ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.10.14

ဂျပန်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွမ် ဝင်ရောက်တိုက်ခတ်


အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွမ်သည် အောက်တိုဘာ (၁၃)ရက်၊ နံနက်ပိုင်းက ဂျပန်နိုင်ငံသို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ(၁)ဦးထက်မနည်း ပျောက်ဆုံးနေပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သလို လေယာဉ်ခရီးစဉ် (၃၀၀)ကျော်ကိုလည်း ဆိုင်းငံ့ထားရကြောင်း အာဏာပိုင်များက ဆိုသည်။

ဗွန်ဖွမ်မုန်တိုင်း ကုန်းတွင်းဝင်သည့် အချိန်တွင် လေတိုက်နှုန်းသည် တစ်နာရီ ကီလိုမီတာ (၁၈၀)မျှထိ ပြင်းထန်ခဲ့သည်။ မုန်တိုင်းသည် ကျူရှူးကျွန်းရှိ မာကူရာဇာကီ ဒေသအနီးတွင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခြင်းဟု မိုးလေဝသ ဌာနက ကြေညာခဲ့သည်။

မုန်တိုင်းသည် အရှေ့မြောက်ဘက် ဒေသသို့ ဆက်လက် ရွေ့လျားပြီး တစ်နာရီလျင် ကီလိုမီတာ (၃၀)နှုန်းထိ အားပျော့သွားဖွယ် ရှိကြောင်းလည်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။ အားပျော့သွားသည့် မုန်တိုင်းသည် အစောဆုံးအဖြစ် အောက်တိုဘာ (၁၃)ရက် ညသန်းခေါင် အချိန်ခန့်တွင် တိုကျို အပါအဝင် ကန်တို ဒေသထိ ဆက်လက် ရောက်ရှိသွားနိုင်ကြောင်းလည်း သိရသည်။

ဂျပန် သတင်းဌာနများက မုန်တိုင်း၏ အရှိန်အဟုန်ကြောင့် အိမ်တစ်လုံး၏ နံရံများ ပြိုကျသွားပြီး အမိုးများ လွင့်ပျံထွက်သွားပုံကို ပြသခဲ့သည်။ ထိုအချိန်တွင် ကမ်းခြေ၌ လှိုင်းလုံးများ ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိသည်။ “မုန်တိုင်းဇုန် သတ်မှတ်ချက်ထဲမှာ ပါဝင်နေဆဲ ဖြစ်တဲ့အတွက် ဒေသခံတွေကို နိုးနိုးကြားကြား သတိရှိနေဖို့ နှိုးဆော်ထားပါတယ်”ဟု မာကူရာဇာကီ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှု ဌာနမှ တာဝန်ရှိသူ နော်ကီဂျိုမိုရီက ပြောကြားခဲ့သည်။

NHK သတင်းဌာနက မုန်တိုင်းနှင့် ဆက်စပ်သော အခြေအနေများကြောင့် အနည်းဆုံး လူ(၄၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အောက်တိုဘာ (၁၂)ရက်က ရှီဇူကာတွင် ပြင်းထန်သော လှိုင်းရိုက်မှုကြောင့် ကမ်းခြေတွင် ငါးဖမ်းနေသူ (၃)ဦး ပင်လယ်ထဲ လွင့်စင်သွားပြီး (၂)ဦးကိုသာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၂၆)နှစ်ရှိ လူတစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုသည်။

ဂျပန်တွင် လွန်ခဲ့သည့် သီတင်းတစ်ပတ်ခန့်က ဖန်ဖုန်းအမည်ရှိ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သေးပြီး ထိုစဉ်က လူ(၁၁)ဦးထိ အသေအပျောက် ရှိခဲ့သည်။

_Ref: Channelnewsasia

ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများကို ၀ိုင်းပတ်ပိတ်ဆို့မည်ဟု ဟောင်ကောင်အစိုးရ ဆန့်ကျင်သည့်အဖွဲ့ခြိမ်းခြောက်


ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လမ်းများကို ပိတ်ဆို့ထားသည့် ဒီမိုကရေစီတောင်းဆို နေသော ဆန္ဒပြသူများ ကို ဖယ်ရှားမပေးပါက ၎င်းတို့ကို ထပ်မံဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု အစိုးရထောက်ခံသူအုပ်စုတစ်ခုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
အစိုးရထောက်ခံသည့် “ဖဲကြိုးပြာလှုပ်ရှားမှု” အဖွဲ့ ပိတ်ဆို့ထားသည့်လမ်းမှ ဆန္ဒပြသူများအား အောက်တိုဘာ ၁၄ ၇က် ညမတိုင်မီ အာဏာ ပိုင်များ က ဖယ်ရှားမပေးပါက မိမိတို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ၀ိုင်းပတ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီတောင်းဆိုသူ ဆန္ဒပြသူများနှင့်အစိုးရတို့ အောက်တိုဘာ ၁၀ ရက်က ဆွေးနွေးရန် စီစဉ်ခဲ့ သော်လည်း အစိုးရက ငြင်းဆို လိုက်သောကြောင့် ပျက်ပြားသွားခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင် လူပေါင်း ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပြီး ညဘက်တွင် အက်မာရယ်ဒီရပ်ကွက်တွင် ညပိုင်းအထိ ဆန္ဒပြသူ ၁၀၀၀ ခန့်နှင့် ရွက်ဖျင်တဲ အလုံးပေါင်း ၁၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ People's Daily သတင်းစာက ဟောင်ကောင်ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် အမေရိကန် အခြေစိုက်အဖွဲ့ အစည်းတစ်ခုပါဝင်နေကြောင်း အောက်တိုဘာ ၁၀ ရက်က ရေးသားလိုက်သည်။

ဝါရှင်တန်အခြေစိုက် ဒီမိုကရေစီကူညီထောက်ပံ့ရေးအဖွဲ့ (NED) က ယခုဆန္ဒပြမှုတွင် ပါဝင်ပတ်သက် နေပြီး အမေရိကန် အနေဖြင့် ပြည်ပအစိုးရများကို ဒီမိုကရေစီအကြောင်းပြကာ ပြိုကွဲစေရန် မဟာဗျူဟာတစ်ရပ်အ ဖြစ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါသတင်းစာ၏ မျက်နှာဖုံး၌ ဖော်ပြထားသည့် သတင်းသုံးသပ်ချက်တွင် NED ၏ ဒါရိုက်တာဖြစ်သူ လူဆာဂရီဗေးက ယခုဆန္ဒပြမှု များနှင့်ပတ် သက် ၍ လွန်ခဲ့သောလများက ဆန္ဒပြခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်ကို ဖုံးကွယ်ရေးသားခဲ့သည်။
အဆိုပါ ရေးသားမှုနှင့်ပတ်သက်၍ NED က ပြန်လည်တုန့်ပြန်ထားခြင်းမရှိသေးပေ။

NED အဖွဲ့၏ ၀က်ဘ်ဆိုက်တွင် မိမိတို့အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီအင်အားစုများ အား ကောင်းကြီးထွား လာရေး အတွက် ဆောင်ရွက်နေပြီး ကွန်ဂရက်က ဘဏ္ဍာငွေထောက်ပံ့ထားကြောင်း ရေးသားထားသည်။

ဟောင်ကောင်ဆန္ဒပြမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက  အဆိုပါ ဆန္ဒပြမှုနှင့်သက်ဆိုင်သူ၊ အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများအား ကြိုးကိုင်လှုပ်ရှားနေကြောင်း စွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်း အောက်တိုဘာ ၁၀ ရက်က ငြင်းဆိုခဲ့ သည်။

Ref:AFP

သြစတြေးလျကုမ္ပဏီနှင့် တရားဝင်သဘောတူညီချက်ပြုလုပ်ခဲ့ခြင်းဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြောကြား


ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျောင်ချွန်ယင်က မိမိနှင့်  သြစတြေးလျနိုင်ငံမှ အင်ဂျင် နီယာ ကုမ္ပ ဏီ UGL တို့ သဘောတူညီခဲ့သော အမေရိကန်ဒေါ်လာ ၄၅ သန်း (ဟောင်ကောင်ဒေါ်လာ သန်း၅၀) တန် အရောင်းအ၀ယ် စာချုပ်သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားလိုက်သည်။

