ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.6.13

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ လွှတ်တော် မကန့်ကွက်တော့

ယနေ့ ဇွန် ၂၇ ရက် မနက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ တင်ဒါပေးမည့်ကိစ္စ ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အစိုးရကို တိုက်တွန်းသော် လည်း အစိုးရက ဆက်လက် ဆောင်ရွက်မည့်အပေါ် မကန့်ကွက်ဘဲ ရွေးချယ်မှုကို ဆက်လက် စောင့် ကြည့် သွားမည်ဟု ဆုံးဖြတ်ကြောင်း သိရှိရသည်။

ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အစိုးရ၏ ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အရေးကြီးအဆို အတည်ပြုခဲ့ပြီးနောက် ယနေ့ လွှတ်တော်အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့ကြောင်း၊ ဦးမြတ်ဟိန်း က အစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သော် လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်း လက်ငင်း လုပ်ငန်း အကောင် အထည်ဖော်နိုင်ဦးမည်မဟုတ်ကြောင်း၊ အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများဖြင့် အညီ ရွေးချယ် ခွင့်ပြု သွားမည်ဖြစ်ကြောင်း အပါအ၀င် အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်၏ အရေးကြီးအဆိုကြောင့် ဆက်သွယ်ရေးအော် ပရေတာရွေးချယ်မှုကို ရွှေ့ဆိုင်းမည်ဆိုပါက နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သဖြင့် တင်ဒါပွဲကို ဆက်လုပ် သင့်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ် တင်နွယ်ဦး က ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်လက်လုပ်ဆောင်သင့် သည် ဟု ပြော သည်။ "ကုမ္ပဏီတခု တင်ဒါ မအောင်မြင်လို့ မနေ့ကလိုမျိုး အခြေအနေမျိုးလုပ်တာလို့ ယူဆလို့ရ တယ်။ အော်ပရေ တာ ရွေးချယ်ပွဲ ရွှေ့မယ်ဆိုရင် နိုင်ငံရဲ့ Image ထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီနေ့ တင်ဒါပွဲကို ဆက်လုပ်သင့်တယ်လို့ ဒေါ်တင်နွယ်ဦးက လွှတ်တော်မှာ ရဲရဲဝင့်ဝင့်ကို ထပြောတယ်" ဟု လွှတ်တော် တက်ရောက်နေသော သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အော်ပရေတာ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းကြောင်း သိရှိရသည်။ ယမန်နေ့က ဆက်သွယ်ရေးအော်ပရေတာ ရွေး ချယ် မှု ဥပဒေ ထွက်ရှိသည်အထိ ဆိုင်းငံ့ထားရန် အရေးကြီး အဆို တင်သွင်းခဲ့သူ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ကြီး၏ တင်ပြချက်ကို သိရှိနားလည်သည် ဟု ပြောဆိုကြောင်း သိရှိရသည်။

ယမန်နေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သော ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှု ဆိုင်းငံ့ ထားရေး အဆိုမှာ ပျက်ပြယ် သွားသည့် သဘောရှိပြီး လွှတ်တော်က အစိုးရ၏ ဆောင်ရွက်ချက်များ ကို စောင့်ကြည့် သွားမည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီ ၂ခု စာရင်းကို ယနေ့ ကြေညာမည်ဖြစ်ကြောင်းလည်း ဆက်သွယ်ရေးအော် ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။ “တင်ဒါ အဖွဲ့က နိုင်ငံတကာက ကုမ္ပဏီအကြီးကြီးတွေနဲ့ ဆက်ဆံလုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် ကတိအတိုင်းပဲ သွားမှာပါ၊ သမ္မတ ကိုယ်တိုင်ကလည်း အကောင်းဆုံးလုပ်ဖို့ အားပေးတယ်။ ကြေညာချက် ကို ဒီနေ့ပဲ ထုတ်ပြန်မယ်”ဟု ဦးဆက်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းသည် အခြားနိုင်ငံများထက် နောက်ကျနေသည့်အတွက် ၂၀၁၅ ခုနှစ်မတိုင်မှီ ဆက်သွယ်ရေးကွန်ရက်ကို ၈၅ ရာခိုင်နှုန်းအထိ ကောင်းစေလိုကြောင်း၊ ထို့ကြောင့် တင်ဒါရွေး ရာတွင် အကောင်းဆုံး ဖြစ်နိုင်မည့် ကုမ္ပဏီများကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ဦးဆက်အောင် က ပြည်တွင်းကုမ္ပဏီများကို ဦးစားပေးသင့်သည်ဟု ပြောဆိုခြင်းကို လုံးဝထောက်ခံသော်လည်း ဦးစားပေး သည့် ပုံစံမမှားရန် လိုအပ်လိမ့်မယ်ဟု ပြောသည်။ “ ပြည်ပ ကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေကို လုံးဝ ထောက်ပံ့ပေးနိုင်မယ့်ပုံစံမျိုး စဉ်းစားသင့်တယ်လေ၊ အဲလိုမဟုတ်ရင်တော့ ပြည်တွင်းကုမ္ပဏီတွေ လည်း အရည်အချင်း တက်မှာမလုပ်သလို နိုင်ငံလည်း သိက္ခာကျနိုင်တယ်”ဟု ပြောဆိုသည်။

ဧရာဝတီ

အတွေးများစွားရဲ့နောက်ကွယ်မှ ဘေဂျင်း ၂၀၀၈ ပန်းချီကား


    တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။ ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုး သမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာ လဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ ကလေးမကတော့ ထိုင်ဝမ်သူလေးပါ။ ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာဆိုရင် အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အ နယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။ တရုတ်ရဲ့ ခေါင်းစဉ် ကို က အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့် ကိုဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင် သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာနေရာကောင်းရထားသလိုလို ရှိနေပေ မဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက် တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။ အမေရိကန်သူလေးကတော့ အရမ်းကိုယုံ ကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲပြနေပုံပေါ် ပါတယ်။ ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာခြေ တစ်ဖက်က အမေရိကန်ကိုချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကိုကမ်းလျှက်ရှိနေပါတယ် ။ နိုင်ငံနှစ်ခု လုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။
   ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါ ဘူး။ ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီးသူဟာ တရုတ်ရဲ့ယဉ်ကျေးမှု အမွေဆက်ခံ သူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တစ်ဖက်မှာတော့ ဓါးတစ် .ချောင်းနဲ့ပါ။ သူဟာတရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့စိုက်ကြည့်နေပြီးတော့ ကစားပွဲမှာဘယ်သူ ပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။ အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲ လုလုအနေအထား ကို ပြဆိုပါတယ်။ နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲသိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့မျက်နှာ၊ ချန်ကေရှိတ်ရဲ့နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။ မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာဆို တိုင်းပြည်တစ်ခုစီရဲ့စီးပွားရေးကိုပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန် ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကို ၀တ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှား ကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့လုံးတီးနဲ့ပါ။ ရုတ်တရက်ကြည့်လိုက်ရင် အမေ ရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင် ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။
    တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူ ပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန်ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲတူပြန်မှာပါပဲ။ တ ကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။ ရုရှားဟာဆို အိမ်ဖြည့်ရုံ ၀င်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တ ကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။ အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင် အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေ အထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းကတရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။ တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာမှန်းဆနေ ရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ဆိုတဲ့ဟာ ကိုကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာ အတော်များများ ရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့ မိန်းကလေးလိုနေပြ ကာအောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။ နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာ ပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ က စားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်း မျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

Ref..Facebook (MrMaung Ko The)


တရုတ်တွင် ဓားကိုင် ရမ်းကားတိုက်ခိုက်သူများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကား သတ်ဖြတ်မှုများ ထပ်မံ ပေါ်ပေါက်လာပြီးနောက် ရဲများက ပစ်ခတ် တားဆီးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ လွန်ခဲ့သည့် (၄)နှစ်က ဖြစ်ပွားခဲ့သည့် အူရမ်ကွီ ပဋိပက များ နှစ်ပတ်လည်နေ့ မတိုင်မီတွင် ပေါ်ပေါက်လာသော ဓားဖြင့် ရမ်းကားမှုများအား လာ့ခ်ကွမ်းတွင် ရဲများ က ပစ်ခတ်သတ်ဖြတ်ခဲ့ရသည်။ #Xinhua သတင်းဌာနက ရဲဝန်ထမ်း (၉)ဦး အပါအဝင် လူ(၁၇)ဦး သေဆုံး ကာ တိုက်ခိုက်သူ (၁၀)ဦးကိုလည်း ရဲများက အသေပစ်ဖမ်းခဲ့ရကြောင်း ဖော်ပြခဲ့သည်။

လူအသေအပျောက် စုစုပေါင်း (၂၇)ဦးထိ ရှိခဲ့သော ပြဿနာသည် ဝေးလံသီခေါင်သည့် မြို့လေး တွင် ခြောက်ခြား စရာ အနေအထား ဖြစ်လာသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အဆိုပါ ဒေသတွင် ဓားသမားများက ရဲစခန်းနှင့် အစိုးရ အဆောက်အအုံများကို ရုတ်တရက် ဝင်ရောက် စီးနင်း ရန်ပြု ခဲ့ခြင်း ဖြစ်သည်။

Xinhuaက ဒေသဆိုင်ရာကွန်မြူနစ်ပါတီ၏အဆိုကို ကိုးကားပြီးတာဝန်ရှိသူများကမသင်္ကာသော အဆောက် အအုံ တစ်ခုကို ရှာဖွေနေစဉ် အကြမ်းဖက်သမားများက စတင် တိုက်ခိုက်လာခြင်းဟု ဖော်ပြခဲ့ သည်။ Xinhuaက ယခုဖြစ်စဉ်တွင် ဓားဖြင့် ရမ်းကားသူများကို အကြမ်းဖက်သမားဟု သုံးနှုန်း ဖော်ပြသွားသည်။

အူရမ်ကွီတွင် ဒေသခံ အွိုင်ဂွာလူမျိုးများနှင့် ဟန်တရုတ် လူမျိုးများကြား ဖြစ်ပွားသည့် ပဋိပက္ခ ပေါ်ပေါက်ခဲ့ ရာ လူပေါင်း(၂၀၀)မျှ သေဆုံးခဲ့သည့် ပဋိပက္ခဖြစ်စဉ် (၄)နှစ်ပြည့်ခါနီးတွင် လုံခြုံရေးကို ပိုမို တင်းကျပ်လာ ရသည်။ ထိုစဉ်က သေဆုံးသူ အများစုသည် ဟန်တရုတ် လူမျိုးများ ဖြစ်ကြသည်။

