ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.9.14

အီဘိုလာ တိုက်ဖျက်ရေး အရှိန်တိုးဖို့ အိုဘားမား တိုက်တွန်း


အာဖရိကတိုက် အနောက်ပိုင်းမှာ လူတွေသေလောက်တဲ့အထိဖြစ်နေတဲ့ အီဘိုလာရောဂါဟာ ဒေသတွင်း နဲ့ ကမာ့္ဘလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတာကြောင့် အီဘိုလာရောဂါဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့အတွက် ၊ ကမ္ဘာကြီးအနေနဲ့ ဒီထက်မက လုပ်ဆောင်သွားဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားဟာ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ထိပ်တန်း အစည်းအဝေးအတွင်း အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။  ဒီရောဂါကြောင့် လူမှုကပ်ဒုက္ခဆိုးကြီးဖြစ်လာနိုင်ပြီး ၊ အဲဒီကနေ လာမယ့်လတွေ အတွင်း လူပေါင်း သိန်းနဲ့ချီ သေဆုံးလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ အခုအခါမှာ ၃ ထောင်နီးပါရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။

အီဘိုလာရောဂါအဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဂီနီ၊ ဆီရာယာလီယုံး နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ ရောဂါမပြန့်ပွားနိုင်အောင် ကုလသမဂ္ဂက ကြိုးပမ်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်သမ္မတအိုဘားမားက ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကို ထိန်းချုပ်ကာကွယ်တဲ့နေရာမှာ ကမ္ဘာကြီးတုံ့ပြန်မှုကတော့ နှေးနေသေးတယ်လို့ ပြောလိုက်ပါတယ်။

VOA

ရှေ့နေချုပ် Eri Holder ရာထူးမှ နုတ်ထွက်မည်


အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာနအကြီးအကဲအဖြစ် ၆ နှစ်တာဝန် ထမ်းဆောင်ပြီးတဲ့နောက် ဗဟိုအစိုးရရှေ့နေချုပ် Eric Holder ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

၆ နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် သူအခုလို ရာထူးက အနားယူမယ့် တောင်းဆိုလွှာကို လက်ခံလိုက်ရတာဟာ ကြည်နူးဖွယ်၊ ၀မ်းနည်းဖွယ်ရာတွေနဲ့ ရောယှက်နေတဲ့ အခါသမယဖြစ်တယ်လို့ သမ္မတ Barack Obama က ပြောပါတယ်။

သူလုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်ပစ်လိုက်မှာမဟုတ်ပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု စတင် တည်ထောင်စဉ်က ရှိခဲ့တဲ့ စိတ်ကူးနဲ့ စံတွေ ပိုပြီး ပီပီပြင်ပြင်ဖြစ်လာအောင် တိုင်းပြည်အတွက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားနဲ့အတူ အိမ်ဖြူတော်မှာ သူရာထူးက နှုတ်ထွက်ကြောင်း ပြောကြားစဉ် Eric Holder က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရာထူးက အနားယူပြီးရင် သူ့အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ် ရုတ်တရက် မရှိသေးပါဘူး။ ဒါပေမယ့် သူ့နေရာကို အစားထိုးမယ့်သူ ရောက်မလာမချင်း လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

Eric Holder ဟာ မထမဆုံး လူမဲ ဗဟိုအစိုးရ ရှေ့နေချုပ်ဖြစ်ပြီး သမ္မတ အိုဘားမား သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ ၂၀၀၉ ခုနှစ်ကစလို့ ဒီရာထူးကို ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

VOA

အကြမ်းဖက် တိုက်ခိုက်နိုင်ရခြေ FBI စိုးရိမ်


Khorasan လို့သိကြတဲ့ အယ်ကိုင်ဒါးအဖွဲ့ကို အခု သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပေမယ့်လည်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ အစီအမံတွေ ရှိနေကြတုန်းပဲလို့ FBI က ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန်ပေါင်းအဖွဲ့ တိုက်ခိုက်မှုတွေကြောင့် Khorasan က ကြံစည်နေတဲ့ အကြမ်းဖက်မှုအစီအမံတွေ ပျက်ပြယ်သွားတာ မရှိသေးဘူးလို့ FBI အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေး ညွန်ကြားရေးမှုး  James Comey က ၀ါရှင်တန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Khorasan အုပ်စုဟာ အကြမ်းဖက်တိုက်ခိုက်လာနိုင်ခြေရှိတဲ့စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတုန်းပဲလို့ FBI အကြီးအကဲ က ပြောပါတယ်။ FBI ညွန်ကြားရေးမှုး Comey ရဲ့ အဆိုအရ ဒီအဖွဲ့မှာဆိုရင် အာဖဂန်နဲ့ ပါကစ္စတန်က al-Qaida ဟောင်းတွေ ပါဝင်ကြပါတယ်။ လေဆိပ်လုံခြုံရေးကို ဖြတ်ကျော်လာနိုင်တဲ့ သတ္တုမဟုတ်တဲ့ ဗုံးမျိုး ဖန်တီးဖို့ Khorasan အဖွဲ့က ကြိုးပမ်းနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

အမေရိကန် သတင်းထောက်နှစ်ဦးနဲ့ ဗြိတိန်အကူအညီပေးရေး ၀န်ထမ်းတဦးတို့ ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုထဲ ဗြိတိသျှလေသံနဲ့ပြောတဲ့ IS အဖွဲ့က လူဟာ ဘယ်သူ ဘယ်ဝါဆိုတာကို အတည်ပြုနိုင်ပြီလို့လည်း FBI အကြီးအကဲ က ပြောပါတယ်။ ဒါပေမယ့်လို့ နာမည်နဲ့  သူကိုယ်တိုင် သတ်ဖြတ်ခဲ့ တာလားဆိုတာတွေကိုတော့ ပြောမသွားပါဘူး။

မျက်နှာဖုံးတပ်ထားတဲ့အဲဒီသူ ဘယ်သူလဲဆိုတာကို အတည်ပြုနိုင်ဖို့ နီးစပ်နေပြီလို့ ဗြိတိန် အရာရှိတွေကလည်း အရင်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအားဖြင်ဆိုရင် အမေရိကန်နိုင်ငံသား ဆယ်ဂဏန်းလောက်ဟာ ဆီးရီယားမှာရှိနေပြီး အဲဒီ အစွန်းရောက် အုပ်စုနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ Comey က ပြောပါတယ်။

ဆီးရီယားကို သွားဖို့ကြိုးစားတဲ့ ဆီးရီယားကနေ အမေရိကန်ကို ပြန်လာကြတဲ့ အမေရိကန်နိုင်ငံသား ၁၀၀ ကျော်ကိုလည်း စောင့်ကြည့်တာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုထဲမှာ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေကို ဖော်ထုတ်နိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေပေမယ့်လည်း၊ အမေရိကန်ပြည်တွင်းကပဲ IS ကိုထောက်ခံသူတွေရဲ့ အကြမ်းဖက်မှု အန္တရာယ်စိုးရိမ်စရာလည်း ရှိနေတယ်လို့လည်း Comey က ပြောပါတယ်။

VOA

IS နှိမ်နင်းရေး လေကြောင်းစစ် အာရပ် တိုင်းပြည်များ ဦးဆောင်နေ


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ရေနံ သိုလှောင်ရေးဌာနတွေကို စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် အာရပ်နိုင်ငံ ၂ ခုက အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ပြီး ကြာသပတေးနေ့ က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်မှု အတွင်း ဆော်ဒီ အာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့က စုစုပေါင်း ကြဲခဲ့တဲ့ ဗုံးအရေအတွက် ၈၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ၁၄ ဦးနဲ့ အရပ်သား ၅ ဦးတို့ သေဆုံးသွားကြောင်း လန်ဒန်မြို့အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတတ်နိုင်ဆုံး မလိုလားအပ်တဲ့ ဘေးကလူတွေ မထိခိုက်ရအောင် သတိထားပြီး တိတိကျကျ ဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။

စစ်သွေးကြွတွေအတွက် တနေ့မှာ အမေရိကန်ဒေါ်လာ ၂ သန်းအထိ ၀င်ငွေရှာပေးနေတဲ့ အသေးစား ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။

VOA

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး

ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။
 နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။

အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့အတူ အာရပ်နိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိမ်း၊ ကာတာနိုင်ငံ တို့နဲ့အတူ IS စစ်သွေးကြွတွေကို စစ်ဆင်ရေး ဆင်နွှဲနေတာမှာ U.A.E အာရပ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စစ်ဆင်ရေးကို ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီလည်း အားဖြည့် ကူညီနေတာ ဖြစ်ပါတယ်။
U.A.E နိုင်ငံက ထုတ်ပြန်တဲ့ သူ့ကိုယ်ရေးအချက်တွေမှာ ဖော်ပြထားတာကတော့ Abu Dhabi မှာ မွေးဖွား ခဲ့ သူ မစ္စ မာရီ ယန် အယ်လ်မန်ဆူရီဟာ ဆယ် ကျော်သက် မိန်းကလေးဘဝကတည်းက လေတပ်ထဲ ဝင်ချင်ခဲ့ တာ
ဖြစ်ပေမယ့် အမျိုးသမီး တွေ လေတပ်ထဲ အမှုထမ်းဖို့ လျှောက်ထားလို့ ရတဲ့အချိန်ထိ စောင့်ခဲ့ရ သူပါ။

သူဟာ Khalifa bin Zayed Air College က နေ ဘွဲ့ရခဲ့ပြီး အခုဆို F-16 စစ်ပြန် တိုက်လေယာဉ်မှူးဖြစ်နေ ပါပြီ။

 "Everyone is required to have the same high level of combat competence," လို့ သူက U.A.E မဂ္ဂဇင်း တခုဖြစ် တဲ့ Deraa Al Watan ကို ပြောထားပါတယ်။

Wall Street မဂ္ဂဇင်း သတင်းသုံးသပ်သူတဦးက ရေးတာကတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ မစ္စ မာရီယန်ရဲ့ အခန်းကဏ္ဍဟာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒါဟာ သင်္ကေတ သဘော
လောက်ပဲ လို့ သုံးသပ်ရေးထားတာ လည်း တွေ့ရပါတယ်။

ဧရာဝတီ Blog

22.9.14

ရွေးကောက်ပွဲတွင် တရုတ်အစိုးရက ၀င်ရောက် ခြယ်လှယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ဟောင်ကောင်ကျောင်းသားများ ကျောင်းမတက်ဘဲ သပိတ်မှောက်

ဟောင်ကောင်မြို့တော်၏ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် တရုတ်အစိုးရက ကြိုးကိုင်ခြယ်လှယ်မှု လုပ်ဆောင်လာသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ဟောင်ကောင်ကျောင်းသားများက တစ်ပတ်ကြာ ကျောင်းမတက်ဘဲ သပိတ်မှောက်သည့် အစီအစဉ်ကို စက်တင်ဘာ ၂၂ ရက်က စတင်လိုက်ကြောင်း သိရသည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရုတ်အစိုးရက ဖွဲ့စည်းပေးထားသည့် ကော်မတီက တင်သွင်းထားသူများကိုသာ မဲပေးရွေးချယ်ရန် ညွှန်ကြားလာခြင်းကို ဟောင်ကောင်ဒီမိုကရေစီလိုလား သူများက ကန့်ကွက်လျက်ရှိကြသည်။

အဆိုပါ ဆန္ဒပြမှုများကို ဦးဆောင်သည့် Occupy Central အဖွဲ့က အဆိုပါ လုပ်ရပ်သည် ဒီမိုကရေစီ အတုအယောင်ဖြစ်ပြီး ကန့်တတ်ချုပ်ခြယ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားထားကာ မြို့တော်အတွင်းရှိ စီးပွားရေးအချက်အခြာနေရာကို ပိတ်ဆို့ခြင်းအပါအ၀င် ဆန္ဒပြမှုအများအပြားကို လုပ်ဆောင်သွားမည်ဟု ပြောကြာထားသည်။

ပြည်သူတို့၏ စိတ်ဝင်စားမှုပိုမိုရရှိစေရန်နှင့် ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးရန် ကျောင်းသားများက ဆန္ဒပြရာမှ ယခုကဲ့သို့ သပိတ်မှောက်သည့် အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များမှ ကျောင်းသားထောင်ပေါင်းများစွာက မိမိတို့ တက္ကသိုလ်များ၏ အလံများနှင့် ဖဲကြိုးအ၀ါများကို ဝှေ့ယမ်းကာ ဟောင်ကောင်တရုတ်တက္ကသိုလ်ဝင်းအတွင်း ကျောင်းမတက်ဘဲ  သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၀ ပိသုကာပညာကျောင်းသားတစ်ဦးဖြစ်သည် ၀ူတက်ဇ်က “တရုတ်အစိုးရက ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ပိတ်ဆို့ထားလို့ရမယ် မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အခြေခံ လိုအပ်ချက်တွေအတွက် တိုက်ပွဲဝင်ခြင်းပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

အသက် ၁၉နှစ်အရွယ် ဒုတိယနှစ် လူမှုဝန်ထမ်းကျောင်းသားတစ်ဦးက “ကျောင်းသားတွေရဲ့ သပိတ်မှောက်မှုက ဟောင်ကောင်လူ့အဖွဲ့အစည်းရဲ့ သတိထားမိမှုကို ပိုမိုမြင့်တက်လာစေမှာဖြစ်သလို ဟောင်ကောင်ရဲ့ အနာဂတ်ရွေးကောက်ပွဲတွေနဲ့ တရားစီရင်ရေးတွေမှာ သူတို့ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားလာမိစေမှာပါ” ဟု ပြောကြားသည်။

Ref:AFP

ပညာရှင်စကား


ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတယ်ဆိုရင် ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိရတယ် အခုဟာက သတင်းဦးသူ စားဆိုတာမျိုး ဖြစ်နေတယ်

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ရေတိုကူးပြောင်းရေးစနစ်နှင့် သွားနေသောကြောင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ထိရောက်မှု မရှိကြောင်း စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က ပြောကြားထားရာ...
*******
လက်ရှိ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍကို ကြည့်ရင် ဘယ်လိုလုပ်ငန်းရှင်တွေ နေ ရာရနေလဲပေါ့။ ပြီးတော့ အစိုးရပိုင်းကလဲ အိမ်ခြံမြေ ဈေးတက်လာရင် အိမ်ခြံမြေကို ထိန်းလိုက်။ ပြီးရင် တခြားတစ်ခုကို သွားထိန်းလိုက်နဲ့ ရေတိုကူးပြောင်း ရေးနဲ့ပဲသွားနေပြီး စီးပွားရေးသီအိုရီဆိုတာ ရှိရဲ့လား ဆိုတာ သံသယဖြစ်စရာပေါ့'' ဟု စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က ပြောသည်။
နိုင်ငံတော်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအ တွက် ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခြင်းများ ရှိခဲ့သော်လည်း ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဥပဒေမရှိသေး ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ရှိသော် လည်း နိုင်ငံပိုင် အဆောက်အအုံများကိုရောင်း၍ တစ် ဆင့်ခံ ပြန်လုပ်ခြင်းဖြစ်နေသည်ဟု သိရသည်။
လက်ရှိဆောင်ရွက်နေသည့် ဆင်းရဲမွဲတေ မှုလျှော့ချရေးသည်လည်း စီးပွားရေးသီအိုရီများထဲတွင် မပါသည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် အထောက်အကူ ပြုနိုင်မည်လားဆိုသည်မှာ သံသယ ဖြစ်စရာ ဖြစ်နေသည်ဟုဆိုသည်။
ဦးသန်းစိုး(ဘောဂဗေဒ)က ''စီးပွားရေး လုပ်ငန်းတွေကိုကြည့်ရင် အောင်မြင်တယ်လို့ ပြောချင် ပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တယ်ဆိုတဲ့ လုပ် ငန်းတွေက အစိုးရက ချထားပေးတဲ့ ပရောဂျက်တွေ၊ စီမံကိန်းတွေနဲ့ အစိုးရဘတ်ဂျက်တွေကိုမှီပြီး အောင် မြင်နေတာပါ။ ပုဂ္ဂလိကကဏ္ဍ သီးသန့်ဖွံ့ဖြိုးရေးအ တွက် တိတိကျကျ ရေးဆွဲထားတာမျိုး မရှိသေးပါဘူး'' ဟု ပြောသည်။
ထို့ပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က ဘတ်ဂျက်များ၊ စီမံကိန်းများ ချပေးထား သော်လည်း အစိုးရကချပေးသည့်ပရောဂျက်နှင့် ပုဂ္ဂလိက ကြားရှိ ငွေကြေးစီးဆင်းမှုများတွင် ပြဿ နာရှိခြင်း ကြောင့် ကြာလျှင် နိုင်ငံတော်အတွက် ကြွေးမြီသာတက် လာနိုင်သည်ဟု သိရသည်။
ပြည်တွင်းလုပ်ငန်းရှင်တချို့နှင့် ပြည်ပမှဝင် ရောက်လာမည့် လုပ်ငန်းများကိုလည်း မျှတသည့်ယှဉ် ပြိုင်မှုမျိုး ပေးမထားကြောင်း သိရသည်။
''ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေ တယ်ဆိုရင် ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိရတယ်။ အခု ဟာက သတင်းဦးသူစားဆိုတာမျိုးဖြစ်နေတယ်။ ပြီး တော့ မြန်မာနိုင်ငံမှာက အစိုးရပိုင်လုပ်ငန်းလိုလို၊ ပုဂ္ဂလိ ကပိုင်လိုလို လုပ်ငန်းတွေကလဲ ရှိနေသေးတယ်''ဟု ယင်းက သုံးသပ်သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ထုတ်ကုန်ဈေး ကွက်နှင့်သွားမလား၊ လုပ်သားဈေးကွက်နှင့် သွားမ လား၊ ငွေကြေးဈေးကွက်ကို အကောင်အထည်ဖော်မည် လား စသည်ဖြင့် စဉ်းစားရမည်ဖြစ်သည်ဟုသိရသည်။
ယင်းက ''ဥပမာ-မြန်မာနိုင်ငံရဲ့ လူဦးရေ ဘယ်နှရာခိုင်နှုန်းက လယ်ယာကဏ္ဍကို အခြေခံထား သလဲပေါ့။ မြန်မာနိုင်ငံမှာ အားသာတာက စိုက်ပျိုး ရေး၊ ဒါဆို ထုတ်ကုန်ဈေးကွက်ကို အခြေခံထားမလား ပေါ့'' ဟုပြောသည်။
ငွေကြေးဈေးကွက်ကို အကောင်အထည် ဖော်မည်ဆိုပါက စတော့ဈေးကွက်များကို အောင်မြင် စေရန်လိုအပ်ပြီး ပြည်ပဘဏ်များကိုလည်း မျှတ သည့် ယှဉ်ပြိုင်မှုမျိုး လုပ်ပေးသင့်ကြောင်းဆိုသည်။

