ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

9.12.14

ဟာဂူပစ်မုန်တိုင်းကြီး ဖိလစ်ပိုင်တွင်တိုက်ခတ်၊ ၂၁ဦးသေဆုံး

ဖိလစ်ပိုင်အရှေ့ပိုင်းတလွှား ကို ဒီဇင်ဘာ ရရက်၌ ဟာဂူပစ်တိုင် ဖွန်းမုန်တိုင်းတိုက်ခတ်ရာ အနည်း ဆုံး လူ ၂၁သေဆုံးပြီး လူအများ အပြားဘေးဒုက္ခရောက်ကြောင်း သိရ သည်။

ထိုမုန်တိုင်းသည် ပစိဖိတ်သ မုဒ္ဒရာမှ တိုက်ခတ်လာခြင်းဖြစ်သည်။

ဟာဂူပစ်မုန်တိုင်းသည် ဒီဇင်ဘာ ၆ ရက်၌ ငါးလုပ်ငန်းလုပ်ကိုင်သော လူ့အသိုက်အဝန်းများ နေထိုင်ရာ ဝေးလံသီခေါင်သော ဆမာရ်ကျွန်း ကို တစ်နာရီလျှင် ကီလိုမီတာ ၂၁၀ နှုန်းဖြင့်တိုက်ခတ်သည်ဟု ဒေသမိုး လေဝ သ အေဂျင်စီပါဂါဆာက ဆို သည်။

ဖိလစ်ပိုင်တွင် ယခုနှစ်အတွင်း တိုက်ခတ်သည့် မုန်တိုင်းများတွင် ဟာဂူပစ်သည် အပြင်းဆုံးမုန်တိုင်း ဖြစ်သည်။

''အိမ်အများအပြားပျက်စီး တယ်။ အထူးသဖြင့် ကမ်းရိုးတန်း နယ်မြေတွေမှာ ပိုပျက်စီးတယ်။ သစ် ပင်တွေလဲတယ်။

လျှပ်စစ်ဓာတ်အား ပေးလိုင်းတွေပျက်စီးတယ်။ အိမ် သွပ်မိုးတွေ လန်ကုန်တယ်။ မုန်တိုင်း ကြောင့် မိုးပြင်းပြင်းထန်ထန်ရွာပြီး ရေလျှံတယ်''ဟု ကတ်ဘလို ဂန်မြို့ တော်ဝန် စတီဖာနီအီတန်က AFP သို့ တယ်လီဖုန်းဖြင့် ပြောပြသည်။

ယမန်နှစ်ကလည်း ဖိလစ်ပိုင် တွင် ဟိုင်ယန်မုန်တိုင်းတိုက်ခဲ့ရာလူ ၇၃၅၀ ကျော်သေဆုံးခဲ့ရသည်။ ဖိ လစ်ပိုင်သည် မုန်တိုင်းဒဏ်နှစ်စဉ် ခံရသောကြောင့်ပြင်ဆင်မှုများ၊ ရွှေ့ ပြောင်းမှုများကို ကြိုတင်ဆောင်ရွက် ထားရှိနိုင်သည်။

ဖိလစ်ပိုင်တွင် အဓိကမုန်တိုင်း ၂၀ ခန့်နှစ်စဉ်တိုက်ခတ်သည်။ ငလျင် လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်းများ လည်းဖြစ်သည်။ ဖိလစ်ပိုင်သည်သ ဘာဝဘေးဒဏ်ခံရဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဧရာမမုန်တိုင်း ကြီးများ နှစ်စဉ်ဖြစ်ပေါ်တိုက်ခတ် လာခြင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာသည်ကို ပြနေသည် ဟု ကမ္ဘာလုံးဆိုင်ရာ GreenPeace အဖွဲ့အကြီးအကဲ ကုမီနိုင်ဒူးက ဆို သည်။

Ref : CNA  (Democracytoday)

