9.12.14

စနိုဒင်ကို ရုရှားတွင်ဆက်လက်နေထိုင်ရေး ရုရှားထောက်လှမ်းရေးက အန်နာချာမန်ကိုစေလွှတ်ကာ မြူဆွယ်ခိုင်းခဲ့ဟု ဆို

ရုရှားထောက်လှမ်းရေး အေးဂျင့်ဟောင်း တစ်ဦးဖြစ်သူအန်တာချာမန်ကို
ထောက်လှမ်းရေးအကြီးအကဲက အက်ဝပ်စနိုဒင်အား ရုရှားတွင်ဆက်လက်နေ
ထိုင်စေရန် မြူဆွယ်ခိုင်းခဲ့သည်ဟု ကေဂျီဘီအေးဂျင့်ဟောင်းဘိုးရစ်က ထုတ်ဖော်
ပြောဆိုလိုက်သည်။ အသက် ၃၁ နှစ်အရွယ်စနိုဒင်ကို ရုရှားတွင်ပင်ဆက်လက်
နေထိုင်စေကာ မေးခွန်းများဆက်လက်မေးမြန်းနိုင်စေရန်အတွက် အသက် ၃၂
စနိုဒင်ကို ရုရှားတွင်ဆက်လက်နေထိုင်ရေး ရုရှားထောက်လှမ်းရေးက
အန်နာချာမန်ကိုစေလွှတ်ကာ မြူဆွယ်ခိုင်းခဲ့ဟု ဆိုနှစ်အရွယ်အန်နာကိုမြူ
ဆွယ်ခိုင်းခဲ့ခြင်းဖြစ်ကာ ၄င်းတို့နှစ်ဦးသည် တစ်ကြိမ်သာဆုံ
ဖူးသော်လည်း အန်နာက ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် လက်ထပ်ခွင့်တောင်းခဲ့
သည်။စနိုဒင်က လက်ထပ်ခွင့်ကို လက်ခံခဲ့သည်
ဆိုပါက ရုရှားနိုင်ငံသားဖြစ်ခွင့်ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံမှထွက်ခွာရန်လိုပါက ခွင့်
ပြုချက်တောင်းခံရတော့မည်ဖြစ်သည်။ရုရှား၏ကေဂျီဘီအေးဂျင့်အဖြစ်၁၅နှစ်ကြာ
လုပ်ကိုင်ခဲ့သောဘိုးရစ်ကဗြိတိန်သို့ထွက်ပြေးခဲ့သော်လည်း ရုရှားရှိ မိတ်ဆွေများနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး စနိုဒင်က
ချာမန်နှင့်ပတ်သက်မိပါက ဖြစ်လာမည့်အကျိုးဆက်များအတွက် စိုးရိမ်နေသည်
ဟု သိရသည်။ ၂၀၀၂ ခုနှစ်တွင် ဗြိတိန်၌အဲလက်စ်ချာမန်နှင့် အိမ်ထောင် ပြုခဲ့ဖူးပြီး
၂၀၀၆ ခုနှစ်တွင်ကွဲခဲ့ကာ ရုရှား သူလျှိုဖြစ်ကြောင်းပေါ်ပေါက်ခဲ့ချိန်တွင်
ဗြိတိန်နိုင်ငံကူးလက်မှတ် ရုတ်သိမ်းခံခဲ့ရသေးသည်။ ကေဂျီဘီအေးဂျင့်တစ်ဦး၏ သမီးဖြစ်သူ ချာမန်က ၂၀၁၀ ပြည့်နှစ် တွင် ရုရှားသူလျှိုဟုသံသယရှိမှုဖြင့် အခြားကိုးဦးနှင့်အတူ ဗြိတိန်၌ဖမ်းဆီးခံခဲ့ရပြီး ရုရှားသို့ပြန်ပို့ခံခဲ့ရ
သည်။ ရုရှားသို့ ပြန်လည်ရောက်ရှိလာကတည်းကတီဗီတင်ဆက်သူ၊မော်ဒယ်လ်
နှင့်ဖက်ရှင်တံဆိပ်လုပ်ငန်းများလုပ်ကိုင်ပြီးထင်ရှားလာခဲ့သည်။ စနိုဒင်က ဟာဝိုင်အီတွင် ကာလရှည်ကြာတွဲခဲ့သော ချစ်သူလင်ဆေးမီးလ်ကို
ထားခဲ့ရခြင်းဖြစ်ပြီး လင်ဆေးမှာ တိုင်ပတ်အကမယ်တစ်ဦးဖြစ်သည်။

Pyimyanmar

0 comments:

Post a Comment