27.6.13

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ကန့်ကွက်သူမရှိ အတည်ပြု

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် တင်ဒါတင်ထားသည့် ကုမ္ပဏီများ 

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ လွှတ်တော်က တိုက်တွန်းခဲ့သည်။ 

ဇွန် ၂၆ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့ တွင် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက "ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန် ပေးအပ်ရာတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေး အပ် ရန်နှင့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန်ပေးအပ်ခြင်းအား ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း " အရေး ကြီး အဆိုကို တင်သွင်းခဲ့သည်။

ဦးမျိုးဆွေက "ပြည်ထောင်စု အစိုးရ အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒလမ်းစဉ်တွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးစားပေး သတ်မှတ်ဆောင် ရွက် လျက်ရှိပြီး နိုင်ငံတော်တွင် တယ်လီဖုန်း သုံးစွဲမှု တိုးတက်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တယ်လီဖုန်း သုံးစွဲနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတွင် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများအား သတင်းစာမှတစ်ဆင့် ခေါ်ယူခဲ့ပြီး စနစ်တကျ စိစစ်မှုများ ပြုလုပ်ကာ မကြာမီ ကာလအတွင်း တင်ဒါတင်သွင်းလာတဲ့ ကုမ္ပဏီများ အနက်မှ သင့်တော်တဲ့ ပြည်တွင်းကုမ္ပဏီ နှစ်ခုဖြစ် တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လည်းကောင်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း၍ လည်းကောင်း၊ ဆက် သွယ်ရေး အော်ပရေတာလိုင်စင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ပြည်ပ ကုမ္ပဏီ နှစ်ခုကိုလည်း လိုင်စင်ချထား ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာကုမ္ပဏီ နှစ်ခုကို အော် ပရေတာ အဖြစ် ပြောင်းလဲတာဝန် ယူစေခြင်းဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။ 

လက်ရှိ လိုင်စင်ချထားပေးမယ့် ပုံသဏ္ဌာန်အရ ပြည်တွင်းကုမ္ပဏီ နှစ်ခုနဲ့ ပြည်ပကုမ္ပဏီ နှစ်ခုတို့ ယှဉ်ပြိုင် လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါတယ်။ အော်ပရေတာအဖြစ် လိုင်စင်ချ ထားပေးမယ့် ပြည်ပကုမ္ပဏီများဟာ ပြည်တွင်းကုမ္ပဏီများထက် နည်းပညာ အဆင့်အတန်း၊ အတွေ့အကြုံ နဲ့ ငွေကြေးဓနအင်အား များစွာသာလွန်နေကြောင်း တွေ့ရပါတယ်။ ရည်ရွယ်ချက်နှင့် စေတနာ ကောင်း မွန်သော်လည်း ရေရှည်ယှဉ်ပြိုင် ဆောင်ရွက်ရာမှာ ပြည်တွင်းကုမ္ပဏီများ အနေဖြင့် အခက်အခဲများ၊ ဆုံးရှုံး မှုများနဲ့ ရင်ဆိုင်ရနိုင်ပြီး ပြည်ပကုမ္ပဏီများရဲ့ လက်ဝါကြီးအုပ် ၀ါးမျိုခြင်း ခံရနိုင်တယ်လို့ ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများ သီးခြားယှဉ်ပြိုင် လုပ်ဆောင်ကြရမှာ ဖြစ်တဲ့ အတွက် ပြည်ပကုမ္ပဏီများရဲ့ နည်းပညာနဲ့ အတွေ့အကြုံများကို ပြည်တွင်းကုမ္ပဏီများ ရရှိရန် အခွင့်အရေး နည်းပါးနေမှာ ဖြစ်ပါတယ်။ ပြည်ပကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီ ဖက်စပ်လုပ်ကိုင်မှသာ နည်းပညာ အတွေ့ အကြုံ အပါအ၀င် အများပြည်သူ အကျိုးအမြတ်များ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အော်ပရေတာလိုင်စင် ချထားပေးရာမှာ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီများ ဖက်စပ်ချထား ပေးပါရန် အလေးအနက်ထား စဉ်းစား သင့်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ ဆက် သွယ်ရေး ဥပဒေများ မရှိသေးသဖြင့် တည်ဆဲဥပဒေဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၈၉၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ရေရှည်အကျိုး စီးပွားကို ကာကွယ်နိုင်ရန်အတွက် ခေတ်နဲ့ညီတဲ့ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဆောင် ရွက်မှ သာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ရှေရည်အကျိုးစီးပွားကို ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။