‎TheFlowerNews‬

မြန်မာနိုင်ငံဆီ ကမ္ဘာလှည့် ခရီးသည် ပိုလာစေချင်တယ် ဆိုရင်


မကြာခင် သီတင်းကျွတ်တော့မယ်။ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်တော့မယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံဆီ အလည်သွားချင်တဲ့ နိုင်ငံခြားသားတွေအတွက်ရော၊ နိုင်ငံခြားရောက် မြန်မာတွေအတွက်ပါ ခရီးသွားဖို့၊ ဘုရားဖူးထွက်ဖို့ အချိန်ကောင်းတခုပါပဲ။

ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့လှည့်ခရီးသည် ၃ သန်းအထိ ၀င်လာဖို့မျှော်လင့်ထားပြီး အခု သြဂုတ်လကုန် ၈ လအတွင်းမှာတင် ၁.၈ သန်းဝင်လာခဲ့ပြီးပြီလို့သိရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က၀င်လာတဲ့ ၂.၀၄ သန်းနဲ့စာရင် အများကြီး တိုးလာတယ်။ အခုတလော ၀င်လာတဲ့အထဲမှာ တချိန်က မြန်မာနိုင်ငံဆီ ခရီးမသွားကြဖို့ အဓိက ပိတ်ဆို့ဟန့်တားခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေတယ်လို့လည်း သတင်းတွေထဲ ဖတ်ရပါတယ်။


စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ဒီသတင်းတွေကိုဖတ်ရင်းနဲ့ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံဆီသွားခဲ့စဉ်က ကြုံခဲ့ရတာတွေ၊ လိုအပ်ချက်တွေကို ပြန်စဉ်းစားမိပါတယ်။ ပထမဆုံး အခက်အခဲက ဗီဇာ ပြသာနာ။ ကျနော်တို့လို မြန်မာပြည်ဖွား နိုင်ငံခြားသား စာအုပ်ကိုင်ထားသူတွေအတွက် ဗီဇာ ခက်တာကို ထားလိုက်ပါ။ နိုင်ငံခြားသားစစ်စစ်တွေ မြန်မာပြည်သွားဖို့ ဗီဇာလျှောက်တဲ့အခါ တခြားနိုင်ငံတွေလောက် မလွယ်ဘူးလို့ သိရပါတယ်။

ဥပမာ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာမယ်ဆိုရင် အနောက်နိုင်ငံသားတွေအတွက် ဘာဗီဇာမှ မလိုပါ။ လာချင်တဲ့အချိန် လေယဉ်လက်မှတ်ဝယ်ပြီး ထလာရုံပါပဲ။ ဒီလိုလာနိုင်ဖို့ အနောက်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံအကြား နားလည်မှုလက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။ တနှစ်တခါ Holiday ဟောလီးဒေး သွားလေ့ရှိတဲ့ အနောက်တိုင်းသားတွေဟာ လေယဉ်လက်မှတ်ကို ကြိုဝယ်ထားလေ့ရှိပါတယ်။ ချက်ချင်း ၀ယ်တာနဲ့ ၆ လလောက် ကြိုဝယ်တဲ့ လက်မှတ်က ဈေးထက်ဝက်လောက် ကွာလေ့ရှိပါတယ်။

ခရီးသည်တွေအ ဆင်ပြေအောင် ဗီဇာကြေးမယူ၊ ဗီဇာလျှောက်စရာမလိုအောင် လုပ်ပေးလိုက်တော့ သံရုံးတွေက ဗီဇာကြေးမရတော့ပါဘူး။ ဘန်ကောက်သံရုံးမှာ ဗီဇာ လျောက်ရင် တဦးကို ဘတ် ၂၀၀၀ ကျော် (ဒေါ်လာ ၈၀-၀န်းကျင်) ပေးရပါတယ်။ အနောက်နိုင်ငံသံရုံးတွေမှာဆိုရင်တော့ ဒေါ်လာ ၁၀၀ ပေးရပါတယ်။ လူ ၃ သန်းအတွက် ဗီဇာ လျှောက်စရာ မလိုတော့ဘူးဆိုရင် သံရုံးတွေ၊ သို့မဟုတ် နိုင်ငံ ခြားရေးဌာနအတွက် ဒေါ်လာ သန်း ၃၀၀ နစ်နာမှာပေါ့။

လူ ၃ သန်းသာလာတဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၃၀၀ နစ်နာမယ်ဆိုရင် လူ ၁၃ သန်းမက လာနေ တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် ဘယ်လောက်များ နစ်နာနေလေမလဲ။ ဘာကြောင့် ဒီလိုနစ်နာခံပြီး ဗီဇာ အလကား ပေးထားတာလဲ။ နိုင်ငံခြားရေးဌာနနဲ့ ဟိုတယ်ခရီးသွားဌာနကြား ဆွေးနွေးသင့်တဲ့ ကိစ္စတခုပါပဲ။ ဆိုလိုတာက ဗီဇာလျောက်ခိုင်းရင် ဒေါ်လာ ၁၀၀ ပဲ နိုင်ငံခြားရေးဌာနကရမယ်။ ဗီဇာလျှောက်စရာမလိုပဲ ၀င်ခွင့်ပေးလိုက်ရင် ခရီးသည်တွေ ပိုဝင်လာပြီး ၁၀၀ မကပဲ ဒေါ်လာတသောင်းအထိ မြန်မာနိုင်ငံက ရနိုင်ပါတယ်။ နိုင်ငံခြားရေးဌာနအတွက် တိုက်ရိုက်ဝင်ငွေဆုံးရှုံးပေမယ့် ဟိုတယ် ခရီးသွားဌာနအပါဝင် တခြားဌာနတွေ၊ သာမန်တက္ကစီသမားတွေ၊ ဈေးရောင်းသူတွေအတွက် များစွာဝင်ငွေရတာပေါ့။ ဒါပေမယ့် ပွင့်လင်းစ မြန်မာနိုင်ငံမှာ ဗီဇာ ကိစ္စကို လုံခြုံရေးအမြင်နဲ့ တင်းကျပ်ထားတာလား၊ ငွေကြေး (လာဘ်စားခွင့်) ရလိုမှုနဲ့ တင်းကျပ်ထားတာလားဆိုတာကတော့ သိပ်မကွဲပြားလှပါ။

ဒါက မြန်မာပြည်ဝင်ဖို့ ပထမ အဆင့် ပြင်ဆင်မှု အပိုင်းပါ။ ဗီဇာ ရပြီးလို့ ရန်ကုန်လေဆိပ်ရောက်ပြီဆိုရင်လည်း ဘန်ကောက်လေဆိပ်ကို ရောက်တာနဲ့ မတူပြန်ပါဘူး။ ၀င်လာတဲ့လေယာဉ်က တနာရီမှ ၂-၃ စီး သာရှိပေမဲ့ ၅ မိနစ်တစီးလောက်ဝင်နေတဲ့ ဘန်ကောက်လေယဉ်ကွင်းနီးပါးကြာအောင် လ၀က ကောင် တာမှာတန်းစီစောင့်ရပါတယ်။ အပြင်ရောက်တော့ ဘန်ကောက်မှာလို မိုးပျံရထားမရှိ၊ လေယာဉ်ကွင်းနဲ့ မြို့ထဲပြေးတဲ့ အထူးဘတ်စ်ကားမရှိ။ တက္ကစီတွေငှားမယ်ပြင်တော့ ဘယ်နှစ်ယောက်စီးမှာလဲလို့ စမေးပါတယ်။ တက္ကစီငှားတာပဲဗျာ။ ဘယ်နှစ်ယောက်စီးစီး အတူတူပဲ မဟုတ်ဘူးလားဆိုတော့ မတူဘူး။ တဦးတည်းဆိုရင် နောက်ထပ်ခရီးသည်တဦးကိုပါ ထပ်တင်လိုက်ပါသေးတယ်။

မြို့ထဲရောက်လို့ ဟိုတယ်တည်းမယ်ဆိုရင်တော့ အနိမ့်ဆုံးဟိုတယ်ခက ဒေါ်လာ ၆၀ အထက်မှာ။ ဘန် ကောက်မှာဆိုရင် ဘတ် ၉၀၀ (ဒေါ်လာ ၃၀) လောက်နဲ့ ရန်ကုန်က ဒေါ်လာ ၆၀ တန်း အခန်းထက်သာတဲ့ အခန်းမျိုး ရပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံခြားသားကို ဟိုတယ်ခ ၂ ဆယူခြင်းပါ။ ဟိုတယ်ခတင်လားဆိုတော့ မဟုတ်သေး။ ပြည်တွင်းလေယာဉ်ခ၊ သင်္ဘောခ၊ ရထားခတွေအပြင် ယုတ်စွအဆုံး ညစ်ပေနံဟောင်နေတဲ့ အိမ်သာ အသုံးပြုခကိုပါ ၂ ဆယူပြန်ပါတယ်။  ဘာ ကြောင့်လဲ။ နိုင်ငံခြားသားက မြန်မာတွေထက် ၂ ဆ ပိုလေးနေလို့လား။

ဒါတင်လားဆိုတော့ မဟုတ်သေး။ နိုင်ငံခြားသားဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှအပ သာမန်အများပြည်သူတွေရဲ့နေအိမ်မှာ အိပ်ခွင့်မရှိပါ။ ကိုယ်ဖိတ်တဲ့ နိုင်ငံခြားသားမိတ်ဆွေကိုတောင် ကိုယ့်အိမ်မှာ တည်းခွင့်မပေးနိုင်တဲ့အခြေအနေ ဆိုပါတော့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဟိုတယ်ခရော၊ တည်းခိုတဲ့နေရာကိုရော ဒါမျိုး ကန့်သတ်ထားတာမရှိပါ။ ဒါကိုလည်း လုံခြုံရေး အမြင်အရ လုပ်ထားတာလား။ ၂ ဆကောက်ပြီး ငွေများများလိုချင်လို့လားဆိုတာ သိပ်မရှင်းလှပါ။

တတိယ အဆင့်အနေနဲ့ကတော့ အဲဒီလို ၂ ဆပေးတည်း၊ ၂ ဆပေးသွားပြီးတဲ့နောက် ရွှေတိဂုံဘုရားကို ၀င်ဖူးမယ်ဆိုရင် ကင်မရာကြေး ၅ ဒေါ်လာ ထပ်ပေးရပြန်ပါတယ်။ တခြားစေတီပုထိုးတွေကိုဝင်တဲ့ အခါ မှာလဲ ၅ ဒေါ်လာမဟုတ်ရင်တောင် အနည်းဆုံး တဒေါ်လာတော့ ပေးရပါတယ်။ ရွှေတိဂုံပေါ်မှာတောင် အလှူခံတွေက တနေရာတည်းမဟုတ်။ စေတီအဆူတိုင်းလိုလိုမှာ သီးခြားအလှူခံတွေ ရှိနေပြန်ပါတယ်။ ကျိုက်ထီးရိုး၊ ပုဂံ၊ အင်းလေးဖက်က စေတီပုထိုးတွေမှာလဲ ဒီလိုပါပဲ။ အလှူခံတွေက လိုအပ်တာထက် ပိုများနေတဲ့အတွက် ခရီးသွားတွေအဖို့ စိတ်အနှောက်ယှက်ဖြစ်ရပါတယ်။

ဒီနေရာမှာလဲ ထိုင်းကအခြေနေကို လေ့လာသင့်ပါတယ်။ ထိုင်းမှာဆိုရင် နေရာတကာမှာ တဒေါ်လာစီ ကောက်မနေပါဘူး။ ရှေ့မှာတင်ပြခဲ့တဲ့ ဗီဇာကြေး အလကားပေးထားသလိုပါပဲ။ ကင်မရာကြေးကို အလကားပေးထားပြီး အဲဒီထက် ဆယ်ဆမကများတဲ့ ဇုန်ဝင် ကြေးကို တခါတည်း တရားဝင် လက်မှတ် တွေဘာတွေနဲ့ အသေအချာ ကောက်ခံလိုက်ပါတယ်။ ဥပမာ မြဘုရားကို ၀င်မယ်ဆိုရင် ဘတ် ၅၀၀ (ဒေါ် လာ ၂၀ ၀န်းကျင်) တခါတည်း ယူထားလိုက်ပါတယ်။ ကင်မရာကြေး ၅ ဒေါ်လာ ယူတာထက် ပိုရတဲ့ အပြင် ခရီးသည်တွေလည်း ခဏခဏ မပေးရလို့ စိတ်ညစ်စရာ မလိုတော့ပါ။

စတုတ္တအချက်ကတော့ ဘုရားဖူး၊ ပြတိုက်ကြည့်၊ ထင်ရှားတဲ့နေရာတွေကို လေ့လာပြီးတဲ့နောက် ဗိုက်ဆာလို့ တခုခု စားမယ်ဆိုရင်လဲ နီးစပ်ရာဆိုင်မှာ ၀င်စားလိုက်ရုံပါပဲ။ ခပ်သန့်သန့်ပြင်ထားတဲ့ဆိုင်ဆို ၁၀၀-၂၀၀။ ခပ်ညံ့ညံ့ဆိုင်ဆိုရင် ၅၀-၁၀၀ ပေါ့။ ဘန်ကောက်က ဆိုင်တွေကို ပြောတာပါ။ ရန်ကုန်မှာတော့ အဲဒီလို ၀င်စားလို့မရ။ ဆိုင်အပြင်အဆင်တွေ၊ စားစရာအဆင့်အတန်းတွေက ဘန် ကောက်မှာလို စားချင့်စဘွယ် သန့်ပြန့်မနေပါ။ နေရာအတော်များများမှာ ကွမ်းတံတွေးတွေ၊ အညစ် ထေးတွေနဲ့ ပေရေနေဆဲပါ။

