များ တွေ့ဆုံပွဲတွင် တွေ့ရစဉ် (MOI)
လူထုအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် များကို ရွေးကောက် တင်မြှောက်ရာတွင် လူတော်လူကောင်းများ ရွေးချယ်ရန် လိုကြောင်း၊ သို့မှသာ လွှတ်တော်အတွင်း အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ်များ ရောက်ရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က မနေ့က နေပြည်တွင် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) ၌ ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ဆူပူမှုဖြစ်အောင် မဖန်တီးရန်လိုကြောင်း သမ္မတဦးသိန်းစိန်ပြော


၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်တွင် ဆူပူမှုဖြစ်အောင် လုပ်ကြံဖန်တီးခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။

10.6.15

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် နိုင်ငံကြီး ခုနစ်နိုင်ငံ အသိသက်သေ ပါဝင်ရေးသဘောတူ

လ်ာခီးလာထိပ်သီး အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် (NCA) ဆက်လက်ညှိ နှိုင်းရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း လိုက်ပြီး NCA ရေးထိုးရာတွင်  အ မေရိကန်၊ တရုတ်အပါအ၀င်နိုင်ငံ  ခုနစ်နိုင်ငံက အသိသက်သေအ ဖြစ်ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။

9.6.15

NCA စာချုပ်အတွက် အစိုးရနှင့်ဆွေးနွေးရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

 
ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ပြင်ဆင်ဖြည့်စွက်ချက်များအား အစိုးရနှင့် ပြန်လည်ဆွေးနွေးရန် အတွက် “အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။

8.6.15

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ယနေ့လွှဲပြောင်းပေးမည်

  မောင်တောပင်လယ်ရေ ပြင်ပိုင်နက်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၂၀၀ အနက် စိစစ်ပြီးသား ၁၅၀ ကို နှစ်နိုင်ငံအလံတင်အခမ်း အနားပြုလုပ်၍ ယနေ့(ဇွန်လ ၈ ရက်)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

5.6.15

အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

လော်ခီးလာက တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အပစ်ရပ် လက်မှတ် ထိုးနိုင်ရေး ပြဿနာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ ကျင်းပနေသော NCCT ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် ၃ ရက်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌ မူတူးစေဖိုးက NCA ကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပြီး သွေးထွက် သံယိုမရှိသည့် နိုင်ငံရေးတိုက်ပွဲဝင်ဖို့ ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။

အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာ ချက်တစောင် ထုတ်ပြန်သည်။

4.6.15

ဇွန်လ ၄ ရက်နေ့ တတိယနေ့မြောက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ညီလာခံ သဘာပတိ KNPP မှ အေဘယ်တွိ အဖွင့်မိန့်ခွန်း

 အားလုံး မင်္ဂလာပါလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများနှင့်တစ်ကွ ယနေ့တက်ရောက်လာကြ တဲ့ UN ရဲ့ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကိုယ်စားလှယ် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ခင်ဗျာ။

လွှတ်တော်နှင့် အခြားအဖွဲ့များကြား ညီညွတ်မှု ပျက်ပြားစေနိုင်၍ မီဒီယာခန်းမများပိတ်ဟု သူရဦးရွှေမန်း ပြောကြား

 
လွှတ်တော်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းကို မီဒီယာများမှ တိုက်ရိုက်သတင်းရယူ ဖော်ပြနေခြင်းကြောင့် လွှတ်တော်နှင့် တပ်မတော်၊ မီဒီယာများ၊ ပြည်သူလူထုအကြား အထင်အမြင်လွဲမှား၍ ညီညွတ်မှု ပျက်ပြားစေနိုင်သောကြောင့် မီဒီယာခန်းမများ ပိတ်ကာ ပြင်ဆင်သတ်မှတ်ထားသည့် နေရာ၌သာ သတင်းရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ပြိုင်မည်


ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ဖိအားပေးမှုကို လက်ခံသည့် ကြောက်ရွံ့သောနိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြော

ရန်ကုန်၊ တရုတ်-မြန်မာနယ်စပ်တွင် တ ရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်မှုများ ပြု လုပ်နေခြင်းနှင့်ပတ်သက်ပြီး ဖိအားပေး သည်ဟု မမြင်ကြောင်း မြန်မာနိုင်ငံအ နေဖြင့် သူများနိုင်ငံ၏ ဖိအားပေးမှုကို လက်ခံသည့်နိုင်ငံ၊ ကြောက်ရွံ့သည့် နိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

3.6.15

NCA စာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးရန် UN တိုက်တွန်း


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင် ရန် ကုလသမဂ္ဂ(UN) အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကို တိုက်တွန်းလိုက်သည်။

လှေစီးဒုက္ခသည်များအရေး ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်ရန်အဆို ဒီချုပ်ကိုယ်စားလှယ်များ ကန့်ကွက်