ရှီဂျီအန်းရှိ အွိုင်ဂွာ(၈)သန်းမျှသည် တူရကီမျိုးနွယ် မွတ်ဆလင်များမှ ဆင်းသက်လာကြပြီး ယင်းတို့၏ ဓလေ့ထုံးစံများသည် အလယ်ပိုင်းအာရှ ဒေသများနှင့် ဆက်နွယ်နေပြီး တရုတ်နိုင်ငံမှ ဟန်တရုတ်တို့နှင့် သိသိသာသာ ခြားနားသည်။ ယင်းတို့သည် ရှီဂျီအန်းဒေသတွင် နေထိုင်သူအရေအတွက်၏ (၄၆)ရာခိုင်နှုန်း မျှ ရှိနေကြာင်းလည်း သိရှိရသည်။

Planet.com.mm

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း

ဆယ်စုနှစ် တစ်စုကျော်ကြာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်မူ ပမာဏ လေးပုံ တစ်ပုံ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရှိ စာရင်းအင်းဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ် ၁၀၅ မိုင် စခန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက် နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၆၄ သန်းကျော်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူ ကာလ ကုန်သွယ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက ၂၅ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အဆိုပါ ကာလတွင် ကုန်သွယ်မှု ပမာဏ ၇၆၂ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ယင်းသို့ ကုန်သွယ်မှု ပမာဏ လျော့နည်းသွားခြင်းသည် ပို့ကုန် ကျဆင်း မှုကြောင့်ဖြစ်ပြီး သွင်းကုန်များမှာ ပုံမှန် ပမာဏအတိုင်း တင်သွင်းလျက် ရှိသည်ဟု မူဆယ် ၁၀၅ မိုင် စခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယမန်နှစ် ယင်းကာလ ပို့ကုန်ပမာဏ ၄၉၇ သန်းကျော်နီးပါးရှိခဲ့ပြီး သွင်းကုန် တန်ဖိုး ၂၆၄ သန်း ရှိခဲ့သည်။

ယခု ဘဏ္ဍာရေးနှစ် သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၁ သန်း ဖိုး တင်သွင်းခဲ့ပြီး ပို့ကုန်ပမာဏ ၂၈၃ သန်း ရှိခဲ့သည်။ ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပို့ကုန်သွင်းကုန်တင်ပို့မှုကို ကြိုတင်ခွန် ၂  ရာခိုင်နှုန်း ကောက်ခံခြင်းနှင့် လားရှိုးတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခအခြေအနေ များကြောင့်ဖြစ်နိုင်ကြောင်း ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင် အချို့က သုံးသပ်သည်။

လတ်တလောတွင် ပြည်တွင်းဆန်ဈေး မြင့်တက်လျက်ရှိခြင်းကြောင့် မြန်မာ့ လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက်သည် တရုတ်သို့ မူဆယ်နယ်စပ် မှတစ်ဆင့် ဆန်တင်ပို့မှုကို ခေတ္တ ရပ်နားထား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က မီဒီယာ များသို့ ပြောကြားခဲ့သည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ပြောင်းဖူးနှင့် ဖရဲသီးတို့ဖြစ်ပြီး အဓိက သွင်းကုန်မှာ ယာဉ်နှင့် ယန္တရား၊ မော်တော်ဆိုင်ကယ်၊ ဓာတ်မြေသြဇာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည်ဟု ယင်းစခန်း၏ တာဝန်ခံက ပြောကြား သည်။

မြန်မာ-တရုတ် ကုန်သွယ်မှုသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာသန်း၃၁၀၀ ကျော် ကုန်သွယ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရ သည်။

The Voice Weekly

တရားမ၀င်ရွှေမှော်များတွင် KIA အဖွဲ့ကြား မယုံကြည်မှုကြောင့် ဆက်ကြေး တိုးမြှင့်ကောက်ခံ

ကချင်ပြည်နယ်၊ မိုးကောင်းတလျှောက်တွင် တရားမ၀င်ရွှေတူးဖော် လုပ်ကိုင် လျက်ရှိသော ရွှေမှော်များမှ စက်ပိုင်ရှင်အချို့ အား ၀ါရာဇွတ်တိုက်နယ်ရုံးက ၂၀၁၃ ဇွန်လ ၂၅ ရက် နေ့လည် ၂ နာရီခန့်က ခေါ် ယူ တွေ့ ဆုံပြီး ဆက်ကြေး ငွေများ တိုးမြှင့်ကောက်ခံခဲ့ကြောင်း ရွှေမှော်လုပ်ငန်းရှင်များက ဆိုပါသည်။

အဆိုပါ ၀ါရာဇွတ်တိုက်နယ်ရုံးမှ KIA ခေါင်းဆောင်တစ်ဦးက ရွှေစက်ဆိုင်း လုပ်ငန်း လုပ်ကိုင်မှုပေါ်မူတည် ပြီး ဆက်ကြေး ငွေများ လစဉ်ပုံမှန် ပေးသွင်းရန်၊ အဆင်မပြေသော စက်ဆိုင်းပိုင်ရှင်များအား အခွန်အခ ဆက်ကြေး ငွေအား နားလည် လျှော့ပေါ့ကောက်ခံလိုသော်လည်း တပ်မဟာ (၂)၊ KIO အနောက်ပိုင်းတိုင်း စီးပွားရေးဌာနမှ လက်သင့်မခံဘဲ အထင်အမြင် လွဲမှားမှုများရှိနေကြောင်း၊ စီးပွားရေးတာဝန်ခံများကိုလည်း မကြာခဏ ချိန်းပြောင်း နေကြောင်း၊ ရွှေမှော်များသို့ ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ လာရောက် ဖမ်းဆီးနိုင်မှု မရှိစေရေး အတွက် KIA အဖွဲ့က အပြည့်အ၀ကာကွယ် ပေးသွားမှာ ဖြစ်ကြောင်း၊ ဆက်ကြေးငွေအား ယခင်ထက် ၂ ဆ တိုးမြှင့်ကောက်ခံရမည်ဟု KIO/KIA ဌာနချုပ်က ညွှန်ကြား ထားကြောင်း ပြောဆိုခဲ့သည်ဟု ရွှေစက်ဆိုင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မိုးကောင်းချောင်းတလျှောက်တွင် တရားမ၀င်ရွှေတူးဖော်လုပ်ကိုင်နေသော ရွှေမှော်များမှာ (၇)ခုခန့်ရှိပြီး ဇွန်ပထမပတ်မှ စ၍ စက်ဆိုင်းများဖြင့် တူးဖော်နေခြင်းဖြစ်ကြောင်း၊ ယခင်ကောက်ထားသော လစဉ် ဆက်ကြေးမှာ စက်ဆိုင်း ၁ ဆိုင်းလျှင် ၁ သိန်းပေးနေရာမှ ဇွန်လကုန်မှစ၍ ၁ ဆိုင်းလျှင် ၂ သိန်း ပေး ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

KachinDailyNews

အင်ဂျင်နီယာ ကျောင်းသားများ အစိုးရဌာန လုပ်ငန်းကြီးများ ကုမ္ပဏီများတွင် အလုပ်သင် အင်ဂျင်နီယာအဖြစ် မကြာမီ စတင်လုပ်ကိုင်ခွင့် ရမည်

နည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ် အင်ဂျင်နီယာသင်တန်းတက်ရောက်နေသည့် အင်ဂျင်နီ ယာ ကျောင်းသားများကို နည်းပညာ တက္ကသိုလ်များမှ ရွေးချယ်ပေးစေပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် ဆက်စပ်သော အစိုးရဌာနကြီးများ၊ အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများတွင် အလုပ်သင် အင်ဂျင်နီယာအဖြစ် မကြာမီ လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ သိရှိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) တွင် ကျင်းပခဲ့သည့် Youth Development Forum တွင် လူငယ် များမှ ဖော်ထုတ်တင်ပြခဲ့သည့် လိုလားချက် အချို့ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အနေဖြင့် စတင် အကောင်အထည်ဖော်ရန် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

"MES မှာ ကျင်းပခဲ့တဲ့ Youth Development Forum မှာ လူငယ်တွေ တင်ပြခဲ့တာတွေထဲက တချို့ အချက်တွေကို စတင်အကောင်အထည်ဖော်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ နည်းပညာ တက္ကသိုလ်တွေ မှာ နောက်ဆုံးနှစ် တက်ရောက်နေပြီး မကြာခင်မှာ အင်ဂျင်နီယာဘွဲ့ရတော့မယ့် ကျောင်း သားကျောင်း သူတွေကို ကျောင်းကရွေးပြီး အင်ဂျင်နီယာ အသင်းနဲ့ ဆက်စပ်တဲ့ အစိုးရဌာနတွေ၊ ကုမ္ပဏီတွေမှာ အလုပ် သင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခွင့် ရရှိဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာတော့ လူဦးရေ ကန့်သတ် ထားဦးမှာ ဖြစ်ပါတယ်" ဟုလည်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

လတ်တလောတွင် လူဦးရေ ကန့်သတ်ထားသော်လည်း မျိုးဆက်သစ် အင်ဂျင်နီယာများ အားလုံးအ တွက် ဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်းနှင့် ရန်ကုန်မြို့ရှိ နည်းပညာ တက္ကသိုလ် ကျောင်းများ မှ ကျောင်းသားကျောင်းသူများအတွက် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အင်ဂျင်နီယာ ကျောင်းများသို့ တက်ရောက်လိုသည့် ကျောင်း သားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများကို မြန်မာအင်ဂျင်နီယာ အသင်း၌ ခေါ်ယူတွေ့ဆုံကာ အင်ဂျင်နီယာ ဘာသာရပ် ရွေးချယ်မှု အကြောင်းနှင့် အင်ဂျင်နီယာ ဖြစ်လိုသည့် လူငယ်များ သိသင့် သိထိုက် သည်များကို အင်ဂျင်နီယာကြီးများ၊ ပါမောက္ခကြီးများမှ ဟောပြောလမ်းညွှန်မှု အစီအစဉ်များ ကိုလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၌ ပြုလုပ်သွားမည် ဖြစ်သည်။


Eleven

စက်ရုပ်လူသား


Ref: FB

ပထမဆုံးသော သားရမိခင်များအတွက် သားဦးရည်ကောင်းအောင်ပြုလုပ်နည်း

   

မိန်းကလေးများအနေဖြင့် ပထမဦးဆုံး ကလေးရရင် ကလေးအားနို့ချိုတိုက်ကျွေးရာ၌ အဆင်ပြေချောမွေ့
စေရန်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေးပါ..

ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ



(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး၍ အိမ်သာတက်ခဲ့သာဘုရင်မှာ ဘိုးတော်ဦးဝိုင်း( ၁၇၈၂- ၁၈၁၉)ဖြစ်  သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သောစက်ရုံသည် မန္တလေး ဘီ ယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာဝှေ့ရမ်း၍ လိုင်းရှာရသောနည်းပညာကို မြန်မာနိုင်ငံမှစတင်၍တီ ထွင်ကာရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သောဓလေ့စရိုက်သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ်အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်းသာ ရှိသည်။

(၇) ကမ္ဘာပေါ်တွင်ရှိသော ၀ါးတားဂိတ် (၀ါးလုံးတား၍ ပိုက်ဆံတောင်းသောဂိတ်) အများဆုံးတိုင်းပြည် မှာမြန်မာပြည်ဖြစ်သည်။

(၈) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော အမှိုက်စွန့်စံနစ်သည် မြန်မာနိုင်ငံတခုတည်း တွင်သာရှိသည်။

(၉) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်

(၁၀) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲ ခွင့်ပြုထားသောတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။

(၁၁) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။

(၁၂) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။

(၁၃) ဈေးဝယ်ပြီး ငွေအကြွေမအမ်းနိုင်၍ ပစ္စည်းနှင့်လဲလှယ်သေစနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌ သာရှိသည်။


(၁၄) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသော တိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။ (အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထားခဲ့ဖူးပါသည်)။

(၁၅) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍ (ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန် စတိုင်) ပါးရိုက် သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံးပေါ်ထွန်းခဲ့သည်။ (မှတ်ချက် ။ ရန်ကုန် TTC ကျောင်းဆရာမ)

(၁၆ ) လမ်းပေါ်မှဆိုင်ကယ်ကို လေယာဉ်မှဝင်တိုက်သော ပထမဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည် ။

Ref..facebook (NanSu)

ဆက်သွယ်ရေးလိုင်စင် ရွှေ့ဆိုင်းရန် လွှတ်တော်က တိုက်တွန်းသော်လည်း ယနေ့ထုတ်ပြန်မည်



ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ချထားပေးခြင်းကို ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သော်လည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လက်ကျန်လိုင်စင် နှစ်နေရာ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို ဇွန်လ ၂၇ ရက်နေ့(ယနေ့)တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် အဆိုကို ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက တင်ပြခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် အစည်းအဝေး တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် ၄၀၂ ဦးလုံး ကန့်ကွက်သူမရှိ ထောက်ခံခဲ့သည်။

“အခု တင်သွင်းတဲ့ အဆိုက ရပ်ဆိုင်းထားရန် တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ဒါဟာ ဥပဒေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ခြောက်လကျော်က အများပြည်သူကို ကြေညာပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ဘာဖြစ်လို့ အခုအချိန်မှ အရေးကြီး အဆို အဖြစ် တင်သွင်းတယ် ဆိုတာကို ကျွန်တော် တို့လည်း မသိရပါဘူး။ ဒီအဆိုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို လာရောက် ရှင်းပြဖို့ အခွင့်အရေးလည်း မပေးခဲ့ပါဘူး” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ပြောကြားသည်။

ဆက်သွယ်ရေး တင်ဒါခေါ်ယူမှုကို လွန်ခဲ့သည့် ခြောက်လကျော်ကပင် သတင်းစာများတွင် ဖော်ပြပြီး အတိအလင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆက်သွယ်ရေး တင်ဒါ ခေါ်ယူမှုကို တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ခေါ်ယူရခြင်းမှာလည်း မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များကို လျင်လျင်မြန်မြန် တိုးချဲ့နိုင်ရန်အတွက် ပြည်တွင်း ကုမ္ပဏီနှစ်ခု (မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ) ပြည်ပ ကုမ္ပဏီနှစ်ခုတို့ အပြိုင်အဆိုင် ဆောင်ရွက်နိုင်အောင် ဖြစ်ကြောင်း၊ တင်ဒါခေါ်ယူမှု၊ တင်ဒါ စိစစ်မှုများကို ITU နှင့် နိုင်ငံခြား အတိုင်ပင်ခံ ကုမ္ပဏီတို့၏ အကူအညီနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့က Technical Team ပါ၊ Political နဲ့တော့ မဆိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို လိုင်စင် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် တစ်စုံ တစ်ရာမရှိရင် မနက်ဖြန်မှာ လိုင်စင် ရွေးချယ်ထားတဲ့ အမည်စာရင်းကို ကြေညာပါမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးဆက်အောင်က ဆိုသည်။

၎င်းတို့အနေနှင့် လိုင်စင်တင်ဒါ အောင်မြင်သူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ကြေညာပြီး ပြည်သူကို အသိပေး မည် ဖြစ်ကြောင်း ဦးဆက်အောင်က ထပ်လောင်း ပြောကြားသည်။

ဥပဒေကိစ္စနှင့် ပတ်သက်၍ လိုင်စင် ရွေးချယ်အပြီး ရက်ပေါင်း ၆၀ အတွင်း ဥပဒေအတည်ပြု ပေးမည်ဟု တင်ဒါ ကော်မတီက ပြောထားကြောင်း၊ ဥပဒေကြမ်း ကိုလည်း ချပြထားကာ လက်ခံနိုင်ဖွယ် ရှိသည့် ဥပဒေပင် ဖြစ်ကြောင်း၊ လွှတ်တော်က မည်သို့ပင် ဆိုနေစေကာမူ အကြံပေး ဖြစ်သည့် Roland Barger အနေနှင့် တင်ဒါ အောင်သည့် စာရင်းကို ထုတ်ပြန်မည်မှာ သေချာကြောင်း ပြည်ပကုမ္ပဏီကြီးနှင့် ပူးပေါင်းကာ လိုင်စင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ပြည်တွင်းကုမ္ပဏီ တာဝန်ခံတစ်ဦးက ရှင်းပြသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ရန် တင်ဒါ ခေါ်ယူထားသည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများသည် ပြည်တွင်းပြည်တွင်း ကုမ္ပဏီများထက် နည်းပညာ၊ အတွေ့အကြုံနှင့် ငွေကြေးအင်အား သာလွန်နေသောကြောင့် ရေရှည် ယှဉ်ပြိုင်ရာတွင် အင်အား သာလွန်သော အဆိုပါ ကုမ္ပဏီများက ဝါးမျိုသွားမည်ကို စိုးရိမ်သောကြောင့်ဟု အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက ဆိုသည်။

ထို့ကြောင့် အော်ပရေတာ လိုင်စင်ကို ပြည်တွင်းပြည်ပ ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင် စေသင့်ကြောင်း ၎င်းကတင်သွင်းသည့် အဆိုတွင် ဖော်ပြထားသည်။“ပြည်တွင်းကုမ္ပဏီတွေ ပြုတ်သွားနိုင်တယ်။ နည်းပညာအရရော အရင်းအနှီးအရရော ပြည်တွင်း ကုမ္ပဏီတွေကို ဝါးမျို သွားမယ်။ ဝါးမျိုသွားရုံတင် မဟုတ်ဘူး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းကို ပြည်ပကုမ္ပဏီတွေ လုပ်သွားနိုင်မယ်ဆိုတဲ့ သဘောဖြစ်သွားမယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများသည် စွန့်စားမှု လိုအပ်သည်မှာ မှန်သော်လည်း ယုံကြည်မှု ပျောက်သွား စေနိုင်လောက်သော အနေအထားမျိုးတွင်မူ ရင်းနှီးမြှုပ်နှံမှု ပြုမည် မဟုတ်ကြောင်း ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ တစ်နေရာအတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသော အာရှအင်အား ကြီး နိုင်ငံတစ်ခုမှ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု၏ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

“ရင်းနှီးမြှုပ်နှံမှု ဆိုတာကတော့ အနည်းနဲ့အများ Risk ယူရမှာပဲ။ ပြည်ပ ကုမ္ပဏီတွေက ဥပဒေ မထွက်သေးတာ သိသိကြီးနဲ့ ဝင်လျှောက်နေကြတာပဲလေ။ ဥပဒေ ထွက်လာရင် ပြီးသွားမှာပဲကို။ ဥပဒေက ပြည်တွင်းကိစ္စ ။ နိုင်ငံတကာက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပျောက်သွားတာကတော့နှမျောဖို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။ယခင်က မြန်မာ့စီးပွားရေး လုပ်ငန်းတစ်ခုအပေါ် ကမ္ဘာတစ်ဝန်းက ယခုကဲ့သို့ စိတ်ဝင်တစား စောင့်ကြည့်နေခြင်းမျိုး မရှိခဲ့ကြောင်း ယခုတစ်ကြိမ်သာ ရှိကြောင်း ၎င်းက ရှင်းပြသည်။

“လာသမျှ အားလုံးကလည်း မျှမျှတတ ရှိပါတယ်လို့ပဲ ပြောကြတယ်။ ဒီကိစ္စက ဖေဖော်ဝါရီလ ကတည်းက ကြေညာထားတာ။ အဲဒီကတည်းက ဥပဒေက မရှိတာပဲလေ။ ဒီနေ့မှ ကပ်လုပ်တာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားရခက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီအနေဖြင့် တင်ဒါလုပ်ငန်းများကိုသာ စိတ်ဝင်စားပြီး တင်ဒါကြေညာမည့် အချိန်ကို စောင့်မည် ဖြစ်ကြောင်း အခြားမှတ်ချက် မပေးနိုင်သေးကြောင်း ဆက်သွယ်ရေး အော်ပရေတာ တစ်နေရာအတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသော နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီက The Voice သို့ပြန်ကြားသည်။

“ဒီနေ့ လာတော့ ဥပဒေစာအုပ်တွေ မပါလာဘူး။ အဲဒီအဆိုက အရေးကြီးအဆို ဖြစ်သင့်သလား ပုံမှန်အဆို ဖြစ်သင့်သလား ဆိုတာတွေကို မဆွေးနွေးနိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဥပဒေစာအုပ်များ ပါမလာတဲ့ အချက်ရယ် ဒီဟာက ပြင်ဆင်ပြီး ပြောရမယ့် ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ယေဘုယျအားဖြင့် ကျွန်တော် သဘောတူတယ်လို့ မှတ်ယူလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘဝင်တော့ သိပ်မကျဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မှတ်ချက်ပေးသည်။

