ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.9.14

လွန်ခဲ့တဲ့ ၂၆ နှစ် စစ်တပ် အာဏသိမ်းစဉ်က


လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်က နိုင်ငံအာဏာ အရပ်ရပ်ကို သိမ်းပိုက်ကာ ဤပုဂ္ဂိုလ်များဖြင့် “ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့သည်။
၁။ ဗိုလ်ချုပ်ကြီး စောမောင် - ဥက္ကဋ္ဌ
၂။ ဒု ဗိုလ်ချုပ်ကြီး သန်းရွှေ - အဖွဲ့ဝင်
၃။ ဗိုလ်ချုပ် မောင်မောင်ခင် - အဖွဲ့ဝင်
၎။ ဗိုလ်ချုပ် တင်ထွန်း - အဖွဲ့ဝင်
၅။ ဗိုလ်မှူးချုပ် အောင်ရဲကျော် - အဖွဲ့ဝင်
၆။ ဗိုလ်ချုပ် ဘုန်းမြင့် - အဖွဲ့ဝင်
၇။ ဗိုလ်ချုပ် စိန်အောင် - အဖွဲ့ဝင်
၈။ ဗိုလ်ချုပ် ချစ်ဆွေ - အဖွဲ့ဝင်
၉။ ဗိုလ်မှူးချုပ် ကျော်ဘ - အဖွဲ့ဝင်
၁၀။ ဗိုလ်မှူးကြီးမောင်သင့် - အဖွဲ့ဝင်
၁၁။ ဗိုလ်မှူးချုပ် မောင်အေး - အဖွဲ့ဝင်
၁၂။ ဗိုလ်မှူးချုပ် ဥာဏ်လင်း - အဖွဲ့ဝင်
၁၃။ ဗိုလ်မှူးချုပ် မြင့်အောင် - အဖွဲ့ဝင်
၁၄။ ဗိုလ်မှူးချုပ် မြသင်း - အဖွဲ့ဝင်
၁၅။ ဗိုလ်မှူးချုပ် ထွန်းကြည် - အဖွဲ့ဝင်
၁၆။ ဗိုလ်မှူးချုပ်အေးသောင် - အဖွဲ့ဝင်
၁၇။ ဗိုလ်မှူးချုပ် မျိုးညွန့် - အဖွဲ့ဝင်
၁၈။ ဗိုလ်မှူးချုပ် ခင်ညွန့် - အတွင်းရေးမှူး (၁)
၁၉။ ဗိုလ်မှူးကြီး တင်ဦး - အတွင်းရေးမှူး (၂)

ဧရာဝတီ Blog

အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များကို စစ်ဆင်ရေးအတွက် အသုံးမပြုဟု အိုဘားမားပြောကြား


အီရတ်သို့ ရောက်ရှိနေသည့် အမေရိကန် တပ်ဖွဲ့များသည် စစ်သွေးကြွများကို တိုက်ခိုက်သည့် ကဏ္ဍတွင် ပါဝင်မည် မဟုတ်ဟု အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့ကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ခြေလျင်တပ်များပါ ပို့ဆောင်သင့်ကြောင်း အဆိုပြုမှုများကို အိုဘားမားက အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အီရတ်ရှိ အမေရိကန် နိုင်ငံသားများ၏ လုံခြုံရေးကို ထောက်ပံ့ ကာကွယ်ရန် အမေရိကန် ခြေလျင်တပ်များ စေလွှတ်ထားသော်လည်း ၎င်းတို့သည် IS တို့ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွက် မဟုတ်ဟု အိုဘားမားက ဆိုသည်။

“အမေရိကန် တပ်ဖွဲ့တွေကို အီရတ်မှာ ဖြန့်ကျက်ထားတယ် ဆိုပေမယ့် တိုက်ခိုက်ရေးကဏ္ဍမှာ ပါဝင်မှာ မဟုတ်ပါဘူး”ဟု အိုဘားမားက ဖလော်ရီဒါရှိ အမေရိကန် စစ်ဌာနချုပ်တွင် ပြောကြားခဲ့သည်။ အိုဘားမားသည် ၎င်း၏ သမ္မတ သက်တမ်းတွင် အမေရိကန် တပ်များကို နိုင်ငံရပ်ခြား တိုင်းပြည်များ၌ အခြေစိုက် တပ်စွဲပြီး စစ်ပွဲများ ဆင်နွှဲရန် ကိစ္စကို ရှောင်လွှဲနိုင်ရန် အစဉ်တစိုက် အားထုတ်နေသူ ဖြစ်သည်။

အစောပိုင်းက အမေရိကန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး မာတင်ဒမ့်ဆေးက အီရတ်သို့ စစ်ဘက်အကြံပေးအဖြစ် ပို့ဆောင်ထားသည့် အမေရိကန် တပ်များသည် လိုအပ်သော အခြေအနေတွင် လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိလာနိုင်ကြောင်း မှတ်ချက်ပေးခဲ့သော်လည်း အိုဘားမားကမူ ၎င်းတို့သည် အီရတ်စစ်တပ်နှင့်အတူ ပူးပေါင်း တိုက်ခိုက်ရန် အစီအစဉ် မရှိဟု ယတိပြတ် ငြင်းဆိုသွားခြင်း ဖြစ်သည်။

_Ref: Channelnewsasia

ထိုင်းကမ်းခြေလူသတ်မှုအတွက် ဗြိတိန်တဦးကို ထိန်းသိမ်းစစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီအရပ် Koh Tao - လိပ်ကျွန်းပေါ်မှာ ဗြိတိန် နိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး သေဆုံးသူ တဦးနဲ့ အခန်းဖော်အဖြစ် တည်းခိုခဲ့သူ ဗြိတိန် အမျိုးသားကို သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အင်္ဂနေ့က ထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ
ရေးလာပါတယ်။
 သေဆုံးသူ မစ္စတာ David William Miller ရဲ့ ခရီးသွားဖော် အခန်းဖော်ဗြိတိန်အမျိုးသားရဲ့ ခရီးဆောင် အိတ်ထဲက သိမ်း ဆည်းမိတဲ့ ဘောင်းဘီမှာ သွေးစွန်းနေတာတွေဟာ အခန်းဖော်ဖြစ်သူရဲ့ သွေးဖြစ်နိုင်တယ် လို့ ယူဆပြီး အသက် ၂၅ နှစ်ရှိ Christopher Alan Ware   လေဆိပ်ကို ရောက်နေ စဉ်မှာ အခုလို ထိန်းသိမ်းလိုက်တာလို့ ရဲ သတင်း ရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် က ရေးပါ တယ်။
သေဆုံးသူ Miller နဲ့ အတူ တည်းခိုခဲ့သူ Christopher Alan Ware ဟာ လိပ်ကျွန်းကနေ တနင်္လာနေ့ ညနေပိုင်းက ဘန်ကောက်ကို ထွက်သွားခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများက ပြောထားတယ် လို့လည်း အဲဒီသတင်းမှာ ဆိုပါတယ်။ 

ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ည တုန်းက မစ္စတာ Ware ဝတ်ထားတဲ့ ဘောင်းဘီရှည်ကိုပဲ ဝတ်ပြီး ဘန်ကောက်ကို ထွက် သွားတာလို့ မျက်မြင်တွေက ဆိုထားပါတယ်။ 

ရဲတွေက မစ္စတာ Ware ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတာမှာ ကုတ်ခြစ်ရာတချို့လည်း တွေ့ရသလို လက်မှာ လည်း ပြတ်ရှ ဒဏ်ရာတချို့လည်း ရှိနေတယ်လို့ ဆိုတယ်။ 

မူခင်းစစ်ဆေးမှုတွေအရ သေဆုံးသူ ဗြိတိန်သူရဲ့ ဘယ်လက်ထဲက ဆံပင်စကို DNA စစ်ဆေးထားပြီး မစ္စတာ Ware ရဲ့ ဆံပင်နဲ့ တိုက်ဆိုက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

သတင်းမှာ ရေးထားတာက သေဆုံးသူ ဗြိတိန်သူရဲ့ လက်ထဲက ဆံပင်အရောင်ဟာ မစ္စတာ Ware ရဲ့ ဆံပင်အရောင်နဲ့ တူတယ်လို့ ဆိုတယ်။ 

သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးတဲ့အခါ ဗြိတိန်သူရဲ့ ခန္ဓာကိုယ်ထဲမှာ အမျိုးသားတဦး သို့မဟုတ် တဦးထက် ပိုတဲ့သူတွေရဲ့ သုတ်ပိုးတွေ့ထားတယ်လို့လည်း ဆိုပါတယ်။ 

မစ္စတာ Ware နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် လူ ၁၂ ဦးရဲ့ DNA နဲ့ ရရှိထားတဲ့ သဲလွန်စတွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ ကိုက်ညီမှု တခုမှ မရှိဘူး လို့လည်း ရဲအရာရှိ ကြီးတဦးက ပြောထားတယ်။ 

ဒါပေမယ့် အမျိုးသမီးခန္ဓာကိုယ်ထဲက ရတဲ့သုတ်ပိုးနဲ့ အခင်းဖြစ်တဲ့ နားက သိမ်းဆည်းထားတဲ့ သဲလွန်စ စီးကရက်ပေါ်က DNA ကတော့ ကိုက်ညီမှု ရှိတယ်လို့ ဆိုပါတယ်။ 

ကနဦးပိုင်းမှာ ထိုင်းရဲတွေက လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ တန်းလျား ကိုလည်း ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ပြီး ၃ ဦးကို ခေါ်ယူစစ်မေးခဲ့ပါသေး တယ်။ 

နောက်တော့ လူသတ်မှုနဲ့ မပတ်သက်လို့ သူတို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ တဲ့။ 

စစ်မေးခံရသူတွေက ထိုင်းတွေရော၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော၊ နိုင်ငံခြားသားတွေရောပါ။ 

ဒါပေမယ့် ပထမပိုင်း သတင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ တရားခံဖြစ်မယ့် ပုံစံ သတင်းတွေ ဖော်ပြတော့ မြန်မာတွေ အတော်ပဲ စိတ်ခံစားမှု ဖြစ်ကြတာကို ဖေ့စ်ဘုတ်ကွန်မင့်တွေမှာတွေ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာလည်း နိုင်ငံခြားသားဖြစ်နေပါလျက် ဗြိတိန်သေဆုံးမှုမှာ အလေးပေး အာရုံစိုက်ပြီး အရေးယူဖို့ အားတက်သရော လုပ်ဆောင်ကြပေမယ့် မြန်မာအလုပ်သမားတွေ ထိုင်းမှာ မကြာခဏ အသတ်ခံရတဲ့ကိစ္စ ထိုင်းဘက်က သိပ်အရေးတယူ မရှိတာကို မြန်မာဖေ့စ်ဘုတ်သုံး သူတွေက ဝေဖန်ကြတာများပါတယ်။ 

 တကယ်တော့ ဒီလို ဖြစ်နေရတာတွေဟာ မြန်မာအစိုးရက ကိုယ့်နိုင်ငံသားတွေအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်နေ လို့ ဖြစ်တယ်လို့   ထောက်ပြနေကြတွေလည်း ရှိပါတယ်။ 