စနိုဒင်ကို ရုရှားတွင်ဆက်လက်နေထိုင်ရေး ရုရှားထောက်လှမ်းရေးက အန်နာချာမန်ကိုစေလွှတ်ကာ မြူဆွယ်ခိုင်းခဲ့ဟု ဆို

ရုရှားထောက်လှမ်းရေး အေးဂျင့်ဟောင်း တစ်ဦးဖြစ်သူအန်တာချာမန်ကို
ထောက်လှမ်းရေးအကြီးအကဲက အက်ဝပ်စနိုဒင်အား ရုရှားတွင်ဆက်လက်နေ
ထိုင်စေရန် မြူဆွယ်ခိုင်းခဲ့သည်ဟု ကေဂျီဘီအေးဂျင့်ဟောင်းဘိုးရစ်က ထုတ်ဖော်
ပြောဆိုလိုက်သည်။ အသက် ၃၁ နှစ်အရွယ်စနိုဒင်ကို ရုရှားတွင်ပင်ဆက်လက်
နေထိုင်စေကာ မေးခွန်းများဆက်လက်မေးမြန်းနိုင်စေရန်အတွက် အသက် ၃၂
စနိုဒင်ကို ရုရှားတွင်ဆက်လက်နေထိုင်ရေး ရုရှားထောက်လှမ်းရေးက
အန်နာချာမန်ကိုစေလွှတ်ကာ မြူဆွယ်ခိုင်းခဲ့ဟု ဆိုနှစ်အရွယ်အန်နာကိုမြူ
ဆွယ်ခိုင်းခဲ့ခြင်းဖြစ်ကာ ၄င်းတို့နှစ်ဦးသည် တစ်ကြိမ်သာဆုံ
ဖူးသော်လည်း အန်နာက ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် လက်ထပ်ခွင့်တောင်းခဲ့
သည်။စနိုဒင်က လက်ထပ်ခွင့်ကို လက်ခံခဲ့သည်
ဆိုပါက ရုရှားနိုင်ငံသားဖြစ်ခွင့်ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံမှထွက်ခွာရန်လိုပါက ခွင့်
ပြုချက်တောင်းခံရတော့မည်ဖြစ်သည်။ရုရှား၏ကေဂျီဘီအေးဂျင့်အဖြစ်၁၅နှစ်ကြာ
လုပ်ကိုင်ခဲ့သောဘိုးရစ်ကဗြိတိန်သို့ထွက်ပြေးခဲ့သော်လည်း ရုရှားရှိ မိတ်ဆွေများနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး စနိုဒင်က
ချာမန်နှင့်ပတ်သက်မိပါက ဖြစ်လာမည့်အကျိုးဆက်များအတွက် စိုးရိမ်နေသည်
ဟု သိရသည်။ ၂၀၀၂ ခုနှစ်တွင် ဗြိတိန်၌အဲလက်စ်ချာမန်နှင့် အိမ်ထောင် ပြုခဲ့ဖူးပြီး
၂၀၀၆ ခုနှစ်တွင်ကွဲခဲ့ကာ ရုရှား သူလျှိုဖြစ်ကြောင်းပေါ်ပေါက်ခဲ့ချိန်တွင်
ဗြိတိန်နိုင်ငံကူးလက်မှတ် ရုတ်သိမ်းခံခဲ့ရသေးသည်။ ကေဂျီဘီအေးဂျင့်တစ်ဦး၏ သမီးဖြစ်သူ ချာမန်က ၂၀၁၀ ပြည့်နှစ် တွင် ရုရှားသူလျှိုဟုသံသယရှိမှုဖြင့် အခြားကိုးဦးနှင့်အတူ ဗြိတိန်၌ဖမ်းဆီးခံခဲ့ရပြီး ရုရှားသို့ပြန်ပို့ခံခဲ့ရ
သည်။ ရုရှားသို့ ပြန်လည်ရောက်ရှိလာကတည်းကတီဗီတင်ဆက်သူ၊မော်ဒယ်လ်
နှင့်ဖက်ရှင်တံဆိပ်လုပ်ငန်းများလုပ်ကိုင်ပြီးထင်ရှားလာခဲ့သည်။ စနိုဒင်က ဟာဝိုင်အီတွင် ကာလရှည်ကြာတွဲခဲ့သော ချစ်သူလင်ဆေးမီးလ်ကို
ထားခဲ့ရခြင်းဖြစ်ပြီး လင်ဆေးမှာ တိုင်ပတ်အကမယ်တစ်ဦးဖြစ်သည်။

