25.3.16

တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ သိသာစွာကျဆင်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း သိသာစွာကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ အခွန်ဌာနက တရားဝင်ထုတ်ပြန်သည့် နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ ၈၆၄၁ တန်ချိန်ရှိခဲ့ရာ လွန်ခဲ့သည့်တစ်နှစ်ခွဲကာလအတွင်း ၅၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ဟုဆိုသည်။ ယခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်ပမာဏ စုစုပေါင်းသည် ၇၂၄၃၆ တန် ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်း တင်ပို့ခဲ့သည့် သတ္တုရိုင်းသွင်းကုန်သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလမှစတင်ကာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုလအစောပိုင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် သတ္တုရိုင်းသွင်းကုန်ပမာဏသည် မြင့်တက်လာသည်ဟု အိုင်တီအာရ်အိုင်က ဖော်ပြထားပြီး သတ္တုရိုင်းသွင်းကုန်ပမာဏသည် ယခုလအတွင်း ပုံမှန်အဆင့်ထက်မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ယခုနှစ် မတ်လနှင့် ဧပြီလများအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းသွင်းကုန်တင်ပို့မှုသည် ပျမ်းမျှတန်ချိန် ၄ဝဝဝဝ ခန့်အထိ မြင့်တက်လာဖွယ်ရှိနေပြီး မိုးရာသီကာလတွင်မူ လျော့ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းတင်ပို့မှုသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်းတန်ချိန် ၄၃၅၃၁ တန်ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment