ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.3.16

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးနှင့် သံတမန်များ၏ နိုင်ငံခြားငွေများကို နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ပုဂ္ဂလိကဘဏ်များတွင် အပ်နှံနိုင်မည်

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးနှင့် သံတမန်များ၏ နိုင်ငံခြားငွေများကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ပုဂ္ဂလိကဘဏ်များတွင် အပ်နှံနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၆) အရ သိရသည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပရိဘောဂပစ္စည်းများ ဝန်ကြီးအသစ်များထံ တာဝန်လွှဲရာတွင် ပါဝင်မည်မဟုတ်ဟုဆို

နိုင်ငံတော်သမ္မ ဦးသိန်းစိန် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးများသည် ၎င်းတို့ အိမ်ရာများရှိ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပရိဘောဂပစ္စည်းများကို ဝန်ကြီးသက်တမ်း ကုန်ဆုံးချိန် တွင် တစ်ပါတည်း ယူဆောင်သွားမည်ဖြစ်သောကြောင့် အစိုးရသစ်၏ ဝန်ကြီးများထံ တာဝန်လွှဲပြောင်းရာတွင် ယင်းပစ္စည်များပါဝင်မည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

JICA နှင့်အကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအရ ခုံးကျော်တံတားများ ပြန်ဖျက်ရမည်ဖြစ်၍ ထပ်မဆောက်ရန် ကန့်ကွက်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို အကော်အထည်ဖော်ပါက ရန်ကုန်မြို့တွင်းရှိ ခုံးကျော်တံတားများကို ပြန်ဖျက်ရမည်ဖြစ်သဖြင့် ခုံးကျော်တံတားများ ထပ်မဆောက်ရန် ကန့်ကွက် ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ချီလီနီအားကိုက်ခဲ့သည့် ပြစ်ဒဏ်က လွတ်လာသည့်ဆွာရက်ဇ် ဥရုဂွေးနှင့်အတူ ပါဝင်လာမည်


ဘရာဇီးမြေတွင် ကျင်းပခဲ့သည့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချီလီနီအား ကိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ပွဲစဉ်ကိုးပွဲ၊ ဘောလုံးနှင့် ဆက်စပ်သည့် ဆောင်ရွက် မှုများတွင် လေးလကြာအထိ ပြစ်ဒဏ်ကျခံခဲ့ရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ပြစ်ဒဏ်က လွတ်လာခဲ့ပြီဖြစ်သောကြောင့် ဥရုဂွေးအသင်းနှင့်အတူ ပြန်လည် ပါဝင်လာတော့မည်ဖြစ်သည်။

တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ သိသာစွာကျဆင်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း သိသာစွာကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ အခွန်ဌာနက တရားဝင်ထုတ်ပြန်သည့် နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ ၈၆၄၁ တန်ချိန်ရှိခဲ့ရာ လွန်ခဲ့သည့်တစ်နှစ်ခွဲကာလအတွင်း ၅၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ဟုဆိုသည်။ ယခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ စုစုပေါင်းသည် ၇၂၄၃၆ တန် ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်း တင်ပို့ခဲ့သည့် သတ္တုရိုင်းသွင်းကုန်သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလမှစတင်ကာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုလအစောပိုင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် သတ္တုရိုင်းသွင်းကုန်ပမာဏသည် မြင့်တက်လာသည်ဟု အိုင်တီအာရ်အိုင်က ဖော်ပြထားပြီး သတ္တုရိုင်းသွင်းကုန်ပမာဏသည် ယခုလအတွင်း ပုံမှန်အဆင့်ထက်မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ယခုနှစ် မတ်လနှင့် ဧပြီလများအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်တင်ပို့မှုသည် ပျမ်းမျှတန်ချိန် ၄ဝဝဝဝ ခန့်အထိ မြင့်တက်လာဖွယ်ရှိနေပြီး မိုးရာသီကာလတွင်မူ လျော့ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းတင်ပို့မှုသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်းတန်ချိန် ၄၃၅၃၁ တန်ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
Credit To >>> The Mirror Daily

စမတ်ဖုန်းဈေးကွက်သို့ Michal kors၊ Tissot နှင့် Nixon ကုမ္ပဏီတို့လည်း ဝင်ရောက်လာ


ဖက်ရှင်ပစ္စည်းကုမ္ပဏီ Michal Kors က ဂူးဂဲလ်ကုမ္ပဏီ၏ Android Wear ဆော့ဖ်ဝဲအသုံးပြုထားသော စမတ်နာရီနှစ်မျိုးကို ဘေဆယ် ဝေါကုန်စည်ပြပွဲတွင် မိတ်ဆက်ခဲ့သည်။

ငြိမ်းချမ်းရေး လိုချင်သည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခကို ရပ်ဆိုင်းရမည်ဟု NLD ပါတီနာယက ဦးတင်ဦး ပြောကြား

ငြိမ်းချမ်းရေးကိုလိုချင်သည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခကို  ရပ်ဆိုင်းရမည်ဟု NLD ပါတီနာယကဦးတင်ဦးက မတ် ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ် (၁၄၀) ပြည့် မွေးနေ့အခမ်းအနားတွင် ပြောကြားသည်။

မလေးရှားတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၃ ဦး ဖမ်းဆီးမိ

မလေးရှားနိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် အဖွဲ့ငယ်များတွင် ပါဝင်သူများအဖြစ် သံသယရှိသူ ၁၃ ဦးအား အာဏာပိုင်များ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲထောက်လှမ်းရေးချုပ်က မတ် ၂၄ ရက်၌ ပြောသည်။