Pyimyanmar

တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းမည့် အစီအစဉ် စတင်

တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းသည့် အနေနှင့် ဥပဒေအရ အသိအမှတ်ပြုသည့် ဝတ်ပြုကျောင်းများဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အစီအစဉ်ကို ပြုလုပ်နေလျက် ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

တာအိုကျောင်းတော်များနှင့် ဗုဒ္ဓဘာသာကျောင်းများကို အစိုးရ အသိအမှတ်ပြု ဖြစ်ကြောင်း သိသာစေမည့် စာရွက်စာတမ်းများကို ကျောင်းအပြင်များတွင် ချိတ်ဆွဲထားမည် ဖြစ်သည်။

ယင်းသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ဘုန်းကြီးအတုများ၊ ဘုန်းတော်ကြီးကျောင်း အတုများနှင့် အမှန်စင်စစ် သာသနာ့ နယ်မြေများကို ခွဲခြားနိုင်ရန် ဖြစ်သည်ဟု တရုတ်အာဏာပိုင်တို့က ဆိုသည်။

အချို့လူပုဂ္ဂိုလ်များသည် ဘုန်းတော်ကြီးများ အယောင်ဆောင်လျက် သာသနာ့ နယ်မြေများတွင် ဧည့်သည်များထံမှ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု တရုတ်အာဏာပိုင်က ထောက်ပြထားသည်။

“ဘုန်းကြီးအတုတွေ ငှားထားပြီးတော့ လာတဲ့ ဧည့်သည်တွေကို လှည့်စားပြီး ငွေအလှူခံတာတို့၊ ဈေးကြီးတဲ့ အမွှေးနံ့သာတွေ ရောင်းတာတို့ လုပ်နေပါတယ်” ဟု တရုတ်သာသနာရေး ဌာနမှ အရာရှိ လုဝေက ပြောကြားသည်။

လာရောက်လည်ပတ် ဘုရားဖူးလာကြသူများ သိသာနိုင်စေမည့် ဘုရားကျောင်း အပြင်ဘက်တွင် သာသနာရေးက ထုတ်ပေးထားသော အသိအမှတ်ပြု လက်မှတ်များ ချိတ်ဆွဲထားရန် ညွှန်ကြားထားသေးသည်။

မြို့တော်ဘေဂျင်းရှိ ဘုရားကျောင်း နှစ်ကျောင်းကို ယင်းအသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကာ ထိုစနစ်အတိုင်း တစ်တိုင်းပြည်လုံးကို လုပ်ဆောင်စေမည် ဖြစ်သည်။

မည်သည့် ဘာသာရေး လှုပ်ရှားမှုမျိုးမဆို အကျိုးအမြတ် ရယူခြင်းကို တရုတ်တွင် တားမြစ်ထားပါသည်ဟု Xinhua သတင်းက ရေးသားဖော်ပြထားသည်။

တရုတ်တွင် ဘာသာရေးကို စီးပွားရေးသဖွယ် လုပ်ဆောင်နေမှုများကို ဖော်ထုတ်ပြီး အရေးယူမှုများ လုပ်ဆောင်နေခဲ့သည်။