လျောင်သည် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်မခံရမီက အဆိုပါ ကုမ္ပဏီ မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်း
တန် ငွေပေးချေမှုနှစ်ရပ်ကို လက်ခံခဲ့သည်ဟု သြစတေးလျ Firefax မီဒီယာ က ဖော်ပြခဲ့သည်။

ပစ္စည်းများ ထုခွဲရောင်းချမှုအတွက် လျောင်အား  အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရန် သြစတေးလျ အင်ဂျင်နီယာကုမ္ပဏီက သဘော တူခဲ့သည်ဟု Fairfax မီဒီယာက ဖော်ပြသည်။ သို့သော် အကျိုးအမြတ်ဆိုင်ရာ ပြဿနာရပ်များကြောင့် မိမိအနေဖြင့် ဟောင်ကောင် အုပ်ချုပ်ရေး မှူးအဖြစ် ရွေးချယ်ခံရလျှင် ယင်းကုမ္မဏီ၏အကြံပေးအဖြစ် ဆောင်ရွက်မည်မဟုတ်ဟု ယင်းသဘောတူညီမှုတွင် ထည့်သွင်းခဲ့သည် ဟု လျောင်က အောက်တိုဘာ ၁၂ ရက်တွင် TVB သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

အဆိုပါ ငွေပေးချေမှုများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက လျောင်ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ကြေညာပြီး တစ်ပတ်အကြာတွင် သဘောတူခဲ့ခြင်းဖြစ်သည်။

အကြွေးများမပေးနိုင်သည့်  DTZ အိမ်ရာလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီမှ ထုခွဲရောင်းချခဲ့သည့် ပစ္စည်းများအား UGL က ၀ယ်ယူ မှုအတွက် ငွေပေးချေမှုကို DTZ ၏ ဥက္ကဌ နှင့် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ လျောင်က လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ခံထားခဲ့သော ငွေများအတွက် အခွန်ပေးဆောင်ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ရာ လျောင်က ၎င်းသည် ကျွမ်းကျင်သူများ ထံမှ အကြံပြုချက်များ ရယူခဲ့ကြောင်းနှင့် ယင်းကိစ္စအားလုံးကို ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သည်ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ဟောင်ကောင်၌ ဒီမိုကရေစီဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း လက်ရှိရာထူးမှ နုတ်ထွက် သွားမည်မဟုတ် ဟု လျောင်က ပြောကြားသည်။ မြို့၏ အဓိက လမ်းများပေါ်တွင် ဆန္ဒပြသူများက ပိတ်ဆို့ဆန္ဒပြမှုများ ရှိနေပြီး မိမိနုတ်ထွက်ခြင်းဖြင့် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြသူများနှင့် အစိုးရအကြား အကျပ်အတည်းများ ပြေလည်သွားနိုင်မည်မဟုတ်ဟု ဆိုသည်။

Mizzima

အမေရိကန်တွင် ဆေးဝန်ထမ်းတဦး အီဘိုလာ ထပ်မံကူးစက်ခံရ


အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါသည် Thomas Eric Duncan ကို ဆေးကုသခဲ့တဲ့ ဆေးဝန်ထမ်းတဦးလည်း အီဘိုလာရောဂါ ကူးစက်ခံရပြန်တယ်လို့ တက္ကဆက်ပြည်နယ်ကျန်းမာရေးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က သူ့ရဲ့ ကိုယ်အပူချိန်တက်လာတာနဲ့ သီးသန့်ခွဲခြားပြီး ဆေးကုသမှုပေးနေပါတယ်။

အမေရိကန်ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်က (Dr. Thomas Frieden) က ရောဂါအတွက် အကာအကွယ် ယူထားတဲ့ကြားက ကူးစက်တာလို့ ပြောပါတယ်။

