ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.5.13

မြန်မာ့ နည်းပညာ တိုးတက်ဖွံ့ဖြိုးရေး အတွက် Intel ရဲ့ပူးပေါင်းဆောင်ရွက်မှု

၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့

 

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာကျော် Intel နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါပြီ။ 

ပဏာမအဆင့်အနေနဲ့ Intel နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)တို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပြီး လာမယ့်ဇွန်လမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို Intel's World Ahead ရဲ့ အကြီးအကဲလည်း တက်ရောက်မှာဖြစ်တယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။          

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း MICT Park မှာ MCF နဲ့ Intel World Learning တို့ ဆွေးနွေးပွဲ တခု လုပ်ခဲ့ပြီး Intel ဟာ မြန်မာပြည်ကို စိတ်ဝင်တစား လာရောက်ခဲ့တာလည်းဖြစ်ပါတယ်။         

အဲဒီဆွေးနွေးပွဲကို Intel ရဲ့ တာဝန်ရှိသူတချို့နဲ့ USAID လို့ ခေါ်တဲ့အမေရိကန် ပြည်ထောင်စုက အထောက်အပံ့ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေလည်း လိုက်ပါလာခဲ့တာဖြစ်ပါတယ်။      

အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံအတွက် နည်းပညာ အဆင့်အတန်း မြင့်မားလာစေဖို့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

မကြာသေးမီကလည်း Google ဥက္ကဌရဲ့ မြန်မာပြည်ခရီးဟာ ဂူဂဲလ်မြန်မာအဖြစ် နည်းပညာ တော်လှန်ရေး တရပ်ဖြစ်စေခဲ့တယ်လို့ နည်းပညာလောကသားတွေက ပြောဆိုနေကြပါတယ်။   

နည်းပညာခေတ်ကြီးထဲမှာ မြန်မာဟာ နည်းပညာနဲ့ပတ်သက်လို့ နောက်ကျကျန်နေခဲ့မှုတွေအတွက် သူများထက်ခြေလှမ်း တွေ သွက်သွက်နဲ့ တက်လှမ်းရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။

ဧရာဝတီBlog 

ဥက္ကံမြို့ ပဋိပက္ခတွင် ပါဝင်ကျူးလွန်သူဟု ယူဆရသူ ၂၅ ဦးအား ဖမ်းဆီးခဲ့ပြီး ရှစ်ဦးကို ခံဝန်ချုပ်ဖြင့် လွှတ်ပေး


၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆရသူ ၂၅ ဦး အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု ယူဆထားသူ ၂၅ ဦးအား စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက် မပေါ်ပေါက်ခဲ့သူ ရှစ်ဦးအား ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ ဖြင့် ပြန်လည် လွှတ်ပေး ထားကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်း တပ်ဖွဲ့မှူုးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က "ဧပြီ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဥက္ကံပဋိပက္ခ ဖြစ်စဉ်ကတော့ ဒီနေ့ မေလ ၄ ရက် အထိတော့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သံသယရှိခဲ့တဲ့သူ ၂၅ ဦးထဲကနေ ရှစ်ဦးကို ခံဝန်ချုပ်နဲ့ ပြန်လွှတ်ပေးထားပါတယ်" ဟု မေလ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

ခံဝန်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သူ ရှစ်ဦးမှာ ပနီပင်ကျေးရွာမှ လင်းနိုင်ဦး၊ ကျော်မင်းထွဋ်၊ ကျော်ကျော်၊ ကျော်စိုးမင်း၊ ခင်မြင့်နှင့် ဗန္ဓုလရပ်ကွက်မှ ရာဇာမင်း၊ ရဲထွန်း၊ မျိုးဇော်ဦးတို့ဖြစ်ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ဖမ်းဆီးစစ်ဆေးလျက် ရှိသည့် ၁၇ ဦးကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂ မှ (ပ) ၁၂၂ ထိပုဒ်မ ၁၀ ခုဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဥက္ကံမြို၏ ပဋိပက္ခဖြစ်စဉ်ကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ ဈေးအနီးတွင် ဆွမ်းခံကြွလာသည့် ကိုရင်လေးတစ်ပါးအား အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဒေါ်ဝင်းဝင်းစိန်က ၀င်ရောက်တိုက်မိရာမှ သပိတ်ပြုတ်ကျ ပျက်စီးခဲ့ပြီး ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ပြုလုပ်သူ ဒေါ်ဝင်းဝင်းစိန်ကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂/၂၀၁၃ ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

ကလောမြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ


၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့

ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁  ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့် ရွှေတွင်းထဲပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နေရာမှာ ဒီကနေ့မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

မနေ့ကရရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးခဲ့တဲ့သူ ၁၆ ဦး ရှိခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁၈ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ ၁၆ မိုင်လောက်ဝေးတဲ့ ရွှေမင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့ တောင်ပတ်ရွာနားက ရွှေတောင်ကြား ရွှေတူးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။