၂၀၁၃ ခုနှစ်တွင်လည်း UNESCO က အသိအမှတ်ပြုထားသော ဝူတန်တောင်တွင် ရှိသော ဘုရားကျောင်း နှစ်ကျောင်းကို ရဟန်းတုများ ငှားရမ်းအသုံးပြုမှုဖြင့် ချိပ်ပိတ်ခဲ့သည်။

The Voice Weekly

ပဲရစ်တွင် ၂ဝ၂ဝ ပြည့်နှစ်၌ ဒီဇယ်ကားများ ပိတ်ပင်သွားမည်ဟု မြို့တော်ဝန် ကြေညာ


ပြင်သစ်နိုင်ငံပဲရစ်မြို့တော်ဝန် က လေထုညစ်ညမ်းမှုကို ဖယ်ရှားရန် အတွက် ၂ဝ၂ဝ ပြည့်နှစ်မှစ၍ ပဲရစ်မြို့၌ ဒီဇယ်ကားများ အသုံးပြု မှုကိုပိတ်ပင်သွားမည့် အခြေခံကျ သည့် စီမံချက်ကိုကြေညာလိုက် သည်။

အင်းဟီဒေလ်ဂိုက ထပ်မံပြော ကြားသည်မှာ ပဲရစ်မြို့လယ်မှ လူသွား လူလာအတော်အတန်များသည့် နေ ရာများတွင် ပုဂ္ဂလိကမော်တော်ကား များအသုံးပြုခြင်းကို သိသိသာသာလျှော့ ချသွားမည်ဖြစ်ရာ၊ စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်များ၌ စတင်လုပ်ဆောင် မည်ဖြစ်ပြီး နောက်ပိုင်းရက် သတ္တပတ်လုံးကျင့် သုံးသွားမည်ဟု ဆိုသည်။

ဤဒေသတွင်း၌ မော်တော်ကား များ အသုံးပြုခြင်းအား ဒေသအတွင်း နေသူများ၏ ကားများကိုလျှော့ချသွား မည်ဖြစ်ကြောင်း၊ အရေးပေါ်ကား များနှင့် ပစ္စည်းပို့ကားများကိုသာ မောင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ဘတ်စ်ကား၊ တက္ကစီနှင့် စက်ဘီးများ ကို ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

လန်ဒန်မြို့အပါအဝင် ဥရောပ တိုက်မှ မြို့ကြီးများမှ မြို့တော်ဝန်များ က ဒီဇယ်ကားများမှ ကာဗွန်ထုတ် လွှတ်မှုအား မည်သို့ကိုင်တွယ်ရ မည်ကို အခက်ကြုံလျက်ရှိနေကြ သည်။ ထိုဒီဇယ်ကားများမှ ထုတ် လွှတ်သည့် သေးငယ်သော အမှုန် အမွှားများနှင့် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့တို့မှာ လူ၏ကျန်း မာရေးကို ထိခိုက်စေလျက်ရှိသည်။ ပြင်သစ်သည် ဥရောပ၌ ဒီဇယ်ကား အများဆုံးအသုံးပြုလျက်ရှိသည်။ ယခုနှစ်ပထမခြောက်လအတွင်း ရောင်းချခဲ့သည့် ကားအသစ် ၆၅ ရာခိုင်နှုန်းမှာ ဒီဇယ်ကားများဖြစ် ကြသည်ဟု ဆိုသည်။

''အခြေအနေကတော့ရှင်းပါ တယ်၊ ကျွန်တော်က ၂ဝ၂ဝမှာ ပဲရစ် မြို့မှာ ဒီဇယ်ကားတွေကို အဆုံးသတ် သွားမှာဖြစ်လို့ ကားလမ်းပိတ်ဆို့မှု ကိုလည်း ရှင်းသွားမယ်''ဟု ဟီဒေလ်ဂို က ဒိုင်မန်ချီဂျာနယ်သို့ ပြောကြား ခဲ့သည်။ အကယ်၍ ပဲရစ်မြို့ထဲမှ စီးပွားရေးလုပ်ငန်းသုံးမဟုတ်သည့် လော်ရီကားများကိုလည်း အဝင်မခံ ဘဲ ပိတ်ပင်သွားမည်ဟု သူမက ပြောသည်။