အစိုးရနှင့် နီးစပ်သူ တစ်ဦးကမူ လွှတ်တော်တွင် လုပ်ငန်းရှင်ကြီးများ ကြီးစိုးနေမှုကြောင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကိုယ်ကျိုးစီးပွားကို ပိုမိုရှေးရှုကြကြောင်း၊ နိုင်ငံသားများအတွက် ကြည့်မည် ဆိုပါက နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းသာ အကျိုးများမည် ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်အားလုံး သဘောတူသည် ဆိုသည်မှာလည်း ကြိုတင် ကြေညာထားခြင်း မရှိဘဲ ကြေညာခြင်း၊ ထမင်းစားနားချိန်နီးမှ ကပ်ကြေညာခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ပြသည်။

ဆက်သွယ်ရေး အော်ပရေတာ ရာထူးကို ပြည်တွင်းမှ ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခုတို့က အပြိုင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ပြည်ပကုမ္ပဏီများကို ပြီးခဲ့သောနှစ်မှ စတင်၍ တင်ဒါ ခေါ်ယူခဲ့ပြီး နောက်ဆုံး ကျန်ရစ်သည့် ကုမ္ပဏီ ၁၁ ခုမှ နှစ်ခုကို ဇွန်လ ၂၇ ရက်နေ့တွင် ရွေးချယ်ရန် မူလက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီ လေးခုမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်း ငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်း တပ်ဆင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

လူဦးရေ သန်း ၆၀ ရှိသော နိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်မားလာရေး ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများက ပြည်တွင်းမိုလ်ဘိုင်း ဆက်သွယ်ရေး ဈေးကွက်သို့ အပြိုင် တိုးဝင်လာခြင်း ဖြစ်သည်။

Ref: The Voice Weekly

ဗီယက်နမ်အိုးပင်း ပြေးခုန်ပစ် ပြိုင်ပွဲကို မြန်မာပြေးခုန်ပစ်အဖွဲ့ ကစားသမား ၁၀ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်



   ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ဗီယက်နမ်အိုးပင်း ပြေး ခုန်ပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့်ဇူလိုင် ၁၉ ရက်မှ၂၂  ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲကိုအမျိုး သားကစားသမားလေးဦး၊ အမျိုးသမီးကစားသမားခြောက်ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တာတိုပြိုင် ပွဲများနှင့် အပစ်ပြိုင်ပွဲများကို အဓိကထားဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် စင် င်္ကာပူ တံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲတွင် တာလတ်နှင့် တာဝေးပြိုင်ပွဲများကို အဓိကထား ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း စင်ကာပူနိုင်ငံ၏ ရာသီဥတုအခြေအနေကြောင့် တာဝေးပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပေ။ ယခု ဗီယက်နမ်အိုးပင်း ပြိုင်ပွဲကို ယဉ်ယဉ်ခိုင်၊ လဲ့လဲ့ဝင်း၊ ကျော်စွာမိုး စသည့်ဝါရင့် ကစားသမား များအပြင် လူငယ်ကစားသမား အများစုကိုလည်း နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် အတွက်စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြေးခုန်ပစ်အဖွဲ့၏ အားသာသည့် မီတာ ၄ x ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယဉ်ယဉ်ခိုင်၊လဲ့လဲ့ဝင်းတို့နှင့်အတူ စုကြည်အောင်၊ဆွေလီမြင့် တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
   မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် လှံတံပစ်၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ မီတာ ၁၀၀ တန်းကျော် ၊ မီတာ ၄၀၀ တန်းကျော်၊ မီတာ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများ၊ မီတာ ၄  x ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲ၊ တုတ်ထောက်ခုန် ပြိုင်ပွဲနှင့် မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာပြေးခုန်ပစ် အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ပြိုင်ပွဲများစွာကို ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး သြဂုတ်လအတွင်း၌ ထိုင်းတံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲ၊ အိန္ဒိယတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဆီးဂိမ်းစ်အ ကြို အာဆီယံဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲကိုမူ စက်တင်ဘာလအတွင်း၌ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံး ကွင်းတွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။ လာမည့် (၂၇) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန် မာပြေးခုန်ပစ်အဖွဲ့သည် ပဏာမလက်ရွေးစင် ကစားသမား အမျိုးသား  ၄၄ ဦး၊ အမျိုးသမီး ၃၅ ဦးဖြင့် လေ့ ကျင့်လျက်ရှိပြီး နည်းပြ ၁၉ ဦးက တာဝန်ယူလေ့ကျင့် ပေးနေကြောင်း သိရသည်။

မြန်မာပြေးခုန်ပစ် အဖွဲ့
အုပ်ချုပ်သူ - ဦးဝေဇင်
နည်းပြ - ဦးကျော်ကျော်ဝင်း၊ ဦးစောဟိန်းရွှေ၊ ဒေါ်ခင်အုန်း
တရုတ်နည်းပြ - Liu Ging Li (လှံတံပစ်)၊ Chi Jianwing (သံပြားပစ်)
စကားပြန် - ဒေါ်ဝိုင်းဂျူလိုင်ထွန်း
ကစားသမား - ကျား - ကျော်စွာမိုး (လှံတံပစ်)၊ ဒီရဲဝူ (သံလုံးပစ်၊ သံပြားဝိုင်း)၊ စိုးမိုးဝင်း (မီတာ ၄၀၀ တန်းကျော်)၊ ထွန်းထွန်းလင်း (တုတ်ထောက်ခုန်)၊ မ - ယဉ်ယဉ်ခိုင်(မီတာ ၄၀၀)၊ လဲ့လဲ့ဝင်း (မီတာ ၂၀၀)၊ စုကြည်အောင် (မီတာ ၂၀၀၊ ၄၀၀)၊ ဆွေလီမြင့် (မီတာ ၈၀၀)၊ တင်ဇာမိုး (မီတာ ၁၀၀ တန်းကျော်၊ မီတာ

Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များလည်း ရှိနေ

 အစွန်းရောက် အချို့၏ Facebook စာမျက်နှာများအား တွေ့ရစဉ်

အင်တာနက် သုံးစွဲသူ မြန်မာများအကြား အသုံးပြုမှု မြင့်တက်နေသော လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များလည်း ရှိနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောကြားပါသည်။ 
    
ထိုသို့ ရှိနေသော မွတ်စလင် အစွန်းရောက်များ၏ စာမျက်နှာများပေါ်တွင် ၎င်းတို့နှင့် အယူအဆ မတူသူများကို နည်းလမ်းမျိုးစုံဖြင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် ပုဂ္ဂိုလ်ရး အပုပ်ချ ရေးသားခြင်းများ၊ ဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်လေ့ရှိပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများလည်း ရှိနေကြောင်း သိရပါသည်။

Facebook ပေါ်တွင် ရှိနေသော မွတ်စလင် အစွန်းရောက် စာမျက်နှာများအနက် မောင်သစ္စာ၊ Modh Tauki၊ Myanmar Muslim Media၊ NY Kogyi၊ Mg Mg၊ M Media၊ သမိန်ပေါသွပ်၊ အူးအူးစတီဗင်နှင့် မွတ်စလင် သူရဲကောင်းများ စသူတို့မှာ သိသာထင်ရှားသော စာမျက်နှာများ ဖြစ်နေပြီး ထိုစာမျက်နှာများတွင် သွေးထိုးလှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် ရေးသားဖြန့်ဝေနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောကြားပါသည်။

ထိုသူများသည် မြန်မာနိုင်ငံ မဟုတ်သော အခြားနိုင်ငံများတွင် အခြားသော မှုခင်းဖြစ်စဉ်များ၌ အသတ်ခံခဲ့ရသူများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးခဲ့ရသူများ၏ ဓာတ်ပုံများကို ပြုပြင်ပြီး မြန်မာနိုင်ငံ၌ မွတ်စလင်များ အသတ်ခံနေရကြောင်း၊ ရိုဟင်ဂျာများ လူမျိုးသုဉ်း အသတ်ခံနေရကြောင်း ပုံကြီးချဲ့ ဖော်ပြကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတကာမှ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံသား ဗုဒ္ခဘာသာဝင်များ၏ ၉၆၉ လှုပ်ရှားမှုများကိုလည်း အကြမ်းဖက် လှုပ်ရှားမှုအသွင်ဖြစ်အောင် လုပ်ကြံဖန်တီး ပြောဆိုခြင်းများ ရှိခဲ့ပြီး ဘာသာရေး လှုံ့ဆော်မှုများဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။ယခု ရက်ပိုင်းအတွင်း Time မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်သူများအား ပစ်မှတ်ထားကာ မွတ်စလင် အစွန်းရောက်များက ၎င်းတို့၏ Facebook စာမျက်နှာများမှ တိုက်ခိုက်ရေးသား ခဲ့ခြင်းများ ရှိခဲ့ပါသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် အဆင့်အတန်းရှိရှိ တုံ့ပြန်ရေးသားခြင်း မဟုတ်ဘဲ အပုပ်ချ တိုက်ခိုက်သည့် နည်းလမ်းများ အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ 

မွတ်စလင် အစွန်းရောက် သူများ၏ Facebook Account များအနက် တစ်ခုအပါအ၀င်ဖြစ်သော အူးအူးစတီဗင် Account တွင် "မြန်မာမွတ်စလင်များ နိုကြားလော့" ဟု လှုံ့ဆော်ခဲ့ပြီး သွေးဖြင့်ရေးခဲ့သော မြန်မာမွတ်စလင်များ၏သမိုင်း မြန်မာနိုင်ငံ အနှံ့တွင် မခြောက်ခမ်းသေးကြောင်း၊ မြန်မာမွတ်စလင်များ၏ မခမ်းခြောက်သေးသော သွေးများ၊ မျက်ရည်များကို တစ်ရက်တွင် နားလည်လာနိုင်စေကြောင်းနှင့် နိုးထလော့ မြန်မာမွတ်စလင်များဟူ၍ လှုံ့ဆော်ရေးသားခဲ့သည်။ ထိုလှုံ့ဆော်မှုကို ထပ်ဆင့်ဖြန့်ဝေသူ ၁၀၀ ကျော် ရှိခဲ့ပြီး Lynn Hpone Thant ဟူသော Account တွင် "ဟိုတခြားဘက်က သောက်ပိန်းတွေ လက်စားချေချင်တာတွေ၊ အမုန်းတွေ ဟီးဟီးထနေတာပဲ" ဟု ပြန်လည်ရေးသား ဖော်ပြခြင်းများ ရှိခဲ့သည်။