အမှားအယွင်းအတွက်လည်း အပြစ်တင်ထားပြီး အခုလိုဖြစ်ရတာအတွက် စစ်ဆေးမှုတွေလည်း ပြုလုပ်မယ်လို့ ပြောဆိုပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဒေးဗစ် လတ်ကီးက (Dr. David Lakey) က ဒုတိယမြောက် ရောဂါကူးစက်ခံရသူ ဖြစ်ဖို့များနေပြီး အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုပါတယ်။

အမေရိကတိုက်မှာ ပထမဆုံးအီဘိုလာရောဂါစစ်ဆေးတွေ့ရှိသူဖြစ်တဲ့ သောမတ်စ် အဲရစ် ဒွန်ကန် (Thomas Eric Duncan) ကတော့ ဆေးရုံတင်ပြီး ၁၁ ရက်အကြာ အောက်တိုဘာလ ၈ ရက်နေ့က သေဆုံးသွားပါတယ်။

အဲဒီချိန်ကစပြီး အနောက်အာဖရိကနိုင်ငံတွေက လေယာဉ်စီးခရီးသည် ၀င်ရောက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်လေဆိပ်ကြီး ၅ ခု မှာ အီဘိုလာရှိမရှိ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

WHO အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံ ၇ နိုင်ငံမှာ အီဘိုလာကူးစက်ခံရသူ ၈၃၉၉  ဦးရှိလာပြီး သေဆုံးသူ ၄၀၃၃ ဦးရှိပြီလို့ အောက်တိုဘာ ၁၀ ရက်နေ့ ပြောပါတယ်။

သေဆုံးသူအများဆုံးကတော့ လိုင်ဘေးရီးယားနိုင်ငံဖြစ်ပြီး အဲ့ဒီနောက်ကမှ ဆီရီယာလီယွန်၊ ဂီနီ၊ နိုင်ဂျီးရီးယားနဲ့ နောက်ဆုံးကတော့ အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါတယ်။

DVB

အိန္ဒိယအရှေ့ခြမ်းသို့ ဟုဒ်ဟုဒ် ဆိုင်ကလုန်းဝင်ရောက်ပြီး ခြောက်ဦး သေဆုံး


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသတွင် အောက်တိုဘာ ၁၂ ရက်က ဆိုင်ကလုန်းမုန် တိုင်း ဟုဒ်ဟုဒ် တိုက်ခတ်နေမှုကြောင့် လူခြောက်ဦး သဆုံးသွားပြီဖြစ်ကာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု အာဏာပိုင်များ က ပြောကြားခဲ့သည်။

ဆိုင်ကလုန်း ဟုဒ်ဟုဒ် သည် အလွန်ပြင်းထန်သည့် မုန်တိုင်း အမျိုးအစားဖြစ်သည် ဟု အိန္ဒိယ သိပ္မံနှင့် နည်းပညာဝန်ကြီး
ဂျီတန်ဒရာဆင်း က ပြောကြားလိုက်ပြီး ပျက်ဆီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျင် ၁၂၇ မိုင် (၂၀၅ ကီလိုမီတာ) အထိ ရှိနေပြီး ဆက်လက်၍  တစ်နာရီလျင် ၁၅၅ မိုင်ထိ
မြင့်တက်ခဲ့ ကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဗစ်စာခါပတ်နမ် မြို့ အနီးတွင် မြေပြိုမှုများလည်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ဒီရေ အမြင့်ပေ မြင့်တက်နေပြီး ၂ မီတာ ( ၇ ပေ) အမြင့် အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

လေတိုက်မှုကြောင့် သစ်ပင်များအမြစ်မှ ကျွတ်ထွက် လဲကျနေပြီး အန်ဒရာ ပရာဒက်ရှ် နှင့် အိုရီဆာ ပြည်နယ်များတွင် ဓါတ်အားလိုင်းများလည်း
ပြတ်တောက်နေခဲ့သည်။ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် မုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းများက ဖော်ပြထားသည်။