ဧရာဝတီ Blog

အာရှကို ခြိမ်းခြောက်လာသော အစ္စလာမ္မစ်နိုင်ငံတော်


အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် စကားလုံးသည် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် ရေပန်းစားလာသည့် စကားလုံး ဖြစ်လာပြီး အာရှကို ခြိမ်းခြောက် လာနေကြောင်း ကျွမ်းကျင်သူ ပညာရှင်များက သတိပေးကြသည်။
အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် အုပ်စုသည် ယခင်က အီရတ်နှင့် လီဗန့် အစ္စလာမ္မစ် နိုင်ငံတော်ကို ကိုယ်စားပြု သုံးစွဲကြခြင်း ဖြစ်သည်။ ထိုအုပ်စုသည် ယနေ့တိုင် အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် လက်နက်ကိုင် လှုပ်ရှားနေသည့် အုပ်စုများ ဖြစ်ကြသည်။ ယခုအခါ ထိုအဖွဲ့သည် အာရှနှင့် ပစိဖိတ်ဘက်သို့ ခြေဦးလှည့်ကာ လူသစ်များ စုဆောင်းခြင်း၊ တိုက်ပွဲဝင်မည့်သူများ စုဆောင်းခြင်းတို့ကို ပြုလုပ်နေကြသည်။
အစိုးရ အဖွဲ့များနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့များ တိုးပွားလာကြောင်း သတိပေး ထားကြသည်။ သူတို့သည် ဆိုရှယ် မီဒီယာများတွင် ဝင်ရောက်ပြီး လှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ သူတို့၏ သွေးထိုး လှုံ့ဆော်မှု များကြောင့် နိုင်ငံပေါင်း များစွာတွင် လက်နက်ကိုင် အင်အားစုများသည် တိုးပွားလာခဲ့ပြီး ဒေသဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက် လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
မွတ်ဆလင်များသည် လီဗန့်သို့ တိုက်ပွဲဝင်ရန်ဆိုကာ ထွက်နေကြခြင်းသည် တစ်ချိန်တွင် နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက် လာနိုင်သည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းဒေသ ကျွမ်းကျင်သူ၊ အမျိုးသား လုံခြုံရေးဌာနမှ ရော်ဂျာရှာနာဟန်က ဆိုသည်။
လီဗန့်သို့ တိုက်ပွဲဝင်ရန် ထွက်ခွာနေကြသည့် မွတ်ဆလင်များသည် တစ်ချိန်တွင် အုပ်စုများ၊ အဖွဲ့များ ထပ်မံဖွဲ့စည်း ပေါ်ပေါက်လာပြီးနောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်မှုများ ပြုလုပ်ကာ နိုင်ငံများကို ခြိမ်းခြောက် လာလိမ့်မည်ဟု ရော်ဂျာက သတိပေးထားသည်။
“အနာဂတ်မှာ ကမ္ဘာ့ဂျီဟတ် အဖွဲ့ဝင်တွေဟာ ဆီးရီးယားနဲ့ အီရတ် အဆက်အသွယ်တွေနဲ့ ကွန်ရက်ကြီး တစ်ခုကို ထူထောင်ကြလိမ့်မယ်” ဟုလည်း သူကဆိုသည်။
TRAC (Terrorism Research & Analysis Consortium) အဖွဲ့မှ ညွှန်ကြားရေးမှူး ဗာယန်ခမ်း ဆိုသူက အရှေ့အလယ်ပိုင်း ဒေသတွင် အာရှပစိဖိတ် ဒေသများမှ ရောက်လာသည့် တိုက်ခိုက်ရေး သမားပေါင်း ၅၀၀ ခန့် ရှိနေပြီဟု ဆိုသည်။ ဇူလိုင် ၁၁ ရက်နေ့က ဖိလစ်ပိုင်နှင့် သြစတြေးလျ ရဲများသည် ယခင်အိုင်းရစ်ရှ်-အီတလီ နောက်ခံရှိပြီး ကက်သလစ် ဘာသာဝင် တစ်ဦးဖြစ်ကာ၊ အသက် ၁၇ နှစ်အရွယ်တွင် အစ္စလာမ် ဘာသာဝင် အဖြစ်သို့ ကူးပြောင်းသွားသူ ရောဘတ် ‘မူဆာ’ စီရန်တိုနီယို ဆိုသူကို ဖမ်းဆီးရမိခဲ့သည်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း မြို့သား ဖြစ်သည့် ရောဘတ်ကို ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ မွတ်ဆလင်များကို အရှေ့အလယ်ပိုင်း ဒေသတွင် သွားရောက် တိုက်ခိုက်ရန် စည်းရုံး လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
ယခု အသက် ၂၉ နှစ် ရှိပြီဖြစ်သော ရောဘတ်သည် ဖိလစ်ပိုင် တောင်ပိုင်းရှိ မင်ဒါနိုကျွန်းသို့ လာရောက်ပြီး စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ မင်ဒါနိုကျွန်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ မွတ်ဆလင် ၁၀ ဒသမ ၃ သန်းခန့် နေထိုင်သဖြင့် အင်အားအများဆုံး ဒေသလည်း ဖြစ်သည်။ ထိုကျွန်းသည် အယ်လ်ကေဒါ အဖွဲ့နှင့် ပူးပေါင်းထားသည့် အဘူဆာရက်ဖ်အုပ်စု ကြီးစိုးထားသည့် နေရာဖြစ်ပြီး ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံတို့တွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများကို ထိုအဖွဲ့က လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အစွန်းရောက်တို့၏ အမြင်များနှင့် ကျွမ်းကျင်မှုများ

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့သည် ဆီရန်တိုနီယိုကို နိုင်ငံသားအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။ သူ့ကို သြစတြေးလျ အာဏာပိုင်များသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း၊ စီဘူးကျွန်းတွင် ဖမ်းဆီးရမိခဲ့သည်။ ဆီရန်သည် ဇွန်လတွင် ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် Twitter ပေါ်၌ “ငါတို့ဟာ အရှင်မြတ်ထံ ပြန်လာနိုင်တဲ့အထိ အစ္စလာမ္မစ် နိုင်ငံတော်ရဲ့ သစ္စာရှိ စစ်သားတွေ ဖြစ်ရမယ်” ဟု ရေးတင်ခဲ့သည့်အပြင် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း ‘လူလိမ်’ ဟု ခေါ်ဝေါ်သုံးစွဲ စွပ်စွဲထားသေးသည်။
ဆီရန်တိုနီယိုကို ဖမ်းဆီးမိပြီးသည့် နောက်တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘစ်ရှော့သည် သူမ၏ နိုင်ငံသားများကို နိုင်ငံရပ်ခြား တိုင်းပြည်များသို့ တိုက်ပွဲဝင်ရန် မစေလွှတ်တော့ကြောင်း ကတိပေးလိုက်သည်။ သူက သူတို့ နိုင်ငံသားများသည် အစွန်းရောက်သမားများ ဖြစ်သွားပြီး နိုင်ငံသို့ ပြန်ရောက်လာသည့် အခါတွင် အစွန်းရောက် အမြင်များနှင့် ကျွမ်းကျင်မှုများ ပါလာသောကြောင့်ဟု ဆိုသည်။
ဆီရန်ကို ဖမ်းဆီးမိပြီးမှ အာဏာပိုင်များသည် ဆိုရှယ် မီဒီယာပေါ်တွင် သူ့ကိုပိုပြီး ထင်ရှားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။
Guardian သတင်းစာတွင် ဆီးရီးယားနိုင်ငံ၏ Twitter သုံးစွဲသူများကြား၌ အနောက်တိုင်း ဂျီဟတ် အဖွဲ့ဝင်များထဲတွင် ဆီရန်သည် တတိယ Like အများဆုံး ရရှိနေသည့် ပုဂ္ဂိုလ် ဖြစ်နေကြောင်း ဖော်ပြထားသည်။ ဆီရန်၏ Twitter ပေါ်ရှိ သူ့စာမျက်နှာသည် အစ္စလာမ္မစ် နိုင်ငံတော်အလံကို နောက်ခံထားပြီး ဖွင့်ထားခြင်း ဖြစ်သည်။ သူ့တွင် Follow ပေါင်း ထောင်ချီပြီး ရှိနေသည်။ သူ့ကို ဖမ်းဆီး ရမိပြီးသည့်နောက် သူဖွင့်ထားခဲ့သည့် Facebook စာမျက်နှာသည် Like ပေါင်း ၃၀၀၀ နီးပါး ဖြစ်သွားသည်။ သူ့ Facebook ကို အကြမ်းဖက်မှုများ အားပေးကူညီသူအဖြစ် သတ်မှတ်ပြီး ပိတ်သိမ်းခဲ့ကြသည်။
ထိုအချိန်တွင် YouTube ပေါ်၌လည်း ဗီဒီယို clip များကို လက်နက်ကိုင်များဖြင့် တင်ထားမှုအား တွေ့ကြရပြန်သည်။ ထိုသူများသည် သူတို့မျက်နှာများကို ဖုံးကွယ်ထားကြပြီး ဖိလစ်ပိုင် ဘာသာစကားကို ပြောဆိုကာ အာရဗီ ဘာသာစကားများ ရေးသားထားသည့် အစ္စလာမ္မစ် နိုင်ငံတော်အုပ်စု၏ အလံကို သူတို့ရှေ့တွင် ကိုင်ထားကြသည်။
အခြား ဗီဒီယို ပြကွက်တစ်ကွက်တွင် ဖိလစ်ပိုင် အကျဉ်းသား ဒါဇင်ပေါင်းများစွာကို တွေ့ရပြီး အကျဉ်းစခန်း၏ ခန်းမအတွင်း သူတို့ ဘာသာစကားအပြင် အာရဗီ ဘာသာစကား များကိုပါ ပြောဆိုကာ၊ အနက်ရောင် အောက်ခံပေါ်တွင် အဖြူရောင် စာသားများ ရေးထားသည့် အလံကိုကိုင်ပြီး ကြွေးကြော်သံများကို ဟစ်အော် နေကြသည်။ သူတို့သည် အစ္စလာမ္မစ် နိုင်ငံတော်အုပ်စု၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူဘာကာ အယ်လ်ဘာ့ဂ်ဒါဒီကို သစ္စာစောင့်သိမည် ဖြစ်ကြောင်း အဓိဋ္ဌာန် ပြုနေကြသည်။
အီရတ်နှင့် ဆီးရီးယားတွင် ဖိလစ်ပိုင် နိုင်ငံသား မည်မျှရောက်ရှိနေပြီး တိုက်ပွဲ ဝင်နေကြကြောင်း မသိရပေ။ ဖိလစ်ပိုင် နိုင်ငံသားများသည် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ရုရှားကို ဆန့်ကျင်သော အာဖဂန် စစ်ပွဲတွင်လည်း အခြား အရှေ့တောင်အာရှ တိုက်ပွဲဝင် သူများနှင့်အတူ ဝင်ရောက် တိုက်ခိုက် ပေးခဲ့ကြသူများ ဖြစ်သည်။ စစ်ပွဲပြီးဆုံးချိန်တွင် သူတို့သည် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်ရောက်လာကြပြီး မင်ဒါနိုတွင် အဘူဆာရက်ဖ် အုပ်စုကို ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ သူတို့သည် အင်ဒိုနီးရှား နိုင်ငံတွင် ဖွဲ့စည်း ထူထောင်ထားသည့် ဂျာမား အစ္စလမ္မီယာ အုပ်စုနှင့်လည်း အဆက်အသွယ် ရှိပြီး ၂၀၀၂ ခုနှစ်တွင် ဘာလီ၌ ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုတွင် များစွာ ပတ်သက်မှု ရှိခဲ့သည်။
မျိုးဆက်သစ် လက်နက်ကိုင် တိုက်ပွဲဝင် နေကြသည့် လူငယ်များ၏ နည်းဗျူဟာအား ပြန်လည် သုံးသပ် လေ့လာကြည့်ရာတွင် သူတို့သည် ဆိုရှယ် မီဒီယာများကို အသုံးပြုပြီး သူတို့အဖွဲ့များကို ထောက်ခံ အားပေးလာစေရန် လုပ်ဆောင် နေကြသည်ကို တွေ့ရကြောင်း TRAC အဖွဲ့မှ လုံခြုံရေး ကျွမ်းကျင်သူ ဗာယန်ခမ်းက ဆိုသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သူရေးသား ပြုစုခဲ့သော အစီရင်ခံစာတွင် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့နှင့် ပတ်သက်ပြီး TRAC အဖွဲ့ကိုယ်စား ဤသို့ သုံးသပ် ပြထားသည်ကို တွေ့ရသည်။
“လူငယ် ဂျီဟတ်တွေကို မွေးထုတ်ပေးပြီး သူတို့၏ ထောက်ခံမှုများနှင့် အနာဂတ် ဂျီဟတ် အကြမ်းဖက် အဖွဲ့ကြီးကို ထူထောင်သွားရန် ဆုံးဖြတ်ထားသည်” ဟု ဆိုသည်။
အရှေ့တောင်အာရှမှ တိုက်ခိုက်ရေးသမားများ