ထို့အတူ သမိန်ပေါသွပ် ကြိုက်သူများ Facebook Account တွင် "ဗုဒ္ဓဘာသာဝင် အများစုက အကြမ်းဖက် လူသတ်ရမ်းကားမှုတွေကို အားပေးအားမြှောက် လုပ်တဲ့သူနဲ့ မသိချင်ယောင် ဆောင်ခဲ့လေတော့ ဗုဒ္ဓဘာသာပါ ခေါင်းစဉ်တပ်ခံရတာ ဘာဆန်းလဲ" ဟု လည်းကောင်း၊ မောင်သစ္စာ Account တွင် "မျိုးစောင့် ဥပဒေနဲ့အတူ သံဃာများ အိမ်ထောင်ပြုရေး သံဃာများ ညီလာခံတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဝီရသူ မိန့်ကြား" ဆိုသည့် မမှန်သတင်း တစ်ခုကို လည်းကောင်း၊ M Media တွင် "လမ်း ၂၀ ထိပ်တွင် သင်္ကန်းဝတ် သံဃာတော် တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ရန်စမှု ဖြစ်ပွား" ဆိုသော မမှန်သတင်းကို လည်းကောင်း၊ Modh Tauki တွင် "ခွေးခြောက်ခွေးတွေ မွတ်စလင်တွေကို တအားမုန်းပြနေတာ ဘယ်နေ့ မွတ်စလင်တွေဆီမှာ အမြီးလာနန့်ပြမလဲ မသိဘူး။ အဲဒီနေ့ကို စိတ်ရှည်စွာနဲ့ စောင့်စားလျက်ရှိကြောင်း" ဟု လည်းကောင်း အသီးသီးရေးသားပြီး ဘာသာရေး လှုံ့ဆော်မှုများ ပြုလုပ်ကာ ဆူပူမှုများ ဖြစ်စေရန် တွန်းအားပေး ဖော်ပြမှုများကို ဆက်တိုက်ပြုလုပ် နေခဲ့ကြသည်။

မွတ်စလင် အစွန်းရောက်များ၏ Facebook စာမျက်နှာများသည် လူထုမောင်ကာဠု၊ We Love True တို့ကဲ့သို့ပင် အမည်နာမ အမျိုးမျိုး ကွဲပြားသော်လည်း အဓိပ္ပာယ်အားဖြင့် မကွဲပြားသော စာများကို တစ်ပြိုင်နက်တည်း ရေးသားနေခြင်း ဖြစ်သည်။မွတ်စလင် အစွန်းရောက်များသည်လည်း ၎င်းတို့နှင့် ဆန့်ကျင်သော အမြင်ရှိသူဟု ယူဆရသည့် ထင်ရှားကျော်ကြား သူများကို အသရေဖျက်၊ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။ "အစွန်းရောက်တာကတော့ မကောင်းဘူးဗျာ။ ကျွန်တော်တို့က လူတွေကို ဘာသာရေးအရ မခွဲဘဲ အစွန်းရောက်တဲ့လူနဲ့ အစွန်းမရောက်တဲ့ လူကိုပဲ ခွဲရမှာပါ။ အစွန်းရောက်တာကို လုံးဝဆန့်ကျင်ပါတယ်။ သမ္မာသမတ်ကျတဲ့ အမြင်တွေနဲ့ ရေးသားတဲ့လူတွေ များများရှိဖို့ လိုပါတယ်။ အခုတော့ အွန်လိုင်းစာမျက်နှာတွေက ဟိုဘက်အစွန်းရောက်တဲ့လူနဲ့ ဒီဘက်အစွန်းရောက်တဲ့လူတွေ တိုက်နေတဲ့ တိုက်ပွဲလို ဖြစ်နေတယ်။ ကျွန်တော်လည်း အွန်လိုင်းမှာ သမ္မာသမတ်ကျကျ ရေးတတ်တဲ့ လူတွေကို လိုက်ကြည့်နေတယ်။ အဲဒီလို လူတွေစုဖွဲ့ပြီး များများရေးကြဖို့ လိုပါတယ်" ဟု ကိုနေဘုန်းလတ်က ဆိုသည်။ 

ဘာသာတိုင်းမှာ အစွန်းရောက်တွေ ရှိတယ်။ အမေရိကားမှာတော့ မွတ်စလင် အစွန်းရောက်ရော၊ ခရစ်ယာန် အစွန်းရောက်ရော ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ဘယ်အစွန်းရောက်ကိုမှ လက်မခံပါဘူး။ လုံးဝအားမပေးဘူး။ အစိုးရကလည်း အစွန်းရောက်တွေကို ဥပဒေနဲ့ တိတိကျကျ ကိုင်တွယ်တယ် . . . . .

ဘာသာရေး အကြောင်းပြပြီး အစွန်းရောက်ကာ ထင်ရာစိုင်းနေသူများနှင့် ၎င်းတို့၏ ရေးသားဖော်ပြချက်များကို မည်သူကမျှ လက်ခံမည် မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။"အစွန်းရောက်ဆိုရင် ဘယ်အစွန်းရောက်ကိုမှ ကျွန်တော်တို့ လက်မခံပါဘူး။ မွေးလာတဲ့ မိသားစုပေါ် မူတည်ပြီး ကျွန်တော်တို့ ဘာသာတွေ ကွဲပြားသွားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဒီနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် လူကိုလူလိုပဲ မြင်ပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး မွတ်စလင် ဘာသာဝင်ဖြစ်သူ ကိုပရှီးက ပြောကြားသည်။

"ဘာသာတိုင်းမှာ အစွန်းရောက်တွေ ရှိတယ်။ အမေရိကားမှာတော့ မွတ်စလင် အစွန်းရောက်ရော၊ ခရစ်ယာန် အစွန်းရောက်ရော ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ဘယ်အစွန်းရောက်ကိုမှ လက်မခံပါဘူး။ လုံးဝအားမပေးဘူး။ အစိုးရကလည်း အစွန်းရောက်တွေကို ဥပဒေနဲ့ တိတိကျကျ ကိုင်တွယ်တယ်။ ကမ္ဘာကြီးကလည်း အစွန်းရောက်တွေကို အားမပေးဘူး။ အယ်လ်ကိုင်ဒါကို ဘယ်အစိုးရကမှ တရားဝင် မထောက်ခံဘူး။ အယ်လ်ကိုင်ဒါဆိုတာ ၀ရမ်းပြေး အဖွဲ့ပဲ ဖြစ်ပါတယ်။ အမေရိကားမှာတော့ ဘာသာတရားနဲ့ မကြည့်ဘူး။ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု အပေါ်မှာပဲ ကြည့်ပါတယ်" ဟု အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်နေသော ဦးမောင်မောင်ကျော်က ပြောကြားသည်။

ဘာသာရေး အကြောင်းပြပြီး အစွန်းရောက် သူများနှင့် ၎င်းတို့၏ ရေးသားမှုများကို လက်သင့်မခံကြောင်းနှင့် စာဖတ်သူများ အနေဖြင့် ဆင်ခြင်တုံ တရားဖြင့်သာ ဖတ်ရှုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ ဘာသာရေး အကြောင်းပြပြီး အစွန်းရောက် သူများ၏ ပြောဆိုရေးသားမှုများကို အရေးယူနိုင်သော ဥပဒေများလည်း ရှိထားပြီးဖြစ်ပြီး ရာဇသတ်ကြီး အခန်း ၂၂၊ ရာဇ၀တ် မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ အခန်းပါ ပုဒ်မ ၅၀၅ (ဂ) တွင် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကိုဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကိုးကွယ်ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊ လူတစ်စား ကိုးကွယ်သည့် ဘာသာသာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်မှုကို ဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျုးလွန်သော ပြုလုပ်ခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီး အခန်း ၁၅ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများ အခန်းပုဒ်မ ၂၉၅ နှင့်၂၉၅ (က) အရ နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ခံရနိုင်ကြောင်း သိရသည်။

အွန်လိုင်းစာမျက်နှာ များပေါ်တွင် မိမိ၏ အမည်မှန်ကို မဖော်ပြဘဲ သတင်းအမှားများ ထုတ်လွှင့်ပြီး သွေးထိုးလှုံဆော်မှုများ ရှိနေကာ ထိုရေးသားမှုများ မဟုတ်မှန်ကြောင်းကို အမှန်တရား ဖော်ထုတ်သူများက ပြန်လည်ရေးသားချိန်၌ ၎င်းတို့၏ လုပ်ကြံဖန်တီးမှုများသည် အရာမထင်သည့်အပြင် လုပ်ကြံသူသာ သိက္ခာမရှိသူ ဖြစ်သွားမည်ဟု အင်တာနက် သုံးစွဲသူများက ပြောကြားသည်။

Ref: EMG

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကူညီပံ့ပိုးရန် ကွန်ရက်အဖွဲ့ ဖွဲ့စည်း


   ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးရန်အတွက် ငြိမ်းချမ်းရေးကွန်ရက်ကို ဖွဲ့ စည်းလိုက်ပြီး ယင်းကွန်ရက်အနေဖြင့် အမျိုးသားအားလုံး တန်းတူအခွင့်အရေးရရှိရေးကို ဆောင်ရွက်သွား မည်ဖြစ်သည်ဟု ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်သူက မဇ္ဈိမသို့ပြောကြားခဲ့သည်။ ယင်းကွန်ရက် ရဲ့လုပ်ဆောင်ချက်များ ဆောင်ရွက်ရာတွင် တန်းတူအခွင့်အရေးရရှိရေးနှင့် လူ့အခွင့်အရေးတို့ကို အခြေခံ သတ်မှတ်ထားသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမူဖြင့် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်သည် ဟုလည်း ဦးအောင်သူကပြောသည်။၎င်းက''အခုငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကိုကြည့်ရတာ ဟန်ပြတွေပဲဖြစ်နေတယ် ၊ ကဏ္ဍအလိုက်မှာ အခွင့်အရေးတွေ ဆုံးရှုံးနေတာကိုတွေ့ရတယ်၊ တကယ်ကို အားမရပါဘူး၊ ကျွန်တော်တို့ ကွန်ရက်က အဲဒီကဏ္ဍတွေမှာ လိုက်လံပံ့ပိုး လုပ်ဆောင်သွားမှာပါ၊ လုပ်ငန်းစဉ်အသေးစိတ်ကိုတော့နောက် ပိုင်းမှာထပ်ဆွေးနွေးသွားပါမယ်''ဟု ပြောသည်။ ယင်းကွန်ရက်က ဆူပူမှုဖြစ်စေရန် လုပ်ဆောင်မှုများကို အခြားသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကန့်ကွက်ခြင်း၊ ဟန့်တားခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှောင့်ယှက်မှု အသွင်အားလုံးတို့အားပြည်သူများကြားသိရန်လည်း ဖော်ထုတ်သွားမည်ဟု ဆို သည်။ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်အေးက ''တချို့ဆူပူမှုတွေက သိသာပါတယ်၊ နိုင်ငံရဲ့ ငြိမ်းချမ်းနေမှုကို ပျက်ပြားအောင်လုပ်နေတဲ့ ကိစ္စတွေကိုလည်း လက်မခံနိုင်ပါဘူး၊ နိုင်ငံရဲ့ငြိမ်းချမ်းမှုကိုတော့ အထောက်အ ကူဖြစ်အောင်လုပ်နေတဲ့ လုပ်ရပ်တွေကိုတော့ ကျွန်တော် တို့ကွန်ရက်က ထောက်ခံမယ်'' ဟု ပြောသည်။ ကွန်ရက်လုပ်ငန်းစဉ်များအဖြစ် နိုင်ငံ ရေး၊ ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည့် ပြည်တွင်း စီးပွားရေး၊ ဒီမို ကရေစီရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် လက်ရှိလုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ ကွန်ရက်မှဆောင်ရွက်မည့် လုပ်ငန်းစဉ်အားလုံးတို့သည် ယ ခင်သခင်ကိုယ်တော်မှိုင်းလုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကိုအသက်ပြန်သွင်းကာငြိမ်းချမ်းရေးနှင့်ဆက်နွယ် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုလည်း အဖွဲ့ဝင်များက ဆိုသည်။
   ကွန်ရက်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက်ရုံးမှ ဒေါက်တာလှမြင့်က ''ကွန်ရက်ရဲ့အလုပ်တွေကို စိတ်ပါဝင်စားတဲ့သူတွေကို အဖွဲ့ဝင်အဖြစ်လက်ခံပါတယ်၊ အခုလက်ရှိမှာတော့ အဖွဲ့ဝင်တွေက ၁၉၆၂ ခုနှစ် က ဗကသကျောင်းသားဟောင်းတွေ များပါတယ်၊ တချို့တွေကလည်း နိုင်ကျဉ်းတွေပါ၊ အခုကွန်ရက်မှာ ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးရယ် ခွဲခြားထားတာမရှိပါဘူး'' ဟု ဆိုသည်။သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြင်းခြံ မြို့တို့တွင် ရုံးများထားရှိသည်။ ရန်ကုန်အခြေစိုက်ကွန်ရက် သည်ဇွန်လ ၁၅ ရက်မှ ၁၈ ရက်ထိ ကရင်ပြည်နယ်၊ DKBA ကလို့ထူးဘောစစ်ဌာနချုပ်တွင် ပထမအကြိမ်ပြု လုပ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံရဲ့ သဘောထားအမြင်များ နှီးနှောဖလှယ်ပွဲတွင်လည်း တိုင်းရင်းသားများ အရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ရန် ဆွေးနွေးညှိနှိုင်းပြီးဖြစ်သည်။သခင်ကိုယ်တော် မှိုင်းသည် ပြည်တွင်းရှိတောင်သူလယ်သမား၊ အလုပ်သမားတို့၏ အခွင့်အရေးဆိုင်ရာတောင်းဆိုမှုများတွင် လှုပ်ရှားခဲ့သူ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌကြီးဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုကို ရရှိခဲ့ကာ ၁၉၂ဝ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

Ref..mizzimaburmese

မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အဓိပ္ပါယ်




မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက်လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊

နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊

နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာသာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်။

ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆၀ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊

ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊

A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )  ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )  ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊

၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀၀ ရောက်ရင် ၂ ရာစု၊ ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်ခဲ့ကြတာပါ၊ ဒါကြောင့် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစုနှစ်လို့ ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ်ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန်ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ။

သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာ ကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀၀ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀၀ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊
ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေတာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။

ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊ ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ၊ အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

Ref: MMExpress

ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲဖြေခွင့်ပေးသည့် ဆရာ၊ ဆရာမများ အရေးယူခံရမည်

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။ “ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရပါမယ်။ စာမေးပွဲ မဖြေခင်လအထိတော့ ကျောင်းမတက်ကြတာ မှန်ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာလအထိ ကျောင်းခေါ်ချိန်မှန်ပြီး ၇၅ ရာခိုင်နှုန်း ပြည့်နေတဲ့ ကျောင်းသားက စာမေးပွဲဖြေခွင့် ရှိတယ်။ တချို့ကျောင်းသားတွေ ၇၅ ရာခိုင်နှုန်း မပြည့်ဘဲ ၆၀ တို့၊ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတာ စစ်ဆေးတွေ့ရရင် ပြန်ပြီး ပယ်ဖျက်ရတာတွေ ရှိတယ်” ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။ တချို့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားများသည် ကျောင်းများထက် ကျူရှင်များကို ဦးစားပေး တက်ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့်မီရန် ဆရာ၊ ဆရာမများနှင့် နားလည်မှုယူကာ စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းများ ရှိနေသည့်အပေါ် အဆိုပါအရာရှိကြီးက ညွှန်းဆိုပြောကြားလိုက်ခြင်း ဖြစ်သည်။ “တချို့ကျောင်းသား တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာမှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေကို စစ်ဆေးတွေ့ရှိရရင် ပြစ်မှုကျူးလွန်တဲ့ အတိုင်းအတာအထိ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်းရွှေ့မိန့်ကနေ ရာထူးချတဲ့အထိ အပြစ်ပေးခံရမယ်” ဟု ယင်းအဆင့်မြင့် အရာရှိက ဆက်လက်ပြောသည်။ ယင်းကျောင်းခေါ်ကြိမ် ပြည့်မီခြင်း မရှိသည့် ကိစ္စရပ်များသည် ယခင်ကတည်းက ရှိနေပြီး ယခုအချိန်တွင်လည်း ဆက်လက်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။


Ref: MMExpress

အရှေ့တောင်အာရှ တံခွန်စိုက် ပန်ကြပ်ဆီလတ် ပြိုင်ပွဲတွင် မြန်မာတို့ ငွေနှစ်ခု ရရှိထား


  စတုတ္ထ အကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်ပန်ကြပ်ဆီလတ်ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ဇွန် ၂၆ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပခဲ့ရာ အိမ်ရှင်မြန်မာပန်ကြပ်ဆီလတ်အဖွဲ့ က ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။ မြန်မာပန်ကြပ် ဆီလတ်အဖွဲ့အတွက်ငွေတံဆိပ်ဆု ကို ထက်ဝေလှိုင်က အမျိုးသားတစ်ဦးချင်းအပြပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းကရွှေတံ ဆိပ်နှင့် ဗီယက်နမ်အသင်းက ကြေးတံဆိပ်တို့ရရှိခဲ့ကြပါသည်။ နောက်ထပ်ငွေတံဆိပ် တစ်ခုကိုမူသူရစိုးနှင့် ရဲမောင်မောင်အတွဲက အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင်ရယူနိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကိုဗီယက်နမ်နှင့် ၊ကြေးတံဆိပ်ဆုကို မလေးရှားတို့က ရရှိခဲ့သည်။ ပြိုင်ပွဲတတိယနေ့အပြီးတွင် ဗီယက်နမ်အသင်းက ရွှေသုံးခု ၊ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိကာ နိုင်ငံအလိုက် ဆုရရှိမှုတွင် ဦးဆောင်နေပြီး အင်ဒိုနီးရှားအသင်းက ရွှေနှစ်ခု ၊ ငွေတစ်ခုရရှိကာ ဒုတိယနေရာကနေလိုက်နေကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၈ ခုချီးမြှင့် မည်ဖြစ်ပြီး ဇွန် ၂၇ ရက် (ယနေ့) တွင် အတိုက်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ် ၁၃ ပွဲကို ဆက်လက်၍ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၂၆ ရက် ညနေပိုင်းတွင် အတိုက်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ကျင်းပ ခဲ့ပြီး အပြပြိုင်ပွဲ အမျိုးသားပြိုင်ပွဲ သုံးပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ပွဲ၊ စုစုပေါင်းငါးပွဲကိုမူ နံနက်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ မြန်မာပန်ကြပ် ဆီလတ်အဖွဲ့သည် မတ်လအတွင်းက ကျင်းပခဲ့သည့် ဆီးဂိမ်းစ်အကြို အာဆီယံဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့သော်လည်း ယခုပြိုင်ပွဲတွင်မူ တတိယနေ့အပြီးအထိရွှေ တံဆိပ်ရယူနိုင်ခြင်း မရှိသေးကြောင်းသိရသည်။ ပြိုင်ပွဲကို ဇွန် ၂၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။

Ref..news-eleve

နယ်ပယ်စုံမှ သတင်းအချက်အလက်နှင့် နည်းပညာများအကြောင်း သိရှိနိုင်မည့် ဟောပြောပွဲ ကျင်းပမည်

နည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ အစရှိသည့် နယ်ပယ်စုံမှ သတင်းအချက်အလက်နှင့် နည်းပညာအကြောင်း သိရှိနိုင်မည့် ဟောပြောပွဲ (One Click Impact To Myanmar) ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။ အဆိုပါ ဟောပြောပွဲကို ဇွန်လ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၅  နာရီအထိ MICT Park အတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ပထမပိုင်း ဟောပြောပွဲအပြီး ညနေပိုင်းမှာ Final Discussing ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ထိုင်းနိုင်ငံကနေ Speaker တစ်ယောက် လာရောက် ဆွေးနွေးပြောကြားမှာ ဖြစ်ပါတယ်။ သူက Social Network Conflict နဲ့ ပတ်သက်ပြီး လေ့လာတဲ့သူပါ” ဟု ကိုဇော်ဇော်မျိုးလွင်က ပြောသည်။ အကြောင်းအရာပေါင်းစုံ မျှတအောင် ဟောပြော ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို DVB ရုပ်သံလိုင်းမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီအခမ်းအနား တက်ရောက်ခြင်းအားဖြင့် Social Media အသုံးပြုမှု၊ အွန်လိုင်း အသုံးပြုမှု၊ မီဒီယာကျင့်ဝတ်၊ နည်းပညာဆိုင်ရာ လုံခြုံရေးပိုင်း အစရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာတွေ တိုးပွားသိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။ အဆိုပါ အခမ်းအနားကို မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း မီဒီယာပိုင်းဆိုင်ရာမှ ပညာရှင်များ၊ Blogger များ၊ ရုပ်သံလိုင်းမှ ပညာရှင်များ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူများ အစရှိသည်တို့ အပါအဝင် ဟောပြော ဆွေးနွေးသူ (၈) ယောက် ဝန်းကျင်ခန့် ရှိမည်ဟု သိရကြောင်းသိရသည်။

