25.3.16

စမတ်ဖုန်းဈေးကွက်သို့ Michal kors၊ Tissot နှင့် Nixon ကုမ္ပဏီတို့လည်း ဝင်ရောက်လာ


ဖက်ရှင်ပစ္စည်းကုမ္ပဏီ Michal Kors က ဂူးဂဲလ်ကုမ္ပဏီ၏ Android Wear ဆော့ဖ်ဝဲအသုံးပြုထားသော စမတ်နာရီနှစ်မျိုးကို ဘေဆယ် ဝေါကုန်စည်ပြပွဲတွင် မိတ်ဆက်ခဲ့သည်။


ဆမ်ဆောင်း၊ Nixon နှင့် Fossil ကုမ္ပဏီတို့ကလည်း ဆော့ဖ်ဝဲအသစ်သုံးထားသော လက်ပတ်နာရီများကို အသီးသီးမိတ်ဆက်ခဲ့ကြသည်။

Swatch ကုမ္ပဏီ၏ Tissot အမှတ်တံဆိပ် နာရီကုမ္ပဏီကလည်း စမတ်ဖုန်းများနှင့် ချိတ်ဆက်နိုင်သော ပထမဆုံး လက်ပတ်နာရီတစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အက်ပလီကေးရှင်းများကိုမူ အသုံးမပြုနိုင်ပေ။

ယင်းထုတ်ကုန်သစ်များမိတ်ဆက်မှုသည် ရိုးရိုးနာရီများရောင်းအားကျဆင်းချိန်နှင့် တိုက်ဆိုင်နေသည်။

ဆွစ်ဇာလန်နာရီလုပ်ငန်းအဖွဲ့ချုပ်က ၂၀၁၅ ဇန်နဝါရီ ရောင်းအားထက် ယခုနှစ် ယင်းလရောင်းအား ၈ ရာခိုင်နှုန်းကျဆင်းကြောင်း ကြေညာခဲ့သည်။

Fossil ကုမ္ပဏီက ၎င်းတို့၏ ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်အဖြစ် Fossil Q Wander နှင့် Q Marshal ဟု အမည်ပေးထားသော စမတ်နာရီသစ်နှစ်မျိုး မိတ်ဆက်ခဲ့ပြီး ပထမမျိုးဆက်နာရီများထက် ပိုမိုပါးလွှာကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Nixon ကုမ္ပဏီက ရေအနက် ၁၀၀ မီတာအထိ ရေဖိအားခံနိုင်ရည်ရှိသော စမတ်နာရီတစ်မျိုး မိတ်ဆက်ခဲ့ပြီး အသံဖြင့် စေခိုင်းနိုင်သောစနစ်ပါဝင်သည်။

ဆမ်ဆောင်းကုမ္ပဏီက ကျောက်မျက်ကုမ္ပဏီ Grigogono နှင့်ပူးပေါင်းကာ အဖြူနှင့်အမည်း စိန်များပါဝင်သော စမတ်နာရီကို မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းကို ကြေညာခြင်းမရှိသေးပေ။

Credit To >>> မြ၀တီ 

0 comments:

Post a Comment