အရှေ့တောင် အာရှသားတို့သည် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ရောက်လာပြီး တိုက်ပွဲ ဝင်နေကြကြောင်း မလေးရှားနိုင်ငံ အမျိုးသား တက္ကသိုလ်မှ အမျိုးသား လုံခြုံရေး တာဝန်ယူထားရသည့် ပါမောက္ခ နော်အာစီဇန်ဘင် အီဒရစ်က ဆိုသည်။
“ခုဆိုရင် သူတို့ဟာ အရှေ့အလယ်ပိုင်းကို ထွက်ပြီး သွားရောက် တိုက်ခိုက်ပေးဖို့ပဲ အာရုံ ထားနေကြသေးတယ်။ အနာဂတ်မှာ သူတို့ရဲ့ ပစ်မှတ်ဟာ အာရှ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
Channel News Asia ကလည်း အစ္စလာမ္မစ် အုပ်စု၏ လူသစ် စုဆောင်းနေမှုများကို အတည်ပြုသည်။ အသက် ၂၆ နှစ်အရွယ် မလေးရှားနိုင်ငံသား အာမက်တာမီမီ မာလီကီသည် မေလ ၂၆ ရက်နေ့က ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများ တင်ဆောင်ထားသော စစ်သုံးယာဉ် တစ်စီးကို အန်ဘာပြည်နယ် အတွင်းရှိ အီရတ် အထူးတပ်ဖွဲ့ ဌာနချုပ် စခန်းထဲသို့ မောင်းဝင်ပြီး အသေခံ တိုက်ခိုက်ခဲ့ရာ သူအပါအဝင် စစ်သားပေါင်း ၂၅ ဦး ကျဆုံးခဲ့ရသည်ဟု ယင်းသတင်းက ဆိုသည်။
ယခုလ အတွင်းကလည်း မလေးရှား ရဲတပ်ဖွဲ့သည် အစ္စလာမ္မစ် အုပ်စုနှင့် တရားမဝင် ဆက်သွယ်နေကြသည့် လူ ၁၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ယင်းတို့အထဲမှ တစ်ဦးသည် အသက် ၃၀ အရွယ်ခန့်ရှိပြီး ရေတပ်တွင် စစ်မှုထမ်း သက်ဆယ်နှစ်ခန့် ရှိသည့် အရာရှိတစ်ဦး ဖြစ်နေသည်။
စင်ကာပူနိုင်ငံသား အချို့သည် ဆီးရီးယားနိုင်ငံသို့ တိုက်ပွဲဝင်ရန် ထွက်ခွာနေကြကြောင်း စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် တောင်ချီဟင်းက ပါလီမန်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သူက “ကျွန်တော်တို့ နိုင်ငံထဲက ယခင်နိုင်ငံခြား တိုင်းပြည်တွေမှာ သွားရောက်ပြီး တိုက်ပွဲ ဝင်ခဲ့ဖူးသူတွေရော၊ အရှေ့တောင်အာရှနဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေက အဲဒီနိုင်ငံတွေကို သွားရောက်ပြီး တိုက်ပွဲ ဝင်ခဲ့ဖူးသူတွေဟာ အာရှရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” ဟုဆိုသည်။
စင်ကာပူ နိုင်ငံသားအဖြစ် ခံယူထားသည့် ဟာဂျာဖာကူရူဒင် အူစ်မန် အလီဆိုသူသည် သူ့ဇနီး၊ ကလေး သုံးယောက်တို့နှင့်အတူ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။ အခြား စင်ကာပူနိုင်ငံသား အမျိုးသမီး တစ်ဦးကလည်း သူ့ခင်ပွန်းနှင့် ကလေး နှစ်ယောက်ကိုခေါ်ပြီး ဆီးရီးယားနိုင်ငံကို ထွက်သွားကြကြောင်း ဒုဝန်ကြီးချုပ်က ပြောကြားသည်။ ယခုအခါ ထိုနိုင်ငံသို့ မိမိတို့ နိုင်ငံသားများ ထွက်ခွာခွင့်ကို ရပ်ဆိုင်း ထားလိုက်ရကြောင်း သူကဆိုသည်။
အင်ဒိုနီးရှား နိုင်ငံတွင်လည်း ထင်ရှားသည့် တရားဟော ဆရာတစ်ဦးကို ဂျာဗားတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အပြစ်ပေးခဲ့သည်။ ထိုတရားဟော ဆရာသည် သူ့နောက်လိုက် တပည့်များကို အစ္စလာမ္မစ် အုပ်စုအတွက် တိုက်ပွဲဝင်ကြရန် တောက်လျှောက် ဟောပြောစည်းရုံး လှုံ့ဆော်ခဲ့သူ တစ်ဦးဖြစ်သည်။
အဘူဘာကာ ဘာရှားသည် အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုကို ထူထောင်ရန် စိုင်းပြင်းနေသည့် ဂျာမားအန်ရှိုရု တာဟစ်အဖွဲ့ကို ထောက်ခံကြောင်း သတင်း ပါးလိုက်သည်ဟု Jakarta Post သတင်းတွင် ဖော်ပြထားသည်။ ထိုအဖွဲ့ကပင် နိုင်ငံရပ်ခြားရှိ တိုက်ပွဲဝင်မည့် သူများသို့ ဆက်လက် ထောက်ပံ့မှုများ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ္မစ် အုပ်စုနှင့် ဆက်သွယ် လှုပ်ရှားနေသူ ၅၀ ဦးခန့် ရှိသည်။ ယင်းတို့ အထဲမှ အသက် ၁၉ နှစ်အရွယ် ဝီလ်ဒင် မူကာဟာလက် ဆိုသူသည် ဆီးရီးယားနိုင်ငံသို့ သွားရောက် တိုက်ပွဲဝင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ ဘဂ္ဂဒက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြင့် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ကြောင်း Jakarta Post သတင်းတွင် ရေးသားထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် သြစတြေးလျ နိုင်ငံသား တစ်ဦးဖြစ်သူ ဆီရန်တိုနီယိုကို နိုင်ငံမှ နှင်ထုတ်ရန် စီစဉ်ထားကြသည်။ သူ့ကို ဖမ်းမိထားချိန်တွင် ဆီရန်တိုနီယိုသည် အာဏာပိုင်များကို စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ပိတ်ရေငုံ နေခဲ့သည်။ သို့သော် ဖိလစ်ပိုင်တွင် သူနေစဉ်က သမီးရည်းစား ဖြစ်ခဲ့သည့် ဖိလစ်ပိုင်သူလေးက သတင်းထောက်များကို ဆီရန်တိုနီယိုသည် အပြစ်ကင်းသည့် ရိုးသားသူ တစ်ဦးဖြစ်ကြောင်းကို-
“သူဟာ ပုရွက်ဆိတ် တစ်ကောင်တောင် မသတ်ပါဘူး” ဟု သက်သေပြု ပြောကြားခဲ့သည်။

 The Voice Weekly

စစ်အာဏာရှင်စရိုက် ပျောက်အောင် ဘာလုပ်ကြမလဲ


လွန်ခဲ့တဲ့ ၂၆ နှစ်  ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်အများစုနဲ့ပဲ အရပ်သားအစိုးရဆိုပြီး ဆက်လက်အုပ်ချုပ်နေခဲ့တာ ဒီနေ့ချိန်ထိ ဖြစ်ပါတယ်။

ဒီနေ့ချိန်ထိလည်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတုန်း၊ စစ်အာဏာရှင်အငွေ့အသက်တွေ လွှမ်းခြုံထားတုန်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေက စစ်အာဏာရှင် စရိုက်လက္ခဏာကို ဖျောက်ချင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်လို့ ပြောပါတယ်။

“မြန်မာ့နိုင်ငံရေး ပြဿ   နာကို ရှင်းချင်တယ်။ အာဏာရှင်စရိုက် လက္ခဏာကို ဖျောက်ချင်တယ် ဆိုရင် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆွေးနွေးပါ။ ပြီးရင် ဖက်ဒရယ်ပုံစံ ရှိတဲ့ ပြည်ထောင်စုတခုကို အမြန်ဆုံး ဖော်ဆောင်လိုက်ပါ။ အဲဒါဆိုရင် ပြည်နယ်ရဲ့ အချုပ်အခြာအာဏာက ပြည်နယ်မှာ ရှိမယ်။ တိုင်းရဲ့ အချုပ်အခြာအာဏာက တိုင်းမှာ ရှိမယ်။ ဘယ်သူကမှ လာပြီး အာဏာနဲ့ အုပ်စိုးချင်လို့ မရတော့ဘူး။ နယ်စပ်တွေမှာလည်းပဲ ပြည်နယ်တွေရဲ့ အချုပ်အခြာ အာဏာကို ဆိုင်ရာ ပြည်နယ်ရဲ့ လုံထိန်းတွေ ရဲတပ်ဖွဲ့တွေက ဒါတွေကနေပြီး ကိုယ့်ပြည်နယ်မှာ ကိုယ်ထိန်းဖို့ အခွင့်အာဏာ ရသွားမယ်။ တိုင်းနဲ့ ပြည်နယ်တွေ မှာ လွှတ်တော်ထဲက ဥပဒေပြုပြီးတော့ ကိုယ့်သယံဇာတတွေကို ဘယ်လို ခွဲဝေထုတ်ယူ သုံးစွဲမယ်ဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ခွဲတမ်းချပြီး သုံးဖို့ဟာ အာဏာကို ခွဲဝေလက်ခံ ကျင့်သုံးတဲ့အဆင့်အထိ သွားမယ်ဆိုရင် အာဏာနဲ့အုပ်ချုပ်တဲ့ ဗဟိုက ချုပ်ကိုင်ပြီး အမိန့်ပေးဟာ ပျောက်သွားပြီးတော့ ၀န်ကြီးကဏ္ဍတွေရဲ့ အခန်းကဏ္ဍဟာလည်းပဲ ၀န်ကြီးတွေဟာ စည်းကမ်း စည်းမျဉ်းတွေကို ထိန်းမတ်ပြီးသွားတဲ့ အဆင့်ပဲရှိပြီးတော့ အာဏာပေးတဲ့အဆင့် ပျောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ့်အချုပ်အခြာအာဏာကို ပြည်နယ်နဲ့ တိုင်းက လူတွေ တကယ်တမ်း ကိုင်တွယ် ကျင့်သုံးနိုင်ခွင့် ရှိရင် ဥပဒေရဲ့ အကျိုး သက်ရောက်မှုကို ခံစားရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုမရှိတော့ရင် စစ်အာဏာရှင် ဆိုတဲ့ဟာက လျော့ကျသွားမှာပဲ။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကတော့ စစ်အာဏာရှင်အငွေ့အသက်တွေ ပျောက်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“ကျနော် မြင်တာက ခေတ်အဆက်ဆက်ပြည်သူတွေက တာဝန်ကျေခဲ့ပါတယ်။ ပြည်သူလူထုကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပဲ ဆိုဆို၊ ကျနော်တို့လို အဖွဲ့အစည်းပဲဆိုဆို နိုင်ငံရေးပါတီတွေပဲ ဆိုဆို ကျနော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။ ပြည်သူလူထုအနေနဲ့တော့ ဆိုင်ရာ သမိုင်းပေးတဲ့တာဝန်တွေကို အဆက်ဆက်က ပါဝင် ပူးပေါင်းဆောင်ရွက်လို့ တာဝန်ကျေသွားခဲ့ပြီဖြစ်ပါတယ်။ ခုလည်း ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်နေပါတယ်။ ကျနော်တို့မှာပဲ တာဝန်ရှိတာပါ။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး တွေနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန်မြှင့်ပြီးတော့ တိုးမြင့်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အစိုးရကို တိုက်တွန်းရလိမ့်မယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖန်တီးယူရလိမ့်မယ်။ ”

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မှ စစ်တပ်စိုးမိုးမှု လျော့ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း

“ဖွဲ့စည်းပုံပြင်ဖို့ အရေးကြီးတယ်။ ဖွဲ့စည်းပုံ ဘယ်သူပြင်မလဲဆိုတော့ လွှတ်တော်ကပဲ ပြင်ရမှာ။ လွှတ်တော်မှာ မပြင်နိုင်သရွေ့ ဒါက ဘယ်လိုမှ ဖြစ်မလာဘူး။ လွှတ်တော်မှာ ပြင်ဖို့ဆိုတာက ဒီမိုကရေစီကို လိုလားတဲ့ အင်အားစုတွေ အင်နဲ့အားနဲ့ လွှတ်တော်ထဲ ရောက်လာဖို့ လိုတယ်။ နောက်တချက် တပ်မတော်သား စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို ကာဆီးထားတဲ့အခြေအနေမျိုး မဟုတ်ဘဲ ဖွင့်ပေးဖို့ လိုတာပေါ့။ ဖွဲ့စည်းပုံအရ ငါတို့က ပါမှပဲ ဒီဖွဲ့စည်းပုံ ပြင်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြည်သူ့တပ်မတော်သားပီပီ၊ ပြည်သူက မွေးဖွားလာတဲ့ တပ်မတော်သားပီပီ အချိန်အခါတခုရောက်ရင်တော့ ရာနှုန်းတခုခု လျှော့ရင်ပဲဖြစ်ဖြစ်၊ အဲဒီကတဆင့် တပ်မတော်သားတွေရဲ့ ပုံရိပ်တွေ လွှတ်တော်ထဲမှာ မရှိအောင် ရုပ်သိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဓိက လွှတ်တော်က ပြင်ရမှာဖြစ်ပါတယ်။ ပြင်တဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အများကြီး အရေးကြီးပါတယ်။ ကိုယ့်အချိန်အခါနဲ့ နောက်ဆုတ်ပေးမယ်ဆိုတဲ့ အသိစိတ်ဓာတ် သူတို့ထဲမှာ ရောက်လာရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ်ဘဲ ဘယ်တော့မှ မဆင်းပေးဘူးဆိုရင်တော့ ရှေ့လျှောက် ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။”

ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်တီယူ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ ဖွဲ့စည်းပုံပြင်ဖို့ ကြန့်ကြာနေတုန်း စစ်တပ်က အရပ်ဘက်ပြောင်းတာ ချက်ချင်းရပ်တန့်လိုက်ရင် စစ်အာဏာရှင်စရိုက် ပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

“တပ်မတော်ကနေ အကြောင်းအမျိုးမျိုးကြောင့် ၀န်ကြီးဌာနဆိုင်ရာအားလုံးကို ကူးပြောင်းတာကို အမြန်ဆုံးရပ်သင့်တယ်လို့ ကျနော်ယူဆတယ်။ ဌာနဆိုင်ရာအားလုံးမှာ အရာရှိမှန်သမျှနဲ့ အရာရှိနဲ့အရာရှိအထက် အားလုံးလိုလိုဟာ အကြောင်းအမျိုးမျိုးနဲ့ ပင်စင်ယူပြီး ကူးပြောင်းလာတဲ့ လက်ရှိဝန်ထမ်းတွေဖြစ်တယ်။ အထူးသဖြင့် ဗျူရိုကရက်တွေမှာ အားလုံး နီးနီးဟာ တပ်မတော်က အသွင်ကူးပြောင်းလာတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်စေချင်ရင် တပ်မတော်သားများဟာ ဌာနဆိုင်ရာမှာ ၀င်ပြီး စီမံခန့်ခွဲ အုပ်ချုပ်တာမျိုးကို အဲဒီအစား ကျွမ်းကျင်တဲ့ ပညာရှင်တွေ သူ့လိုင်းနဲ့သူ၊ သူ့ဘာသာရပ်နဲ့သူ၊ သူ့ဌာနနဲ့သူ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ တက်ပြီးတော့ စီမံခန့်ခွဲတာကို ကျနော်တို့ ပိုပြီးတော့ နှစ်သက်တယ်။ ဒါဆိုရင် ဗျူရိုက်ကရက်တွေအားလုံးရဲ့ အာဏာရှင်ဆန်တဲ့ဟာတွေ ပျောက်သွားနိုင်မယ်။”

DVB

ဗြိတိန်က အီဘိုလာကာကွယ်ဆေး လူသားဖြင့် ပထမဆုံးအကြိမ် စမ်းသပ်

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်က အီဘိုလာရောဂါကာကွယ်ဆေးကို လူသားနဲ့ စမ်းသပ်မှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်စမ်းသပ်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ လူအယောက် ၆၀ နဲ့ စမ်းသပ်မှုနဲ့ အပြိုင်ဖြစ်လာပြီး ရာနှုန်းပြည့်အောင်မြင်ရင်တော့ အခုနှစ်ကုန်မှာ အီဘိုလာကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။

Volunteer Ruth Atkins has blood taken before receiving an injection of the Ebola vaccine at the Oxford Vaccine Group Centre for Clinical Vaccinology and Tropical Medicine (CCVTM) in Oxfordအီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေမှာ ကူညီထောက်ပံ့မှုတွေ ပိုပေးဖို့ ဗြိတိန်နိုင်ငံက စက်တင်ဘာ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လူ ၂၄၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ အီဘိုလာ (ဇိုင်ရာ) မျိုးစိတ်ကို တိုက်ရိုက်ပစ်မှတ်ထားကုသဖို့ ရည်ရွယ်ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

အာဖရိကတိုက်ရဲ့ အရေးပေါ်လိုအပ်ချက်နဲ့အညီ အရေးပေါ်စမ်းသပ်မှုကို လုပ်ဆောင်ရတာဖြစ်ပြီး အောင်မြင်မယ်လို့ ယုံကြည်တယ်ကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Adrian Hill က ပြောပါတယ်။

ဗြိတိန်ဆေးကုမ္ပဏီကြီး GlaxoSmithKline နဲ့ အမေရိကန်ကျန်းမာရေးဌာန ပူးတွဲစမ်းသပ်နေတဲ့ အီဘိုလာရောဂါကာကွယ်ကုသဆေးဟာ မျောက်တွေနဲ့ စမ်းသပ်မှုကတော့ ရာနှုန်းပြည့်အောင်မြင်ခဲ့ပါတယ်။

တချိန်တည်းမှာ Glaxo Smith Kline ဆေးကုမ္ပဏီကြီးက ကာကွယ်ဆေး အရေအတွက် ၁၀၀၀၀ ကို ကြိုတင်ထုတ်လုပ်ထားမှာလည်းဖြစ်ပါတယ်။

စမ်းသပ်မှုအားလုံး အဆင်ပြေရင်တော့ အစောဆုံး လာမယ့်နိုဝင်ဘာလ ထုတ်လုပ်နိုင်မယ်လို့ WHO အဖွဲ့ကြီးက ပြောဆိုပေမယ့် သုတေသနပညာရှင်တွေကတော့ ဒီနှစ်ကုန်လောက်မှဖြစ်မယ်လို့ ဆိုပါတယ်။

DVB

ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား

ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာ (၁၈)ရက် နံနက်ပိုင်းက ဆင်နွှဲခဲ့ပြီး လူ(၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် ISတို့သည် ၎င်းတို့၏ လက်တံရှည်မှုကို ပြသရန်အတွက် ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ယူဆရကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်များကို ကိုးကားပြီး အက်ဘော့က ပြောကြားခဲ့သည်။ ISအဖွဲ့သည် ၎င်းတို့အပေါ် အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုအား ဩစတြေးလျက ပံ့ပိုးနေခြင်းအပေါ် အငြှိုးထားလျက် ရှိသည်။

အက်ဘော့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး မတိုင်မီတွင် အဆိုပါ ကိစ္စကို အလေးအနက် တိုင်ပင် ဆွေးနွေးခဲ့ကြောင်း ဆိုသည်။ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များက ISခေါင်းဆောင်များသည် ဩစတြေးလျရှိ အစွန်းရောက် ထောက်ခံသူများကို အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်ရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ညွှန်ပြလျက် ရှိသည်။

“လက်ရှိ ISILရဲ့ ကွန်ရက်မှာ အရေးပါတယ်လို့ ယူဆရတဲ့ ဩစတြေးလျ နိုင်ငံသား တစ်ယောက်ဆီကနေ တိုက်ရိုက်ကျကျ နှိုးဆော် တိုက်တွန်းမှုတွေ ရှိထားတယ်လို့ ယူဆရပါတယ်။ ဩစတြေးလျ မြေပေါ်မှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်ပြီး သူတို့အဖွဲ့အစည်းရဲ့ ဩဇာသက်ရောက်မှုကို ပြသဖို့ပါ”ဟု အက်ဘော့က ဆိုသည်။ အက်ဘော့သည် အခြားသော နိုင်ငံ ခေါင်းဆောင် အများစုနည်းတူ ISဆိုသော အသုံးအနှုန်းကို ရှောင်ကြဉ်ပြီး ISILဆိုသည့် အမည်ဟောင်းကိုသာ အသုံးပြုခဲ့သည်။ ISအဖွဲ့တွင် နိုင်ငံရပ်ခြားမှ အစွန်းရောက် လှုပ်ရှားသူ အများအပြား ပါဝင်စုဖွဲ့ထားရာ ဩစတြေးလျမှ သွားရောက် ပူးပေါင်းသူများလည်း ရှိနေသည်။

အက်ဘော့က “ကျွန်တော် ပြောနေတာက သံသယဝင်တဲ့အဆင့် သက်သက်တင် မကတော့ဘူး။ သူတို့ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီ။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး အေဂျင်စီတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့် အကုန်သုံးပြီး အရေးယူခဲ့တာပဲ”ဟုလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက ISအဖွဲ့တွင် အရေးပါနေသူဟု ရည်ညွှန်းခဲ့သည့် ဩစတြေးလျ နိုင်ငံသား၏ အမည်ကိုမူ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိချေ။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် ဆစ်ဒနီရှိ နိုက်ကလပ်တစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသူ မိုဟာမက်အလီ ဘာယာလိုင် အမည်ရှိ အသက်(၃၃)နှစ်ရှိ အမျိုးသား တစ်ဦးကို ဖမ်းဝရမ်း ထုတ်ထားသည်။ ၎င်းသည် ISအဖွဲ့သို့ အစောဆုံး ဝင်ရောက်ခဲ့သည့် ဩစတြေးလျ နိုင်ငံသားဟု ယူဆရသည်။ ရဲတပ်ဖွဲ့ဝင် (၈၀၀)ခန့်သည် ဆစ်ဒနီတဝိုက်ရှိ နေအိမ်ဆယ်ဂဏန်းခန့်ကို အလစ်အငိုက် စီးနင်းကာ မသင်္ကာသူများကို ဖမ်းဆီးခဲ့သည်။ ယင်းစစ်ဆင်ရေးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွင် ဩစတြေးလျ၏ အကြီးမားဆုံး စစ်ဆင်ရေးလည်း ဖြစ်လာသည်။

အဖမ်းခံရသူများအနက် တစ်ဦးဖြစ်သည့် အိုမာဂျန် အေဇာနီကို ဆစ်ဒနီ တရားရုံး တစ်ခုတွင် စက်တင်ဘာ (၁၈)ရက်က ကနဦး စစ်ဆေးခဲ့သည်။ ၎င်းသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ကျူးလွန်ရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံထားရပြီး ယင်းအတွက် ပြစ်ဒဏ်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ISက မည်သို့မည်ပုံ စီစဉ်ထားသည်ဆိုသည့် အသေးစိတ် ထောက်လှမ်းရေး သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာရန်မူ ရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

_Ref: USA Today

သမိုင်းဝင် စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲအတွက် ပြိုင်ဘက်အင်အားစုများ နောက်ဆုံးပိတ် အပြင်းအထန် မဲဆွယ်


ဗြိတိန်နိုင်ငံမှ စကော့တလန် ခွဲထွက်ကာ လွတ်လပ်ရေး ရယူရန် အဆုံးအဖြတ်ပေးမည့် လူထုဆန္ဒခံယူပွဲကို မနက်ဖြန် (စက်တင်ဘာ ၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ရာ ယင်းဆန္ဒခံယူပွဲ မပြုလုပ်မီ တစ်ရက်အလိုတွင် ဆန့်ကျင်သူနှင့် ထောက်ခံသူ အင်အားစုများက မဲဆွယ်စည်းရုံးမှု အသီးသီးကို နောက်ဆုံးပိတ် အနေနှင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ထိုသို့ မဲဆွယ်စည်းရုံးမှုများကို အပြိုင်အဆိုင် ပြင်းထန်စွာ လုပ်ဆောင်နေရခြင်းမှာ စကော့တလန် လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲ အလွန်နီးကပ်နေသည့်အတွက် မျှသာမက နောက်ဆုံး ထွက်ရှိလာသော သဘောထား စစ်တမ်းများအရ ထောက်ခံသူနှင့် ကန့်ကွက်သူ ဦးရေမှာ မတိမ်းမယိမ်း အနေအထားတွင် ကပ်လျက် ရှိနေသောကြောင့် ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

စကော့တလန်ပြည်နယ် ဝန်ကြီးချုပ် အဲလက်စ်ဆယ်မွန်က ပြည်သူများအတွက် စာတစ်စောင် ရေးသားရာတွင် ထောက်ခံမဲ (Yes Vote) ပေးကြရန် တိုက်တွန်းပြီး “လွတ်လပ်ရေးကြီးကို ရယူကြရအောင်လား” ဟု ဖော်ပြခဲ့သည်။

ဗြိတိန်နှင့်သမဂ္ဂ ဖွဲ့ကာ ပေါင်းစည်းနေထိုင်ရေးကို လိုလားသည့် အင်အားစုများက ဗုဒ္ခဟူးနေ့ တစ်နေ့လုံး “အတူတကွ ကောင်းစွာနေထိုင်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် မဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်ခဲ့ကြပြီး “စကော့တလန်ကို ချစ်လျှင် ကန့်ကွက်မဲ ထည့်ကြပါ” ဟူသော ခေါင်းစီးစာတန်းများ ကိုင်ဆောင်ကာ အက်ဒင်ဘရာမြို့ တစ်လျှောက် စီတန်းလှည့်လည်ခဲ့ကြသည်။

