22.9.14

ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးတောင်တက်သမားများကို လေကြောင်းမှရှာရန် အခက်အခဲဖြစ်နေ



ခါကာဘိုရာဇီတောင်၏ ဆိုးရွားသော ရာသီဥတုအခြေ အနေကြောင့် ပျောက်ဆုံးသွားသော တောင်တက်သမားများအား လေကြောင်းမှရှာ ဖွေရန် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

ပျောက်ဆုံးနေသော တောင်တက်သမားများကို B3 ရဟတ်ယာဉ်နှစ်စင်း ဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသော်လည်း ပြင်းထန်စွာ မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်း စသည့် ရာသီဥတုအခြေအနေများကြောင့် ပျံသန်းနိုင်သော သတ်မှတ်အ မြင့်ပေအထိ ပျံသန်းနိုင်ခြင်းမရှိဘဲ လေကြောင်းဖြင့် ရှာဖွေရေးလုပ်ငန်းမှာ တွင်ကျယ် မှုမရှိကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုကပြောသည်။

''ဒီနေ့ မွန်းလွဲ ၁ နာရီက စရှာပေမယ့် ရုတ်တရက် မိုးတွေအရမ်းရွာလာ လို့ ရဟတ်ယာဉ်နှစ်စင်းစလုံး ရပ်ထားရတယ်။ ရှာဖွေရေးကိုတော့ မတွေ့မချင်း လုပ် သွားမှာပါ''ဟု ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက စက်တင်ဘာ ၂ဝ ရက်တွင် ပြော သည်။

အဆိုပါတောင်တက်သမားနှစ်ဦး၏ ပျောက်ဆုံးချိန်မှာ လက်ရှိအချိန်တွင် ရက် ၂ဝ ခန့် ကြာမြင့်ပြီရှိသော်လည်း အဆိုပါနှစ်ဦးနှင့်ပတ်သက်သည့် သတင်းအချက် အလက် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

အဆိုပါ ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအား ရှာဖွေရန် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ ပူးပေါင်းရှာ ဖွေလျက်ရှိပြီး စုစုပေါင်း ရဟတ်ယာဉ်လေးစင်း အသုံးပြုကာ ရှာဖွေလျက်ရှိသည်။

TheFlowerNews

0 comments:

Post a Comment