Ref: MMExpress

"Ms. Hannah Beech (TIME Magazine) သို့ အိတ်ဖွင့်ပေးစာ"

ခင်မင်ရပါသော နှမတော် ဟန်နာဘိခ်ထံ အမျိုးသားရေးဝါဒီ ဦးပဉ္စင်း ဦးဝီရသူ စာရေးလိုက်ပါတယ်။ မင်း ငါ့ဆီလာစဉ်တုန်းက မင်းနှင့် မင်းရဲ့ဓာတ်ပုံဆရာအပေါ် ငါတို့ ဧည့်ဝတ်ကျေပွန် ခဲ့တယ်နော်။ မင်းတို့ဖြစ်စေ ချင်တာအားလုံးကို ငါအကုန် ကူညီခဲ့တယ် ဆိုတာလည်း မင်းသိမှာပါ။ မင်းတို့သတင်းသမားတွေ သတင်း မှန်သိစေချင်တဲ့ စိတ်ရင်းစေတနာကောင်း တစ်ခုတည်းနဲ့ ငါတို့ မင်းကိုကူညီခဲ့ကြတာပါ။ မင်းတို့နိုင်ငံကြီး သားတွေကို လေးစားလို့ မင်းတို့ TIME ဌာနကြီးကို အထင်ကြီးလို့၊ မင်းတို့ လိမ်လိမ့်မယ် မထင်လို့၊ သတင်း သမားကျင့်ဝတ်ကို ဖောက်ဖျက်လိမ့်မယ် မထင်လို့ ငါတို့ မင်းကို ကူညီခဲ့ကြခြင်းဖြစ်ပါတယ်။

အခုမှ မင်းဟာ ငါ့အတွက် ဧည့်ဆိုးမှန်း သိလိုက်ရပါတယ်။ မင်းမျက်နှာပေါ်က လှပတဲ့အပြုံးရဲ့နောက်ကွယ် က အမုန်းတရားတွေကို မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။ နူးညံ့တဲ့မင်းရဲ့အမူအရာတွေအောက်က အကြင်နာ တရား ကင်းမဲ့မှုတွေကို မြင်အောင်ငါမကြည့်နိုင်ခဲ့ဘူး။ ချိုသာတဲ့စကားတွေထဲက ဓားသွားလိုရက်စက်မှုတွေ ကိုလည်း မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။

မင်းလို နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်မှာ ကမ္ဘာနဲ့ချီပြီး ရက်စက်ရဲလောက်တဲ့ အာဃာတနှလုံးသားမျိုး ရှိလိမ့်မယ်လို့ ငါမထင်ခဲ့တာဟာ မင်းပြောသလို ငါဟာ အခြေအနေမဲ့ ဘဝကလာ တဲ့ ရဟန်းတစ်ပါး ဖြစ်နေလို့ပဲ ယူဆရပါတော့မယ်။ ဗမာဘင်လာဒင်တို့၊ နာဇီလက်သစ်တို့၊ နာဇီကတုံး တို့၊ မြန်မာ အိုစမာတို့ဟာ facebook မှာ ကုလားတွေပေးထားတဲ့ နာမည်တွေပါလို့ မင်းကို ငါပြောခဲ့ရဲ့သား နဲ့ မင်းက The Buddhist Monk, The Title "Burmese Binladen" လို့ သုံးရက်တယ်နော်။ ရှေ့မှာတုန်း က The Buddhist Monk လို့ သုံးထားပြီးမှ With the man in burgundy robes လို့ တမင်ရည်ရွယ်ချက် ရှိရှိ သုံးထားတာကို တွေ့ရပြန်တော့ မင်းကိုယ်မင်း မင်းဘဝရဲ့သရုပ်မှန်ကို ဝန်ခံလိုက်တာလို့ပဲ အောက်မေ့ မိတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းဟာ ငါထင်ထားသလို လူကြီးလူကောင်းတစ်ယောက်မဟုတ်တော့ဘဲ အစွန်းရောက်ကုလားတွေနဲ့ တစ်တန်းစားတည်း ဖြစ်နေလို့ပါ။ ကုလားတွေလည်း ငါ့ကို မင်းလိုဘဲ သင်္ကန်း ခဏခဏချွတ်ခိုင်းနေကြလို့ပါ။ ပြီးတော့ ဘုန်းကြီးတစ်ပါးအဖြစ်အသိအမှတ်မပြုဘဲ သင်္ကန်းဝတ်လို့ ခေါ်ဝေါ် ကြလို့ပါ။

ငါ့တရားတွေက မင်းပြောသလို အမုန်းတရားတွေနဲ့ တောက်လောင်နေတာ မဟုတ်ပါဘူး။ မင်းရဲ့ရေးသား ချက်တွေကမှ အမုန်းတရားတွေပြည့်နှက်နေခဲ့တာပါ။ ကောက်ချက်ချလွဲမှားတာ၊ နားလည်မှုလွဲမှားတာတွေ ကို ခွင့်လွတ်လို့ ရတယ်နော်။ ငါ့ကိုပစ်မှတ်ထား တိုက်ခိုက်နေမှန်း မင်းစကားလုံးတွေက သက်သေပြနေ တယ်ဆိုတာ မင်း ငြင်းဦးမှာလား မိန်းကလေး။

မင်းပြောတဲ့စကားနှင့် ငါဟောတဲ့တရားတွေကို အသေအချာပြန်ပြီး တိုက်ဆိုင်ကြည့်ပါဦး။
Now is not the time for calm.
Now is the time to rise up to make your blood boil. (အဲ့ဒါ မင်းစကား)။
၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်
ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။
အမျိုးဘာသာ သာသနာအတွက်ကို
အကြမ်းမဖက်ဖို့ ပုံဖော်နေ။
ရတနာသုံးပါး ဦးထိပ်ထားလို့
ရိုးသား၊ နိုးကြား၊ ကြိုးစားလေ။
အမျိုးသားရေး သွေးမအေးပဲ
အမြဲတစေ နွေးပါစေ။
ဒါကိုကြည့်ရင် မင်းကိုယ်တိုင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေ တာပေါ်လွင်တယ်နော်။ ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာတွေ မလုပ်ဖို့ ဟောကြားနေတဲ့ ငါ့ကို မင်းက အကြမ်းဖက်သမားလို့ စွပ်စွဲခဲ့တယ်။ ရိုးသားဖို့၊ နိုးကြားဖို့၊ ကြိုးစားဖို့ တိုက်တွန်းတဲ့ ငါ့ကို မင်းက ထချဖို့၊ စတိုက်ဖို့၊ တိုက်တွန်းလှုံ့ဆော်တဲ့ပုံစံမျိုး ချိုးသွားခဲ့ပြန်တယ်။ ငါက သွေးမအေးစေနဲ့ သွေးနွေးစေကြ ဖို့ ဟောတာကို မင်းက သွေးဆူသွေးပွက်အောင်လုပ်ခိုင်းတဲ့ ရန်တိုက်ပေးတဲ့ပုံစံမျိုး လုပ်သွားခဲ့ပြန်တယ်။
တတ်လည်း တတ်နိုင်တဲ့ မိန်းကလေးပဲနော်။
(ဆက်လက်ဖော်ပြပါမည်။)
                                              မေတ္တာမပျက် ချစ်ခင်လျက်
                                              (အကြမ်းဖက်သမားကြီး)
                                              ဦးပဉ္စင်း
                                              ဦးဝီရသူ
                                              25.6.2013- PM- 11:37

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက်လွှတ်တော်အစည်းအဝေး မစတင်မီသတင်းထောက် များကို ပြောကြားသည်။ လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင်းပခဲ့ပြီး အထူးအစည်းအဝေး တစ်ကြိမ်၊ ပုံမှန်အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိတွင် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပလျက် ရှိသည်။
  
လွှတ်တော်အစည်းအဝေး ဒုတိယ သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောင်းလဲတာဝန် ယူမည်ဖြစ်သောကြောင့် လွှတ်တော်သည် ပိုမို အားကောင်း လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ "နာယက ပြောင်းတာကြောင့်လို့ မပြောလို ပါဘူး။ ဘယ်နာယကကြီးပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ကြမှာပါပဲ။ လွှတ်တော်ရဲ့ ပုံစံကိုက တစ်နေ့ထက် တစ်နေ့ ပိုအားကောင်းလာတာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခင်က လွှတ်တော်အစည်းအဝေးများကို ငါးမိနစ်လွှတ်တော်ဟု ဝေဖန် ကြကြောင်း၊ နောက်လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော်ဟု ခေါ်ဝေါ်ကြကြောင်း၊ လက်ရှိတွင် အနောက်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုမှာ လွှတ်တော်သည် ပိုမိုပီပြင် အသက်ဝင်လာသည်ဟု လက်ခံ လာကြကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ပြောကြားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု အားနည်းနေသေးကြောင်း ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ်က ဝေဖန်ပြော ကြားသည်။

EMG

တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၅၅၀၀ ကျော်ရှိ

မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများကို ကွာလာလမ်ပူ လေဆိပ်၌ ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)

၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၂၅ ရက်အထိ တစ်လတာ ကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅၅၉၅ ဦးရှိပြီး၊ ထိုသူများထဲတွင် CI မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၅၄၁ ဦး ပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရပါသည်။ "မေ ၂၅ ရက်ကနေ ဇွန် ၂၅ ရက်အထိ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာသူ စုစုပေါင်း ၅၅၉၅ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ CI နဲ့ ရောက်လာတာ က ၅၄၁ ဦးပါ" ဟု လူဝင်မှုကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။ ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ပထမအပတ်အတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်း ဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသားအချို့ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာနိုင်ရန် မြန်မာနိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြသည်။ မြန်မာနိုင်ငံ ရှိ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှလည်း ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက်လျှော့ချ ပေးခဲ့သည်။ Air Bagan, Asian Wings နှင့် ရွှေမြန်မာ လေကြောင်းလိုင်းများက မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား များ နေရပ်သို့ ပြန်လိုပါက လေယာဉ်လက်မှတ်များအား အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း    မလေးရှား သို့ ရောက်နေသည့် မြန်မာအလုပ်သမား ၇ သိန်းကျော်ရှိပြီး၊ တရားဝင် မှတ်ပုံတင်ဖြင့် သွားရောက်လုပ် ကိုင်နေသူ သုံးသိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။