ထို့အတူ စကော့တလန် လွတ်လပ်ရေးကို ထောက်ခံသူများက အပြာရောင် တီရှပ်များ၊ စကော့တလန် အလံများနှင့် တံဆိပ်များ ကိုင်ဆောင်တပ်ဆင်ကာ ဂလပ်စကော့မြို့၌ လွတ်လပ်ရေးဟူသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးကြသည်။

Daily Mail သတင်းစာက နောက်ဆုံးအကြိမ် အဖြစ် ပြုလုပ်သော ဆန္ဒသဘောထား စစ်တမ်းအရ လွတ်လပ်ရေး ရယူမည့် ကိစ္စကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်း ရှိပြီး ထောက်ခံသူ ၄၄ ရာခိုင်နှုန်း ရှိသည်။

သို့သော် အဆိုပါ ကိန်းဂဏန်းများသည် ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် မဆုံးဖြတ်ရသေးသူများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိဟု Daily Mail က ဖော်ပြသည်။

သို့အတွက်ကြောင့် နောက်ဆုံး အချိန်အထိ မဲဆွယ်စည်းရုံးမှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ အကယ်၍ ထောက်ခံသူများက အနိုင်ရရှိသွားမည် ဆိုပါက ယင်းဖြစ်ရပ်သည့် စကော့တလန် အတွက်သာမက မျက်မှောက်ခေတ် ကမ္ဘာကြီးအတွက် ထူးခြားသော သမိုင်းဝင်ဖြစ်စဉ် တစ်ခုအဖြစ် သတ်မှတ်ခံရမည် ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

The Voice Weekly

တပ်မတော်၏ သွားလာမှုကို KNU/KNLA (PC) က တုံ့ပြန် ထိန်းချုပ်မှု ပြုလုပ်


တပ်မတော်၏ သွားလာမှုကို KNU/KNLA (PC)  မှ စက်တင်ဘာလ (၁၇) ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ အပြင်းအထန် တားမြစ်မှု ပြုလုပ်ခဲ့သည်။  ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားများအား ထိုင်းရဲများ ငွေကြေး တောင်းခံမှုနှင့် ပတ်သက်၍ ယခုလ (၁၃) ရက် နေ့တွင် မြ၀တီမြို့၌ KNU/KNLA (PC)  က ထိုင်းနိုင်ငံမှ ၀င်ရောက် လာသော ကုန်တင် ယာဉ်အစီး (၃၀) အား လက်နက်ကိုင်၍ တားဆီးခဲ့ သည်။ ယင်းအတွက်ကြောင့် မြ၀တီမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်ကိုင် ခွင့်မပြုကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့ ပြီးနောက် ယခုကဲ့သို့ KNU/KNLA က ပြန်လည် တုံ့ပြန် ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ ကြေညာချက်အား KNU/KNLA ၊ DKBA ၊ DKBA ကလို့ထူးဝါး၊ DKBA  ကလို့ထူးလား၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ၀န်ကြီးနှင့် နိုင်ငံတော်သမ္မတထံသို့ လိပ်မူပို့ထားသည်။

ကရင်ပြည်နယ် အတွင်း မြန်မာအစိုးရ စစ်တပ်မှ တပ်ရင်းတပ်ဖွဲ့၊ လက်အောက်ခံ တပ်ဖွဲ့ ဝင်များ အားလုံးသည် စစ်ယူနီဖောင်း၊ စစ်လက်နက်၊ လူအင်အားသုံး၍ မြို့တွင်းသို့ ၀င်ရောက်လာခြင်းကို တွေ့မြင်ရ ခြင်းကြောင့် ပြည်သူလူထုမှ စိုးရိမ် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ကထုတ်တဲ့ ကြေညာချက်မှာ တပ်ဖွဲ့ဝတ်စုံတွေ မ၀တ်နဲ့။ လက်နက်တွေ ကိုင်မသွားရဘူးလို့ ပါတယ်။အဲဒါဆို အစိုးရတပ်ကလည်း လက်နက်ကိုင်ပြီး မြို့ထဲကို မ၀င်နဲ့ လက်နက်ကိုင်ပြီး မြို့ထဲကို မလာနဲ့။ တန်းတူအခွင့်အရေးပဲ ဖြစ်ရမယ် ဟု KNU/KNLA (PC) မှ ပြန်ကြားရေး တာဝန်ခံ ဦးစောမင်းဝေ က The Messenger Mediaသို့ ပြောသည်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ပြည်သူ၏ အကျိုးကို ရှေးရှုလိုပါက ၀ိုင်းဝန်းကူညီ ဆောင်ရွက်သင့်ပြီး ငြိမ်းချမ်းရေး မူဝါဒများ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

တပ်မတော်သားများ အရေးကြီး ကိစ္စဖြင့် သွားလာလိုပါက သက်ဆိုင်ရာ ရှေ့တန်း ရုံး၊ စရဖရုံးများမှ တစ်ဆင့်  နယ်စပ် လုံခြုံရေး (အထူး) ဗျူဟာမှူးကြီး တိုက်ဂါး ထံသို့ ဦးစီး ခေါင်းဆောင်၊ အင်အား၊ လက်နက် အမျိုးအစား၊ အရေအတွက်၊ ယာဉ် အမျိုးအစား အရေအတွက်နှင့် သွားလာမည့် နေရာ အချိန်တို့ကို ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ရယူပြီးမှ သာသွားလာရ မည်ဟု ထုတ်ပြန်ထားသည်။ ထိုပြင် မြို့ဝင်မြို့ထွက်ရှိ တိုင်းရင်းသား လက်နက်ကိုင် လုံခြုံရေး ကင်းစခန်းများမှ လုံခြုံရေးအရ ရပ်တန့် စစ်ဆေး မေးမြန်းခြင်း ရှိပါက ကြည်ဖြူ ကျေနပ်စွာ လက်ခံစေလို ကြောင်းလည်း အသိပေးထားသည်။

ဒီလို စာထုတ်တာတွေက ရိုးနေပါပြီ၊ တစ်နေ့ လာလည်း ဒီစကားပဲ ကြားနေရတာပဲ၊ ဒါတွေက ပြဿနာပေါ်မှာ အခြေခံပြီး ဖြစ်လာတာပါ၊ အပေါ်ဘက်ကတော့ စည်းကမ်းတကျ နဲ့သွားလာပေမယ့် တစ်ခါတလေ အောက်ခြေ ရဲဘော်တွေ ကတော့ မှားတာလည်း ရှိပါတယ်၊ လောလောဆယ် အကြောင်းကြားထားတဲ့ စာတော့ အခုထိ မရောက်လာသေးပါဘူး ဟု မြ၀တီ အခြေစိုက် (DKBA) မှ ပြန်ကြားရေး တာဝန်ခံဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

စက်တင်ဘာ (၁၄) ရက်နေ့တွင် တပ်မတော်ခြေလျင် တပ်ရင်း(၂၇၅) မှ မြ၀တီမြို့ အတွင်း သွားလာနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို ယူနီဖောင်းနှင့် လက်နက်ကိုင်ဆောင်မှု မပြုလုပ်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ  အကျိုးပြု  ကရင့် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသား တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီတို့သို့ပေးပို့ အသိပေး အကြောင်းကြား ထားကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။

သူတို့ ဧရိယာထဲကို သွားရင်တော့ အစိုးရ ထုတ်ပြန်ထားတဲ့ စည်းကမ်းကို လိုက်နာရမှာပဲ။ မြ၀တီမြို့မှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ တွေအနေနဲ့ သို့လော သို့လော ဖြစ်နေတော့ ဗိုလ်မှူးတိုက်ဂါး တို့က အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်မှာပါ။ နိုင်ငံတော်ကလည်း အများကြီး စောင့်ရှောက်ပေးပါတယ်။ လိုအပ်တာ ထက်ပိုသွားရင်တော့ မကောင်းဘူးပေါ့ ဟု BGF မှ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးတာဝန်ခံ ဗိုလ်မှူးထက်ဝင်းက ပြောသည်။

ထို့ပြင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် အစိုးရဌာနများ၏  ဥပဒေနှင့် အညီ ဆောင်ရွက်သော ကိစ္စများကို ၀င်ရောက် စွက်ဖက်မှုရှိ နေခြင်း၊ စည်းကမ်း လိုက်နာမှု မရှိခြင်း၊ လက်နက်ကိုင်ဆောင် သွားလာခြင်းကြောင့် မြ၀တီမြို့နေ ပြည်သူများအား စိုးရိမ်မှုကို ဖြစ်ပေါ်စေပြီး မြို့လုံခြုံရေးကိုပါ ထိခိုက်နေသည်ဟု အစိုးရတပ်မှ သတိပေးထားကြောင်း  သိရသည်။

Messenger News Journal

သီချင်းဆိုပြတဲ့ ထိုင်းဝန်ကြီးချုပ်

ဗိုလ်ချုပ်ကြီးတွေ ဆိုတာ စွယ်စုံရပုဂ္ဂိုလ်များ ဖြစ်ကြတယ် ဆိုတဲ့အချက်ကို မယုံမရှိ ယုံကြည်မိပါ၏ လို့ ပြောရပါတော့မယ်။

လက်ရှိ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာဟာ အစိုးရရုံးမှာ သတင်းထောက်တွေက သီချင်း ဆိုပြပေးဖို့  ပြောဆိုတဲ့ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ 'Return Happiness to Thailand' ဆိုတဲ့ သီချင်းကို စက်တင်ဘာ လ ၁၇ ရက်နေ့က သံစဉ်တကျ သီဆိုပြသွားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာဟာ လွန်ခဲ့တဲ့ မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ
ဖြစ်နေလို့ ထိုင်း စစ်တပ်အာဏာသိမ်းခဲ့ရာမှာ ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်ကြီးပရာယုဟာ ထိုင်းသီချင်းကို သံစဉ်တကျဆိုပြသွားစဉ်မှာ သူနဲ့အတူ ဝိုင်းဝန်းပြီး သံပြိုင်သီဆိုကြတာကိုလည်း ဘန်ကောက်ပို့စ် သတင်းမှာ တွေ့ရပါတယ်။

အဲဒီသတင်းရဲ့အောက်မှာ ဝေဖန်မှတ်ချက်ပေးသူတွေက အမျိုးမျိုး အဖုံဖုံပါဘဲ။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဟာ ဟာသ ဥာဏ်လည်း ရှိတယ်လို့ မှတ်ချက်ပေးသူလည်းရှိသလို ဆိုတဲ့သီချင်းကလည်း ရေခဲခေတ်က သီချင်းလို့ မှတ်ချက် ပေးသူလည်း ရှိတယ်။

တချို့လည်း သတင်းထောက်တွေက ကြံကြံဖန်ဖန် ဗိုလ်ချုပ်ကြီးကို သီချင်းဆိုပြခိုင်းရလားဆိုပြီး တော့လည်း  ဝေဖန် ထားတာလည်း ရှိပါတယ်။

တန်ဘိုးရှိတဲ့ အချိန်တိုလေးမှာ အခြားအရေးကြီးတဲ့ မေးခွန်းတွေမမေးကြပဲ ဝန်ကြီးချုပ်နဲ့ အလွမ်းသင့်ဖို့ ကြိုးစားတဲ့ မေးခွန်းလိုက်တာလားလို့ ဝေဖန်တာမျိုးလည်း ရှိတယ်။

ဘာပဲပြောပြော ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာကတော့ သီချင်းဆိုပြတဲ့ ထိုင်းဝန်ကြီးချုပ်ဆိုတာ သမိုင်းတွင်ရစ်ပြီ ဖြစ်ပါတယ်။

ဧရာဝတီ Blog

လက်ရှိဘဏ္ဍာနှစ်၏ ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သုံးဘီလီယံကျော်ဝင်ရောက်


လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်၏ ငါးလတာကာလအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၃ဒသမ၃၂၅ ဘီလီယံ ရရှိထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင် နိုင်ဦး ကပြောသည်။
နိုင်ငံတော်အစိုးရသစ်တက်လာ ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက် တစ်နှစ် ထက်ဝက်မက တိုးတက်လာ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏စာရင်းဇယားများအရ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ''မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် တိုးလာတာကိုတွေ့ရတယ်။မနှစ်ကတုန်းကလဲ အထူးစီးပွားရေး ဇုန်တွေရှိတဲ့အတွက် ၂ဝ၁၂-၂ဝ၁၃ မှာ တစ်ဘီလီယံကျော်ခဲ့တဲ့အတွက် သုံးဆတိုးပြီးမှန်းတယ်။ ဒါပေမဲ့ တ ကယ့်တကယ်မှာ လေးဘီလီယံကျော် ခဲ့တယ်။ အခုနှစ်မှာလဲ ယခင်နှစ်ထက် ပိုဝင်နိုင်တဲ့အတွက် ငါးဘီလီယံမှန်း တယ်။ အခု ဧပြီ ၁ရက်ကနေ သြဂုတ် ၃၁ ရက်အထိ သုံးဘီလီယံကျော်သွား ပြီ'' ဟု ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအား ငါးဘီလီယံ နီးပါး ဝင်လာမည်ဟုခန့်မှန်းထားပြီး ငါးလ တာကာလတွင်း သုံးဘီလီယံကျော် နေပြီဖြစ်ကြောင်း ယင်းက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုအခြေအနေအား ကြည့်မည်ဆိုပါက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် နယ်ပယ်စံမှ အမေ ရိကန်ဒေါ်လာ သန်း ၃ဝဝသာ ဝင် ရောက်ခဲ့သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ပြုပြင်ပြောင်းလဲရေးများပြုလုပ် ပြီးနောက်ပိုင်း မြန်မာနိုင်ငံအား နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တစ်ဘီလီယံကျော် အောင်ပြုလုပ်မည်ဟု ရည်မှန်းထား ခဲ့ပြီး ဘဏ္ဍာနှစ်အကုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ် လာ ၁ဒသမ ၄၁၉ဘီလီယံကျော် ဝင် ရောက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများတိုးတက်လာခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင် သည့် အထူးစီးပွားရေးဇုန်များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ယခင်နှစ် ထက် သုံးဆတိုးမှန်းခဲ့ပြီး ယင်းဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၄ဒသမ ၁ဝ၇ ဘီလီယံ ဝင်ရောက်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံရန် နိုင်ငံအသီးသီးမှစိတ်ဝင် စားမှုများပြားလာခြင်းကြောင့် ယခု ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ နိုင်ပြီး ရည်မှန်းထားသည်ထက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ရောက် နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက် နေခြင်းသည် ဆက်သွယ်ရေးလုပ်ငန်း မှဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံထား သည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

TheYangonTimes‬

မိုဘိုင်းဖုန်း ပြိုင်ပွဲကြီး စပြီ

ပွဲ ကတော့ စပါပြီ။ မြန်မာနိုင်ငံရဲ့ သုံးစွဲသူ သန်းပေါင်းဆယ်ချီ များပြားတဲ့ မိုဘိုင်းဖုန်း ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်ဖို့ မြန်မာ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖုန်း အော်ပရေတာ ကုမ္မဏီများအကြား ပြိုင်ဆိုင်မှု အရှိန်မြှင့်တက်လို့ လာနေပါပြီ။

ကာတာ အခြေစိုက် အော်ရီဒူး မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္မဏီက အရင်လမှာ သူတို့ ရဲ့ မိုဘိုင်းဖုန်း ကွန်ရက် တွေ စတင်ဖွင့်လှစ် အသုံးပြု ခဲ့ပြီး မြန်မာနိုင်ငံ မိုဘိုင်းဖုန်း အော်ပရေတာ လောကမှာ ပထမဆုံး လုပ်ကိုင်နိုင်တဲ့ နိုင်ငံခြား ကုမ္မဏီ ဖြစ်လာခဲ့ပါတယ်။ အဲဒီ နောက် အခုအပတ်တွင်းမှာ ပဲ မြန်မာပြည် ဆက်သွယ်ရေးကို ဆယ်စုနှစ်များစွာ လက်ဝါးကြီးအုပ်ထားခဲ့တဲ့ အစိုးရလုပ်ငန်းကနေ ကုမ္ပဏီတဖြစ်လဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က မိုဘိုင်း SIM ကတ်တွေ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ နော်ဝေကုမ္ပဏီ တယ်လီနောကလည်း ဈေးကွက်ထဲ စဝင်ဖို့ တာဆူနေပါပြီ။

MPT က ၁၅၀၀ ကျပ် (၁.၅ ဒေါ်လာ) တန်ဖိုးရှိတဲ့ တန်ဖိုးနည်း 3G SIM ကဒ်တွေ ကို တိုင်းပြည် တ၀ှမ်းမှာ ရှိတဲ့ မိုဘိုင်း ဖုန်းဆိုင်တွေကို ရောင်းချဖို့ ဖြန့်ဖြူးပေးတဲ့ နောက်မှာတော့ ရန်ကုန်မြို့ မိုဘိုင်းဖုန်းဆိုင်တွေ ရှေ့မှာ ဖုန်းကဒ် ၀ယ်ဖို့ တန်းစီ စောင့်နေကြတဲ့ လူတန်းရှည်ကြီး တွေကိုလည်း မြင်တွေ့ရလေရဲ့။ မှောင်ခိုဈေးကွက်လည်း ဖြစ်လာတယ်။

လာရောက်တန်းစီးသူ ဗိုလ်တထောင်မြို့နယ်က ဆိုက်ကားဆရာ ဦးရန်မြင့်က“ ကျနော်က ဆိုက်ကားဆွဲရင် တနေ့ကုန်လုပ်မှ ၃၀၀၀ လောက်ကို မနည်းရှာရတာ။ ဒီမှာ နေ့တ၀က်လောက် တန်းစီနိုင်ရင် တစ်သောင်းတန်းရတာ။ ဆိုက်ကား မဆွဲတော့ဘူး။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဆိုရင် တရက်တည်း တသောင်းခွဲအထိ ရဖူးတယ်”လို့ ပြောပြတယ်။

ဖုန်းတန်းစီ တိုးဝှေ့တဲ့ မလှမ်းမကမ်းမှာပဲ ဖုန်းကတ် တကတ်ကို တသောင်းနှုန်းနဲ့ လာရောက် ၀ယ်ယူသူ ဖုန်းပွဲစားများ ရှိပြီး MPT ဖုန်းကတ် ရောင်းချခွင့် မရှိတဲ့ ဖုန်းဆိုင်များကို ပြန်လည် ရောင်းချခြင်း ၊ နယ်မြို့များကို အဆက်အသွယ်များက တဆင့် ပြန်လည် ရောင်းချခြင်းတွေ ရှိနေပါတယ်။

မြောက်ဥက္ကလာ မြို့နယ်က ၄၁ နှစ်အရွယ်ရှိတဲ့ ကို မြင့်ဝင်း ရပ်ကွက်ထဲမှာ MPT ရဲ့ တန်ဖိုးနည်း SIM ကတ်တွေကို မဲနှိုက်ရပြီး မဲပေါက်မယ့် အချိန်ကို စောင့်နေစရာ မလိုတော့တဲ့ အတွက်လည်း အများကြီး စိတ်သက်သာရာရသွားပြီ လို့ပြောပါတယ်။

ယခင် စစ်အစိုးရ ရဲ့ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက်မှာ မြန်မာ့ကြေးနန်းနဲ့ ဆက်သွယ်ရေး က မိုဘိုင်းဖုန်းကဒ်တွေ ကို ကျပ်သိန်း ၅၀ ( ဒေါ်လာ ၅၀၀၀) အထိ ဈေးတင်ရောင်းချ ခဲ့ကြပါတယ်။ အရပ်သား အစိုးရ ဆိုပြီး နာမည်တပ်ထားတဲ့ အစိုးရသစ် တစ်ရပ် ၂၀၁၁ ခုနှစ်မှာ တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းမှာတော့  SIM ကဒ် ဈေးကို ၂၅၀၀၀၀ ၀န်းကျင်အထိ လျှော့ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မနှစ်က စတင်ပြီး တော့ MPT က လစဉ် လစဉ် တိုင်းမှာ ရပ်ကွက်တွေ အလိုက် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် SIM ကဒ်တွေ ကို မဲဖောက်တဲ့ စနစ်နဲ့ ရောင်းချခဲ့ပါတယ်။

MPT ဟာ ဂျပန်ကုမ္မဏီ ၂ခုဖြစ်တဲ့ KDDI Corporation နဲ့ Suimtomo Corporation တို့ရဲ့ လာမဲ့ ၁၀ နှစ်ကျော် ကာလ အတွင်း MPT ရဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေ အတွက် ဒေါ်လာ၂ ဘီလျံ ရင်းနှီးထောက်ပံ့ကူညီ သွားမဲ့ သဘောတူညီချက် မှာလက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်းမှာ မှ အခုလို တန်ဖိုးနည်း ဖုန်းကဒ် တွေ ကို လူထုတွေဆီ လွယ်လွယ်ကူကူ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချသွားနိုင်တာ ဖြစ်ပါတယ်။

MPT က ဒီလအတွင်းမှာ ပဲ SIM ကဒ်ပေါင်း ၇၀၀၀၀၀၀ ကျော်လောက်ရောင်းချသွား ဖို့ စီစဉ်ထားပြီး နှစ်ကုန်ပိုင်းမှာတော့ SIM ကဒ်ပေါင်း ၅သန်းထိ ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အော်ရီဒူးရဲ့ သာမန်ထက် အနည်းငယ် ဈေးပိုများ နေတဲ့ အင်တာနက်သုံးစွဲခ နဲ့ လိုင်းကောင်းကောင်း မမိတာတွေကြောင့်လည်း MPT ရဲ့ SIM ကဒ်ဘက်ကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

မြန်မာ နိုင်ငံ ထဲမှာ မိုဘိုင်းတယ်လီကွန် လုပ်ငန်း လုပ်ခွင့် လိုင်စင် ရရှိ ခဲ့တဲ့ ကုမ္မဏီ ၂ ခုထဲ က တစ်ခုဖြစ်တဲ့ အော်ရီဒူး ဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ သူတို့ရဲ့ ၁၅၀၀ ကျပ်တန် ဖုန်းကဒ်တွေ ကို စတင် ရောင်းချခဲ့ကြပါတယ်။ အဲဒီ အချိန်က စပြီး လက်ရှိ အချိန် အထိ SIM ကဒ်ပေါင်း ၁ သန်းခန့် ရောင်းချ ခဲ့ပြီး ဖြစ်တယ် လို့လဲ သိရပါတယ်။

“လူတွေ က အော်ရီဒူး ရဲ့ ဈေးနှုန်းတွေ ကို ကြည့်ပြီး အတော်လေး အံ့သြ ကုန်ကြတယ်။ ဟယ်လို လို့တစ်ခွန်းပဲ ပြော ရသေးတယ် ၁မိနစ်စာ ၃၅ ကျပ် က ပါသွားပြီ။ အင်တာနက်လိုင်းကတော့ MPT ထက်ကောင်းပါတယ်။ ဒါပေမဲ့လည်း ဈေးက တော့ အဆင်မပြေ လှဘူး” လို့ မကွေးတိုင်း က အလွတ်တန်း သတင်းထောက် တစ်ဦးဖြစ်သူ ကိုဝင်းကြည် က ပြောပါတယ်။

ရန်ကုန်မြို့ လူကြီးမင်း ဖုန်းဆိုင် ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ကိုပြည်စိုးထွန်း က အော်ရီဒူး ဖုန်းကဒ်တွေ စရောင်း တော့ ကြိတ်ကြိတ်တိုး ရောင်းချ ခဲ့ရတယ်လို့ပြောပါတယ်။ “လူတွေ က အော်ရီဒူးနဲ့ ပတ်သက်ပြီး တော်တော် မျှော်လင့်ထားကြတယ်ဆိုတော့ ထွက်ပြီ ဆိုတာနဲ့ တိုးကြိတ်ပြီး ၀ယ်ကြတော့တာပဲ။ ၀ယ်ပြီး တော့မှ လိုင်းက မမိဘူးဆိုတော့ လူတွေ လည်းစိတ်ပျက်ပြီး အဲဒီအချိန်မှာပဲ MPT ကလည်း ဖုန်းကဒ်တွေ ကို ထုပ်ရောင်းတော့တာ” လို့ ပြောပြခဲ့ပါတယ်။ သူ က သူတို့ လူကြီးမင်းဆိုင်ခွဲ ၂၅ ဆိုင်အတွက် MPT က ဆင်းကဒ် ၆၅၀၀ ချပေးခဲ့ပြီး အားလုံး တစ်ရက်အတွင်းမှာ ပဲ ရောင်းကုန်သွားတယ် လို့ ဆိုပါတယ်။

