ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.9.15

ပါတီကိုကြည့်၍ မဲပေးမည့်သူ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း 7 Day အွန်လိုင်းစစ်တမ်းတွင် ဖော်ပြ


လာမည့်ရွေးကောက်ပွဲ တွင် ပါတီကိုကြည့်၍ မဲပေးမည် လား၊ အမတ်လောင်းကိုကြည့်၍ မဲပေးမည်လားဟု 7 Day က အွန် လိုင်းစစ်တမ်း ကောက်ယူခဲ့ရာ ဖြေဆိုသူအားလုံး၏ ၈၀ ရာခိုင် နှုန်းခန့်က ပါတီကိုကြည့်၍ မဲပေး မည်ဟု ဖြေဆိုသည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးများ ပြုပြင်ပြောင်းလဲရန်လိုအပ်ဟု ဒုသမ္မတဦးဉာဏ်ထွန်းပြော

 အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ ရှုပ်ထွေးပြီး အ ချိန် ကြာမြင့်သဖြင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲ ဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်ရေး လိုအပ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ် ထွန်းက ပြောကြားသည်။

KIO/KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် ရန်ကုန်ရောက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးရေးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း KIO/KIA အဖွဲ့ထံမှ သိရှိရသည်။

စစ်တပ်ကိုထိန်းချုပ်နိုင်ရန် လွှတ်တော် အခရာကျဟုဆို


 စစ်တပ်ကို ပြည်သူမှ ထိန်းချုပ်နိုင်ရေးတွင် လွှတ်တော်သည် အဓိကကျသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ရန်ကုန်မြို့ Orchidဟိုတယ်တွင် စက်တင်ဘာ ၆ရက်က ပြုလုပ်သည့် ဒီမိုကရေစီစစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ၊တက္ကဆက်ပြည်နယ်ရှိ အော်စတွန်တက္ကသိုလ်မှ စစ်ဘက်အရပ်ဘက်ရေးရာ ကျွမ်းကျင်သူ ပရောဖက်ဆာ ဇိုတန်ဘရေနီက ပြောကြားလိုက်သည်။

ဂျပန်မှ တစ်ပတ်ရစ်ရထားတွဲများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်


 ဂျပန်နိုင်ငံတွင် ပြေးဆွဲခြင်းမပြုတော့သည့် တစ်ပတ်ရစ် ရထားတွဲဟောင်းများကို မြန်မာမီးရထား ဝန်ဆောင်မှု တွင် ပြန်လည်အသုံးပြုကာ ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။

အခြားဝန်ကြီးဌာနမှ အရာရှိများ ကျန်းမာရေး ဝန်ကြီးဌာနသို့ မခန့်တော့ကြောင်း ထုတ်ပြန်ချက် အတုဟုဆို

ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော်သားအရာရှိများ အပါအဝင် အခြားဝန်ကြီးဌာနမှ အရာရှိများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနသို့ ထပ်မံခန့်ထားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက် သတင်းထုတ်ပြန်ချက်သည် အစစ်အမှန် မဟုတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းအများစု ဘဏ်ချေးငွေများဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချို့လုပ်ငန်းများ ကျပ်ဘီလျံ ၅၀၀ ၀န်းကျင်အထိ ချေးယူထားမှုများ ရှိနေကြောင်း သိရ


ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းအများစု ဘဏ်ချေးငွေများဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချို့လုပ်ငန်းများကား ကျပ်ဘီလျံ ၅၀၀ လောက်ထိ ချေးယူထားကြကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသိုင်းအ ၀ိုင်းမှ ရရှိသည့် သတင်းများအရ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ သမ္မတကို မတွေ့မီ စက်တင်ဘာ ၈ တွင် UWPC နှင့် အလွတ်သဘော ဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင် ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ (UWPC) ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။