13.10.14

ဖြေရှင်းမရသေးသော ထိုင်းလူသတ်မှု


ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဗြိတိသျှခရီးသွားနှစ်ဦး သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာများကို ထိုင်းရဲက ဖမ်းဆီးခဲ့သည်။ ရဲအကြီး အကဲသစ် Somyot Pumpanmuang က သူရာထူးလက်ခံပြီး ၄၈နာရီမျှ သာရှိသေးသော အချိန်ကာလအတွင်း လူသတ်မှုနှင့်ပတ်သက်၍ မြန်မာများ ကို ဖမ်းဆီးကြောင်း ကြေညာခဲ့သည်။ သို့ပင်ဖြစ်သော်လည်း ထိုင်းရဲ၏ဖမ်း ဆီးမှုသည် ခိုင်လုံသောအထောက် အထားမရှိသောကြောင့် ထိုင်းရဲ၏ လုပ်ဆောင်ချက်ကို ပြည်တွင်းပြည် ပက ဆန့်ကျင်မှုများရှိလာသည်။
ဂျပန်နိုင်ငံရှိ မြန်မာ ၁ဝဝကျော် တို့သည် ဂျပန်နိုင်ငံရှိ ထိုင်းသံရုံးရှေ့ သို့သွား၍ အောက်တိုဘာ ၁ဝရက်၌ ဆန္ဒပြကြသည်။ ထိုင်းတွင် ဗြိတိသျှ ခရီးသည်နှစ်ဦး အသတ်ခံရမှုနှင့်ပတ် သက်၍ မြန်မာများ အဖမ်းခံရခြင်း အတွက် သူ့အနေဖြင့် စိုးရိမ်မိကြောင်း မြန်မာသမ္မတဦးသိန်းစိန်က ထိုင်းဝန် ကြီးချုပ် ပရာယုသ်ချန်အိုချာနှင့်တွေ့ ဆုံစဉ် ပြောကြားလင့်ကစား လော လောဆယ်တွင် အကြောင်းမထူးသေး ချေ။ ထိုင်းနှင့် မြန်မာဆက်ဆံရေး တွင် အများပြည်သူကျေနပ်မှုရှိစေ ရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပနာ ဆက်ပတ်တီမာပရာဂွန်က ပြောခဲ့ သော်လည်း ထူးခြားမှုမရှိချေ။
လူသတ်မှုနှင့်ပတ်သက်၍ အ ဖမ်းခံရသည့် မြန်မာက ဖြောင့်ချက် ပေးသည်ဟု ထိုင်းရဲအကြီးအကဲ Somyot က ဆိုသည်။ သို့သော် ထိုင်း ရဲက ညှဉ်းပန်းနှိပ်စက်သောကြောင့် ဝန်ခံရခြင်းဖြစ်သည်ဟု ဝင်းနှင့် ဇော် လင်းတို့က ဆိုသည်။
လူသတ်မှုနှင့်ပတ်သက်၍ ရဲ၏ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို သူ ရဲထံမှရကြောင်း၊ အစီရင်ခံစာမှာ စာမျက်နှာ ၃ဝဝရှိကြောင်း၊ ဖမ်းဆီး ထားသည့် မြန်မာများကို တရားရုံး သို့ တင်ပို့ပြီး တရားစွဲဆိုရန် ပြည့်စုံ လုံလောက်မှုမရှိဟု Samui အစိုးရ ရှေ့နေအကြီးအကဲ ဖိုင်ဘူလ်အာချာ ဝါနန်သက်ခွန်က ဆိုသည်။
သေမှုသေခင်းစစ်ဆေးမှုအ ဆင့်အဆင့်တွင် ရဲက ကရော်ကမည် လုပ်ထားသည်။ ဖြစ်ကတတ်ဆန်း လုပ်ထားသည်။ ယင်းမှာအလွန်ဆိုး ဆိုးရွားရွားညံ့ဖျင်းသောစုံစမ်းစစ် ဆေးမှုဖြစ်သည်။ DNA စစ်ဆေးမှု မှအစ သေမှုသေခင်းစစ်ဆေးမှု အ လွန်ညံ့ဖျင်းသည်ဟု ကမ္ဘာကျော်သေ မှုသေခင်းစစ်ဆေးမှု ကျွမ်းကျင်သူ ပွန်တစ်ပ်ရိုဂျာနာဆူနန်က ဆိုသည်။ သူ့ကို ထိုင်းနိုင်ငံ၏ ထိပ်တန်းသေမှု သေခင်းစစ်ဆေးသူအဖြစ် ဗိုလ်ချုပ် ကြီးပရာယုသ်က ခန့်ထားသည်။ ဒေါက်တာပွန်တစ်ပ်သည် ပြည်သူ လူထု၏ယုံကြည်မှုကို ခံရသူဖြစ်သည်။