“မြန်မာ ပြည်က ၀ယ်သူတွေ က ဈေးကိုပဲကြည့်တာများတယ်။ သူတို့တွေ က သုံးတဲ့ အချိန်နဲ့ တွက်ပြီးကောက်တဲ့ အင်တာနက်သုံးစွဲခ နဲ့ ရင်းနှီးသွားပြီး ဆိုတော့ သုံးတဲ့ ပမာဏနဲ့ ကောက်တဲ့ အပေါ် ကျတော့ စိမ်းနေပြီး မကြိုက်ကြဘူး။ စနစ် ၂ မျိုးလုံးမှာတော့ အားသာချက် အားနည်ချက်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သူက အော်ရီဒူး ရဲ့ အင်တာနက် မြန်နှုန်း က MPT ထက်သာပေမယ့် သူတို့ရဲ့ Network Coverage မကောင်းမွန်တာတွေကြောင့် ဝေဖန်မှုတွေ ခံနေရတယ်လို့လည်းပြောခဲ့ပါတယ်။ “ဖုန်းသုံးတဲ့သူတွေ ကတော့ ရောက်ရာ နေရာကနေ ဖုန်းဆက်ချင်ကြမှာပဲ။ အဲဒါက သုံးစွဲသူတွေရဲ့ ပထမ ဦးစားပေးပေါ့။ MPT ကအဲဒီ အချက်နဲ့ ကြည့်ရင် လူတွေ လက်ခံ နိုင်တယ် ဘာလို့လဲ ဆိုတော့ MPT ဖုန်းတွေ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်းကောင်းသုံးလို့ ရနေတာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။

မန္တလေးတိုင်း မတ္တရာ မြို့ Mobile Corner ဖုန်းအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မဖြူသဲမွန် ဆိုသူကလည်း သူတို့ ဆိုင်ရဲ့ အော်ရီဒူး ဖုန်းကဒ်ရောင်းအား တွေ က လိုင်းမမိတဲ့ အတွက် သိသိသာသာ ကျသွားတဲ့ အကြောင်းပြောပြပါတယ်။

“လူတွေ က အော်ရီဒူးအပေါ်မှာ တော်တော် မျှော်လင့်ထားပြီး ထွက်လာတော့ ထင်သလို ဖြစ်မလာလို့ ဆိုပြီး MPT ဘက်ကို စိတ်ပါသွားကြတယ်။ MPT က Network လည်းလုံလုံ လောက်လောက်ရှိပြီးသားလေ” ဆိုပြီး လူကြီးမင်း ဖုန်းဆိုင်ရဲ့ မကွေးတိုင်း ဆိုင်ခွဲ က မန်နေဂျာဖြစ်သူ မနှင်းဝေလွင် က ပြောပြ ပြန်ပါတယ်။

အော်ရီဒူးက လုပ်ငန်းစတင် လည်ပတ်ချိန်မှာ သူတို့ရဲ့ 3G ကွန်ရက် က သုံးစွဲသူ သန်းပေါင်း ၇.၈ သန်းကို လုံလုံလောက်လောက် ပေးနိုင်မယ် ဆိုပြီး ပြောခဲ့ပေမယ့် အခုအခါ သုံးစွဲသူ ၉ သန်းကျော် အထိ ရှိနေပြီးဖြစ်ပါတယ်။ အော်ရီဒူး ကုမ္မဏီ ဟာ ရန်ကုန်မြို့အတွင်း တာဝါတိုင် ၂၀ ရှိပြီး မကွေးတိုင်း သရက်မြို့ ၊ ပဲခူးတိုင်း ရှိ သာယာဝတီ နဲ့ တောင်ငူ မြို့ ၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင် လည်း ကွန်ယက်များ ဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။

“၀ယ်လိုအားတွေ များတဲ့အတွက် အဆင်မပြေတာတွေ ရယ်၊ ရန်ကုန်မြို့လယ် ဧရိယာတွေ မှာ Network နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ နည်းပညာတွေ ကိုလည်း ပြင်ဆင်ပြီး တော့ ၀န်ထမ်းတွေ ကိုလည်း သေချာ စီစစ်ပြီး ခန့်ထားပြီးပါပြီ။ အခုဆိုရင် ဒီ စိန်ခေါ်မှုတွေကို ကျနော်တို့ ကောင်းကောင်းရင်ဆိုင် နိုင်တော့မှာပါ။ ပြီးတော့ ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက် ပိုပြီးကောင်းမွန်တဲ့ Network Coerage တွေကို ပေးနိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ အော်ရီဒူး မြန်မာ မှ အမှုဆောင်ချူပ်ဖြစ်သူ Ross Cormack က မကြာသေးခင်က ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုဆိုရင် ကာတာကုမ္မဏီ က ၁ မက်ဂါဘိုဒ် သုံးတိုင်း ၁၀ ကျပ် ကောက်ခံသွားမယ် ဆိုပြီး ပထမဈေးနှုန်း ဖြစ်တဲ့ ၁ မက်ဂါဘိုဒ် ကို ၂၅ ကျပ်ဆိုတဲ့ ဈေးနှုန်း ကိုပြင်ဆင်ခဲ့ပါတယ်။

MPT ကလည်း ၄င်းတို့ ရဲ့ မိုဘိုင်းသုံးစွဲသူများအတွက် ၅၀၀၀ ကျပ် ငွေဖြည့်ကဒ် ၀ယ်ယူပါက ၂၀ ရာခိုင်နှုန်း အပိုငွေ နှင့် ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကဒ် ၀ယ်ယူလျှင် ၃၀ ရာခိုင်နှုန်း အပိုငွေထည့်သွင်းပေးတဲ့ ပရိုမိုးရှင်း အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ပရိုမိုးရှင်း ကာလက စက်တင်ဘာ ၁၂ ရက်နေ့အထိပါပဲ။ အပြိုင်အဆိုင်များလာရင် ပရိုမိုးရှင်းတွေ ပိုလုပ်မယ့် အနေအထားပါပဲ။

စက်တင်ဘာ ၁၅ မှာ SIM ကတ်တွေ စရောင်းဖို့ ကြော်ငြာထားတဲ့ တယ်လီနောကတော့ အောက်တိုဘာ ၅ ရက်မတိုင်မီဆိုပြီး ရက်ထပ်ရွှေ့ပါတယ်။ ကတ်တွေ ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ၀န်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးလို့ ဆိုပြီး သိရပါတယ်။

ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ တာဝါတိုင်ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေ ကြုံရလို့ နှောင့်နှေးရတာလို့ ဆိုပါတယ်။ ခုလို ကိစ္စမျိုး MPT က ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောတယ်လို့ ဒီဗွီဘီသတင်းတပုဒ်က ရေးပါတယ်။

လေ့လာသူတွေအဆိုအရ MPT ဟာ ဈေးကွက်မှာ အထိုင်ကျပြီးသားဖြစ်သလို ဂျပန်ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ သူ့ဝန်ဆောင်မှုကို ပိုကောင်းလာအောင် လုပ်နိုင်တာမို့ ကျန်ကုမ္ပဏီတွေလောက် အခက်အခဲ မတွေ့ဘဲ ပြိုင်ဆိုင်မှုမှာ အသာစီးအနေအထားလို့ ဆိုကြပါတယ်။ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ အော်ရီဒူး၊ တယ်လီနောနဲ့ MPT ကုမ္ပဏီ တွေနဲ့ အပြိုင်လုပ်လာကြတာမို့ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာတွေများ လာမှာ အသေအချာပါပဲ။

“သုံးစွဲသူတွေအတွက်တော့ ရွေးစရာ ရှိသွားတာပေါ့။ ပြီးတော့ ဈေးကွက်မှာလည်း အပြိုင်အဆိုင် ရှိလာတာပေါ့။ Package plan တွေ ထပ်ပြီး ရှိလာ ဦးမှာပါ။ အရင်ကတော့ MPT က ဈေးကွက်မှာ သူတို့ကြိုက်သလို ကြီးစိုးခဲ့ပေမဲ့ အခုတော့ အပြိုင်တွေ ပေါ်လာပြီဆိုတော့ ၀န်ဆောင်မှုကောင်းကောာင်းပေးမှ ရတော့မယ်” လို့ လူကြီးမင်း ဖုန်းဆိုင်မှ မန်နေဂျာဖြစ်သူ ပြည်စိုးထွန်းကပြောသွားခဲ့ပါတယ်။

ဧရာဝတီ  Blog

မနာလို သ၀န်တိုရာမှ ထိုင်းကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် စုံတွဲ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်


စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် ကမ်းခြေ ပါတီပွဲတွင် အသတ်ခံခဲ့ရသူနှစ်ဦး အနက် ဒေးဗစ်မေလာ၏ သူငယ်ချင်း များဖြစ်သော ခရစ်နှင့် ဂျိမ်းစ်ဝဲဆိုသူ ဗြိတိန်ညီအစ်ကိုနှစ်ဦးကို ရဲများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် မိန်းကလေး ဟန်နာနှင့် အသက် ၂၄ နှစ်ရွယ် ဒေးဗစ်တို့သည် ကမ်းခြေကျောက် ဆောင် တစ်ခုအနီး တွင် ပေါက်တူး တစ်လက်ဖြင့် ရက်ရက်စက်စက် အသတ်မခံရမီ နာရီအနည်းငယ်က တွေ့ခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှူး ရာချွန်ရောင်သောင်က ပြောကြားသည်။

ဟန်နာနှင့် ဒေးဗစ်တို့သည် အသတ်မခံရမီ နာရီအနည်းငယ်က လိင်ဆက်ဆံခဲ့ကြပြီး ဟန်နာတွင် ဗလက္ကာရပြုခံရသည့် အထောက်အထား မတွေ့ရကြောင်း ဒီအင်န်အေ စစ်ဆေးချက်များတွင် ဖော်ပြထားသည်။

မနာလိုမှုတစ်ခုကြောင့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်တို့ အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ခိုတောင်ကျွန်းရဲမှူး ပရာချွန်ရောင်သောင်က သုံးသပ်ထားသည်။

“မနာလိုမှုတစ်ခုခုကနေပြီး လူသတ်မှုအထိ ဖြစ်သွားတယ်လို့ ကျွန်တော်ကတော့ ယူဆထားပါတယ်” ဟု ရောင်သောင်က ပြောကြားသည်။

ရဲတပ်ဖွဲ့က အဆိုပါ ညီအစ်ကိုနှစ်ဦး၏ ဒီအင်န်အေနမူများကို စစ်ဆေးလျက်ရှိရာ အဖြေမထွက်မီ ထိုင်းနိုင်ငံမှ ထွက်ခွာသွားမည်မဟုတ်ကြောင်း ၎င်းတို့နှစ်ဦးက သဘောတူထားသည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးကို ရဲတို့က ဖမ်းဆီးမထားသော်လည်း သံသယရှိသူများအဖြစ် စောင့်ကြည့်ခံ ထားရသည်။

ဒေးဗစ်၏ အဆုတ်အတွင်း ရေတွေ့ရသောကြောင့် ၎င်း၏ အလောင်းအား ကမ်းခြေပေါ်သို့ ပြန်ဆွဲမလာခင် ကမ်းစပ်တွင် တိုက်ခိုက်မှုတစ်ခုခု ကို ဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း သေမှုသေခင်းစစ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုစစ်ဆေးနေသည့် ညီအစ်ကိုနှစ်ဦးအနက်မှ ခရစ်၏ လက်တွင် ဒဏ်ရာများတွေ့ရှိခဲ့မှုအပေါ် စစ်ဆေးခဲ့ရာ ခရစ်က မီးပုံပါတီတွင် ဒဏ်ရာ ရခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ရာ ရဲများက လက်ခံခဲ့ပြီး ပထမတစ်ကြိမ်က လွှတ်ပေးလိုက်သည်။

ခရစ်၏ သူငယ်ချင်းတစ်ဦးက “ကျွန်တော်ခရစ်နဲ့ နှစ်ပေါင်းများစွာ သိလာသူပါ။ သူက ဒေးဗစ်မေလာနဲ့ အရမ်းရင်းနှီးပါတယ်။ သူ့အနေ နဲ့ ဒေးဗစ်မေလာနဲ့ ကောင်မလေးကို သတ်မယ်တော့ မထင်ဘူး” ဟု ပြောကြားခဲ့သည်။

လက်သမားတစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် ခရစ်နှင့် အသက် ၂၇ နှစ်အရွယ် ၎င်း၏အစ်ကို မိလ္လာပိုက်ပြင်သမား ဂျိမ်းစ်တို့သည် တစ်မြို့ တည်းသားများဖြစ်ပြီး ခရစ်နှင့် သေဆုံးသွားသူ ဒေးဗစ်တို့ သည် ငယ်သူငယ်ချင်းများဖြစ်ကြောင်း သိရသည်။