မြို့တော်အတိုက်အခံခေါင်း ဆောင်နာသာလီကိုစီစကိုမိုရီဇက် က မြို့တော်က ဤအခြေအနေကို စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၄င်း၏ တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။

ဤလုပ်ဆောင်မှုကြောင့် တချို့ ကားသမားများအတွက် အခက်အခဲ ဖြစ်ပွားနိုင်ကြောင်း၊ ဓာတ်ဆီထက် ဈေးပေါသည့် ဒီဇယ်သို့ပြောင်းလဲထား သူများဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် သင့်လျသည့်ကားများဝယ်ယူပါက ငွေကြေးထောက်ပံ့မှုရှိမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောခဲ့သည်။

ပဲရစ်မြို့တွင် ယခုနှစ်မှစ၍ လေထုညစ်ညမ်းမှု သက်သာအောင် အလှည့်ကျ ကားမောင်းနေ့သတ်မှတ် လုပ်ဆောင်လျက်ရှိသည်။

ပြင်သစ်တွင် ဒီဇယ်ကားများကို တဖြည်းဖြည်းလျှော့ချသွားမည်ဟု ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဘေလ် က ပြောကြားခဲ့သည်။

Ref: The Guardian

ဟာဂူပစ် မုန်တိုင်းအလွန် ရှင်းလင်းမှုများ ဖိလစ်ပိုင်တွင် စတင်လုပ်ဆောင်နေ

ဖိလစ်ပိုင် နိုင်ငံတွင် လူပေါင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့သည့် ဟာဂူပစ်မုန်တိုင်း တိုက်ခတ်မှုအပြီး ရှင်းလင်းရေး လုပ်ငန်းများ စတင်နေပြီဟု သတင်းရရှိသည်။

တိုင်ဖွန်းအဆင့်မှ အပူပိုင်း မုန်တိုင်းအဆင့်ထိ လျော့ကျအားနည်းသွားပြီဖြစ်သည့် ဟာဂူပစ် မုန်တိုင်းသည် ဖိလစ်ပိုင်၏ မြို့တော် မနီလာကို ပြင်းပြင်းထန်ထန် ထိခိုက်သက်ရောက်မှုမျိုး မဖြစ်ပေါ်စေခဲ့ဟုလည်း ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖိလစ်ပိုင် အရှေ့ပိုင်း ဆာမားကျွန်းကို ဝင်ရောက်တိုက်ခတ်ချိန်တွင် ဟာဂူပစ် မုန်တိုင်း၏ ပြင်းထန်မှုသည် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ (၂၁၀)ထိ ရောက်ရှိခဲ့သည်။ မုန်တိုင်းသည် မနီလာမြို့တော်ကို ဒီဇင်ဘာ ၈ ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတို့တွင် ဖြတ်သန်း တိုက်ခတ်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ဟု သတင်းများက ဖော်ပြခဲ့သည်။

သို့သော်လည်း ဆင်းရဲနွမ်းပါးသူများ၊ အိမ်ခြေမဲ့များနှင့် မြစ်ကမ်းဘေး နေထိုင်သူများမှာမူ ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများသို့ ပြောင်းရွှေ့နေခဲ့ကြကြောင်း သိရသည်။ မနီလာတွင် မိုးသည်းထန်ခဲ့သော်လည်း အလွန်ဆိုးရွားသည့် ရာသီဥတု အလွန်ဆိုးရွားခြင်း မရှိခဲ့ဘဲ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လုပ်ငန်းများ၊ အလုပ်ခွင်များ ပုံမှန် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။