တွင်းထဲပိတ်မိနေသူတွေကို ထုတ်ယူဖို့ အခက်အခဲရှိပေမယ့် ဆက်လက်ကြိုးပမ်းဆယ်ယူနေကြဆဲပဲလို့ ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုသိန်းဇော်က RFA ကိုပြောပါတယ်။

“ဒီနေ့နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် ဒီနေ့မနက်တော့ နှစ်လောင်း ထပ်ထွက် တယ်လေ၊ မိုးတွေကလည်းများလာတော့ ဘယ်အချိန်ရောက်မလဲတော့ မသိသေးဘူး၊ ကျွင်းတွေထဲ မှာလည်း ရှိနေသေးတယ်၊ ကျနော်တို့ဒီမှာ နှစ်ပိုင်းရှိတယ်ဗျ၊ ရွှေမင်းကုန်းဒေသက နှစ်ပိုင်းဖြစ်တယ်လေ၊ ကလောအုပ်စုထဲမှာက ရွှေမင်းကုန်းပါတယ်၊ ကျနော်တို့အခု ဒီအာရှကမ္ဘာမြေရဲ့ Asai World ရဲ့ပိုင်ဆိုင်မှုက သာစည်နယ်ထဲပါတယ်၊ ရှမ်းပြည်နယ်ထဲပါတယ်၊ အခုကရှမ်းပြည်နယ်ထဲမှာ သေတဲ့ဟာတွေ၊ အခုအဲ့ဒီတောင်ကျရေက သာစည်နယ်ထဲအထိ သဲချောင်းအတိုင်း ဆင်းသွားတယ် ဆိုတော့ အောက်မှာသေတဲ့လူတွေက ဒီသာစည်နယ်ထဲ ရောက်သွားတာပေါ့၊ အဲဒီဘက်မှာသေတဲ့လူက ကျနော်တို့ဘက်တက်မလာဘူး”

အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ Golden Star လုပ်ကွက်တွင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေတွင်းတွေမှာ လာရောက်လုပ်ကိုင်ကြသူအများစုဟာ တစ်ခြားအရပ်ဒေသတွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

တွင်းတွေထဲ ပိတ်မိနေသူတွေ နောက်ထပ် ဘယ်နှစ်ဦး ကျန်နေသေးတယ်ဆိုတာ ခန့်မှန်းလို့မရပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အဆက်မပြတ် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

RFA

လာမယ့် ရွေးကောက်ပွဲမှာ NLD နိုင်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့မယ်ပြော


၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာအများစုကို NLD ပါတီကကိုယ်စားလှယ်တွေ အနိုင်ရရင် အစိုးရအဖွဲ့ကို ညွှန့်ပေါင်းအစိုးရပုံစံ ဦးတည်ဖွဲ့စည်းဖို့ သဘောထားရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က သူတို့ပါတီရဲ့ သဘောထားကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။         

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာကွန်ရက်ရဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က အခုလို ပြောဆို လိုက်တာပါ။

"၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ပေါ်တော့မယ်၊ အဲ့ဒီမှာကျနော်တို့က အများစုနိုင်ခြေရှိတယ်၊ နိုင်အောင်လည်း ကျနော်တို့က အားထုတ်ရမှာဖြစ်ပါတယ်၊ လူထုကိုစည်းရုံးရမှာလည်း ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့တိုင်းရင်းသားတွေဟာ သွေးစည်း ညီညွှတ်ရေးလည်းဖြစ်ပေါ်လာတဲ့ အခြေအနေ တွေရှိတဲ့ အတွက် ညွှန့်ပေါင်းအစိုးရကို ကျနော်တို့ ဦးတည်သွား မယ့် သဘောရှိပါတယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့တယ်၊ တဘက်မှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးအာဏာကိုလည်းရမယ်၊ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ရှိနေမယ်ဆိုလို့ရှိရင် ဒီလိုပဲ ရှေ့နိုင်ငံရေးလုပ်ငန်းများ အုပ်ချုပ်ရေးလုပ်ငန်းများကို သွားမယ့်သဘောရှိတယ် "         

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်သွားမယ့် အုပ်ချုပ်ရေးပုံစံကို သိရှိနိုင်ဖို့ NLD ပါတီဝင်တွေကို အလေးထားပြောလိုတာဖြစ်ကြောင်းနဲ့ ပြည်သူလူထုလည်း သဘောပေါက်စေဖို့ အခုလိုပြောရခြင်း ဖြစ် တယ်လို့ ဦးကျော်ခင်က ဆိုပါတယ်။        

NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်တဲ့ ကောမှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအပါအ၀င် ကိုယ်စားလှယ် ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။

RFA