ဆက်လက်၍ မုန်တိုင်းကြောင့် နိုင်ငံရှိ အနိမ့်ပိုင်းဒေသများတွင် နှစ်မီတာအမြင့်အထိ ရေလွှမ်းမိုးနိုင်မည်ကို စိုးရိမ်နေရပြီး အဆိုပါ ပြည်နယ်နှစ်ခု တွင် ကယ်ဆယ်ရေးစခန်းများကိုလည်း ဖွင့်လှစ်ထားကာ သဘာဝဘေးအန္တာရာယ် ကယ်ဆယ်ရေး အဖွဲ့များကိုလည်း စေလွှတ်ထားခဲ့သည်။

ယခုမုန်တိုင်းကြောင့် လာမည့် နာရီ ခြောက်နာရီကာလအတွင်း စိုးရိမ်စရာအခြေအနေတွင် ရှိနေသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ဆိုင်ကလုန်းမုန်တိုင်း ဟုဒ်ဟုဒ် ကြောင့် အိန္ဒိယနိုင်ငံ၏ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ရှိ ခရိုင်ဒေသ လေးခုမှ အနည်းဆုံး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးထားပြီး ၎င်းတို့ကို စာသင်ကျောင်းများ နှင့် အခြား ခိုင်ခန့်စိတ်ချရသည့် အဆောက်အအုံများသို့ ပို့ဆောင်ပေးထားသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် မုန်တိုင်းတိုက်ခတ်ရာ ဧရိယာ အနီးအနားရှိ အိုဒီရှာ ပြည်နယ် မှ အခြား လူပေါင်း ၁၀၀,၀၀၀ ခန့်ကိုလည်း ထိုကဲ့သို့ ရွှေ့ပြောင်းပေးထား ရ သည်ဟု အိန္ဒိယအဆင့်မြင့် အရာရှိများက ပြောသည်။

လက်ရှိအချိန်တွင် အိန္ဒိယစစ်တပ်ကလည်း ယင်း၏တပ်ဖွဲ့ဝင်များကို မုန်တိုင်းဒဏ်ခံရသည့် ဒေသများကို ကူညီနိုင်ရန်အသင့် စီစဉ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ဆက်လက်၍ အိန္ဒိယ၀န်ကြီးချုပ် မိုဒီကလည်း မုန်တိုင်းတိုက်ခတ်ပြီးချိန်နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရက စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