မုန်တိုင်း အားကောင်းနေဆဲ ကာလတွင် ဖြတ်သန်းတိုက်ခတ်လာရာ ဒေသများ၌မူ စုစုပေါင်း အသေအပျောက်စာရင်း (၂၇)ဦးထိ ရှိလာပြီဟု ဖိလစ်ပိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ရစ်ချတ်ဂေါ်ဒွန်က AFPသို့ ပြောကြားခဲ့သည်။ ဆာမားနှင့် အခြားသော ဒေသအချို့တွင် နောက်ထပ် စာရင်းကောက်ယူမှုများ ပြုလုပ်ပြီးပါက အသေအပျောက် ပမာဏ ယခုထက် မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ယခုအခါ မုန်တိုင်းသင့် ဒေသများတွင် ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

ဟာဂူပစ်သည် ဒီဇင်ဘာ ၉ ရက်တွင် အပူပိုင်း မုန်တိုင်းအဆင့်မှ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အင်အားယုတ်လျော့သွားပြီး အနောက်ဘက် ကျွန်းစုများနှင့် တောင်တရုတ် ပင်လယ်ဘက် ဆက်လက် ရွေ့လျားနေဆဲဟု သိရှိရသည်။

_Ref: Channelnewsasia

ဟာဂူပစ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၇ ဦး ရှိပြီ

ဖိလစ်ပိုင်ကျွန်းစုအလယ်ပိုင်းကို ဖြတ်သန်းပြီး တိုင်ဖွန်းမုန်တိုင်း ဟာဂူပစ် တိုက်ခတ်နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်ရှိသွားပြီလို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

လူအများပြားကတော့ စာမာခရိုင်အရှေ့ပိုင်း ဘိုရွန်ဂံမြို့မှာ ရေကြီးချိန် ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် အိမ်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြိုကျကုန်ပြီး မြေပြိုမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။

လူ ၆ သောင်း ၄ ထောင်နေတဲ့ ဘိုရွန်ဂံမြို့မှာ အိမ်ခြေ ၂၅၀၀ လောက် ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်အမျိုးသား ကြက်ခြေနီအသင်းရဲ့ ဥက္ကဋ္ဌ ရစ်ချတ် ဂေါ်ဒွန်က ပြောပါတယ်။

မြို့တော် မနီလာရဲ့ တောင်ဘက်ခရိုင်တွေမှာ မုန်တိုင်းမွှေခဲ့လို့ လှိုင်းကြီးပြီး ရေလွှမ်းခဲ့တဲ့အတွက် မြေနိမ့်ဒေသတွေနဲ့ မြစ်ချောင်းတွေနားမှာ နေတဲ့လူတွေ ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက ယာယီခိုလှုံရာနေရာတွေဆီကို ရွှေ့ပြောင်းပေး ထားပြီးပါပြီ။

လူ ၁၂ သန်းနေတဲ့ မြို့တောင်ပိုင်းက လူဇုံကျွန်းမကြီးကို မုန်တိုင်းက ဦးတည်တိုက်ခတ်နေလို့ မြို့တော် မနီလာကိုလည်း ပိတ်ထားရပါတယ်။

မုန်တိုင်းဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ကုန်းတွင်းဝင်ပြီးတည်းက အားပျော့ပြီး အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်ခဲ့ပေမယ့်  မုန်တိုင်းဒီရေ တက်မယ့် အလားအလာကြောင့် လူ ၅၀၀၀ လောက်က ယာယီ ခိုလှုံရာနေရာတွေမှာ နေရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟိုင်ရန်မုန်တိုင်းကတော့ မှတ်တမ်းတင်ခဲ့သမျှ ကုန်းတွင်းမုန်တိုင်းတွေထဲမှာ အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး လူ ၇ ထောင်ကျော် သေဆုံးခဲ့တာပါ။

အာဏာပိုင်တွေဟာ ဟိုင်ရန်တိုင်ဖုန်းမုန်တိုင်း သင်ခန်းစာတွေကို ယူပြီး အခု မုန်တိုင်း မလာခင် ကြိုတင်ပြီး ကယ်ဆယ်နေရာချထားမှုတွေ အကြီးအကျယ် လုပ်ခဲ့တာပါ။