၎င်းတို့ သူငယ်ချင်းအုပ်စုသည် ဟန်နာတည်းခိုသည့် Ocean View ဘန်ဂလို၌ ပင် တည်းခိုခဲ့ကြ ကြောင်း သိရသည်။

ခိုတောင်ကျွန်းတည်ရှိသော ဆူရတ်သနီခရိုင် ရဲချုပ် ကိုင်တီပေါင်ခွာဆာမန်က “ဒေးဗစ်အနေဖြင့် ဟန်နာအား ဗလက္ကာရပြုရန် ကြိုးပမ်းသူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ဟန်နာက အော်ဟစ်ခဲ့သောကြောင့် သတ်ပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

ဟန်နာ၏ ညာဘက်လက်အတွင်း တွေ့ရှိရသည့် ဆံပင်များကို ဒီအင်န်အေ စစ်ဆေးနေကြောင်း သိရသည်။

ရဲများက သွေးစွန်းနေသော ခရစ်၏ ဘောင်းဘီတစ်ထည်နှင့် အမျိုးသမီးဆံပင်ချည်ကပ်နေသော iPhone တစ်လုံးကို ဒေးဗစ်၏ ခရီးဆောင် အိတ်အတွင်း တွေ့ခဲ့ရကြောင်းလည်း ရဲများက ပြောကြား သည်။

ယခုအခါ ၎င်းတို့ ညီအစ်ကိုအား စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ယောက်တို့၏ ဒီအင်န်အေ နမူနာများကိုလည်း စစ်ဆေးနေပြီး စက်တင်ဘာ ၁၈ ရက်တွင် အဖြေထွက်နိုင်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ခြောက်ဦးတို့သည် အခင်းဖြစ်ပွားခဲ့စဉ်က အဆိုပါပတ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး ၎င်းတို့၏ အ၀တ်အစား အချို့တွင် သွေးများစွန်းထင်နေကြောင့် သံသယရှိသူများအဖြစ် သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

Ref:The Mirror

ဆီးရီးယားသူပုန်ကို စစ်ရေးကူဖို့ အမေရိကန်လွှတ်တော် သဘောတူ


အမေရိကန်အနေနဲ့ ဆီးရီးယားမှာရှိတဲ့ သဘောပျော့ပြောင်းတဲ့ သူပုန်တွေကို သင်တန်းပေးပြီး လက်နက်ထောက်ပံ့ဖို့ ရီပတ်ပလစ်ကန် လွှမ်းမိုးတဲ့ အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။

သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားသူပုန်တွေကို အကူအညီပေးရေး ဒီအဆိုကို မနေ့ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပြီး၊ ထောက်ခံမဲ ၂၇၃ မဲ၊ ကန့်ကွက်မဲ ၁၅၆ မဲနဲ့ အတည်ဖြစ်ခဲ့တာပါ။ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ အထက်လွတ်တော်မှာတော့ အခု ကြာသာပတေးနေ့မှာ ဒီအဆိုကို မဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ သဘောထား ပျော့ပြောင်းတဲ့ သူပုန်တွေအနေနဲ့ IS အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နိုင်ဖို့ သမ္မတအိုဘားမားက လိုလားနေတာပါ။

IS အဖွဲ့ဟာဆိုရင် အီရတ်မြောက်ပိုင်း အတော်များများကို သိမ်းယူ ထိန်းချုပ်ထားသလို၊ ဆီးရီးယားနိုင်ငံတွင်း အစိတ်အပိုင်း အတော်များများကိုလည်း သိမ်းယူထားပါတယ်။ အခု အဆိုပြုချက်ဟာဆိုရင် အီရတ်အပြင် အစွန်းရောက်တွေရှိနေတဲ့ နေရာတွေကို စစ်ဆင်ဖို့အတွက် သမ္မတအိုဘားမားရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ အခုလို မဲမခွဲခင်လေးမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ အထက်လွှတ်တော် ကော်မတီတခုမှာ IS အစွန်းရောက်တွေ နှိမ်နင်းရေးနဲ့ပတ်သက်လို့ ကြားနာစစ်ဆေးမှု ခံယူပါတယ်။ IS ကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာလေကြောင်း တိုက်ခိုက်မှုတွေကြောင့် သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားသူပုန်တွေကို အထောက်အကူ ဖြစ်စေတယ်လို့ မစ္စတာ ကယ်ရီက အဲဒီ ကြားနာပွဲအတွင်း ပြောခဲ့ပါတယ်။

အခုလို စစ်မြေပြင်က အောင်ပွဲတွေကြောင့် သဘောထားပျော့ပြောင်းတဲ့ သူပုန်တွေကို စည်းရုံးနိုင်လိမ့်မယ်လို့လည်း သူက ခန့်မှန်းပြောခဲ့ပါတယ်။

VOA

ယူကရိန်းစစ်ရေးတပ်လှန့်


ရုရှားနယ်စပ်အနီးမှာ ယူကရိန်းတပ်တွေကို တိုက်ပွဲဝင် အသင့်အနေအထား ဆက်ရှိနေဖို့ဆိုပြီး ယူကရိန်းက အမိန့်ထုတ်ထားပါတယ်။ နယ်စပ်အနီး ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ ဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြယ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် အခုလို တပ်လှန့်ခဲ့တာပါ။

သူပုန်တွေ ထိန်းချုပ်ထားရာ Donetsk ဒေသမှာ လူနေရပ်ကွက်ကို ဒုံးကျည်ထိမှန်ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခွဲထွက်ရေးသူပုန်တွေဘက်က ကြေညာသလို၊ အနီးအနားမြို့နားက တိုက်ပွဲတခုမှာလည်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ကြေညာပါတယ်။

အဲဒီနောက်မှာပဲ ၀န်ကြီးချုပ် Arseniy Yatsenyuk က အခုလို တပ်အသင့်အနေအထား ဆက်ရှိနေဖို့အမိန့် ဗုဒဟူးနေ့မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားရာဒေသဖြစ်တဲ့ Donesk နဲ့ Lunhansk ဒေသတွေမှာ သူပုန်တွေဘက်က ယာယီ ကိုယ်ပိုင်အုပ်ချုပ်ရေးဆောင်ရွက်ဖို့ ယူကရိန်းပါလီမန်ကနေ အင်္ဂါနေ့က မဲခွဲအတည်ပြုပြီးတဲ့နောက်၊ အခုလို အထိအခိုက်တွေ ပထမဆုံး ကြားရတာပါ။

ယာယီ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပြီး၊ သူပုန်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့တာဟာ ၅ လကြာ စစ်ပွဲတွေအတွင်း ယူကရိန်းဘက်က အကြီးမားဆုံး ငြိမ်းချမ်းရေး အစပျိုးမှုဖြစ်ပါတယ်။

VOA

လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားသရုပ်ဆောင် လီဂျင်ဝတ်နဲ့ ကောင်ဟိုဂျင်း


ကိုရီးယားသရုပ်ဆောင် မင်းသားနှင့် မင်းသမီးများဖြစ်ကြ သော လီဂျင်ဝတ်နှင့် ကောင်ဟို ဂျင်းတို့ လမ်းခွဲလိုက်ပြီဟု တရား ၀င် အတည်ပြုသတင်းထုတ်ပြန် လိုက်သည်။

လီဂျင်ဝတ်ကို ဆက်သွယ် ပြီးနောက် ၎င်းနှင့် ကောင်ဟိုဂျင်း တို့မှာ မကြာမီက စုံတွဲအဖြစ်မှ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ဦး၏အ နာဂတ်ကို တစ်ဦးက အားပေးခဲ့ ကြသည်ဟု လီဂျင်ဝတ်၏ အေ ဂျင်စီ Will Entertainment က ပြောသည်။

ကောင်ဟိုဂျင်း၏ အေဂျင်စီ ကလည်း မင်းသားနှင့် မင်းသမီး လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနှင့် ယင်းမှာ ပုဂ္ဂိုလ်ရေး အကြောင်းပြ ချက်များကြောင့်ဖြစ်၍ နားလည် စေလိုကြောင်း ထုတ်ပြန်သည်။

လီဂျင်ဝတ်နှင့် ကောင်ဟို ဂျင်းတို့ တွဲသွားတွဲလာရှိနေသည် ကို မေလ ၂၉ ရက်က အတည်ပြုခဲ့ ပြီးနောက် လူအများ ပိတ်ပင်ထား ခဲ့ကြပြီး သုံးလအကြာတွင် လမ်း ခွဲခဲ့ကြခြင်းဖြစ်သည်။

kPop News

အယ်လ်ခိုင်ဒါကို တားနိုင်စွမ်း အပြည့်ရှိဟု ရဲတပ်ဖွဲ့ပြော


အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုကို တားဆီးတုံ့ပြန်နိုင်သည့် လုံခြုံရေးအင်အား အပြည့်အဝရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
ရန်ကုန်တိုင်း၊ ပျဉ်းမပင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်ရင်း (၈) တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို လူစုလူဝေးနှင့် အကြမ်းဖက်မှုများအား နိုင်ငံတကာစံနှုနှင့် ကိုင်တွယ်စီမံခြင်း သင်တန်းပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“အထက်က ညွှန်ကြားမှဆိုတာထက် လုံခြုံရေးကို နဂိုကတည်းက အဓိကထားလုပ်နေတာပါ။ အခုရဲတပ် ဖွဲ့မှာ အကြမ်းဖက်အဖွဲ့တွေကို တားဆီးတုံ့ပြန်ဖို့ လုံလောက်တဲ့ အင်အားနဲ့ လုံခြုံရေးတွေကို ဆောင်ရွက် ထားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတကာ သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ အဖွဲ့အစည်း (Information Exchange) နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နေ့စဉ် နိုင်ငံတကာ အကြမ်းဖက်မှုသာမက လုံခြုံရေး သတင်းအချက်အလက်များကို မျှဝေဆောင်ရွက်နေသည်ဟု ရဲမှူးချုပ် ဝင်းခေါင် က ပြောသည်။

အိန္ဒိယနိုင်ငံ၌ အဖွဲ့ခွဲတစ်ခု ထူထောင်ထားသည်ဟု အယ်လ်ခိုင်ဒါ ခေါင်းဆောင် အယ်လ်ဇဝါဟရီက စက်တင်ဘာ ၃ ရက်တွင် ကြေညာခဲ့ပြီး မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ထို့နောက် စက်တင်ဘာ ၁၄ ရက်တွင် ပါကစ္စတန် စစ်သင်္ဘောတစ်စင်းကို အယ်လ်ခိုင်ဒါတို့ တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရပေ။

ရဲမှူးချုပ် ၀င်းခေါင်ကမူ လေကြောင်း ရဲတပ်ဖွဲ့အပြင် အခြားသော ဆက်စပ်တပ်ဖွဲ့ဝင်တို့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောသည်။ ထို့ပြင် ပြည်သူတို့ ပူးပေါင်းပါဝင်ပါက လုံခြုံရေးကို ပိုမိုအား ကောင်းစေမည်ဟု ဆိုသည်။

အကြမ်းဖက်မှုများကို တားဆီးတိုက်ခိုက်နိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုသော်လည်း ရခိုင်ပြည်နယ်၊ ဒုချယားတန်း အရေးအခင်းအပြီး မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင် သွားရောက်စုံစမ်း သုံးသပ်ရာတွင် ရဲတပ်ဖွဲ့၌ ခေတ်မီလက်နက်တပ်ဆင်ရန် လိုနေသည်ဟု အကြံပြုထားသည်။

“ရဲနဲ့ ဘင်္ဂါလီတို့ အခင်းဖြစ်တဲ့အချိန်မှာ လူစုခွဲဖို့ သေနတ်ကို ကျည်ထိုးပြီး မိုးပေါ်ထောင်ပစ်ခိုင်းတော့ ကျည်မထွက်ဘူး” ဟု ဒုချရားတန်းအလယ်ရွာ ပဋိပက္ခနှင့်ပတ်သက်ပြီး ရဲမှူးချုပ်နှင့် ပြည်နယ်ဝန်ကြီး တစ်ဦးကို မေးမြန်းချက်ကို ကိုးကားကာ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်နှင့် အဆင့်မြှင့်တင်ရေးကို ဥရောပသမဂ္ဂ (အီးယူ) က ကူညီ ဆောင်ရွက်နေပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာမှ ၂၀၁၅၊ မတ်အထိ ၁၈ လကြာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးကို စနစ်တကျ ထိန်းသိမ်းခြင်းအပိုင်းများ အုပ်ချုပ်ရေးနှင့် တာဝန်ယူမှုစသည် တို့ကို ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) အသုံးပြု ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Mizzima