10.6.15

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် နိုင်ငံကြီး ခုနစ်နိုင်ငံ အသိသက်သေ ပါဝင်ရေးသဘောတူ

လ်ာခီးလာထိပ်သီး အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် (NCA) ဆက်လက်ညှိ နှိုင်းရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း လိုက်ပြီး NCA ရေးထိုးရာတွင်  အ မေရိကန်၊ တရုတ်အပါအ၀င်နိုင်ငံ  ခုနစ်နိုင်ငံက အသိသက်သေအ ဖြစ်ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။


ဖွဲ့စည်းလိုက်သောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့တွင် ကရင်အမျိုး သားအစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်ကခေါင်း ဆောင်အဖြစ်ပါဝင်မည်ဖြစ်ပြီး ကေအိုင်အိုအထွေထွေအတွင်း ရေးမှူး ဒေါက်တာလဂျာက ဒုတိ ယခေါင်းဆောင်၊ ချင်းအမျိုးသား တပ်ဦးမှ ခေါင်းဆောင်တစ်ဦးဖြစ် သူ ပူးဇင်ကျုံးက ဒုတိယခေါင်း ဆောင် (၂)အဖြစ် တာဝန်ယူထား သည်ဟု NCCT ကပြောသည်။

‘‘NCCT က ညှိနှိုင်းလာတဲ့ NCA မူကြမ်းကို ပြင်ဆင်ဖြည့်စွက် ချက်နဲ့အတူ အတည်ပြုတယ်။ ဒါ က အစည်းအဝေးဆုံးဖြတ်ချက် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တဲ့အ ချက်တွေကို ဆက်ပြီးညှိနှိုင်းဖို့အ တွက် သဘောတူညီမှုရဖို့ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့တာဖြစ်ပါ တယ်’’ဟု KNU အထွေထွေအ တွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း ကဆိုသည်။


NCA လက်မှတ်ရေးထိုးရာ တွင် အသိသက်သေအဖြစ် ကုလ သမဂ္ဂနှင့် အမေရိကန်၊ ဗြိတိန်၊တ ရုတ်၊ နော်ဝေး၊ ဂျပန်၊ ထိုင်း၊ အိန္ဒိ ယတို့ ပါဝင်ရန်ဆုံးဖြတ်ခဲ့ကြောင်း NCCT ခေါင်းဆောင်များကပြော သည်။

အသစ်ဖွဲ့လိုက်သည့် ညှိနှိုင်း ရေးအဖွဲ့တွင် ရခိုင်၊ တအာင်န်း၊ ကိုးကန့်အဖွဲ့တို့ပါဝင်ခြင်းမရှိပေ။ NCCT ကို ဆက်လက်ထားရှိမည်၊ မရှိမည်ကို အစည်းအဝေးနောက် ဆုံးဖြစ်သော ဇွန်လ ၉ ရက်တွင်ဆုံးဖြတ်မည်ဖြစ်သည်။
Credit to>>>7Day Daily

0 comments:

Post a Comment