နောက်တချက်က ငွေကြေးသုံးစွဲရမှု အခက်အခဲ။ Holiday ထွက်လာတဲ့ အနောက်တိုင်းသားတွေက မြန်မာတွေလို ငွေထုတ်ပိုက်ပြီး ခရီးသွားသူတွေမဟုတ်ပါ။ Credit Card တွေ၊ Bank Card တွေကိုင်ပြီး သွားနေကြ။ နော်ဝေးမှာဆိုရင် ဘဏ်ကတ်သုံးဈေးဝယ်သူက အများစုဖြစ်နေပြီး ငွေသားကိုင်သုံးသူက ၁၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ရန်ကုန်ရောက်ရင်တော့ အဲဒီကဒ်တွေက သုံးဖို့ သိပ်မလွယ်။ ဟိုတယ်ခတွေ၊ လေယာဉ်ခတွေကို Credit Card နဲ့ပေးလို့ရနိုင်ပေမယ့် တက္ကစီခကအစ အရာအားလုံးကို ငွေသားနဲ့သာပေးရပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဆီသွားမယ်လို့ ခရီးစဉ်ပြင်ကတည်းက အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် စက်စက်တွေကို ဘဏ်ကနေ လဲယူလာရပါတယ်။ ရန်ကုန်ရောက်တာနဲ့ ငွေလဲကောင်တာတွေဆီသွား ပြီး အဲဒီဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲရပါတယ်။ ”ဒီအရွက်က မျက်နှာပေါ်ခေါက်ရိုးကျိုးနေတဲ့အတွက် ပြန်လဲပေးပါ” ဆိုပြီး ကောင်တာထိုင်ကောင်မလေးက ဒေါ်လာ ၁၀၀ တန်ကို ပြန်ပေးတာ ကြုံရဖူးပါတယ်။ ပိုက်ဆံအိတ်ထဲခေါက်ထည့်လာမှတော့ ခေါက်ရိုးကျိုးမှာပေါ့။ မြန်မာငွေတွေလည်း ဒီလိုပဲကျိုးနေ တာပဲ မဟုတ်ဘူးလားဆိုပြီး မေးခွန်းပြန်ထုတ်တော့ သိပ်ကြိုက်ပုံမရ။ ပြန်မလဲပေးရင်တော့ ၅ ရာ ခိုင် နှုန်း အလျော့ခံရမယ်လို့ ဆိုပါတယ်။

ဒါမျိုးတွေ ဘန်ကောက်မှာမရှိပါ။ ပါလာတဲ့ Credit Card ကို နီးစပ်တဲ့ ATM စက်မှာသာ သွားထုတ်လိုက်။ တခါထုတ်ရင် ဘတ် နှစ်သောင်း ထွက်လာပါလိမ့်မယ်။ အဲဒီလို ထွက်လာတဲ့အထဲမှာ တထောင်တန်နဲ့ ၅၀၀ တန်မှအပ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်တွေ ပါမလာပါ။ ဒါပေမယ့် ရန်ကုန်က ငွေလဲ ကောင်တာမှာတော့ အမြင့်ဆုံးဖြစ်တဲ့ ၅၀၀၀ တန်ကိုမပေးပဲ တထောင်တန်နဲ့ အောက်အဆင့်တွေကို ချည်းပေးလိုက်ပါတယ်။ တဒေါ်လာ ၉၀၀ ကျပ်နဲ့တွက်တော့ ဒေါ်လာ ၅၀၀ အတွက် တထောင်တန် အရွက်ရေ ၄၅၀ ရွက်နဲ့ ၅၀၀ တန်၊ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်နဲ့ ၂၀ တန်အထိ စုံလို့။

ဒါပေမယ့် အဲဒီဘဏ်ကပေးလိုက်တဲ့ ၂၀ တန်ကို ဘယ်သူမှ လက်မခံပါ။ ၂၅ နှစ်တာကာလအတွင်း ငွေ ကြေးဖောင်းပွမှုနှုန်းထားကို မသိလိုက်တဲ့ ကျနော်ဟာ ”ငါးပြားနိုင်နိုင်၊ ဆယ်ပြားနိုင်နိုင်” ဆိုတဲ့ခေတ်လို သဘောထားပြီး ငွေလဲကောင်တာဝန်းကျင်က သူတောင်းစားကို ၂၀ တန်တရွက်သွားလှူမိပေါ့။ အဲဒီ တော့မှ ၂၀ တန်ကို သူတောင်းစားတောင် လက်မခံမှန်း သိလိုက်ရပါတယ်။ ၂၀ တန်တောင် မသုံးတော့ဘူးဆိုရင် မြန်မာနိုင်ငံမှာအကြွေဆိုတာ ဘယ်ရှိတော့မလဲ။

အကြွေနဲ့သုံးမှရတဲ့ လမ်းဘေးတယ်လီဖုန်းဆက်တာတွေ၊ ဘူတာရုံက ကော်ဖီစက်တွေ၊ ကိုကာကိုလာနဲ့ ရေသန့်ဗူးစက်တွေမှာ ဘယ်လိုဝယ်သလဲ။ အဲဒီစက်တွေတွေမရှိသေးလို့ အကြွေသုံးစရာမလိုသေးဘူး ဆိုပြီး ဆင်ခြေပေးကြမလား။ ထိုင်းမှာဆိုရင်တော့ သူတို့ အကြွေစေ့တွေ မပျောက်သွားစေဖို့အတွက် မိုးပျံရထား၊ မြေအောက်ရထားလက်မှတ်ဝယ်တာကို အကြွေနဲ့ဝယ်မှရတဲ့ စနစ်မျိုးလုပ်ပြီး ထိန်းထားတာ တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ အကြွေတွေကို သုံးနေဆဲ၊ အကြွေတွေ တန်ဖိုးရှိနေဆဲပါ။ ထားတော့။ အကြွေကိစ္စကတော့ နိုင်ငံခြားသားတွေ သိပ်စိတ်ဝင်စားဘွယ်မရှိပါ။ ပြည်တော်ပြန် မြန်မာတဦးအနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြီးတွေးမိခြင်းသာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဟိုတယ်ခရီးသွားဝန်ကြီးဌာနအနေနဲ့ တကယ်ပဲ ကမ္ဘာလှည့်ခရီးသည် အများအပြား လာလည်စေချင်တယ် ဆိုရင် ရှေ့မှာတင်ပြခဲ့တဲ့ အဟန့်အတား စိတ်အနှောက်ယှက်ဖြစ်ဖွယ် ကိစ္စတွေကို ပြုပြင်ပေးဖို့လိုပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန၊ ဟိုတယ်/ခရီးဌာနနဲ့ သက်ဆိုင်ရာအခြားဌာန တွေအကြား ဒီထက်မက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ပြီးရင် လူပြောများနေတဲ့ အစားအ သောက်၊ အနေအထိုင် သန့်ရှင်းသန့်ပြန့်မှု၊ နေရာတကာ ကွမ်းသွေးတွေနဲ့ ညစ်ထေးပေရေနေမှုတွေ အတွက်လည်း နိုင်ငံသားတဦးချင်းစီက ပြုပြင်သွားဖို့လိုမယ်လို့ ထင်မြင်မိပါကြောင်း တင် ပြလိုက်ရပါတယ်။

ဧရာဝတီ Blog

"ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့ ပေပေါင်း ၁၃၂၀၀ အမြင့်ရှိသည့် Base Camp သို့ ရောက်ရှိတော့မည်"




ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ အနီးကပ် စီမံကွပ်မှုများဖြင့် ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ရှာဖွေနေသော မြေပြင် ကယ်ဆယ်ရေး တောင်တက်အဖွဲ့သည် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ပေပေါင်း (၁၃၂၀၀) အမြင့်ရှိသည့် Base Camp သို့ ရောက်ရှိမည် ဖြစ်ပါသည်။
အဆိုပါ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွင် ဧ၀ရတ်တောင်တက်ရန် အထူး လေ့ကျင့်ထားသော ထူးဖောင်ဒေးရှင်းမှ ကိုရဲမင်းသူ၊ ကိုစိုင်းကျော်ဝဏ္ဏစိုး၊ ကိုစိုင်းကျော်သူထွေး၊ ဦးနမားဂျွန်ဆင်၊ ဦးအန်းကော နှင့် ဒေသခံ တိုင်းရင်းသား ပစ္စည်းသယ်ပိုးပေးသူများ ပါဝင်ပါသည်။
ထူးဖောင်ဒေးရှင်းမှ B3 ရဟတ်ယာဉ် ၂ စင်း၊ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် တစ်စင်း၊ တပ်မတော်လေ မှ MI 17 ရဟတ်ယာဉ် တစ်စင်း တို့ဖြင့် ထူးကုမ္ပဏီမှ လေယာဉ်မှူးများ ဖြစ်ကြသော ကပ္ပတိန်ထွန်းလွင်နှင့် ကပ္ပတိန် ရဲမြင့် တို့သည် ထိုင်းနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ ရဟတ်ယာဉ်မှူးများနှင့်အတူ ရာသီဥတု အနေအထားကို ကြည့်ပြီး ရှာဖွေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးများကို လုပ်ဆောင်လျက် ရှိပါသည်။


Htoo Foundation

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး နှစ်ဦး သေဆုံး


တရုတ်နိုင်ငံ အနောက်ဖျားပိုင်း ရှင်ကျန်းဒေသတွင် စက်တင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်ခဲ့သည်။

ရှန်ကျင်းဒေသတောင်ပိုင်း လန်တေးစီရင်စုရှိ ဈေးတစ်ခုအပါအ၀င် သုံးနေရာထက်မနည်းတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ရှင်ကျန်းအစိုးရ၏ Tianshan ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရရသူအရေအတွက် အတိအကျကို အဆိုပါ သတင်းတွင် ဖော်ပြမထားပေ။

ဝီဂါမွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသတွင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှုများကြောင့် ယမန်နှစ်အတွင်းက သေဆုံးသူ ၂၀၀ အထိရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို ခွဲထွက်ရေးတောင်းဆိုနေသော အကြမ်းဖက်သမားများက ပြုလုပ်ကြောင်း တရုတ်အစိုးရက ပြစ်တင်ထားသော်လည်း ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ကိစ္စများတွင် အစိုးရက ဖိနှိပ်မှုများ ရှိနေသောကြောင့် ၀ီဂါလူမျိုးများ၏ မကျေနပ်မှုများ ဆိုးရွားလာခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားထားသည်။

တိုက်ခိုက်မှုများသည် ရှင်ကျန်းဒေသ အပြင်ဘက်သို့ ယမန်နှစ်မှစတင်၍ ပျံ့နှံ့လာခဲ့သည်။ မေလအတွင်းကလည်း ရှင်ကျန်းဒေသ မြို့တော် ယုံကီးရှိ ဈေးတစ်ခုအတွင်း မေလအတွင်းက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး မတ်လအတွင်းက နိုင်ငံအနောက် တောင်ပိုင်း ကူမင်းမြို့ ရထားဘူတာတစ်ခုတွင် ဓားသမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦး သေဆုံးခဲ့သည်။

ယုံကီးမြို့တွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တရုတ်အစိုးရက အကြမ်းဖက်နှိမ်နှင်းရေး အစီအစဉ်များ ပြုလုပ်ခဲ့ရာ သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ကူမင်းမြို့တိုက်ခိုက်မှုတွင် ဖမ်းဆီးခဲ့သူများအနက် စက်တင်ဘာအစောပိုင်းက ၀ီဂါလူမျိုးဖြစ်နိုင်ဖွယ်ရှိသူ သုံးဦးကို  သေဒဏ်ချမှတ်ခဲ့ပြီး တစ်ဦးကို ထောင်ဒဏ်တစ်သက် အပြစ်ပေးခဲ့သည်။

Ref:AFP

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ထူးချွန်ဆရာဆု ချီးမြှင့်မည်


ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ခြင်း အစီအစဉ်ကို ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်ကို အခြေခံပညာ ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြုလုပ်ခြင်းဖြစ်ပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အတွက် ထက်/လယ် /မူပြ ရာထူး တစ်ဆင့်လျှင် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်းနှင့် တတိယဆု ကျပ် ၂ သိန်းစီအား လည်းကောင်း၊ ဗဟိုအဆင့်အတွက် ထက်/လယ်/မူပြ ရာထူးတစ်ဆင့်လျှင် ပထမဆု ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ်သိန်း ၂၀ နှင့် တတိယဆု ကျပ် ၁၀ သိန်း အသီးသီးဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။ ဗဟိုအဆင့်သို့ လာရောက်ယှဉ်ပြိုင်မည့် ထူးချွန်ဆရာ ၅၄ ဦး၏ ကုန်ကျစရိတ်ကို ဗဟိုမှ ချီးမြှင့်မည်ဖြစ်သည်။

အဆင့်အလိုက် ရွေးချယ်ခြင်းအစီအစဉ်ကို ကျောင်းအဆင့်အား အောက်တိုဘာလ ၁၄ ရက်တွင်လည်းကောင်း၊ မြို့နယ်အဆင့်အား  အောက်တိုဘာလ ၃၀ ရက်တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အား နိုဝင်ဘာလ ၂၁ ရက်တွင်လည်းကောင်း၊ ဗဟိုအဆင့်အား ဒီဇင်ဘာလ ၂၂ ရက်တွင်လည်းကောင်း ပြုလုပ်သွားမည် ဖြစ်သည်။

မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တို့တွင် ရေးဖြေ၊ နှုတ်ဖြေများကို ပြုလုပ်ရမည်ဖြစ်ပြီး ဗဟိုအဆင့်တွင် ရေးဖြေ၊ နှုတ်ဖြေအပြင် လက်တွေ့သင်ကြားပြသမှုများကိုပါ ပြုလုပ်ရမည်ဖြစ်သည်။ ရေးဖြေ စစ်ဆေးမှုများကို သတ်မှတ်ထားသောရက်များ၏ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိလည်းကောင်း၊ လူတွေ့နှုတ်ဖြေကို အဆိုပါနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာဖြေဆိုရမည်ဖြစ်သည်။ ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် အသေးစိတ် လုပ်ငန်းအစီအစဉ်ကို သက်ဆိုင်ရာ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် ပညာရေးဌာနများသို့ ဆက်လက်ပေးပို့မည်ဖြစ်ပြီး ထပ်မံသိရှိလိုသော အချက်အလက်များအား ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီ (ပညာတန်ဆောင်အဖွဲ့) ဖုန်း-၅၃၉၇၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Internet Journal

ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်းအဖြေလွှာကိုခိုးယူသည့်တရားခံကို ဖော်ထုတ်နိုင်ရန် အထူးရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမည်