စောစောက တင်ပြခဲ့တဲ့ အချက်အလက်များဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ရာ တွင် ပြည် တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေးအပ်ရန်နှင့် ဆက် သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းအား ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း "အရေးကြီး အဆိုကို တင်သွင်းအပ်ပါတယ်" ဟု ပြောကြားသည်။

ထို့နောက် အရေးကြီး အဆိုကို လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ ကန့်ကွက်သူ မရှိဘဲ အတည်ဖြစ်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုရှင် တင်သွင်းသည့် ပြည်ပ ကုမ္ပဏီများမှ ပြည်တွင်းကုမ္ပဏီများကို ၀ါးမျိုသွားမည်ဆိုသည့် အချက်သည် မဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီ များ ပြုတ်သွားပြီး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းကို ပြည်ပကုမ္ပဏီများကသာ လုပ်သွားနိုင်မည် ဆိုသည့် သဘောမျိုး သက်ရောက်နေကြောင်း ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြား ကုမ္ပဏီများ ထဲမှ ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းထားသော ကုမ္ပဏီကိုသာ လုပ်ငန်းလိုင်စင် ပေးအပ်မည် ဆိုပါက အကြို အရည်အချင်း ပြည့်မီသော စာရင်းတွင် ပါဝင်ထားသည့် နိုင်ငံခြားကုမ္ပဏီ ခုနစ်ခုကို ထုတ်ဖယ်လိုက်သကဲ့ သို့ ဖြစ်သွားမည် ဖြစ်သည်။ အဆိုပါ ထုတ်ပယ်ခံရသည့် စာရင်းတွင် Telenor နော်ဝေ ကုမ္ပဏီ၊ France Telecom Orange ပြင်သစ်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Marubeni တို့ ပေါင်းထားသည့် ကုမ္ပဏီ၊ QTel (Ooredoo) ကာတာကုမ္ပဏီ၊ ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီ Viettel Group၊ အိန္ဒိယ ဆက်သွယ်ရေး ကုမ္ပဏီ Bharti Airtel နှင့် ဆိုက်ပရပ်နိုင်ငံမှ Palazio Ventrues တို့ ပူးပေါင်းထားသည့် ကုမ္ပဏီ၊ မလေးရှားနိုင်ငံမှ Axiata ကုမ္ပဏီ၊ လူဇင်ဘတ်နိုင်ငံမှ Millicom International Cellular ကုမ္ပဏီတို့ ပါဝင် သွားမည် ဖြစ်သည်။ ထို့ကြောင့် တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီက ကျန်ကုမ္ပဏီ လေးခု ထဲမှ ရွေးချယ်ရတော့မည် ဖြစ်သည်။ ကျန်ရှိနေသည့် ကုမ္ပဏီများမှာ KDDI+Sumitomo+MICTDC+A1 ကုမ္ပဏီ၊ MTN(Dubai)+M1 Telecom+Amara Communications ကုမ္ပဏီ၊ Sing Tel+Royal Myanmar Transport (KBZ)+M Tel ကုမ္ပဏီ၊ Digicel Group+Quantum Strategic Partners+YSH Finance တို့ ပါဝင်သည်။ ဤကဲ့သို့ တင်ဒါအောင်မြင်သူ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ စာရင်းကို မကြေညာမီ တစ်ရက်အလိုတွင် ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

EMG

0 comments:

Post a Comment