EMG

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ကန့်ကွက်သူမရှိ အတည်ပြု

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် တင်ဒါတင်ထားသည့် ကုမ္ပဏီများ 

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ လွှတ်တော်က တိုက်တွန်းခဲ့သည်။ 

ဇွန် ၂၆ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့ တွင် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက "ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန် ပေးအပ်ရာတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေး အပ် ရန်နှင့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန်ပေးအပ်ခြင်းအား ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း " အရေး ကြီး အဆိုကို တင်သွင်းခဲ့သည်။

ဦးမျိုးဆွေက "ပြည်ထောင်စု အစိုးရ အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒလမ်းစဉ်တွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးစားပေး သတ်မှတ်ဆောင် ရွက် လျက်ရှိပြီး နိုင်ငံတော်တွင် တယ်လီဖုန်း သုံးစွဲမှု တိုးတက်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တယ်လီဖုန်း သုံးစွဲနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတွင် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများအား သတင်းစာမှတစ်ဆင့် ခေါ်ယူခဲ့ပြီး စနစ်တကျ စိစစ်မှုများ ပြုလုပ်ကာ မကြာမီ ကာလအတွင်း တင်ဒါတင်သွင်းလာတဲ့ ကုမ္ပဏီများ အနက်မှ သင့်တော်တဲ့ ပြည်တွင်းကုမ္ပဏီ နှစ်ခုဖြစ် တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လည်းကောင်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း၍ လည်းကောင်း၊ ဆက် သွယ်ရေး အော်ပရေတာလိုင်စင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ပြည်ပ ကုမ္ပဏီ နှစ်ခုကိုလည်း လိုင်စင်ချထား ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာကုမ္ပဏီ နှစ်ခုကို အော် ပရေတာ အဖြစ် ပြောင်းလဲတာဝန် ယူစေခြင်းဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။ 

လက်ရှိ လိုင်စင်ချထားပေးမယ့် ပုံသဏ္ဌာန်အရ ပြည်တွင်းကုမ္ပဏီ နှစ်ခုနဲ့ ပြည်ပကုမ္ပဏီ နှစ်ခုတို့ ယှဉ်ပြိုင် လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါတယ်။ အော်ပရေတာအဖြစ် လိုင်စင်ချ ထားပေးမယ့် ပြည်ပကုမ္ပဏီများဟာ ပြည်တွင်းကုမ္ပဏီများထက် နည်းပညာ အဆင့်အတန်း၊ အတွေ့အကြုံ နဲ့ ငွေကြေးဓနအင်အား များစွာသာလွန်နေကြောင်း တွေ့ရပါတယ်။ ရည်ရွယ်ချက်နှင့် စေတနာ ကောင်း မွန်သော်လည်း ရေရှည်ယှဉ်ပြိုင် ဆောင်ရွက်ရာမှာ ပြည်တွင်းကုမ္ပဏီများ အနေဖြင့် အခက်အခဲများ၊ ဆုံးရှုံး မှုများနဲ့ ရင်ဆိုင်ရနိုင်ပြီး ပြည်ပကုမ္ပဏီများရဲ့ လက်ဝါကြီးအုပ် ၀ါးမျိုခြင်း ခံရနိုင်တယ်လို့ ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများ သီးခြားယှဉ်ပြိုင် လုပ်ဆောင်ကြရမှာ ဖြစ်တဲ့ အတွက် ပြည်ပကုမ္ပဏီများရဲ့ နည်းပညာနဲ့ အတွေ့အကြုံများကို ပြည်တွင်းကုမ္ပဏီများ ရရှိရန် အခွင့်အရေး နည်းပါးနေမှာ ဖြစ်ပါတယ်။ ပြည်ပကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီ ဖက်စပ်လုပ်ကိုင်မှသာ နည်းပညာ အတွေ့ အကြုံ အပါအ၀င် အများပြည်သူ အကျိုးအမြတ်များ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အော်ပရေတာလိုင်စင် ချထားပေးရာမှာ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီများ ဖက်စပ်ချထား ပေးပါရန် အလေးအနက်ထား စဉ်းစား သင့်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ ဆက် သွယ်ရေး ဥပဒေများ မရှိသေးသဖြင့် တည်ဆဲဥပဒေဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၈၉၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ရေရှည်အကျိုး စီးပွားကို ကာကွယ်နိုင်ရန်အတွက် ခေတ်နဲ့ညီတဲ့ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဆောင် ရွက်မှ သာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ရှေရည်အကျိုးစီးပွားကို ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။

စောစောက တင်ပြခဲ့တဲ့ အချက်အလက်များဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ရာ တွင် ပြည် တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေးအပ်ရန်နှင့် ဆက် သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းအား ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း "အရေးကြီး အဆိုကို တင်သွင်းအပ်ပါတယ်" ဟု ပြောကြားသည်။

ထို့နောက် အရေးကြီး အဆိုကို လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ ကန့်ကွက်သူ မရှိဘဲ အတည်ဖြစ်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုရှင် တင်သွင်းသည့် ပြည်ပ ကုမ္ပဏီများမှ ပြည်တွင်းကုမ္ပဏီများကို ၀ါးမျိုသွားမည်ဆိုသည့် အချက်သည် မဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီ များ ပြုတ်သွားပြီး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းကို ပြည်ပကုမ္ပဏီများကသာ လုပ်သွားနိုင်မည် ဆိုသည့် သဘောမျိုး သက်ရောက်နေကြောင်း ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြား ကုမ္ပဏီများ ထဲမှ ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းထားသော ကုမ္ပဏီကိုသာ လုပ်ငန်းလိုင်စင် ပေးအပ်မည် ဆိုပါက အကြို အရည်အချင်း ပြည့်မီသော စာရင်းတွင် ပါဝင်ထားသည့် နိုင်ငံခြားကုမ္ပဏီ ခုနစ်ခုကို ထုတ်ဖယ်လိုက်သကဲ့ သို့ ဖြစ်သွားမည် ဖြစ်သည်။ အဆိုပါ ထုတ်ပယ်ခံရသည့် စာရင်းတွင် Telenor နော်ဝေ ကုမ္ပဏီ၊ France Telecom Orange ပြင်သစ်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Marubeni တို့ ပေါင်းထားသည့် ကုမ္ပဏီ၊ QTel (Ooredoo) ကာတာကုမ္ပဏီ၊ ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီ Viettel Group၊ အိန္ဒိယ ဆက်သွယ်ရေး ကုမ္ပဏီ Bharti Airtel နှင့် ဆိုက်ပရပ်နိုင်ငံမှ Palazio Ventrues တို့ ပူးပေါင်းထားသည့် ကုမ္ပဏီ၊ မလေးရှားနိုင်ငံမှ Axiata ကုမ္ပဏီ၊ လူဇင်ဘတ်နိုင်ငံမှ Millicom International Cellular ကုမ္ပဏီတို့ ပါဝင် သွားမည် ဖြစ်သည်။ ထို့ကြောင့် တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီက ကျန်ကုမ္ပဏီ လေးခု ထဲမှ ရွေးချယ်ရတော့မည် ဖြစ်သည်။ ကျန်ရှိနေသည့် ကုမ္ပဏီများမှာ KDDI+Sumitomo+MICTDC+A1 ကုမ္ပဏီ၊ MTN(Dubai)+M1 Telecom+Amara Communications ကုမ္ပဏီ၊ Sing Tel+Royal Myanmar Transport (KBZ)+M Tel ကုမ္ပဏီ၊ Digicel Group+Quantum Strategic Partners+YSH Finance တို့ ပါဝင်သည်။ ဤကဲ့သို့ တင်ဒါအောင်မြင်သူ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ စာရင်းကို မကြေညာမီ တစ်ရက်အလိုတွင် ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

EMG

ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်တွင် ၃၄ ထပ်နှင့် ၃၂ ထပ်ရှိသော Twin Tower ပုံစံ အထပ်မြင့် အဆောက်အအုံ နှစ်လုံးကို လေးနှစ်အတွင်း အပြီးတည်ဆောက်မည်

Twin Tower တည်ဆောက်မည့် ဗိုလ်ချုပ်ဈေး လဟာပြင် မြေကွက်အား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့်ရှိ ဗိုလ်ချုပ်ဈေး လဟာပြင် မြေကွက် တွင် ၃၄ ထပ်နှင့် ၃၂ ထပ်ရှိသော Twin Tower (အမြွှာပုံစံ) အထပ်မြင့် အဆောက်အအုံ နှစ်လုံးအထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ လေးနှစ် အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေး များဌာနမှ သိရသည်။  

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကျယ်အ၀န်း ခြောက်ဧကကျော်ရှိသော ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်အား လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လအတွင်းက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူခဲ့ရာ ရွှေတောင်ကုမ္ပဏီမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့သို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ မေ ၁၁ ရက်က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။  
  
"အခု ဗိုလ်ချုပ်ဈေးသစ် လဟာပြင် နေရာမှာ ၃၄ ထပ်နဲ့ ၃၂ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံနှစ်လုံးကို Twin Tower လို ပုံစံမျိုး ဆောက်မှာပါ။ အဆောက်အအုံ နှစ်လုံးကို စာချုပ်ချုပ်ခဲ့တဲ့ မေ ၁၁ ရက်နေ့က စပြီး လေးနှစ်အတွင်း အပြီးဆောက်မယ်လို့ မှန်းထားတယ်။ ဖျက်သိမ်းမယ့် ဗိုလ်ချုပ်ဈေးသစ်က ဆိုင်ခန်း ၄၃၇ ခန်း ပိုင်ရှင်တွေကိုလည်း အဆောက်အအုံတွေ ဆောက်ပြီးရင် အဲဒီမှာ မူလနေရာအတိုင်း ပြန်ပေး ဖို့လည်း ညှိနှိုင်းထားပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောပြသည်။ Twin Tower အဆောက်အအုံကို အကျိုးတူ ပူးပေါင်းဆောက်လုပ်ရာတွင် ရာခိုင်နှုန်း ခွဲဝေမှုကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အစီအစဉ်ဖြင့်သာ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဆောက်လုပ်မည့် ၃၄ ထပ် နှင့် ၃၂ ထပ် Twin Tower အဆောက်အအုံ နှစ်လုံးမှာ ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံကြီးများတွင် ပါဝင်လာမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်၏အမြင့်ပေ ထက် ကျော်လွန်ခြင်း မရှိစေရန် စိစစ်ဆောက်လုပ် စေမည်ဟုလည်း သိရသည်။

EMG