ကလေး မြို့ နည်းပညာတက္ကသိုလ်မှ အဖြေ လွှာကို ခိုးယူသည့် တရားခံအား ဖော်ထုတ်နိုင်ရန် အထူးရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဖြေလွှာများ ခိုးယူသော တရားခံကို ဖော်ထုတ်နိုင်ရန် ကလေး မြို့နယ် ရဲစခန်းမှ မသင်္ကာသူ ကျောင်း သားတချို့အား ခေါ်ယူစစ်ဆေးလျက် ရှိပြီး ယခုကိစ္စကို စုံစမ်းစစ်ဆေးရာ တွင် ကျောင်းသားများ ပါဝင်နေ သဖြင့် တခြားတရားခံများ စစ်ဆေး သည့်ပုံစံများအတိုင်း စစ်ဆေး၍မရ သည့်အတွက် အထူးရဲတပ်ဖွဲ့များဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကလေး မြို့နယ်ရဲစခန်းမှ သိရသည်။
''အခုကိစ္စက ကျောင်းသားတွေ ပါတော့ တခြားတရားခံတွေလိုစစ်လို့ မရဘူး။ ဒါကြောင့် နေပြည်တော်က အထူးရဲတပ်ဖွဲ့သုံးဦး လွှတ်လိုက် တာ ၂၁ရက်နေ့ရောက်တယ်။ သူတို့ က ဒီကိစ္စကိုပဲ ဇောက်ချစုံစမ်းသွား မယ်။ ဒီကိစ္စက ကျောင်းလုံခြုံရေး အား နည်းတာကို အခွင့်ကောင်းယူသွား တာလို့ မှတ်ချက်ပေးလို့ရတယ်''ဟု ကလေးမြို့နယ်ရဲမှူး ဦးမြင့်စိုးက ပြောသည်။
ယင်းကဲ့သို့ အဖြေလွှာများ အခိုး ခံခဲ့ရခြင်းမှာ စက်တင်ဘာ ၁၇ရက် ညပိုင်းကဖြစ်ပြီး ခိုးယူသူမှာ ယင်း အဖြေလွှာများကို ရေထဲသို့ မျှောခဲ့ ကြောင်း၊ အဖြေလွှာထုပ် နှစ်ထုပ် တွင် အဖြေလွှာ ငါးဆယ်ခန့်ရှိ ကြောင်း ကလေးမြို့ နည်းပညာ တက္ကသိုလ်မှ သိရသည်။
ကလေးမြို့ နည်းပညာတက္က သိုလ်တွင် မြို့ပြအင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင် ဂျင်နီယာနှင့် လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာရပ် စသည့် ပညာရပ်များကို သင်ကြားနေခြင်း ဖြစ်သည်။
''ဒီကိစ္စကို ကျောင်းသားတွေ နစ်နာမှုမရှိအောင် အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်'' ဟု စက်မှုနှင့် သက်မွေးပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာဇော်ဝင်းက ပြောသည်။
အဆိုပါကျောင်းဝင်းအတွင်းသို့ ကျောင်းသူ၊ ကျောင်းသားများမှာ အစစ်အဆေး အမေးအမြန်းမရှိ ဝင် ထွက် သွားလာနိုင်ကြောင်းနှင့် စာ မေးပွဲမတိုင်ခင်နှင့် ဖြေဆိုချိန် အချိန် များတွင် ကျောင်းအနီးရှိ သာယာဝတီ ရွာတွင်နေထိုင်သည့် အဆောင်နေ ကျောင်းသားအချို့သည် ညအချိန်၌ ပင် သုံးထပ်ကျောင်းဆောင် အတွင်း စာကျက်ကြသည်များ ရှိကြောင်း ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
ယင်းအပြင် လတ်တလောတွင် ရေးသားဖော်ပြမှုများ ရှိနေသည့် ကလေး နည်းပညာတက္ကသိုလ်မှ အဖြေ လွှာပျောက်ဆုံးသွားသည့် ကျောင်းသား များအား ဂုဏ်ထူးမှတ်ပေးလိုက်သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေကလည်း ပြောကြားလိုက်သည်။
အဆိုပါကိစ္စကို ဖြေရှင်းရန် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေ၊ စက်မှု သက်မွေးပညာဦးစီးဌာနညွှန်ကြား ရေးမှူးတို့က စက်တင်ဘာ ၂ဝရက် တွင် ယင်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသားများ၊ ကျောင်းအာဏာ ပိုင်အဖွဲ့အစည်းများဖြင့် တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသားများ မှ စာမေးပွဲပြန်လည်မဖြေဆိုလိုသည့် ကိစ္စကို လက်ခံကြောင်း၊ ယင်းတို့အ တွက် ကျောင်းပညာရေးအဖွဲ့မှ နစ် နာမှုမရှိစေရန် ဆက်လက်ဆောင်ရွက် ပေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။
''ဂုဏ်ထူးမှတ်နဲ့ အအောင်ပေး မယ်ဆိုတာက မှန်းဆပြောဆိုနေတာ တွေ ဖြစ်ပါလိမ့်မယ်''ဟု ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေက ပြော ကြားသည်။
နည်းပညာတက္ကသိုလ်များ၏စာမေးပွဲစနစ်မှာ ပထမနှစ်ဝက် အ မှတ်၎ဝ၊ ဒုတိယနှစ်ဝက်အမှတ် ၄ဝ နှင့် လက်တွေ့အတွက် အမှတ် ၂ဝဖိုး သုံးခုပေါင်းစပ်ပြီးမှ နောက်ဆုံးအောင် စာရင်းကို ထုတ်ပြန်ကြောင်း၊ ပျောက် ဆုံးသွားသည့် စာမေးပွဲအဖြေလွှာ ပိုင်ရှင်ကျောင်းသားများ မနစ်နာစေ ရန်သာ ကျောင်းပညာရေးအဖွဲ့မှ အကောင်းဆုံးဖြစ်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ ကို ကျောင်းသားများမှလည်း လက်ခံ ကြောင်း သိရသည်။
''ဒီလိုကိစ္စဖြစ်လာပြီဆိုရင် သက် ဆိုင်ရာကျောင်းရဲ့ အုပ်ချုပ်သူကို အ ရေးယူလို့ရတယ်။ တာဝန်က ရပ် ဆိုင်းထားတယ်ဆိုတာက ထုတ်ပယ် လိုက်တာမဟုတ်ပါဘူး။ သူ့ကို ခဏ ဒီတာဝန်ပေးမထားဘဲ သူ့နေရာမှာ အခြားတစ်ယောက်ကို တာဝန်ပေးထား ရပါတယ်။ အစိုးရဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းမှာ ဒီလိုပဲ ရှိပါ တယ်။ ဒါပေမဲ့ သူ့ရဲ့စီမံခန့်ခွဲမှု ကြောင့် ဖြစ်တာဆိုရင်တော့ အုပ် ချုပ်မှုသဘောအရ အရေးယူမှုရှိလာ မှာပါ'' ဟု ဒေါက်တာဘရွှေက ဆက် လက်ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီးကလေး မြို့နယ် နည်းပညာတက္ကသိုလ်မှ တာ ဝန်ရှိသူများထံ စုံစမ်းမေးမြန်းသော် လည်း ဆက်သွယ်၍မရခဲ့ပေ။
''ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာနက ဝင်ရောက်စွက်ဖက်မှုလုပ်မှာ မဟုတ်ပါဘူး။ ညှိနှိုင်းပေးရုံပဲ လုပ် မှာပါ။ ကျန်တဲ့အပိုင်းကတော့ ကျောင်း ပညာရေးအဖွဲ့ကပဲ ဆောင်ရွက်ပါလိမ့် မယ်''ဟု ဒေါက်တာဘရွှေက ဆိုသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ကျောင်းသားများအနေဖြင့် ယင်းတို့ ၏အမှားမဟုတ်ခြင်းကြောင့် စာမေး ပွဲ ပြန်လည်ဖြေဆိုမည်မဟုတ်ကြောင်း လည်း စက်တင်ဘာ ၁၈ရက်က သဘောထားကြေညာချက် ထုတ် ပြန်ခဲ့သည်။
ကလေးမြို့နည်းပညာတက္ကသိုလ် တွင် အထက်ချင်းတွင်းဒေသများ ဖြစ်သည့် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်း ပြင်၊ ခန္တီးနှင့် ချင်းပြည်နယ်မှ ကျောင်း သားစုစုပေါင်း တစ်ထောင်ခန့် ပညာ သင်ကြားနေခြင်းဖြစ်သည်။
ကျောင်း လုံခြုံရေးအစောင့်အရှောက် နည်း သော်လည်း ယခုကဲ့သို့ ပျောက်ဆုံး ခြင်းမှာ ကျောင်းသက်တမ်းတစ် လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

‪‎Democracytoday‬

ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို


ပင်လုံစိတ်ဓာတ်ကိုအ ခြေခံသည့်အင်အားစုအားလုံးပါ ၀င်သော နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အ ကြမ်းဖက်မှုများမပေါ်ပေါက်စေ ရန် အစိုးရအနေဖြင့် တာဝန်ယူမှု ရှိစွာ တရားဥပဒေစိုးမိုးရေးကိုအ ကောင်အထည်ဖော်ဆောင်ရွက် ပေးရန်အပါအ၀င် အချက်ငါး ချက်ကို အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့် နိုင်ငံရေးအင်အားစု များကအပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့ သည်မှာ နှစ်ပေါင်းခြောက်ဆယ် ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာ သေးမီကလည်း လူမျိုးရေး၊ဘာ သာရေးကိုအခြေခံသည့် ပဋိပက္ခ များ၊ အကြမ်းဖက်မှုများပေါ်ပေါက် ခဲ့၍ ပြည်သူလူထု၏အသက်အိုး အိမ်၊ စည်းစိမ်များထိခိုက်ဆုံးရှုံး  ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကင်းမဲ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် ငြိမ်းချမ်းရေး ကို လိုလားသော လူငယ်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့ဖြစ်သော စက်တင် ဘာ ၂၁ ရက်တွင် လေးလေးနက် နက် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်ဟု ဆို သည်။

ငြိမ်းချမ်းရေးလိုလားသော တက်ကြွလှုပ်ရှားသူများကပင်လုံ စိတ်ဓာတ်ကိုအခြေခံသော ပွင့် လင်းမြင်သာ၍ အင်အားစုအား လုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေး ပွဲများမဖြစ်မနေကျင်းပရန်၊တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအင်အားစုများ၊တပ်မတော် နှင့် အစိုးရကြားဆောင်ရွက်နေ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ပိုမိုပွင့်လင်းမြင်သာမှုရှိ အောင် ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘အပစ်အခတ်ရပ်စဲလောက် ရုံနဲ့တော့ ကျွန်မတို့လိုချင်တဲ့စစ် မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ပါ ဘူး။ ကျွန်မတို့အားလုံးလိုချင်တဲ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးထာဝရ တည်တံ့ခိုင်မြဲဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိမှာဖြစ် ပါတယ်’’ဟု Generation Waveမှ မအိအိမိုးကပြောသည်။

ငြိမ်းချမ်းရေးတက်ကြွလှုပ် ရှားသူများက တိုင်းရင်းသားပြည် သူများငြိမ်းချမ်းစွာယှဉ်တွဲနေထိုင် ရေးအတွက်အမျိုးသားတန်းတူ ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်တရား မျှတသောဒီမိုကရက်တစ်ဖက်ဒ ရယ်ပြည်ထောင်စုပေါ်ပေါက်လာ စေရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ပြည်သူများကြား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ကင်းမဲ့သော ပဋိပက္ခများ၊အကြမ်း ဖက်မှုများမပေါ်ပေါက်စေရန် အ စိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့အနှံ့တွင် ပြုလုပ်ခဲ့ကြသည်။

7 Day Daily

ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးတောင်တက်သမားများကို လေကြောင်းမှရှာရန် အခက်အခဲဖြစ်နေ



ခါကာဘိုရာဇီတောင်၏ ဆိုးရွားသော ရာသီဥတုအခြေ အနေကြောင့် ပျောက်ဆုံးသွားသော တောင်တက်သမားများအား လေကြောင်းမှရှာ ဖွေရန် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

ပျောက်ဆုံးနေသော တောင်တက်သမားများကို B3 ရဟတ်ယာဉ်နှစ်စင်း ဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသော်လည်း ပြင်းထန်စွာ မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်း စသည့် ရာသီဥတုအခြေအနေများကြောင့် ပျံသန်းနိုင်သော သတ်မှတ်အ မြင့်ပေအထိ ပျံသန်းနိုင်ခြင်းမရှိဘဲ လေကြောင်းဖြင့် ရှာဖွေရေးလုပ်ငန်းမှာ တွင်ကျယ် မှုမရှိကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုကပြောသည်။

''ဒီနေ့ မွန်းလွဲ ၁ နာရီက စရှာပေမယ့် ရုတ်တရက် မိုးတွေအရမ်းရွာလာ လို့ ရဟတ်ယာဉ်နှစ်စင်းစလုံး ရပ်ထားရတယ်။ ရှာဖွေရေးကိုတော့ မတွေ့မချင်း လုပ် သွားမှာပါ''ဟု ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက စက်တင်ဘာ ၂ဝ ရက်တွင် ပြော သည်။

အဆိုပါတောင်တက်သမားနှစ်ဦး၏ ပျောက်ဆုံးချိန်မှာ လက်ရှိအချိန်တွင် ရက် ၂ဝ ခန့် ကြာမြင့်ပြီရှိသော်လည်း အဆိုပါနှစ်ဦးနှင့်ပတ်သက်သည့် သတင်းအချက် အလက် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

အဆိုပါ ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအား ရှာဖွေရန် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ ပူးပေါင်းရှာ ဖွေလျက်ရှိပြီး စုစုပေါင်း ရဟတ်ယာဉ်လေးစင်း အသုံးပြုကာ ရှာဖွေလျက်ရှိသည်။

TheFlowerNews

ဘီယွန်ဆေးရဲ့ဘီကီနီပုံမှာ ဘာကိုပြုပြင်ထားသလဲ


သရုပ်ဆောင် အဆိုတော် Beyonce ရဲ့ ဓာတ်ပုံထဲ ပေါင်တံတွေ  သွယ်လျလျဖြစ်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

 Beyonce ရဲ့ အင်တာနက်စာမျက်နှာမှာ တင်လိုက်တဲ့  မြွေအရေခွံဒီဇိုင်း ဘီကီဝတ်ဓာတ်ပုံကို ကြည့်ပြီး အဲဒီလို ဆိုနေကြခြင်းပါ။

လှေခါးကနေ ခပ်ပြုံးပြုံးလေး ဆင်းလာတဲ့ဒီပုံမှာ သူ့ပေါင်အတွင်းသား ခပ်ပါးပါး ထွင်းထားတာကတော့ သိသိသာသာပါပဲ။

နောက်ခံ လှေခါးထစ်က ပုံစံပျက်နေပါတယ်။

ပေါင်သားကို ထွင်းထားတာ မဟုတ်ဘူး ဆိုရင်တော့ လှေခါးထစ်တပ်ဆင်တဲ့လက်သမားတွေ အသုံးမကျတာပဲ ဖြစ်ပါလိမ့်မယ်။

လက်သမားတွေ အပြစ်မရှိဘူး ဆိုရင်တော့ ဓာတ်ပုံကို ပြုပြင်တဲ့ငနဲ သို့မဟုတ် ငနဲမ သောက်သုံးမကျဘူးလို့ ဆိုရမယ်။

သန်းကြွယ်သူဌေးဖြစ်ပြီး အကောင်းစား ကွန်ပြူတာသမား မငှားနိုင်ဘူးလားလို့  Beyonce ကို အပြစ်တင်သူတောင် ရှိလာနိုင်ပါတယ်။

သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသက် ၃၃ နှစ် ပြည့်သွားပါပြီ။

လူမည်း ဂီတသမားတွေထဲမှာတော့ ကြေးအများဆုံး ရသူပါပဲ။
Time ကလည်း သူ့ကို ပြီးခဲ့တဲ့နှစ်ရော ဒီနှစ်ရော ကမ္ဘာ့ သြဇာအကြီးဆုံး ၁ဝဝ စာရင်းထဲ ထည့်ထားတာပါ။

အနောက်ကမ္ဘာမှာ လူကြိုက်များတဲ့ သရုပ်ဆောင် အဆိုတော် Beyonce ဓာတ်ပုံထဲက ပေါင်တံ ပြုပြင်လို့ လူမိတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ကိုယ်နေဟန်ထားကြည့်ရတာ ဝဝဖိုင့်ဖိုင့် မဟုတ်ပါဘူး။ ပေါင်တံသွယ်သွယ် ဖြစ်ချင်တယ် ဆိုတော့ လူအများအပြားက ပေါင်တံသွယ်သွယ်မှ နှစ်သစ်ကြတယ်လို့ ယူဆတာကြောင့် ဖြစ်ပုံရပါတယ်။

ဆံပင်အရောင်ကလည်း ပြင်ဆင်ထားခြင်းပါ။ ရွှေရောင်ဆံပင်ကို ကြိုက်သူ အတော်များနေပါပြီ။

ဒီအဆိုတော်က အဆင်းအသွင်ကို ပြုပြင်ထားပေမယ့် သူ့သီချင်းထဲက သူ့အသံကတော့ အစစ်အမှန်ဖြစ်မယ်လို့ ထင်ရပါတယ်။

ဧရာဝတီ Facebook

19.9.14

ဗြိတိန်မှ စကော့တလန် ခွဲထွက်မည့်အဆို ရှုံးနိမ့်ကြောင်း အတည်ပြု

မဲရလဒ်များ အပြီးသတ် ထွက်ပေါ်လာပြီးနောက် စကော့တလန် နိုင်ငံသည် ဗြိတိန်မှ သီးခြားခွဲထွက်မည် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

စက်တင်ဘာ (၁၈)ရက်နေ့ မဲပေးမှု အပြီးတွင် စကော့တလန်ရှိ မဲဆန္ဒဇုန် (၃၂)ခုအနက် (၃၁)ခုမှ မဲများကို ရေတွက်ပြီးနောက် အဆိုပါ ရလဒ်ကို ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် မဲအရေအတွက် (၁.၈၅)သန်းကျော် ရရှိမှ အဆိုအောင်မြင်မည်ဟု ကြိုတင် ခန့်မှန်းထားရာ မဲဆန္ဒနယ် (၃၁)ခု၏ ရလဒ်များကို ထုတ်ပြန်ပြီးချိန်တွင် ခွဲထွက်ရေးကို ဆန့်ကျင်သူ (၁.၉၁)သန်းနှင့် ထောက်ခံသူ (၁.၅၄)သန်း ရှိနေခဲ့သည်။ ထို့ကြောင့်လည်း ခွဲထွက်ရန် အဆိုကို ကန့်ကွက်မဲပေးသူ ပိုမိုများပြားကြောင်း ပေါ်လွင် ခိုင်မာသွားခဲ့သည်။