မြန်မာ့ရေပိုင် နက်အတွင်းသို့ ရောက်ရှိလာ သည့် လှေစီးရွှေ့ပြောင်းလာသူ များအရေးနှင့်ပတ်သက်၍ ပြတ် သားသော မူဝါဒများချမှတ်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း အဆိုအတည်ဖြစ်ခဲ့သည်။

ဇွန်လ ၂ ရက်တွင်  ပြုလုပ် သည့် (၁၂) ကြိမ်မြောက် အမျိုး သားလွှတ်တော်အစည်းအဝေး၌ ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် မဲခွဲခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ ၁၈၄ ဦးရှိ၍ အတည်ပြုခဲ့သည်။

‘‘ခေတ္တ လက်ခံထားခြင်းမှ အချိန်ကြာသွားတဲ့အခါ မူလက မရှိသည့် တိုင်းရင်းသားအယောင်ဆောင် လူအုပ်စု တစ်စုနှင့် ပူးပေါင်းသွားကြမည်ကို စိုးရိမ်နေကြတယ်။ ထိုတိုင်းရင်းသား အယောင်ဆောင်ပြဿနာကလည်း နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြပါတယ်’’ဟု အဆိုတင်သွင်းသူ ဦးလှဆွေက ပြောသည်။

ဒေါက်တာ နေဇင်လတ်၏ ပါတီနှင့်ပတ်သက်ခြင်း လုံးဝမရှိဟု အစိုးရထုတ်ပြန်

 သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာ နေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ(NDP)နှင့် ပတ် သက်ခြင်း လုံးဝမရှိဟု ပြည်ထောင်စု အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

2.6.15

ကျပ်ခြောက်ဘီလီယံတန်ဖိုးရှိ စစ်မှုထမ်းဟောင်းအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ရန် ပါဝင်လိုသူများ လက်ခံမည်ဟု တပ်ချုပ်ပြောကြား

   

ယခုနှစ်အတွင်း တည် ဆောက်မည့် စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများဆောက်လုပ် ရန် ပူးပေါင်းဆောင်ရွက်လိုသူ များအား လက်ခံမည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း နိုင်ငံပိုင်သ တင်းဌာနများတွင် ဖော်ပြသည်။

ဆီးဂိမ်းအုပ်စု အဖွင့်ပွဲကို အနိုင်ရရန် အဓိကထားပြင်ဆင်မည်ဟု ဦးကြည်လွင် ဆို


၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် ဖြစ်သည့် အင်ဒိုနီးရှား နှင့်ပွဲကို အနိုင်ကစားရန် အဓိကထား ပြင်ဆင်သွားမည်ဟု မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ပြောသည်။

ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် စိုင်းလင်းထံသို့ အစိုးရမှ အကြောင်းကြား



ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအား ပြန်လည်တိုက်ခိုက်လာသော ကိုးကန့်သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် အစိုးရမှ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ စိုင်းလင်းထံသို့ အကြောင်းကြားစာပို့လိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

1.6.15

ကြည့်ရတော့မယ့် အငဲရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော် အငဲ၏ ပထမဆုံး တစ်ကိုယ်တော်ဖြစ်သည့် Live 90 ဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက်တွင် စမ်းချောင်း ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည် ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် အစိုးရကိုယ်စားလှယ်များ၊ ပါတီအပေါ်သက်ဝင်ယုံကြည်သည့် ဒေသခံဝန်ထမ်းများ ၁၀၀ ကျော် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင်ကိုယ်စားလှယ်အချို့ကို အနားပေးရန်စီစဉ်နေဟု ဗဟိုကော်မတီဝင်အချို့ပြော

 ရန်ကုန်၊ မေ ၃၁-၂၀၁၅ရွေးကောက် ပွဲတွင် တပ်မတော်သားကိုယ်စားလှယ် များ အပါအဝင် အစိုးရကိုယ်စားလှယ် များ၊ ပါတီအပေါ်သက်ဝင်ယုံကြည် သည့် ဒေသခံဝန်ထမ်းများ ၁၀ဝကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ယခင် ကိုယ်စားလှယ်အချို့ ကိုအနားပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင်များ ထံမှ သိရသည်။

ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းက အဖြေမဟုတ်နိုင်ပါ


အစိုးရသစ်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို လေ့လာကြည့်ပါက GDP အစရှိသည့် Economic Indication အချို့တက်လာသည်ကို တွေ့ရသော်လည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အားနည်းနေသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ငွေကြေးဖောင်းပွလာခြင်းကို ဖြေရှင် မပေးနိုင်သည့်အတွက် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာကြောင်း၊ အခြားတစ်ဖက်တွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေသဖြင့် နိုင်ငံအနေဖြင့် ပြည်ပ ကြွေးမြီများကို အတိတ်ကာလကဲ့သို့ပင် ထပ်မံယူနေရဆဲဖြစ်ပြီး ငွေစက္ကူသစ်များလည်း ရိုက်ထုတ်နေရကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။