27.6.13

တရုတ်တွင် ဓားကိုင် ရမ်းကားတိုက်ခိုက်သူများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကား သတ်ဖြတ်မှုများ ထပ်မံ ပေါ်ပေါက်လာပြီးနောက် ရဲများက ပစ်ခတ် တားဆီးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ လွန်ခဲ့သည့် (၄)နှစ်က ဖြစ်ပွားခဲ့သည့် အူရမ်ကွီ ပဋိပက များ နှစ်ပတ်လည်နေ့ မတိုင်မီတွင် ပေါ်ပေါက်လာသော ဓားဖြင့် ရမ်းကားမှုများအား လာ့ခ်ကွမ်းတွင် ရဲများ က ပစ်ခတ်သတ်ဖြတ်ခဲ့ရသည်။ #Xinhua သတင်းဌာနက ရဲဝန်ထမ်း (၉)ဦး အပါအဝင် လူ(၁၇)ဦး သေဆုံး ကာ တိုက်ခိုက်သူ (၁၀)ဦးကိုလည်း ရဲများက အသေပစ်ဖမ်းခဲ့ရကြောင်း ဖော်ပြခဲ့သည်။

လူအသေအပျောက် စုစုပေါင်း (၂၇)ဦးထိ ရှိခဲ့သော ပြဿနာသည် ဝေးလံသီခေါင်သည့် မြို့လေး တွင် ခြောက်ခြား စရာ အနေအထား ဖြစ်လာသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အဆိုပါ ဒေသတွင် ဓားသမားများက ရဲစခန်းနှင့် အစိုးရ အဆောက်အအုံများကို ရုတ်တရက် ဝင်ရောက် စီးနင်း ရန်ပြု ခဲ့ခြင်း ဖြစ်သည်။

Xinhuaက ဒေသဆိုင်ရာကွန်မြူနစ်ပါတီ၏အဆိုကို ကိုးကားပြီးတာဝန်ရှိသူများကမသင်္ကာသော အဆောက် အအုံ တစ်ခုကို ရှာဖွေနေစဉ် အကြမ်းဖက်သမားများက စတင် တိုက်ခိုက်လာခြင်းဟု ဖော်ပြခဲ့ သည်။ Xinhuaက ယခုဖြစ်စဉ်တွင် ဓားဖြင့် ရမ်းကားသူများကို အကြမ်းဖက်သမားဟု သုံးနှုန်း ဖော်ပြသွားသည်။

အူရမ်ကွီတွင် ဒေသခံ အွိုင်ဂွာလူမျိုးများနှင့် ဟန်တရုတ် လူမျိုးများကြား ဖြစ်ပွားသည့် ပဋိပက္ခ ပေါ်ပေါက်ခဲ့ ရာ လူပေါင်း(၂၀၀)မျှ သေဆုံးခဲ့သည့် ပဋိပက္ခဖြစ်စဉ် (၄)နှစ်ပြည့်ခါနီးတွင် လုံခြုံရေးကို ပိုမို တင်းကျပ်လာ ရသည်။ ထိုစဉ်က သေဆုံးသူ အများစုသည် ဟန်တရုတ် လူမျိုးများ ဖြစ်ကြသည်။

ရှီဂျီအန်းရှိ အွိုင်ဂွာ(၈)သန်းမျှသည် တူရကီမျိုးနွယ် မွတ်ဆလင်များမှ ဆင်းသက်လာကြပြီး ယင်းတို့၏ ဓလေ့ထုံးစံများသည် အလယ်ပိုင်းအာရှ ဒေသများနှင့် ဆက်နွယ်နေပြီး တရုတ်နိုင်ငံမှ ဟန်တရုတ်တို့နှင့် သိသိသာသာ ခြားနားသည်။ ယင်းတို့သည် ရှီဂျီအန်းဒေသတွင် နေထိုင်သူအရေအတွက်၏ (၄၆)ရာခိုင်နှုန်း မျှ ရှိနေကြာင်းလည်း သိရှိရသည်။

Planet.com.mm

0 comments:

Post a Comment