အဆိုပါ မဲရလဒ်ကို အတည်ပြုပြီးနောက် စကော့တလန် ဝန်ကြီးချုပ် (Scotland’s First Minister) အဲလက်စ် ဆယ်လ်မွန်က မိမိတို့၏ ခွဲထွက်ရေးအဆို အရေးနိမ့်သွားခြင်းကို ဝန်ခံခဲ့ပြီး စကော့တလန် နိုင်ငံရေးပါတီ အားလုံး ဗြိတိန်နှင့်အတူ စည်းလုံးညီညွတ်စွာ ဆက်လက် ရပ်တည်ရန် ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကလည်း မဲရလဒ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ဗြိတိန်၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို ရှေ့ဆက်စေလိုကြောင်း ပြောကြားခဲ့သည်။ ဆယ်လ်မွန်က “ကျွန်တော်တို့ လုပ်ဆောင် ကြိုးပမ်းခဲ့တာဟာ စကော့တလန်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပိုမိုမြှင့်တင်ဖို့သာ ရည်ရွယ်ပါတယ်။ စကော့တလန်အနေနဲ့ လုပ်ပိုင်ခွင့် ပိုမိုကျယ်ပြန့်လာဖို့လည်း မျှော်လင့်ထားပါတယ်။ လက်ရှိ မဲရလဒ်တွေအရ စကော့တလန် နိုင်ငံသား (၁.၆)သန်းလောက်က လွတ်လပ်စွာ ရပ်တည်မှုကို တောင်းဆိုခဲ့တာ အထင်အရှား တွေ့ရပါတယ်”ဟု ထောက်ခံသူများအား ပြောကြားခဲ့သည်။ ၎င်းက ယခုမဲရလဒ်သည် ဒီမိုကရေစီ နည်းလမ်းနှင့် ညီညွတ်စွာ ထွက်ပေါ်လာခြင်းဟု ဝန်ခံခဲ့သော်လည်း မဲပေးခွင့်ရသည့် လူငယ်ပိုင်းတွင် မိဘများ၊ အုပ်ထိန်းသူများ၏  ဖိအားပေးမှုအချို့ ရှိနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

စကော့တလန်၏ လုပ်ပိုင်ခွင့်ဩဇာ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ခဲ့သည့် အဆိုတင်သွင်းမှုအတွက် (၂)နှစ်မျှ အချိန်ယူ ဆော်ဩလှုပ်ရှားခဲ့သည်။ ထိုအတောအတွင်း ယင်းအဆိုကို ထောက်ခံသူများရော၊ ကန့်ကွက်သူများပါ ရှိခဲ့ပြီး ပြီးခဲ့သည့် လပိုင်းများတွင် ခွဲထွက်ရေးကို ဆန့်ကျင်သူ အရေအတွက် ပိုမိုများပြားလာသည်။ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်က စကော့တလန်အနေဖြင့် ခွဲထွက်မသွားပါက လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိလာစေမည်ဟု ကတိပြုထားခဲ့ပြီး စကော့တလန် နိုင်ငံသား အများစုက ဗြိတိန်ကို အမှီအခိုမပြုဘဲ ရပ်တည်ရာတွင် အခက်အခဲများစွာ ကြုံရမည်ဟု ယုံကြည်ယူဆလာခဲ့သည်။

စကော့တလန်၏ မြို့ကြီး အများစုတွင်မူ ခွဲထွက်ရေးကို ထောက်ခံသည့် မဲပေးမှု ပိုမိုများပြားခဲ့သည်။ စကော့တလန်၏ အကြီးဆုံးမြို့ဖြစ်သည့် ဂလက်စဂိုတွင် ခွဲထွက်ရေးကို ထောက်ခံသည့် မဲအရေအတွက်က (၁၉၄၇၇၉)နှင့် ကန့်ကွက်သည့် အရေအတွက်က (၁၆၉၃၄၇) ရှိခဲ့သည်။ ဒန်ဒီး၊ ဝက်စ်ဒန်ဘာတန်ရှိုင်းယားနှင့် နော့သ်လန်ကက်ရှိုင်းယားတို့တွင်လည်း ခွဲထွက်ရေးကို ထောက်ခံမှု ပိုမိုများပြားခဲ့သည်။

စကော့တလန်၏ မြို့တော်ဖြစ်သည့် အီဒင်ဘာ့ဂ်တွင်မူ ခွဲထွက်ရေးကို ပယ်ချသူ အရေအတွက် (၁၉၄၆၃)ဦး ရှိခဲ့ပြီး ထောက်ခံသူများဘက်က (၁၂၃၉၂၇)မဲသာ ရရှိခဲ့သည်။ အဘာဒင်းတွင်လည်း ခွဲထွက်ရေးကို မထောက်ခံသူ အရေအတွက် ပိုမိုများပြားခဲ့သည်။

ကင်မရွန်က “ဗြိတိန်ပေါင်းစည်းရေး လှုပ်ရှားမှုကို ဦးဆောင်တဲ့ အေလက်စတဲ ဒါလင်နဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ သူ့ရဲ့ အားထုတ်လုပ်ဆောင်မှုအတွက်လည်း ဂုဏ်ပြုစကား ပြောခဲ့ပါတယ်”ဟု ဆိုသည်။ ၎င်းက “မဲရလဒ်နဲ့ ပတ်သက်ပြီး ဘာအမှားမှ မရှိသလို နောက်တစ်ကျော့ မဲကောက်ခံမှုတွေလည်း ပြုလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗြိတိန်နဲ့ ဆက်လက်ပူးပေါင်းဖို့ စကော့တလန် ပြည်သူတွေရဲ့ ဆန္ဒမှန်ကို ကြားသိခွင့် ရခဲ့ပါပြီ”ဟုလည်း ပြောကြားသွားသည်။

_Ref: BBC

စစ်သွေးကြွချေမှုန်းရေး အီရတ်ကို လက်နက်တင်ပို့ရန် ဂျာမနီပြင်ဆင်


ဂျာမန်အစိုးရဟာ အီရတ်နိုင်ငံ အစ္စလာမ်မစ်ပြည်ထောင်စုအဖွဲ့(အိုင်အက်စ်)ကို တိုက်နေတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေအတွက် ပထမအသုတ် လက်နက်တင်ပို့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပြင်ဆင်နေပါတယ်။

2ဂျာမနီအရှေ့မြောက်ပိုင်း ဝါရမ်မြို့ စစ်တပ်အခြေစိုက်စခန်းမှာ စစ်အရာရှိတွေက သင်္ဘောတင် ပေးပို့မယ့် စစ်လက်နက် နမူနာတွေကို ခင်းကျင်းပြသထားပါတယ်။

တင့်ကားဖျက် လက်နက်တွေကိုလည်း တခြား လက်နက်တွေနဲ့အတူ အီရတ်မြောက်ပိုင်း ပဲ့ရှ်မာဂါဒေသကို ပေးပို့မှာ ဖြစ်ပါတယ်။

ဂျာမန်ဒုဗိုလ်မှူးကြီး ကလောက်စ်ဘရန်ဒယ်လ်က လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့မှာ ပဲ့ရ်မာဂါ တပ်ဖွဲ့ဝင်အယောက် ၃၀ ဒီကို ရောက်လာမှာဖြစ်ပြီး သူတို့ထဲက အယောက် ၂၀ ကို ဂျာမန်စစ်စခန်း ခေါ်လာပြီး တင့်ကားဖျက်လက်နက် သင်တန်းပေးမယ်လို့ ပြောပါတယ်။

ဂျာမန်အစိုးရက ကာ့ဒ်တွေအတွက် တင့်ကားဖျက်ဒုံးကျည်တွေ၊ ရိုင်ဖယ်တွေနဲ့ လောင်ချာတွေ ပေးမယ်လို့ ပြောခဲ့အပြီး ဂျာမန် ၀န်ကြီးချုပ် အိန်ဂျလာမာကယ်လ်က အီရတ်က လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးကို တားဆီးဖို့ အကျပ်အတည်းကို စွက်ဖက်ဖို့ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က ပြောခဲ့ပါတယ်။

အိုင်အက်စ်စစ်သွေးကြွတွေက တိုင်းရင်းသားတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတဲ့ အထောက်အထားတွေကိုလည်း ထောက်ပြပါတယ်။

ဂျာမနီဟာ စစ်ပြီးခေတ်မှာတော့ အတိတ်က နာဇီအစိုးရ အုပ်ချုပ်ခဲ့ချိန်က ဖြစ်ခဲ့တာတွေကို ချေဖျက်ဖို့အတွက် စစ်ရေး တိုက်ရိုက်စွက်ဖက်မှုတွေကနေ ဝေးဝေးနေလေ့ ရှိတာပါ။

သြဂုတ်လက လုပ်တဲ့ ထင်မြင်ချက်စစ်တမ်းအရ ဂျာမန်ပြည်သူ ၃ ပုံ ၂ ပုံက ကာ့ဒ် တိုက်ခိုက်ရေးသမားတွေကို လက်နက် မပို့သင့်ဘူးလို့ ယုံကြပါတယ်။

DVB

“ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ကူညီရှာဖွေရန် အမေရိကန်နှင့် နီပေါနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိ”


ထူးဖောင်ဒေးရှင်း၏ ဆက်သွယ်ခေါ်ယူမှုဖြင့် ပျောက်ဆုံး တောင်တက်သမား (၂)ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် မြန်မာ့ရေမြေသဘာဝကို သိရှိပြီး ဂမ်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့ ခေါင်းဆောင် အန်ဒီတိုင်ဆန်သည် အဖွဲ့ဝင်တစ်ဦးနှင့်အတူ ယနေ့ စက်တင်ဘာလ (၁၉)ရက် နံနက် (၉း၀၀)နာရီ အချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

ထို့ပြင် အချိန်နှင့်အမျှ အရေးကြီးလာသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်နေသည့် ထူးဖောင်ဒေးရှင်းသည် နီပေါနိုင်ငံမှ ကျွမ်းကျင်သည့် တောင်တက် ကယ်ဆယ်ရေး အဖွဲ့များကိုလည်း ဆက်သွယ်ခဲ့ပါသည်။
ထို့ကြောင့် ယနေ့ နံနက် (၁၁း၀၀)နာရီ အချိန်က နီပေါနိုင်ငံမှ တောင်တက်ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်း(၂)ဦးနှင့် ဧ၀ရတ်တောင်ထိပ် တက်ရောက်သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား (၂)ဦးလည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
ယနေ့ ရောက်ရှိလာသော အမေရိကန်နှင့် နီပေါ မှ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ (၂)ဖွဲ့သည် ယနေ့ မွန်းလွဲ (၁း၃၀) နာရီတွင် ရန်ကုန်မှ ပူတာအိုသို့ ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးသည့် လေယာဉ်ဖြင့် ချက်ချင်း ထွက်ခွာပါမည်။
ထိုမှတဆင့် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးရွာဖြစ်သော တဟွန်းဒမ်းကျေးရွာသို့ ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာပြီး ရှာဖွေရေးလုပ်ငန်းများကို အနီးကပ် ကွပ်ကဲနေသော ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ခေါင်းဆောင်သော အဖွဲ့များနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Htoo Foundation

သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ

သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။လက်နက်များ အပြည့်အစုံ ကိုင်ဆောင်ထားကြသော ရဲအရာရှိများ အနည်းဆုံး ၈၀၀ ခန့်သည် ယင်းမြို့ကြီးနှစ်မြို့ရှိ အဆောက်အအုံ အချို့ကို ဝင်ရောက်စီးနင်းခဲ့ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

 “အကြမ်းဖက်မှု လုပ်ရပ်များ” ကျူးလွန်မည့် အစီအစဉ်များကို တားဆီးရန် ထိုစစ်ဆင်ရေးက ရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက် အစီအစဉ်တစ်ခုမှာ အများပြည်သူထဲမှ ကြုံရာကျပန်းလူကို ရွေးချယ်ကာ ခေါင်းဖြတ်ရန် ဖြစ်သည်ဟု ဆိုကြသည်။

အီရတ် နှင့် ဆီးရီးယားတွင် ဖြစ်ပွားနေသော စစ်ပဋိပက္ခ၏ အကျိုးဆက်များ သြစတြေးလျနိုင်ငံအား ရိုက်ခတ်လာမည်ကို စိုးရိမ်မှုများ ကြီးထွား လာ လျက်ရှိရာ သြစတြေးလျတွင် အကြမ်းဖက်ဝါဒအန္တရာယ်၏ စိုးရိမ်ရမှုအဆင့်ကို မြှင့်တင်ထားသည်။

ဆစ်ဒနီမြို့၏ အနောက်ပိုင်းဒေသများ နှင့် ဘရစ္စဘိန်းမြို့၏ တောင်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း နှင့် ထိုဒေသများတွင် ရဲအရာရှိများ ဆက်လက် လှုပ်ရှားဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့မှ ယာယီ ရဲမင်းကြီး အန်ဒရူးကော်ဗင် က ပြောခဲ့သည်။

““ရှာဖွေမှုတွေနဲ့ ဒီစစ်ဆင်ရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ဆက်ပြီး လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေ ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးဟာ အခုလိုအခိုက်အတန့်မှာ အထူးကို အရေးကြီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်ပြောပြနိုင်တာကတော့ ဆစ်ဒနီ တစ်ဝန်းမှာ ဝရမ်း ၂၅ ခု ကို စီမံဆောင်ရွက်ခဲ့ပြီးတော့ အခုလောလောဆယ် အဆင့်မှာ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာပါပဲ။ ပြီးတော့ ပြင်းထန်လှတဲ့ အကြမ်းဖက်ဝါဒဆိုင်ရာပြစ်မှုတွေနဲ့ စွဲချက်အတင်ခံရသူ တစ်ဦးလည်း ရှိနေ ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

သြစတြေးလျ မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကို အကြမ်းဖက်သမားများက စီစဉ်နေ ခဲ့ကြကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်ကြောင့် သြစတြေးလျ အာဏာပိုင်များက စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း  ကော်ဗင်က ဆိုခဲ့သည်။

Mizzima

ကြားဖြတ်မဲစာရင်းများအရ စကော့တလန်အနေဖြင့် ဗြိတိန်မှခွဲမထွက်ရေး ထောက်ခံသူများ မဲအသာစီးရနေ

စကော့တလန်နိုင်ငံအနေဖြင့် ဗြိတိန်မှ ခွဲထွက်ရေး သို့မဟုတ် မထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ တစ်ရပ်ကို စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး စက်တင်ဘာ ၁၉ ရက်အစောပိုင်းတွင် ထွက်ပေါ် လာသည့် ကြားဖြတ်မဲစာရင်းများအရ ခွဲမထွက်ရေး သမားများဘက်မှ အသာစီးရလျက်ရှိသည်။
မဲအရေအတွက်၏ ၁၃ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် ခွဲမထွက်ရေးဘက်မှ ၅၀ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် ခွဲထွက်ရေး သမား များဘက်မှ ၄၉ ဒသမ ၀၅ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။

တရားဝင်အတည်မပြုနိုင်သေးသည့် ကြေညာချက်များအရလည်း မဲဆန္ဒနယ် ၃၂ ခုအနက် ၉ ခုတွင် ခွဲမထွက်ရေးသမားများက ၈၅ ရာခိုင်နှုန်းအထိ အသာရနေကြောင်း သိရသည်။

ကွန်ဆာဗေးတစ်အုပ်စုဘက်မှ ၀န်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်အား ထောက်ခံသူတစ်ဦးဖြစ်သည့် မိုက်ကယ်ဂေါ့ဗ်က “ခွဲမထွက်တဲ့တွက် ဗြိတိန်မပြိုကွဲနိုင်တော့ပါဘူး’’ ဟု ပြောကြားသည်။

ခွဲထွက်ရေးကို လိုလားသူ Green Party ဘက်မှ စကော့တလန်ပါလီမန်အမတ်တစ်ဦးဖြစ်သည့် ပက်ထရစ်ဟာဗီးက ယခုရလဒ်အပေါ် စိတ်ပျက်မိကြောင်း ပြောကြားသည်။

စကော့တလန်အနေဖြင့် ဗြိတိန်မှ ခွဲမထွက်ရန် ကမ်းလှမ်းမှုတစ်ခုအဖြစ် စကော့တလန်ပါလီမန်အား  လုပ်ပိုင်ခွင့်များ ပိုပေး သွားမည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လူထုဆန္ဒခံယူပွဲ ကျင်းပရန် အချိန် အနည်းငယ်အလိုတွင် ထပ်မံ ကတိပြုခဲ့ပြီး ၎င်း၏ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံရေးသမားများအနေဖြင့် လည်း စကော့တလန်ကို အင်္ဂလန်ကဲ့သို့ပင် သတ်မှတ်ဆက်ဆံရန် တိုက်တွန်းခဲ့သည်။