Ref:AFP

ဖြေရှင်းမရသေးသော ထိုင်းလူသတ်မှု


ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဗြိတိသျှခရီးသွားနှစ်ဦး သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာများကို ထိုင်းရဲက ဖမ်းဆီးခဲ့သည်။ ရဲအကြီး အကဲသစ် Somyot Pumpanmuang က သူရာထူးလက်ခံပြီး ၄၈နာရီမျှ သာရှိသေးသော အချိန်ကာလအတွင်း လူသတ်မှုနှင့်ပတ်သက်၍ မြန်မာများ ကို ဖမ်းဆီးကြောင်း ကြေညာခဲ့သည်။ သို့ပင်ဖြစ်သော်လည်း ထိုင်းရဲ၏ဖမ်း ဆီးမှုသည် ခိုင်လုံသောအထောက် အထားမရှိသောကြောင့် ထိုင်းရဲ၏ လုပ်ဆောင်ချက်ကို ပြည်တွင်းပြည် ပက ဆန့်ကျင်မှုများရှိလာသည်။
ဂျပန်နိုင်ငံရှိ မြန်မာ ၁ဝဝကျော် တို့သည် ဂျပန်နိုင်ငံရှိ ထိုင်းသံရုံးရှေ့ သို့သွား၍ အောက်တိုဘာ ၁ဝရက်၌ ဆန္ဒပြကြသည်။ ထိုင်းတွင် ဗြိတိသျှ ခရီးသည်နှစ်ဦး အသတ်ခံရမှုနှင့်ပတ် သက်၍ မြန်မာများ အဖမ်းခံရခြင်း အတွက် သူ့အနေဖြင့် စိုးရိမ်မိကြောင်း မြန်မာသမ္မတဦးသိန်းစိန်က ထိုင်းဝန် ကြီးချုပ် ပရာယုသ်ချန်အိုချာနှင့်တွေ့ ဆုံစဉ် ပြောကြားလင့်ကစား လော လောဆယ်တွင် အကြောင်းမထူးသေး ချေ။ ထိုင်းနှင့် မြန်မာဆက်ဆံရေး တွင် အများပြည်သူကျေနပ်မှုရှိစေ ရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပနာ ဆက်ပတ်တီမာပရာဂွန်က ပြောခဲ့ သော်လည်း ထူးခြားမှုမရှိချေ။
လူသတ်မှုနှင့်ပတ်သက်၍ အ ဖမ်းခံရသည့် မြန်မာက ဖြောင့်ချက် ပေးသည်ဟု ထိုင်းရဲအကြီးအကဲ Somyot က ဆိုသည်။ သို့သော် ထိုင်း ရဲက ညှဉ်းပန်းနှိပ်စက်သောကြောင့် ဝန်ခံရခြင်းဖြစ်သည်ဟု ဝင်းနှင့် ဇော် လင်းတို့က ဆိုသည်။
လူသတ်မှုနှင့်ပတ်သက်၍ ရဲ၏ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို သူ ရဲထံမှရကြောင်း၊ အစီရင်ခံစာမှာ စာမျက်နှာ ၃ဝဝရှိကြောင်း၊ ဖမ်းဆီး ထားသည့် မြန်မာများကို တရားရုံး သို့ တင်ပို့ပြီး တရားစွဲဆိုရန် ပြည့်စုံ လုံလောက်မှုမရှိဟု Samui အစိုးရ ရှေ့နေအကြီးအကဲ ဖိုင်ဘူလ်အာချာ ဝါနန်သက်ခွန်က ဆိုသည်။
သေမှုသေခင်းစစ်ဆေးမှုအ ဆင့်အဆင့်တွင် ရဲက ကရော်ကမည် လုပ်ထားသည်။ ဖြစ်ကတတ်ဆန်း လုပ်ထားသည်။ ယင်းမှာအလွန်ဆိုး ဆိုးရွားရွားညံ့ဖျင်းသောစုံစမ်းစစ် ဆေးမှုဖြစ်သည်။ DNA စစ်ဆေးမှု မှအစ သေမှုသေခင်းစစ်ဆေးမှု အ လွန်ညံ့ဖျင်းသည်ဟု ကမ္ဘာကျော်သေ မှုသေခင်းစစ်ဆေးမှု ကျွမ်းကျင်သူ ပွန်တစ်ပ်ရိုဂျာနာဆူနန်က ဆိုသည်။ သူ့ကို ထိုင်းနိုင်ငံ၏ ထိပ်တန်းသေမှု သေခင်းစစ်ဆေးသူအဖြစ် ဗိုလ်ချုပ် ကြီးပရာယုသ်က ခန့်ထားသည်။ ဒေါက်တာပွန်တစ်ပ်သည် ပြည်သူ လူထု၏ယုံကြည်မှုကို ခံရသူဖြစ်သည်။