ကမ်းရိုးတန်းဒေသတွေက တချို့မြို့ရွာတွေနဲ့ မြေပြိုလေ့ရှိတဲ့ဒေသတွေကို လူမကျန်အောင် ကယ်ထုတ်ခဲ့ပါတယ်။

ဟာဂူပစ် မုန်တိုင်းဟာ အခုတော့ အနောက်မြောက်ဘက်ကို ၁ နာရီ ၈ မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး လေတိုက်နှုန်းက ၁ နာရီ ၅၃ မိုင်ထိ ကျသွားပြီလို့ ပဂါစာ မိုးလေဝသဗျူရိုက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ ညနေမှာတော့ မနီလာမြို့တော် တောင်ပိုင်းကို ဖြတ်သန်းပြီး မနီလာပင်လယ်အော်ကို ဆက်လက် ထွက်သွားမှာပါ။

မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကနေ လာမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထွက်ခွာဖို့ မျှော်လင့်တယ်လို့ ပဂါစာ မိုးလေဝသဗျူရိုက ခန့်မှန်းထားပါတယ်။

DVB

ဗြိတိန်မင်းသား William ၀ါရှင်တန်မြို့တော် အလည်ရောက်

ဗြိတိသျှတော်ဝင်မင်းသား ၀ီလျှံဟာ ပထမဆုံးအကြိမ်အဖြစ် မြို့တော်ဝါရှင်တန်ကို တနင်္လာနေ့မှာ ရောက်ရှိလာပါတယ်။ အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်အရိုက်အရာကို ဆက်ခံဖို့ရှိနေတဲ့ မင်းသားဝီလျှံက ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမ၀င်ကုန်ကူးမှုကို တိုက်ဖျက်ဖို့ တောင်းဆိုသွားပါတယ်။

မင်းသားဝီလျှံဟာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို အိမ်ဖြူတော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေတဲ့ ကျယ်ပြန့်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် မင်းသားဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သူနဲ့အတူ ကြင်ယာတော်ကိတ်နဲ့ ညီဖြစ်သူ မင်းသားဟယ်ရီတို့ တည်ထောင်ထားတဲ့ ဗြိတိန်နိုင်ငံက တောရိုင်းတရိစ္ဆာန် စောင့်ရှောက်ရေး ညီညွတ်မှု အသင်းဟာဆိုရင် လေကြောင်းကနေ ရေကြောင်းလိုင်းတွေအထိပါဝင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို စစ်ဆေးမှုအသစ်တွေ ပြုလုပ်တဲ့နေရာမှာ ဦးဆောင်လုပ်ကိုင်နေတယ်လို့ မင်းသားဝီလျှံက ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ တရားမ၀င် တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုမှာ ပစ္စည်းတင်ပို့သူတွေနဲ့ ၀ယ်ယူသူတွေကြား ဆက်သွယ်မှုကို ဖြတ်တောက်တာဖြစ်တယ်လို့ မင်းသား ၀ီလျှံက ပြောပါတယ်။

မင်းသားဝီလျှံ ၀ါရှင်တန်မှာရောက်နေစဉ်အတွင်း ဒုတိယရင်သွေး ကိုယ်ဝန်ဆောင်ထားတဲ့ သူ့ရဲ့ကြင်ယာတော်ကိတ်ဟာ နယူးယောက်မြို့တော်ဝန် Bill de Blasio ရဲ့ ဇနီး Chirlane McCray နဲ့အတူ နယူးယောက် ကလေးသူငယ် ဖွံ့ဖြိုးရေးစင်တာကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ တော်ဝင်မင်းသားနဲ့ ကြင်ယာတော်တို့ရဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါတယ်။ တော်ဝင်ဇနီးမောင်နှံတို့ဟာ နယူးယောက်ကို တနင်္ဂနွေနေ့က ဆိုက်ရောက်ခဲ့ပြီး သုံးရက်ကြာ အမေရိကန်ခရီးစတင်ခဲ့တာဖြစ်ပါတယ်။