လူသတ်မှုအတွက် စွပ်စွဲခံရသူ ၏ အခန်းဖော်မောင်မောင်ကို ထိုင်း ရဲက မျက်မြင်သက်သေဟုဆိုကာ အစိုးရသက်သေအဖြစ် ထိန်းထား သည်။
စွပ်စွဲခံရသူသည် ဗြိတိသျှခရီး သည် အမျိုးသမီးကို မုဒိမ်းကျင့်ပြီး သတ်ပစ်သည်ကို မောင်မောင်က မြင်တွေ့ခဲ့သည်ဟုဆိုကြောင်း ရဲက ဆိုသည်။
သို့သော် မောင်မောင်ကို ထိုင်းရဲက ထိန်းချုပ်ထားသဖြင့် သူ့ ကို မြန်မာသံရုံးမှ အရာရှိများနှင့် သူ ၏ ရှေ့နေတို့က တွေ့ခွင့်မရချေ။ သူသည် နံနက် ၁ နာရီ (ညတစ် နာရီ) ကတည်းက ကမ်းခြေသို့ ရောက်နေသောကြောင့် သူဘာကို မျှမမြင်မတွေ့ခဲ့ပါဟု မောင်မောင် ကဆိုသည်။ သူသည် သူ့သူငယ်ချင်း နှစ်ယောက်တို့နှင့်ခွဲခဲ့ပြီး တစ်ယောက် တည်း ဂီတာတီးနေ၊ ဘီယာသောက် နေသည်ဟု မောင်မောင်ကဆိုသည်။
သူသည်သူ့ချစ်သူနှင့်တွေ့ခဲ့ ကြောင်း၊ ထို့နောက်အခန်းသို့လူသတ် မှုဖြစ်သည့်နေ့နံနက် ၅ နာရီ၌ ပြန် လာကြောင်း မောင်မောင်ကဆိုသည်။ ထိုအခန်းတွင် မောင်မောင်သည် စွပ် စွဲခံရသူ၊ ကျန်မြန်မာတစ်ယောက်တို့ နှင့်အတူနေသည်။ သူ့သူငယ်ချင်း မြန်မာနှစ်ယောက်တို့သည် မည်သည့် အနှောင့်အယှက်မျှမရှိဘဲ ကောင်း စွာအိပ်နေကြကြောင်း မောင်မောင် ကဆိုသည်။ လူသတ်မှုသည် စက် တင်ဘာ ၁၅ ရက်နံနက် ၄နာရီနှင့် ၅ နာရီအတွင်းဖြစ်ခဲ့သည်။
အင်တာနက်ဖိုရမ်များနှင့်အ လားတူ မီဒီယာများက ထိုင်းရဲ၏ လုပ်ရပ်ကို ထိုင်းဘာသာဖြင့်ရော အင်္ဂလိပ်ဘာသာဖြင့်ပါ ရက်ရက်စက် စက် လှောင်ပြောင်သရော်ကြသည်။ ထိုလူသတ်မှုသည် ဗြိတိသျှသတင်း စာများနှင့် လူမှုရေးမီဒီယာများအဖို့ ထိပ်တန်းအကြောင်းအရာ ဖြစ်နေ သည်။ ထိုကိစ္စကို မြန်မာနိုင်ငံတွင် အကြီးအကျယ်ဝေဖန်နေသည်။ ထို ကိစ္စသည် မြန်မာနိုင်ငံတွင် သမ္မတ ထံအထိရောက်သည်။ ထိုင်းရဲ၏ လုပ်ရပ်ကို ထိုင်းနိုင်ငံမှာပင် ကာကွယ် ပေးသူ မရှိသလောက်ရှားသည်။
ဝင်းနှင့်ဇော်လင်းတို့မှာ သူတစ် ပါးအတွက် ကြားကဒဏ်ခံရသူများ သာဖြစ်သည်ဟု ထိုင်းနိုင်ငံအတွင်း ရှိ မီဒီယာအမျိုးမျိုးတို့က ဆိုသည်။ ထိုင်းရဲ၏ ဆုံးဖြတ်ချက်မှာ ကြမ်း တမ်းပြင်းထန်ပြီး အဆိုးမြင်ဝါဒဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု မီဒီ ယာများက ဆိုကြသည်။
ထိုင်းရဲက သူတစ်ပါးအစား ကြားကဒဏ်ခံအ ဖြစ် ဖမ်းဆီးခဲ့ဖူးခြင်းမရှိဟု ထိုင်းရဲ အကြီးအကဲ Somyot ကဆိုသကဲ့ သို့ ပရာယုသ်ကလည်း အလားတူ ဆိုသည်။
သို့သော် ထိုင်းရဲသည် အ တိတ်ကာလက ကြားကခံရသူအဖြစ် ဖမ်းဆီးခဲ့ဖူးသည့် သာဓကများရှိ သည်။
လက်ရှိအခြေအနေအထိ ထိုင်း ရဲ၏ လုပ်ရပ်ကို ထိုင်းပြည်တွင်းက ရောပြည်ပကပါ ဝေဖန်လျက်ရှိသည်။ ခိုတောင်လူသတ်မှုသည် ယခုတိုင် ဖြေရှင်း၍ မရနိုင်သေးသော ရာဇဝတ် မှု ဖြစ်နေသည်။

Ref:Bangkok Post

0 comments:

Post a Comment