ဒေးဗစ်ကင်မရွန်အနေဖြင့် ဆန္ဒခံယူပွဲရလဒ်ထွက်ပေါ်လာပြီးနောက် ဗြိတိန်၏  အနာဂတ်နှင့်ပတ်သက် ၍ မိန့်ခွန်း တစ်ရပ် ပြောကြားသွားမည်ဖြစ်ပြီး ခွဲမထွက်ရေးသမားများက အနိုင်ရလျှင် အာဏာခွဲဝေရေး အစီအစဉ်များနှင့် ပတ်သက် ၍ ကြေ ညာ ဖွယ်ရှိသည်။

Ref:AFP

စကော့တလန်ကို ယူကေ(ဗြိတိန်) နိုင်ငံ တွင် ဆက်လက် တည်ရှိတော့မည်


ယနေ့ နောက်ဆုံး စကော့တလန်တွင် ယူကေ(ဗြိတိန်) ကနေ ခွဲထွက်လိုသူများ နှင့် မခွဲထွက်ရေး လိုလားသူများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒကောက်ခံမှုများ ပြုလုပ်ပြီးနောက် ခွဲထွက်ရေးသမားများမှာ ၄၅ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားသည့်အတွင် ယူကေ(ဗြိတိန်) မှ ခွဲထွက်ခွင့်ရရှိ တော့မည် မဟုတ်တော့ပေ။
အဆိုပါ မဲဆန္ဒကောက်ခံမှုတွင် ခွဲထွက်လို သူများဘက်မှ ထောက်ခံသူ ၁၅၃၉၉၂၀ ယောက်ထောက်ခံမဲ ပေးခဲကြပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံလူဦးရေး၏ ၄၅ ရာခိုင်နှုန်းရှိပြီး ခွဲမထွက်လိုသူများ ဘက်က ထောက်ခံမဲပေါင်း ၁၉၁၄၁၈၇ ယောက် မဲဆန္ဒပေးခဲ့ကြသဖြင့် ခွဲမထွက်ခွင့် အဆိုမှာ ၅၅ ရာခိုင်နှုန်းဖြင့် အောင်မြင်သွားသည့် အတွက် ယူကေ (ဗြိတန်)နိုင်ငံ မှ ခွဲထွက်မှု ရရှိနိုင်တော့မည် မဟုတ်ပေ။

Ref : WSJ

ဗိုလ်မှူးကြီး တိုက်ဂါးကြေညာချက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မသက်ဆိုင်


 မြန်မာ့တပ်မတော်တပ် ရင်းတပ်ဖွဲ့အသီးသီးမှ တပ်မ တော်သားများ ကရင်ပြည်နယ်အ တွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန် တားမြစ်ကြောင်း KNU/KNLA-PC က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် နှင့်ပတ်သက်၍ အဆိုပါကြေညာ ချက်မှာ ဗိုလ်မှူးကြီး တိုက်ဂါး၏ တစ်ဦးတည်းဆန္ဒသာဖြစ်ပြီး ဗဟို ဌာနချုပ်နှင့် လုံးဝ မပတ်သက် ကြောင်း စက်တင်ဘာ ၁၈ ရက်၌ KNU/KNLA-PC က ကရင်ပြည်နယ်အစိုးရအ ဖွဲ့သို့ အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့သည်။

‘‘အစိုးရတပ်မတော်ကနေ ဗိုလ်မှူးကြီး တိုက်ဂါးရဲ့ ထုတ်ပြန်ချက်ကို ဌာနချုပ်က သိ၊ မသိလှမ်းမေးတယ်။ ဌာနချုပ်က  မသိဘူးလို့ ပြောလိုက်တယ်။ ဌာနချုပ်က ဘာမှမသိရဘူး။ ဒီနေ့စာပေးပို့ပြီးနောက်မှာတော့ တပ်မတော်ဘက်က တုံ့ပြန်တာ လောလောဆယ် ဘာမှမကြားရသေးဘူး’’ ဟု KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ၏ ဘားအံဆက် ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစော အောင်ချစ်က ပြောသည်။

ဗိုလ်မှူးကြီး တိုက်ဂါးမှာ KNU/KNLA ငြိမ်းချမ်းရေးကောင် စီ၏ KNU/KNLA ကရင်ငြိမ်းချမ်း ရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး)ဗျူဟာ၊ ဗျူဟာမှူးဖြစ်သည်။

၎င်း ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်ရက် စက်တင်ဘာ ၁၈ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဘားအံမြို့ရှိ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ထံသို့ ‘‘ဗိုလ်မှူးကြီး တိုက်ဂါး၏ ထုတ်ပြန်စာအပေါ် ပြန်လည်အသိပေးခြင်း’’ ခေါင်းစဉ် တပ်ထားသည့်စာကို ပေးပို့ခဲ့ပြီး ဗဟိုဌာနချုပ်နှင့် မပတ်သက်ကြောင်း ငြင်းဆိုရှင်းလင်းခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကို ဗဟိုကော်မတီဝင် ငါးဦးနှင့် ဖွဲ့စည်းထားပြီး ယင်းကော် မတီဝင်များ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များ အပေါ်တွင်သာ လျှင် လုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်ရန် ညွှန်ကြားထားသည်ဟု ယင်းစာတွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီး တိုက်ဂါး၏ ထုတ် ပြန်စာသည် KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ ဗဟိုဌာနချုပ်၏ ညွှန်ကြားချက်တစ်စုံတစ်ရာ မပါ ရှိသည့်အပြင် ဗဟိုဌာနချုပ်ကို လည်း အသိပေးအကြောင်းကြား ခြင်း လုံးဝမရှိဟု ဆိုသည်။

စက်တင်ဘာ ၁၃ ရက်က KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ ဖြိုးရေး (အထူး)ဗျူဟာက မြ၀တီ မြို့အတွင်း ထိုင်းနိုင်ငံဘက်မှ ၀င် လာသည့် ကုန်ကား သုံးဆယ် ကျော်ကို ပိတ်ဆို့တားဆီးခဲ့သည်။ ယင်းနောက် KNU/KNLA ကရင် ငြိမ်းချမ်းရေးကောင်စီ၊ ခွဲထွက် ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် ကလိုထူးဘော တပ်ဖွဲ့များအနေဖြင့် မြ၀တီမြို့တွင်း သို့ ၀င်ရောက်သည့်အခါ လက် နက်ယူဆောင်မလာရ၊ ယူနီဖောင်း ၀တ်မလာရဟူ၍ မြ၀တီအခြေ စိုက် ရှေ့တန်းအမှတ် ၂၇၅ အစိုးရခြေလျင်တပ်ရင်းက စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက်က ဗိုလ်မှူးကြီး တိုက်ဂါးဦးစီးသည့် မြ၀ တီအခြေစိုက် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနယ်စပ်လုံ ခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး)ဗျူဟာက တပ်မတော်သားများ ကရင် ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန်တားမြစ်ကြောင်း စာကို ထုတ်ပြန်ခဲ့သည်။ ယင်းစာကိုသမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ထံသို့ပါ ပေးပို့ခဲ့သည်ဟု ဆိုသည်။

7 Day Daily

မြန်မာအစိုးရရဲ့  အာဆီယံအိပ်မက်


လွန်ခဲ့တဲ့ သြဂုတ်လ အစောပိုင်းက အာဆီယံအသင်း တည်ထောင်တဲ့ (၄၇) နှစ်ပြည့် အခမ်းအနားနဲ့ (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး နေပြည်တော်မှာ ကျင်းပပါတယ်။ ငြိမ်းချမ်းသာယာတဲ့ အာဆီယံအသိုက်အဝိုင်းဆီကို မမှိတ်မသုန် ချီတက်နေတာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ လာမယ့်တနှစ်အတွင်း အားလုံးပြီးနိုင်လိမ့်မယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း အာဆီယံအသိုက်အဝန်းကိုရောက်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ အားရပါးရ ပြောကြားသွားပါတယ်။ နားဝင်ပီယံ ဖြစ်စရာကောင်းတဲ့ စကားတွေပါ။

တခုတည်းသော စရိုက်လက္ခဏာ၊ တခုတည်းသော မျှော်မှန်းချက်နဲ့ တခုတည်းသော အသိုက်အဝန်းကို မကြာမီရောက်တော့မယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။ တခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံဒေသကို မကြာမီ တွေ့မြင်ရတော့မယ်ဆိုတဲ့ သဘောပါ။ တခုတည်းသော ဈေးကွက်ဆိုတာ အပြောလွယ်သလောက် လက်တွေ့လုပ်ရခက်တဲ့ ကိစ္စပါ။ ကုန်ပစ္စည်းတွေ၊ ကုန်ထုတ်စွမ်းအားစုတွေနဲ့ ဝန်ဆောင်လုပ်ငန်းကို ပြည်တွင်းမှာ အသုံးပြုသလို အာဆီယံတခွင်မှာ လွတ်လပ်စွာ သုံးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ မဖြစ်နိုင်သေးတာကို ရည်မှန်းထားတာမို့ စိတ်ကူးယဉ်ပန်းတိုင်လို့ ခေါ်နိုင်ပါတယ်။

အာဆီယံ (၁၀) နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကွာခြားချက်ကိုကြည့်ပြီး တခုတည်းသော ဈေးကွက်ဟာ မဖြစ်နိုင်သေးတာမို့ ရည်မှန်းချက်အဖြစ်သာ သဘောထားသင့်တယ်လို့ အာဆီယံ

စီးပွားရေးသုတေသနဌာနက မကြာမီကထုတ်ဝေခဲ့တဲ့ ASEAN Rising စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တခုတည်းသော ဈေးကွက် ပေါ်ပေါက်ရေးကို စံပြရည်မှန်းချက်အဖြစ် သဘောထားတာက ပိုပြီး သဘာဝကျပါတယ်။ မကြာမီ အကောင်အထည်ပေါ်တော့မလိုလို မစားရဝခမန်း ပြောတာမျိုးဟာ ပြည်သူလူထုကို နားယောင်စေပါတယ်။ ၂၀၁၅ နှစ်ကုန်မှာ အာဆီယံအသိုက်အဝန်း အကောင်အထည် မပေါ်နိုင်ဘူးလို့ ပြောသူတွေထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ၂၀၂၅ လောက်ရောက်မှ တစိတ်တပိုင်း အကောင်အထည် ပေါ်နိုင်တယ်လို့ ADB ပညာရှင်တွက ခန့်မှန်းပါတယ်။

ဒါတောင် အကောက်အခွန်ကိစ္စမှာသာ အကောင်အထည်ပေါ်ဖို့ အလားအလာ ရှိနိုင်ပါတယ်။ ကံသေကံမ ဖြစ်လိမ့်မယ်လို့ မပြောနိုင်သေးပါဘူး။ ဥပမာ တနိုင်ငံနဲ့ တနိုင်ငံ ရုံးလုပ်ထုံးလုပ်နည်း မတူပါဘူး။ ဆိုရှယ်လစ် စနစ်ကျင့်သုံးခဲ့တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ နဲ့ ဗိယက်နမ်မှာ လုပ်ရကိုင်ရခက်တဲ့ ကြိုးနီစနစ်တွေ ကျန်နေပါသေးတယ်။ အခွန်အကောက်နဲ့ မဆိုင်တဲ့ အခြားကန့်သတ်ချက်တွေလည်း ရှိနေပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာစိုးလို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေပါတယ်။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတာဟာ အာဆီယံ စီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ အာဆီယံနိုင်ငံတခုရဲ့  စည်းမျဉ်းကို မကျေနပ်ရင် အစိုးရအချင်းချင်း ညှိနှိုင်းဖြေရှင်းရပါတယ်။ သွင်းကုန်နဲ့ ပတ်သက်ပြီး အစိုးရအချင်းချင်း ဖြေရှင်းရတာ (၆၅) ကြိမ် ရှိပါပြီ။

၂၀၁၅ နှစ်ကုန်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ပေါ်ဖို့ ကမ္ဘောဒီးယားဟာ အဆင့်သင့် မဖြစ်သေးဘူးလို့ အလုပ်သမားရေးဝန်ကြီးဌာန အရာထမ်း Chuop Narath က မကြာမီက ပြောဆိုသွားပါတယ်။ ၂၀၁၂ မှာ ကမ္ဘောဒီးယားရဲ့  အသားတင်ထုတ်လုပ်မှုဟာ အမေရိကန်ဒေါ်လာ သန်း (၁၄၀၀၀) ကျော် ရှိပါတယ်။ လာအိုက သန်း (၉၀၀၀)၊ မြန်မာက သန်း (၅၀၀၀၀) ကျော်၊ ဗိယက်နမ်က တစ်သိန်းလေးသောင်းကျော် ရှိပါတယ်။ ထိုင်းရဲ့  အသားတင်ထုတ်လုပ်မှုက မြန်မာထက် (၇) ဆ ပိုများပါတယ်။ မလေးရှားက မြန်မာထက် (၆) ဆ ပိုများပြီး၊ စင်္ကာပူက (၅) ဆ၊ အင်ဒိုနီးရှားက (၁၇) ဆ ပိုများကြပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှုရော၊ ယဉ်ကျေးမှု ကွာဟမှုတွေရော ကြီးမားပါတယ်။ ဒီလို အခြေအနေမှာ တခုတည်းသော ဈေးကွက်ပေါ်လာရင် ဆင်းရဲတဲ့နိုင်ငံက ရှုံးဖို့များတယ်လို့ ခန့်မှန်းကြပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ဖြတ်သန်းရတဲ့ လုပ်ထုံးလုပ်နည်းဟာ အာဆီယံ (၁၀) နိုင်ငံမှာ တူညီကြတာ မဟုတ်ပါဘူး။ ရုံးလုပ်ထုံး အဆင့် (၃) ဆင့်သာလိုတဲ့ နိုင်ငံရှိသလို (၁၅) ဆင့်လောက် လိုအပ်တဲ့ နိုင်ငံလည်း ရှိပါတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် အစိုးရသဘောတူညီချက်ရယူဖို့ လိုအပ်တာတွေ အလွန်များပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်စာရင်းကိုကြည့်ရင် အာဆီယံ (၁၀) နိုင်ငံမှာ စီးပွားရေးလုပ်ရတာ အခက်ဆုံးနိုင်ငံဟာ မြန်မာ ဖြစ်နေပါတယ်။ နယ်ခြားဖြတ် ကုန်သွယ်ရေးမှာ လာအိုက အခက်ဆုံး ဖြစ်နေပါတယ်။ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်သွားရတာလို့ ဆိုပါတယ်။

အာဆီယံ စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရ လွယ်ကူအောင် အာဆီယံနိုင်ငံရဲ့  ပေါ်လစီတွေကို ပြုပြင်ပြောင်းလဲတာဟာ သဘာဝအကျဆုံးလို့ ဆိုပါတယ်။ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကို ဖြေရှင်းဖို့ အာဆီယံကော်မတီ (၄) ခု ဖွဲ့ထားပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း အောင်မြင်စွာ တည်ဆောက်ဖို့အတွက် ပထမဦးဆုံး အာဆီယံလုပ်ငန်းရှင်တွေ လုပ်ကိုင်ရလွယ်အောင် လုပ်ပေးဖို့ လိုပါတယ်။ အာဆီယံ ကုန်သွယ်ရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗမာအစိုးရအဖို့ကတော့ အာဆီယံ စီးပွားရေးအသိုက်အဝန်းဟာ စိတ်ကူးယဉ် အိပ်မက်လို ဖြစ်နေပုံ ရပါတယ်။

VOA

ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော


ယူကရိန်းသမ္မတ Petro Poroshenko ဟာ အမေရိကန်လွှတ်တော်မှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားခဲ့ပြီး၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံး က သူ့ကို အချိန်အတော်ကြာ မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆက်ပြီးတော့ ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ ယူကရိန်းနိုင်ငံကို စစ်ရေး၊ နိုင်ငံရေး နဲ့ စီးပွားရေး အထောက်အကူတွေပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ ဗီအိုအေသတင်းထောက် Cindy Saine အမေရိကန်လွှတ်တော်ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ မစ္စတာ ပက်ထရို ပိုရိုရှန်ကို အမေရိကန်လွှတ်တော် ခန်းမထဲဝင်လာတဲ့အချိန်မှာ အမေရိကန်အောက်လွှတ်တော် သဘာပတိ John Boehner က အခုလို ဂုဏ်ပြုကြိုဆိုခဲ့တာဖြစ်ပါတယ်။  အရင် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုဟာ သူ့ကို အမေရိကန် လွှတ်တော်မှာ အခုလို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတဲ့အပေါ်မှာ စိတ်လှုပ်ရှားနေပုံလည်းရပါတယ်။

