22.9.14

ပညာရှင်စကား


ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတယ်ဆိုရင် ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိရတယ် အခုဟာက သတင်းဦးသူ စားဆိုတာမျိုး ဖြစ်နေတယ်

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ရေတိုကူးပြောင်းရေးစနစ်နှင့် သွားနေသောကြောင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ထိရောက်မှု မရှိကြောင်း စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က ပြောကြားထားရာ...
*******
လက်ရှိ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍကို ကြည့်ရင် ဘယ်လိုလုပ်ငန်းရှင်တွေ နေ ရာရနေလဲပေါ့။ ပြီးတော့ အစိုးရပိုင်းကလဲ အိမ်ခြံမြေ ဈေးတက်လာရင် အိမ်ခြံမြေကို ထိန်းလိုက်။ ပြီးရင် တခြားတစ်ခုကို သွားထိန်းလိုက်နဲ့ ရေတိုကူးပြောင်း ရေးနဲ့ပဲသွားနေပြီး စီးပွားရေးသီအိုရီဆိုတာ ရှိရဲ့လား ဆိုတာ သံသယဖြစ်စရာပေါ့'' ဟု စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က ပြောသည်။
နိုင်ငံတော်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအ တွက် ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခြင်းများ ရှိခဲ့သော်လည်း ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဥပဒေမရှိသေး ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ရှိသော် လည်း နိုင်ငံပိုင် အဆောက်အအုံများကိုရောင်း၍ တစ် ဆင့်ခံ ပြန်လုပ်ခြင်းဖြစ်နေသည်ဟု သိရသည်။
လက်ရှိဆောင်ရွက်နေသည့် ဆင်းရဲမွဲတေ မှုလျှော့ချရေးသည်လည်း စီးပွားရေးသီအိုရီများထဲတွင် မပါသည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် အထောက်အကူ ပြုနိုင်မည်လားဆိုသည်မှာ သံသယ ဖြစ်စရာ ဖြစ်နေသည်ဟုဆိုသည်။
ဦးသန်းစိုး(ဘောဂဗေဒ)က ''စီးပွားရေး လုပ်ငန်းတွေကိုကြည့်ရင် အောင်မြင်တယ်လို့ ပြောချင် ပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တယ်ဆိုတဲ့ လုပ် ငန်းတွေက အစိုးရက ချထားပေးတဲ့ ပရောဂျက်တွေ၊ စီမံကိန်းတွေနဲ့ အစိုးရဘတ်ဂျက်တွေကိုမှီပြီး အောင် မြင်နေတာပါ။ ပုဂ္ဂလိကကဏ္ဍ သီးသန့်ဖွံ့ဖြိုးရေးအ တွက် တိတိကျကျ ရေးဆွဲထားတာမျိုး မရှိသေးပါဘူး'' ဟု ပြောသည်။
ထို့ပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က ဘတ်ဂျက်များ၊ စီမံကိန်းများ ချပေးထား သော်လည်း အစိုးရကချပေးသည့်ပရောဂျက်နှင့် ပုဂ္ဂလိက ကြားရှိ ငွေကြေးစီးဆင်းမှုများတွင် ပြဿ နာရှိခြင်း ကြောင့် ကြာလျှင် နိုင်ငံတော်အတွက် ကြွေးမြီသာတက် လာနိုင်သည်ဟု သိရသည်။
ပြည်တွင်းလုပ်ငန်းရှင်တချို့နှင့် ပြည်ပမှဝင် ရောက်လာမည့် လုပ်ငန်းများကိုလည်း မျှတသည့်ယှဉ် ပြိုင်မှုမျိုး ပေးမထားကြောင်း သိရသည်။
''ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေ တယ်ဆိုရင် ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိရတယ်။ အခု ဟာက သတင်းဦးသူစားဆိုတာမျိုးဖြစ်နေတယ်။ ပြီး တော့ မြန်မာနိုင်ငံမှာက အစိုးရပိုင်လုပ်ငန်းလိုလို၊ ပုဂ္ဂလိ ကပိုင်လိုလို လုပ်ငန်းတွေကလဲ ရှိနေသေးတယ်''ဟု ယင်းက သုံးသပ်သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ထုတ်ကုန်ဈေး ကွက်နှင့်သွားမလား၊ လုပ်သားဈေးကွက်နှင့် သွားမ လား၊ ငွေကြေးဈေးကွက်ကို အကောင်အထည်ဖော်မည် လား စသည်ဖြင့် စဉ်းစားရမည်ဖြစ်သည်ဟုသိရသည်။
ယင်းက ''ဥပမာ-မြန်မာနိုင်ငံရဲ့ လူဦးရေ ဘယ်နှရာခိုင်နှုန်းက လယ်ယာကဏ္ဍကို အခြေခံထား သလဲပေါ့။ မြန်မာနိုင်ငံမှာ အားသာတာက စိုက်ပျိုး ရေး၊ ဒါဆို ထုတ်ကုန်ဈေးကွက်ကို အခြေခံထားမလား ပေါ့'' ဟုပြောသည်။
ငွေကြေးဈေးကွက်ကို အကောင်အထည် ဖော်မည်ဆိုပါက စတော့ဈေးကွက်များကို အောင်မြင် စေရန်လိုအပ်ပြီး ပြည်ပဘဏ်များကိုလည်း မျှတ သည့် ယှဉ်ပြိုင်မှုမျိုး လုပ်ပေးသင့်ကြောင်းဆိုသည်။

‎TheFlowerNews‬

0 comments:

Post a Comment