လူသတ်မှုအတွက် စွပ်စွဲခံရသူ ၏ အခန်းဖော်မောင်မောင်ကို ထိုင်း ရဲက မျက်မြင်သက်သေဟုဆိုကာ အစိုးရသက်သေအဖြစ် ထိန်းထား သည်။
စွပ်စွဲခံရသူသည် ဗြိတိသျှခရီး သည် အမျိုးသမီးကို မုဒိမ်းကျင့်ပြီး သတ်ပစ်သည်ကို မောင်မောင်က မြင်တွေ့ခဲ့သည်ဟုဆိုကြောင်း ရဲက ဆိုသည်။
သို့သော် မောင်မောင်ကို ထိုင်းရဲက ထိန်းချုပ်ထားသဖြင့် သူ့ ကို မြန်မာသံရုံးမှ အရာရှိများနှင့် သူ ၏ ရှေ့နေတို့က တွေ့ခွင့်မရချေ။ သူသည် နံနက် ၁ နာရီ (ညတစ် နာရီ) ကတည်းက ကမ်းခြေသို့ ရောက်နေသောကြောင့် သူဘာကို မျှမမြင်မတွေ့ခဲ့ပါဟု မောင်မောင် ကဆိုသည်။ သူသည် သူ့သူငယ်ချင်း နှစ်ယောက်တို့နှင့်ခွဲခဲ့ပြီး တစ်ယောက် တည်း ဂီတာတီးနေ၊ ဘီယာသောက် နေသည်ဟု မောင်မောင်ကဆိုသည်။
သူသည်သူ့ချစ်သူနှင့်တွေ့ခဲ့ ကြောင်း၊ ထို့နောက်အခန်းသို့လူသတ် မှုဖြစ်သည့်နေ့နံနက် ၅ နာရီ၌ ပြန် လာကြောင်း မောင်မောင်ကဆိုသည်။ ထိုအခန်းတွင် မောင်မောင်သည် စွပ် စွဲခံရသူ၊ ကျန်မြန်မာတစ်ယောက်တို့ နှင့်အတူနေသည်။ သူ့သူငယ်ချင်း မြန်မာနှစ်ယောက်တို့သည် မည်သည့် အနှောင့်အယှက်မျှမရှိဘဲ ကောင်း စွာအိပ်နေကြကြောင်း မောင်မောင် ကဆိုသည်။ လူသတ်မှုသည် စက် တင်ဘာ ၁၅ ရက်နံနက် ၄နာရီနှင့် ၅ နာရီအတွင်းဖြစ်ခဲ့သည်။
အင်တာနက်ဖိုရမ်များနှင့်အ လားတူ မီဒီယာများက ထိုင်းရဲ၏ လုပ်ရပ်ကို ထိုင်းဘာသာဖြင့်ရော အင်္ဂလိပ်ဘာသာဖြင့်ပါ ရက်ရက်စက် စက် လှောင်ပြောင်သရော်ကြသည်။ ထိုလူသတ်မှုသည် ဗြိတိသျှသတင်း စာများနှင့် လူမှုရေးမီဒီယာများအဖို့ ထိပ်တန်းအကြောင်းအရာ ဖြစ်နေ သည်။ ထိုကိစ္စကို မြန်မာနိုင်ငံတွင် အကြီးအကျယ်ဝေဖန်နေသည်။ ထို ကိစ္စသည် မြန်မာနိုင်ငံတွင် သမ္မတ ထံအထိရောက်သည်။ ထိုင်းရဲ၏ လုပ်ရပ်ကို ထိုင်းနိုင်ငံမှာပင် ကာကွယ် ပေးသူ မရှိသလောက်ရှားသည်။
ဝင်းနှင့်ဇော်လင်းတို့မှာ သူတစ် ပါးအတွက် ကြားကဒဏ်ခံရသူများ သာဖြစ်သည်ဟု ထိုင်းနိုင်ငံအတွင်း ရှိ မီဒီယာအမျိုးမျိုးတို့က ဆိုသည်။ ထိုင်းရဲ၏ ဆုံးဖြတ်ချက်မှာ ကြမ်း တမ်းပြင်းထန်ပြီး အဆိုးမြင်ဝါဒဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု မီဒီ ယာများက ဆိုကြသည်။
ထိုင်းရဲက သူတစ်ပါးအစား ကြားကဒဏ်ခံအ ဖြစ် ဖမ်းဆီးခဲ့ဖူးခြင်းမရှိဟု ထိုင်းရဲ အကြီးအကဲ Somyot ကဆိုသကဲ့ သို့ ပရာယုသ်ကလည်း အလားတူ ဆိုသည်။
သို့သော် ထိုင်းရဲသည် အ တိတ်ကာလက ကြားကခံရသူအဖြစ် ဖမ်းဆီးခဲ့ဖူးသည့် သာဓကများရှိ သည်။
လက်ရှိအခြေအနေအထိ ထိုင်း ရဲ၏ လုပ်ရပ်ကို ထိုင်းပြည်တွင်းက ရောပြည်ပကပါ ဝေဖန်လျက်ရှိသည်။ ခိုတောင်လူသတ်မှုသည် ယခုတိုင် ဖြေရှင်း၍ မရနိုင်သေးသော ရာဇဝတ် မှု ဖြစ်နေသည်။

Ref:Bangkok Post