"အခုချိန်မှာ ကျနော်စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ် ခံစားနေရတယ် ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ၊ အမေရိကန်လွှတ်တော်အနေနဲ့ ယူကရိန်းနိုင်ငံအပေါ်မှာ ဘယ်လောက်အထိ သွေးစည်း ညီညွတ်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။"

စစ်လက်နက်အင်အား မပြည့်စုံတဲ့ သူ့ရဲ့ ယူကရိန်းစစ်သားတွေဟာ ခေတ်မှီ အဆင့်အတန်းမြင့်တဲ့ ရုရှားစစ်တပ်ရဲ့ ကျူးကျော်ရန်လိုမှုတွေကို ရင်ဆိုင်နေရတယ်လို့ သမ္မတ ပိုရိုရှန်ကိုက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ ပေးနေတဲ့ အလွယ်တကူအဆင်သင့်စားနိုင်တဲ့ စားစရာတွေ နဲ့ စောင်တွေက ရုရှားတွေကို ရင်ဆိုင်ဖို့အတွက် လုံလောက်မှုမရှိတာကြောင့် အမေရိကန်အနေနဲ့ တိုက်ခိုက်ရေး စစ်လက်နက်တွေရော ၊ စစ်လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေကိုပါ ပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

"ကျေးဇူးပြုပြီး ကျနော်ကို နားလည်ပေးစေချင်ပါတယ်။ စောင်တွေ၊ ညကြည့်မှန်ပြောင်းတွေကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ စစ်ပွဲနိုင်ဖို့ကတော့ စောင်တွေနဲ့ မရပါဘူး။"

အမေရိကန်လွှတ်တော်အနေနဲ့ ယူကရိန်းနိုင်ငံကို အထူးကာကွယ်ရေး နဲ့ လုံခြုံရေး အဆင့်အတန်းပေးဖို့ ၊ ဒါ့အပြင် ယူကရိန်းနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေကို လာရောက်ရင်းနှီးမြှုပ်နှံလာအောင် အားပေးတဲ့ အနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးသွားဖို့ မစ္စတာ ပိုရိုရှန်ကိုက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ အခုလို ယူကရိန်းသမ္မတဘက်က ပန်ကြားသွားတဲ့အပေါ်မှာ အမေရိကန်လွှတ်တော်အမတ်တွေက ထပ်ခါတလဲလဲ မတ်တပ်ရပ်ပြီးတော့ လက်ခုပ်သြဘာတီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ပြည်ပက ၀င်ရောက် စွက်ဖက်မှုတွေ မပါဘဲ ရွေးချယ်ဆုံးဖြတ်သွားဖို့အတွက် အမေရိကန်ပြည်က ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

VOA

ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးကိစ္စ ဖြစ်မြောက်မလာရန် အလားအလာများနေ


ဗြိတိန်နိုင်ငံအတွင်းမှ စကော့တလန် ခွဲထွက်ရေးအတွက် မဲခွဲဆုံးဖြတ်မှု ရလဒ်မှာ အောင်မြင်နိုင်ခြေ မရှိကြောင်း ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ခန့်မှန်း ဖော်ပြခဲ့သည်။

စက်တင်ဘာ (၁၈)ရက်က အဆိုပါ ကိစ္စအတွက် စကော့တလန်နိုင်ငံသားများ မဲပေးခဲ့ကြပြီး မဲဆန္ဒနယ် (၃၂)ခုအနက် (၂၆)ခု၏ ရလဒ်များကို ကြေညာခဲ့ပြီး ဖြစ်သည်။ အဆိုပါ ရလဒ်များအရ ခွဲထွက်ရေးကို မထောက်ခံသူ (၅၄)ရာခိုင်နှုန်းနှင့် ထောက်ခံသူ (၄၆)ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

ဂရင်းနစ် စံတော်ချိန် နံနက်(၆:၁၅) နာရီအထိ ခွဲထွက်ရေးကို မထောက်ခံကြောင်း မဲပေးသူ (၁၃၉၇၀၀၀)ကျော်နှင့် ထောက်ခံကြောင်း မဲပေးသူ (၁၁၇၆၀၀၀)ကျော် ရှိထားကြောင်း BBC က ဆိုသည်။ ကျွမ်းကျင်သူများ၏ ကြိုတင် တွက်ချက်မှုများအရ အဆိုတစ်ခု အနိုင်ရရန် အနည်းဆုံး မဲအရေအတွက် (၁၈၅၂၈၂၈) လိုအပ်မည်ဟု သိရသည်။

BBC က မဲအားလုံး ရေတွက်ပြီးချိန်တွင် ခွဲထွက်ရေးကို ငြင်းဆိုသူ အရေအတွက်သည် မဲပေးသူ အားလုံး၏ (၅၅)ရာခိုင်နှုန်း ရှိနိုင်ပြီး လိုလားသူ အရေအတွက် (၄၅)ရာခိုင်နှုန်းမျှ ရှိလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားသည်။

_Ref: BBC

အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ


အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာလိုက်တဲ့အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

Guinea နိုင်ငံ အရှေ့တောင်ပိုင်းက Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့က ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ဟာ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးသွားပြီးနောက် ရွာသားတွေရဲ့ သွေးအေးအေးနဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ Guinea အစိုးရ အရာရှိတွေက ပြောပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့လာနေတာနဲ့အမျှ အနောက်အာဖရိကတိုက်အတွင်းက လုံခြုံရေး အခြေအနေအပေါ် စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။ အီဘိုလာရောဂါပိုးကြောင့် လူပေါင်း ၂၆၀၀ လောက် သေဆုံးခဲ့ပြီးဖြစ်ပြီး အများစုဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံတွေက ဖြစ်ပါတယ်။

အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရင်းအမြစ်တွေ ပိုမို သုံးစွဲကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် စည်းဝေးပွဲက တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အီဘိုလာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ လူထုအကြား သတင်းမှားတွေ မရောက်စေဖို့နဲ့ မလိုအပ်တဲ့ ထိန်လန့်မှုတွေ မဖြစ်ပေါ်အောင် သတင်းအချက်အလက် ထုတ်ပြန်မှုတွေ တိုးမြင့် ဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အီဘိုလာအရေးပေါ် တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

VOA

စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး


xဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။

ကြာသာပတေးနေ့ နှောင်းပိုင်းမဲရုံတွေ မပိတ်ခင်အထိ၊ မဲပေးတဲ့သူအရေအတွက်ဟာ အလွန်ကို များခဲ့ပါတယ်။ တရားဝင် မဲရလာဒ်တွေကတော့ သောကြာနေ့ မနက်မှာ ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။

လူထုဆန္ဒခံယူပွဲမတိုင်ခင် ကြိုတင်စစ်တမ်းကောက်ယူမှုတွေမှာတော့ မထောက်ခံတဲ့ ဘက် နည်းနည်းလေး အသာစီးရထားပါတယ်။ ကြာသာပတေးနေ့ညနေက ထုတ်ပြန်လိုက်တဲ့ Yougov စစ်တမ်းက နောက်ဆုံးကောက်ခံခဲ့တဲ့ မဲဆန္ဒရှင် ၃၀၀၀ ရဲ့ သဘောထားကတော့ ဗြိတိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကို မထောက်ခံတဲ့ဘက်က ၅၄ ရာခိုင်နှုန်း၊ ထောက်ခံတဲ့ဘက် ၄၆ ရာခိုင်နှုန်း လို့ဖော်ပြနေပါတယ်။

စကော့တလန်နိုင်ငံမှာ မဲပေးနိုင်တဲ့သူ ၄ သန်းထဲက ၉၇ ရာခိုင်နှုန်းက ဒီလူထုဆန္ဒခံယူပွဲမှာ မဲပေးဖို့ မှတ်ပုံတင်ထားကြပါတယ်။

VOA

ဆီးရီယားတွင်း Kurds ကျေးရွာတွေကို IS သိမ်းယူ


Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့တွေဟာ တင့်ကားတွေရဲ့ အကူအညီနဲ့ တူရကီနိုင်ငံနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်းက Kurd လူမျိုးစုတွေရဲ့ ကျေးရွာပေါင်း ၂၁ ရွာကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်လာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေက လက်စားချေ သတ်ဖြတ်မှုတွေ ပြုလုပ်လာမှာ စိုးတဲ့အတွက် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ကဒ်လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ကဒ်ပြည်သူ့စစ် တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ အဲဒီ ကဒ်လူမျိုးစုတွေရှိရာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေဖက်က စစ်ရေးအရ အသာစီးရလာပြီး Kbani လို့ခေါ်တဲ့ Ayn Arab ဒေသအတွင်းက ကဒ်လူမျိုးစုတွေရဲ့ ရွာပေါင်း ၂၁ ရွာကို သိမ်းပိုက်လိုက်နိုင်တာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
သူတို့ သိမ်းပိုက်လိုက်နိုင်တဲ့ နယ်မြေအတွင်းက ဒေသခံ ရွာသားတွေကို အစ္စလာမ်မစ် စစ်သွေးကြွတွေက သတ်ဖြတ်ပစ်မှာ စိုးရိမ်ရကြောင်း Kobani Canton ဒေသ အုပ်ချုပ်ရေးမှူး Anwer Moslem က ဗွီအိုအေ Kurdish အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။
အစ္စလာမ် စစ်သွေးကြွတွေကို အခုလို တိုက်ခိုက်နေမှုက ရပ်တန့်နိုင်ရေးအတွက် အနောက်နိုင်ငံတွေအနေနဲ့ အလျင်အမြန် ဆောင်ရွက်သင့်ကြောင်းလည်း Anwer Moslem က ပြောပါတယ်။Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့တွေဟာ တင့်ကားတွေရဲ့ အကူအညီနဲ့ တူရကီနိုင်ငံနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်းက Kurd လူမျိုးစုတွေရဲ့ ကျေးရွာပေါင်း ၂၁ ရွာကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်လာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေက လက်စားချေ သတ်ဖြတ်မှုတွေ ပြုလုပ်လာမှာ စိုးတဲ့အတွက် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ကဒ်လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ကဒ်ပြည်သူ့စစ် တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ အဲဒီ ကဒ်လူမျိုးစုတွေရှိရာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေဖက်က စစ်ရေးအရ အသာစီးရလာပြီး Kbani လို့ခေါ်တဲ့ Ayn Arab ဒေသအတွင်းက ကဒ်လူမျိုးစုတွေရဲ့ ရွာပေါင်း ၂၁ ရွာကို သိမ်းပိုက်လိုက်နိုင်တာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
သူတို့ သိမ်းပိုက်လိုက်နိုင်တဲ့ နယ်မြေအတွင်းက ဒေသခံ ရွာသားတွေကို အစ္စလာမ်မစ် စစ်သွေးကြွတွေက သတ်ဖြတ်ပစ်မှာ စိုးရိမ်ရကြောင်း Kobani Canton ဒေသ အုပ်ချုပ်ရေးမှူး Anwer Moslem က ဗွီအိုအေ Kurdish အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။
အစ္စလာမ် စစ်သွေးကြွတွေကို အခုလို တိုက်ခိုက်နေမှုက ရပ်တန့်နိုင်ရေးအတွက် အနောက်နိုင်ငံတွေအနေနဲ့ အလျင်အမြန် ဆောင်ရွက်သင့်ကြောင်းလည်း Anwer Moslem က ပြောပါတယ်။
VOA

စကော့တလန် ခွဲရေး၊ တွဲရေးမှာ တွဲရေးဆန္ဒမဲ အသာစီးရနေ

စကော့တလန်နိုင်ငံကို ဗြိတိန်နိုင်ငံကနေ ခွဲထွက်မလား၊ တွဲနေမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးလို့ မဲရေတွက်နေတာမှာ အခုနောက်ဆုံး ရလာဒ်တွေအရ တွဲရေးမဲတွေက အသာစီးရပြီး ဦးဆောင်
နေပါတယ်။
မဲဆန္ဒနယ် ၃၂ နယ်မှာ ၂၃ နယ်က မဲစာရင်းတွေကို ရေတွက်ပြီးချိန်မှာတော့ တွဲရေးဖြစ်တဲ့ NO ဆိုတဲ့ ဆန္ဒမဲ အရေအတွက် က ၁၂၅၆၃၇၂ မဲ ရနေကာ ခွဲရေး ဖြစ်တဲ့ YES ဆိုတဲ့ ဆန္ဒမဲအရေအတွက်က ၁၀၅၅၇၁၆ ရှိ တာကို ဘီဘီစီက ထုတ်လွှင့်ပေးနေတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စကော့တလန်နိုင်ငံအနေနဲ့ ဗြိတိန်ကနေ ခွဲထွက်မယ်ဆိုရင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက သူ့ကိုယ်သူ သတ်သေပစ်မယ်လို့တောင် ခံစားချက်ပြင်းပြင်းနဲ့ ထုတ်ပြောခဲ့ပါသေးတယ်။

အခုလို ၂၁ ရာစုခေတ်ကာလမှာ ခွဲရေး၊ တွဲရေး ကိစ္စ ဖြစ်ပေါ်လာတဲ့ စကော့တလန် ကိစ္စအပေါ် အယူအဆ အမျိုးမျိုးနဲ့ ဝေဖန်မှုတွေကတော့ ကမ္ဘာတ၀န်းမီဒီယာတွေမှာ အခုရက်ပိုင်း အတော်ပဲ ခေတ်စားပါတယ်။

ဧရာဝတီ Blog

ဆီးရီယားသူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ ကန်လွှတ်တော်ဆုံးဖြတ်


ဆီးရီးယားရဲ့ အလယ်အလတ် ၀ါဒီသူပုန်တွေကို လက်နက် တပ်ဆင်ပြီး လေ့ကျင့်ပေးဖို့ သူ့ရဲ့ အစီအစဉ်ကို အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တာဟာ IS အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်သွားဖို့ကိစ္စမှာ အမေရိကန်တွေဟာ တစုတစည်းတည်း ရှိနေတယ် ဆိုတာကို ကမ္ဘာကြီးကို ပြလိုက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

အမေရိကန်တွေဟာ ကြောက်ပြီးတော့ အရှုံးပေးသွားမှာမဟုတ်ဘဲ ၊ အားလုံး တပေါင်းတစည်းတည်းနဲ့ ရပ်တည်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ ဥပဒေကြမ်းကို ကြာသာပတေးနေ့က ထောက်ခံမဲ ၇၈ မဲ ကန့်ကွက်မဲ ၂၂ မဲ နဲ့ မဲခွဲဆုံးဖြတ်လိုက်ပြီး သိပ်မကြာခင်မှာ သမ္မတအိုဘားမားက အခုလို ပြောကြားလိုက်တာပါ။ ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော်ကလည်း ဒီအဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။

အကြမ်းဖက်သမားတွေကို တိုက်မယ့် မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာပါဝင်ဖို့ အာရပ်နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၄၀ ကျော်က ပါဝင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ အစ္စလာမ်မစ် အစွန်းရောက်တွေကို လေကြောင်းကနေ တိုက်ခိုက်သွားဖို့ ပြင်သစ်နိုင်ငံက အသင့်ဖြစ်နေပြီလို့ ပြင်သစ်သမ္မတ Francois Hollande အစောပိုင်းက ကြေငြာလိုက်တဲ့အပေါ်မှာ သမ္မတအိုဘားမားက ချီးကျူးလိုက်ပြီး ၊ အကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့ ကြိုးပမ်းမှုမှာ ပြင်သစ်နိုင်ငံဟာ ခိုင်မာအားကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားနိုင်ငံကို ထပ်တိုးပြီးတော့ လေကြောင်းကနေ ဗုံးကြဲသွားမှာမဟုတ်ဘူးလို့ ပြင်သစ်က ပြောလိုက်ပါတယ်။

VOA

ကန်အကဲခတ်အဖွဲ့ မြန်မာပြု ပြင်ရေးကိုထောက်ခံ


သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံကို စစ်လက်နက် အရောင်းအ၀ယ် ပိတ်ဆို့ထားဆဲဖြစ်ပေမယ့် ထိတွေ့ဆက်ဆံရင်း အပြောင်းအလဲတွေဖြစ်ထွန်းအောင် တိုက်တွန်းအားပေးနေကြောင်း၊ Republican တွေကြီးစိုးတဲ့ အောက်လွှတ်တော် ဥပဒေပြုအမတ်တွေက မြန်မာနိုင်ငံကို လုံခြုံရေး အထောက်အပံ့မပေးဖို့ ကျိုးစားတာဟာ ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာ့အရေး အနီးကပ်လေ့လာသူ တဦးက ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတအိုဘားမား ရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မှီ ထောက်ခံ အကြံပြုချက်စာတမ်းတင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ်အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတ အိုဘားမားရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံခရီးစဉ်မတိုင်မှီ မြန်မာ့အရေး ထောက်ခံ အကြံပြုချက် စာတမ်း တင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ် ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ် အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မင်္ဂလာပါရှင်၊ အခုလိုတွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။