VOA

ကွန်ပျူတာပရိုဂရမ် ရေးဆွဲသော ပထမဦးဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား

အမေရိကန်သမ္မတ အိုဘားမားသည် နှစ်စဉ်ကျင်းပနေကျဖြစ်သော Computer Science Education Week တွင် အလွန်ရိုးရှင်းသည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာပရိုဂရမ်သည် အလွန်ရိုးရှင်းလှပြီး screen ပေါ်တွင် စတုရန်းပုံရေးဆွဲရသည့် ပရိုဂရမ်သာ ဖြစ်သည်။ ကွန်ပျူတာသိပ္ပံ ပညာရေးကို လူအများ စိတ်ပါဝင်စားစေရန် ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သော Code.org ကို တွဲဖက်တည်ထောင်သူ ဟာဒီပါတိုဗီက ပရိုဂရမ်ကို စတင်ရေးဆွဲသူများသည် ရိုးရှင်သော အရာများဖြင့်သာ စတင်ကြကြောင်း၊ မည်သူမျှ ခက်ခဲရှုပ်ထွေးသည့် ဂိမ်းကို စတင်ဖန်တီးလေ့မရှိကြောင်း ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က အိုဘားမားသည် Computer Science Education Week ကို လူအများ စိတ်ပါဝင်စားမှုရှိလာစေရန် YouTube ဗီဒီယိုတစ်ခုဖြင့် ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် ကွန်ပျူတာ သိပ္ပံပညာရပ် သင်ကြားထားခြင်းသည် ပြည်သူတို့၏ အနာဂတ်အတွက် အရေးကြီးရုံသာမက နိုင်ငံ၏ အနာဂတ် အတွက်လည်း အရေးကြီးကြောင်း သမ္မတအိုးဘားမားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Code.org သည် လူတိုင်း ပရိုဂရမ်အခြေခံများ သင်ကြားနိုင်သည်ကို ပြသလိုသောကြောင့် တစ်နာရီအတွင်း ပရိုဂရမ်ရေးဆွဲနိုင်ရန်အတွက် ကျောင်းသားအားလုံးကို လှုံ့ဆော်သည့် အနေဖြင့် Hour of Code အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် Code.org သည် နာရီပေါင်းများစွာ ကြာမြင့်သော သင်ခန်းစာများ ပါဝင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးခဲ့သည်။

Code.org မှဦးစီး၍ ကျင်းပသော Computer Science Education Week ကို အိမ်ဖြူတော်တွင် ပြုလုပ်ပေးခဲ့ပြီး နယူးဂျာစီပြည်နယ်၊ နယူးဝက်ခ်မြို့ရှိ South Seventeenth Street ကျောင်းမှ အလယ်တန်း ကျောင်းသား ၂၀ ဦးနှင့် အိုးဘားမားတို့ တွေ့ဆုံစေကာ Hour of Code သင်ခန်းစာများကို လေ့လာခဲ့ကြသည်။ အိုဘားမားသည် သင်ခန်းစာ အစမှ အဆုံးကို ပြီးပြတ်အောင် သင်ယူခြင်း မရှိသော်လည်း ကျောင်းသားများ လုပ်ကိုင်နေသည်ကို ကြည့်ရှုခဲ့ကြောင်း ပါတိုဗီက ပြောဆိုခဲ့သည်။ သမ္မတအိုဘားမားသည် Google ၏ Blockly tool နှင့် programming ဘာသာစကား JavaScript နှစ်မျိုးစလုံးကို အသုံးပြုရေးဆွဲရသည့် လေ့ကျင့်ခန်းအချို့ကို သင်ယူခဲ့ကြောင်း သိရသည်။

Ref: Wired