Priscilla Clapp။   ။ ကျမကလည်း အခုလို ပြန်လည်တွေ့ဆုံကြရလို့ ၀မ်းသာပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အခု ဒီခရီးစဉ်က အခြေအနေကို လေ့လာအကဲခတ်ဖို့ပါလား၊ ဘယ်လို ရည်ရွယ်ချက်နဲ့များ လာခဲ့တာပါလဲ သိပါရစေ။

Priscilla Clapp။   ။ New American Foundation လို့ခေါ်တဲ့ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆန်းစစ် သုတေသနလုပ်တဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Suzanne DiMaggio နဲ့ အတူ ဒီခရီးစဉ်ကိုလာခဲ့တာပါ။ မြန်မာ့ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ် ဘယ်အထိခရီးရောက်နေပြီလဲဆိုတာကို လေ့လာအကဲခတ်ဖို့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တိုးတက်မှုမရှိဘူး၊ နောက်ကြောင်းပြန်လှည့်နေပြီ စသဖြင့် အမြင်မကြည်လင်တာတွေရှိနေတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ မှန်သလား၊ မှားသလားဆိုတာကိုဆန်းစစ်ဖို့ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီခရီးစဉ် အတွင်းမှာ ခေါင်းဆောင်ပိုင်းက အစ အောက်ခြေလူထု အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သမ္မတအိုဘာမားရဲ့ နိုဝင်ဘာလခရီးစဉ်မတိုင်မှီ ထောက်ခံအကြံပြုချက်တွေ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကအပြန် မှာအမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ထောက်ခံအကြံပြုချက်တွေကို အိမ်ဖြူတော်ကို တင်ပြဖို့ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မကြာသေးခင်တုံးက အမေရိကန်အောက် လွှတ်တော်မှာ မြန်မာနိုင်ငံကို လုံခြုံရေး အတွက် ဘဏ္ဍာငွေကြေး မထောက်ပံ့ဖို့ အဆိုကြမ်းတရပ် တင်သွင်းတာရှိပါတယ်။ အဲဒါ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထိတွေ့ဆက်ဆံရေးမူအရ ဘယ်လိုများ အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။

Priscilla Clapp။   ။ သိပ်အကျိုးသက်ရောက်မှု မရှိလှပါဘူး။ ပထမအချက်အနေနဲ့ ဒါဟာ ဥပဒေတရပ် မဟုတ်သေးပါဘူး။ အောက်လွှတ်တော်မှာလုပ်တဲ့ မူကြမ်းပါဘဲ။ အထက်လွှတ်တော်မှာလည်း အလားတူမူကြမ်းတရပ်ရှိရပါမယ်။ အဲဒီမူကြမ်း ၂ ရပ်အတူညှိနှိုင်း မဲခွဲပြီး အတည်ဖြစ်တဲ့အခါကျမှ ဥပဒေရယ်လို့ဖြစ်လာမှာပါ။ ဥပဒေကို အိမ်ဖြူတော်ကို ပို့ပြီး သမ္မတလက်မှတ်ထိုးမှ အတည်ပြုလို့ရပေမဲ့ အမေရိကန်စံနစ်မှာ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချခွင့်ရှိပါတယ်။

ဒီကိစ္စမှာတော့ ဒီအထိဖြစ်လာလိမ့်လို့ မထင်ပါဘူး။ ဥပဒေတရပ် ပြဌာန်းဖို့အတွက် လုပ်ငန်းစဉ်တွေက အဆင့်ဆင့် ရှုတ်ထွေးပါတယ်။ ဒုတိယအချက်ကတော့ ဒီမူကြမ်းကိုသေသေချာချာ ဖတ်ကြည့်ရင် ဘာကို မလုပ်ရဘူးလို့ တားမြစ်တာလဲ ဆိုတာကို သိဖို့ အတော်လေးကို ရှာယူရမှာပါ။ ကျမတို့ဆီမှာ Leahy Law လို့ခေါ်တဲ့ မြန်မာအပေါ် ပိတ်ပင်ထားတဲ့ နှစ်ရှည်လများ ပြဌာန်းထားတဲ့ ဥပဒေကရှိပြီးသားဖြစ်ပါတယ်။ အဲဒီဥပဒေအရ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်ခဲ့တဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်၊ စစ်သင်တန်းစတဲ့ ဘယ်လို စစ်ရေးအကူအညီကိုမှပေးခွင့်မရှိပါဘူး။

ဒါ့ကြောင့် အခုအောက်လွှတ်တော်ရဲ့ အဆိုမူကြမ်း အတည်ဖြစ်ဖြစ် မဖြစ်ဖြစ် မြန်မာ့တပ်မတော်အနေနဲ့ အမေရိကန်ရဲ့ ဘယ်လိုစစ်ရေးအကူအညီကိုမှ ရစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ၂ ဘက် စစ်တပ်အကြား ဆွေးနွေးပြောဆိုတာကိုတော့ တားမြစ်ထားတာမရှိပါဘူး။

အမေရိကန်အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမူအရ အခုဆိုရင် ၂ နိုင်ငံစစ်တပ်အကြား ခေါင်းဆောင်ပိုင်းကအစ အောက်ခြေအဆင့်အထိ ဆက်ဆံရေး ပြန်လည်စတင်နေပါပြီ။ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိစေချင်တဲ့ ဆန္ဒရှိတဲ့အလျောက် အမေရိကန်က ထိတွေ့ဆက်ဆံပြီး တိုက်တွန်းနေတာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ မြန်မာသမ္မတရုံးအကြီးတန်းတာဝန်ရှိသူတယောက်ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေအကြား မြန်မာ့အရေး သဘောထားကွဲလွဲနေတဲ့အပေါ် အတော်လေး ဘ၀င်မကျဖြစ်နေတာတွေ့ရလို့ စိတ်ပျက်တယ်လို့ပြောပါတယ်။

သမ္မတအိုဘားမားက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အောင်မြင်တဲ့နမူနာအဖြစ်နဲ့တောင်တင်စားခဲ့တာရှိတယ်ဆိုတော့ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။

Priscilla Clapp။   ။သမ္မတအိုဘားမားအနေနဲ့လည်း အောက်လွှတ်တော်ရဲ့ အဲဒီအဆိုမူကြမ်းအပေါ်မှာ စိတ်ပျက်မှာဘဲလို့ ယူဆပါတယ်။  အားလုံးသိတဲ့ အတိုင်းပါဘဲ ကွန်ကရက်က သမ္မတအိုဘားမားနဲ့ သိပ်အဆင်ပြေတာမဟုတ်ပါဘူး။ အထူးသဖြင့် အောက်လွှတ်တော်ဆိုတာ သမ္မတအိုဘားမားကို ဒုက္ခရောက်အောင် ဆွဲချချင်တဲ့ Republican အမတ်တွေအများစု ထိန်းချုပ်ထား တာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအရ ကစားတဲ့ လှည့်ကွက် လို့လည်းပြောနိုင်ပါတယ်။

အခုချိန်မှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် နိုင်ငံခြားရေးမူဝါဒ ကိုဝေဖန်လို့ ရအောင် မြန်မာ့ အရေးကိုပါ ဆွဲထည့်တဲ့ သဘောလို့လည်း ယူဆပါတယ်။ လာမယ့် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မှီ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ ကမကထ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူ မအောင်မြင်ဘူးလို့ ဝေဖန်နေကြတာလည်း ပါနိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံ တချို့က မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်နေပြီလို့ သုံးသပ်တာတွေတွေ့နေရပါတယ်။ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်သူ တယောက်အနေနဲ့ကော အခုချိန်မှာ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။

Priscilla Clapp။   ။ ကျမကတော့ နောက်ကြောင်းပြန်လှည့်နေတယ်လို့ မယူဆပါဘူး။ အခုအနေအထားက အားလုံးကို ပြန်လည် စုစည်းနေတဲ့ သဘောဖြစ်ပါတယ်။ ပြုပြင်ပြောင်းရေး ပထမ ၂ နှစ်တာကာလအတွင်းမှာ အတော်လေး သိသိသာသာပြောင်းလဲခဲ့တာတွေရှိပါတယ်။ လက်တွေ့ဘ၀ကို ထင်ဟပ်စေတဲ့ ကိစ္စတွေအတွက် အတော်လေးလည်း ကိုင်တွယ် လုံးပမ်းခဲ့ရတာတွေတွေ့ရပါတယ်။ ဥပဒေအသစ်တွေ၊ မူဝါဒအသစ်တွေ ရေးဆွဲနိုင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ အခက်အခဲတွေ အများကြီးရှိတဲ့အတွက် ဘာမှလည်း မပြောင်းလဲဘူးဆိုပြီး မျှော်လင့်နေတဲ့ လူထုက အားမလို အားမရဖြစ်တာတွေ လည်းရှိပါတယ်။

ဒီအဖြစ်မှန်တွေကို သိရှိပြီး သူ့နေရာသူ ဖြစ်အောင် လက်တွေ့ဘ၀နဲ့ အံဝင်အောင် အခုကျိုးစားနေတာတွေ့ရပါတယ်။ မူဝါဒတွေရှိပေမဲ့ အကောင်အထည်ဖေါ်မယ့် ယန္တယားလိုနေပါတယ်။ ကျမတို့ နေပြည်တော်က တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ အကောင်အထည်ဖေါ်ရေး နည်းလမ်းတွေကို အင်တိုက်အားတိုက် လုပ်နေတာတွေ့ရလို့ အားတက်မိပါတယ်။

မြေယာအငြင်းပွားမှုတွေ၊ မြေလွတ်မြေရိုင်းအသုံးချရေးစတာတွေမှာ အောက်ခြေရပ်ကွက်ကျေးရွာအဆင့်က ဆန္ဒရှိတဲ့ပုံစံအတိုင်း ဆုံးဖြတ်ပြီး အကောင်အထည်ဖေါ်မယ့် ကိစ္စတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ မြို့နယ်အဆင့်ကနေလည်း ဖွံ့ဖြိုးရေးကို ဘယ်လိုအကောင်အထည်ဖေါ်မလဲ ဆိုတာကို နေပြည်တော်အစိုးရကို တင်ပြခွင့်ရှိမယ့် အစီအစဉ်တွေ ရှိတယ်လို့သိရပါတယ်။ ဒါဟာမှန်ကန်တဲ့ ဒီမိုကရေစီ ချဉ်းကပ်မှုဖြစ်ပါတယ်။

တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဖေါ်ဆောင်နိုင်ဖို့အတွက် အောက်ခြေမှာ အစိုးရအသီးသီးဖွဲ့စည်းထားရှိရပါမယ်။ အပေါ်ကချပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေမလိုပါဘူး။ ဒါဟာရေရှည် လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် နေ့ချင်းညချင်း အကောင်အထည်ဖေါ်ဖို့မဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ကျမသုံးသပ်မိပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ဗဟိုချုပ်ကိုင်မှုစံနစ်ကို ဖြေလျှော့မယ်သဘောမျိုးပါလား။

Priscilla Clapp။   ။ ဟုတ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ တိုးပေးမယ့်သဘောရှိပါတယ်။ အခုလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်လည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ မြို့နယ်အဆင့်မှာလည်း အလားတူပါဘဲ။ ဒါ့အပြင် ဒေသခံ NGO တွေ၊ CSO လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့ အသိအမှတ်ပြုပြီး တာဝန်ရှိသူတွေရဲ့ အပြောကို နားထောင်ဖို့မဟုတ်ဘဲ လူထုအသံကို တိုက်ရိုက်နားထောင်ဖို့ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက ဒီလိုမျိး အလေ့အကျင့်မရှိသေးတော့ အချိန်ယူဖို့တော့လိုပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ဒီခရီးစဉ်မှာ CSO တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ တယ်ဆိုတော့ သူတို့အနေနဲ့ရော မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုများ သုံးသပ်တာတွေ့ရပါသလဲ။

Priscilla Clapp။   ။သူတို့တတွေကတော့ အစိုးရခေါင်းဆောင်ပိုင်းအပေါ် အတော်လေးကို မယုံကြည်တာတွေ့ရပါတယ်။ အရင်စစ်အစိုးရက ထုတ်လုပ်လိုက်တဲ့ ခေါင်းဆောင်တွေဘဲလို့ ယူဆနေကြဆဲပါ။  ယေဘူယျအနေနဲ့ ကတော့ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ တကယ်ပြုပြင်ပြောင်းလဲနေပြီလို့ ဖြစ်စေချင်ကြတော့ အားမလို အားမရဖြစ်နေကြတာတွေ့ရပါတယ်။

အခုပြုပြင်ပြောင်းလဲရေးက နှေးကွေးလွန်းတယ်၊ ဖွဲ့စည်းပုံကို လည်း ပြင်မှာ မဟုတ်ဘူး၊ မပြင်ရင် ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ ရမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲ ကိုလည်း တရားမျှတစွာကျင်းပမှာမဟုတ်ဘူး စသဖြင့် စိုးရိမ်စိတ်ပူနေကြသလို မယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူဘဲ။ အစိုးရပိုင်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကြား ပိုပြီး ဆက်ဆံရေးကောင်းလာတာတွေ့ရသလို အထူးသဖြင့်ရန်ကုန်မှာဆိုရင် လူငယ်တွေပူးပေါင်းပါဝင်လာတာကိုလည်း တွေ့ရလို့ အားတက်မိပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ အမေရိကန်ကမြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားဆဲဖြစ်တဲ့ လက်ကျန်စာရင်းကိုကော ရုပ်သိမ်းမယ့်အလားအလာဘယ်လိုများရှိပါသလဲ။

Priscilla Clapp။   ။ အခုကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေဟာ သီးခြားပစ်မှတ်ထားတဲ့ ကုမ္မဏီတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းစီအပေါ်မှာဘဲ အကျိုးသက်ရောက်မှုရှိတာပါ။ သူတို့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပိတ်ဆို့မှုဖြေလျှော့ပေးရေးလျှောက် ထားနိုင်ပါတယ်။ ဥပဒေကြောင်းအရ အင်မတန်မှ ရှုတ်ထွေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူနည်းစုကိုဘဲ နစ်နာစေတဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေကြောင့် ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ကသိကအောက်ဖြစ်ရတာတွေရှိပါတယ်။

အမေရိကန်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်ကိုငွေလွှဲတဲ့နေရာမှာ အခက်အခဲတွေနဲ့ကြုံနေကြရတာကြောင့် ပိတ်ဆို့မှုဖြေလျှော့ရေး စဉ်းစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာ့ဘဏ်လုပ်ငန်းကိုခေတ်မှီအောင်လုပ်ဖို့လိုသလို

နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်နိုင်မှသာ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ရာမှာ အဆင်ပြေမယ်လို့ယူဆပါတယ်။ အခုဆိုရင် တယ်လီဖုန်း ဆက်သွယ်ရေးစံနစ်ပြုပြင်ပြောင်းလဲလိုက်တော့ အတော်လေးအဆင်ပြေလာတာကို အသိအမှတ်ပြုရမှဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။   ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်အောင် အပိတ်ဆို့ခံတွေဘက်က ဘာတွေလုပ်ပေးရင် ကောင်းမယ်ဆိုတာကို ဘယ်လိုများအကြံပေးချင်ပါသလဲ။

Priscilla Clapp။   ။ အကောင်းဆုံးကတော့ သူတို့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးတွေဘယ်ကရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောနိုင်ဖို့ဘဲဖြစ်ပါတယ်။ တကယ်လို့ မသမာတဲ့နည်းနဲ့ ရခဲ့တဲ့ငွေတွေနဲ့လည်ပတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီငွေတွေနဲ့ လုပ်ငန်းတွေ မလုပ်တော့ပါဘူးဆိုတာကို သက်သေပြ အစမ်းသပ်ခံနိုင်ရပါမယ်။ ဒီစမ်းသပ်မှုက ကော်ပိုရေးရှင်းတွေရဲ့ လုပ်ငန်းအောင်မြင်တာနဲ့ လူမှုရေး တာဝန်သိမှုမဟုတ်ပါဘူး။ ရင်နှီးမြှုပ်နှံလည်ပတ်နေတဲ့ငွေဘယ်ကရ သလဲဆိုတာကို ပွင့်လင်းမြင်သာမှုရှိဖို့ပါဘဲ။

ဒေါ်ခင်စိုးဝင်း။   ။ ကျေးဇူးတင်ပါတယ်ရှင်။

VOA