ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.6.13

ဦးနေမျိုးဝေမှ ဂုဏ်သိက္ခာကျဆင်းမှုအတွက် ဇေကမ္ဘာဦးခင်ရွှေအား ပုဒ်မ၅၀၀ဖြင့်တရားစွဲဆို

ဦးနေမျိုးဝေမှ ဂုဏ်သိက္ခာကျဆင်းစေမှုအတွက် ဇေကမ္ဘာဦးခင်ရွှေအား ပုဒ်မ၅၀၀ဖြင့် တရားစွဲဆိုမှုကို ဒဂုံ တရားရုံးမှာ မေလ၃၀ရက်နေ့က လက်ခံခဲ့ကြောင်း ဦးနေမျိုးဝေက ဇွန်လ(၁)ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါ ဇေကမ္ဘာဦးခင်ရွှေမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းတွင်လယ်ယာမြေစုံစမ်းစစ်ဆေးရေး
ကော်မတီနှင့် တွေ့ဆုံပွဲ၌ ၄င်းမှာ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် မိမိပိုင်နက်ထဲဝင်လာပါက ရိုက်နှက်မည်ဟူ
သော စကားမှာ ဥပဒေမဲ့သည့်အတွက် ဥပဒေနှင့် တရားစွဲလို့ရတယ်ဆိုတဲ့အကြောင်း ပြောဆိုထားမှုအပေါ် ဂုဏ်သိက္ခာကျဆင်းစေသည့် ပုဒ်မ၅၀၀ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးနေမျိုးဝေကပြောကြားခဲ့သည်။
"ပုဒ်မ ၅၀၀ နဲ့တရားစွဲတဲ့အမှုကို တရားရုံးကမနေ့ကပဲ လက်ခံခဲ့ပါတယ်၊ သူကလည်းကျနော့်ကိုပုဒ်မ၅၀၀နဲ့ စွဲခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါဘူး"ဟု ၄င်းကဆိုသည်။ယင်းရုံးချိန်းကိုဇွန်လ ၃၀ရက်နေ့သို့ ချိန်းဆိုထားပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ Ref:ပြည်သူ့ဆန္ဒ

ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံသို့ တရားဝင်သွားရောက်သူများကို တရုတ်ရဲများက ဖမ်းဆီးမှုများ ဖြစ်ပေါ်

  
ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရုတ်နိုင်ငံသို့ တရားဝင်သွားရောက်သူများကို တရုတ်ရဲ များမှ  ဖမ်းဆီးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မူဆယ်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ဂိတ်ပေါက်များမှ တဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ မှ ၇၀၀၀ ကြား ထွက်ခွါလျက်ရှိကြောင်း သိရှိရသည်။
  နယ်စပ်ဖြတ်ကျော်လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ဝန်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ်ထရီစက်ရုံနှင့် လျှပ်စစ် ပစ္စည်းစက်ရုံများတွင် အများစုလုပ်ကိုင်ကြောင်း၊ ဝင်ငွေအနေဖြင့် ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ကြား ပျမ်းမျှရကြောင်းသိရှိရသည်။
  လူဝင်မှုနှင့် ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာ မူဆယ်ခရိုင်ဦးစီးအရာရှိ ဦးမင်းဆွေမှ "လူကုန်ကူ အဖွဲ့တို့၊ လဝက အဖွဲ့တို့နဲ့ တရုတ်အဖွဲ့တွေ နှစ်နိုင်ငံ အစည်းအဝေးလုပ်တိုင်း ကျွန်တော်တို့ ဘက်ကပြောတဲ့အတွက် တရုတ်နိုင်ငံအတွင်း မကြာမီကာလမှ နိုင်ငံခြားသားအလုပ်သမားကာ ကွယ်စောင့်ရှောက်ရေး ရုံးတစ်ရုံးကို ဖွင့်ပေးမယ်လို့ပြောတယ်။ အဲ့လိုဖွင့်ပေးရင် မြန်မာအလုပ်သမားတွေ အတွက် တော်တော်ကောင်းသွားပြီး ဒီကသွားတဲ့ သူတွေကို အဲ့ဒီရုံးမှာ အအလုပ်လုပ်ခွင့် စာအုပ် ထုတ်ပေးဖို့ ပြောထားတယ်"ဟု ပြောကြားခဲ့ပါသည်။ အလားတူပင် မြန်မာနိုင်ငံဘက်မှာလည်း တရုတ်နိုင်ငံ အတွင်း အလုပ်သမားရုံးတစ်ရုံး ဖွင့်လှစ်ပေးကာ မြန်မာအလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးမှု များပြု လုပ်သင့်ကြောင်း တရုတ်နိုင်ငံရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်နေသူများ က ဆိုသည်။

burmeseclassic.com

မသေခင် ဆန္ဒတစ်ခုအတွက် စောင့်ဆိုင်းနေသူ သနားစရာ ကင်ဆာဝေဒနာသည်


  "ပန်းကရိယ" ကင်ဆာဖြင့် နေဝင်ချိန်အား စောင့်ဆိုင်းနေရသော သနားစရလူနာ အဖိုးအိုတစ်ဦးမှာ သူ၏ပျောက်ဆုံးနေသော ခွေးကလေးအား လိုက်လံရှာဖွေပေးရန် မျှော်လင့်ကြီးစွာ စောင့်စားနေကြောင်း "ရာဟူးလ်" သတင်းတွင် ထုတ်ပြန်ကြေငြာထားသည်။
  "ဂျွန်ဆင်ဆွန်"ဆိုသူသည် ကင်ဆာဝေဒနာရှင်တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း က ပျောက်ဆုံးနေသော သူ၏ချစ်စရာခွေးကလေးအား မသေဆုံးခင် တွေ့ချင်လွန်ကြောင်း တဖွဖွအကူအ ညီတောင်းနေသည်ဟု ဆိုပါသည်။ ရောဂါဝေဒါနာကြောင့် သူငယ်ချင်းဖြစ်သူထံ အကူအညီတောင်း ကာ ခွေးလေးအား အပ်နှံထားခဲ့ရာမှ ယခုကဲ့သို့ မတော်တဆ ပျောက်ဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
  "ဂွှန်"၏မသေဆုံးခင် တစ်ခုတည်းသောဆန္ဒမှာ ခွေးကလေး'ကရုတီ'ကိုသာ တွေ့ချင်သည်ဟု သနားစရာ တသသ ပြောဆိုနေကြောင်း သတင်းတွင် ရေးသားဖော်ပြထားသည်။


ရင်သွေးတနာလေးလိုချင်နေရှာသော သဇင်



No အဖွဲ့နဲ့အတူ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားသူ အဆိုတော်၊ သရုပ်ဆောင်သဇင်က "ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ" တစ်ကိုယ်တော်အဆွေနဲ့လည်း အောင်မြင်မှုတွေကို ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ အဆိုတော် သရုပ်ဆောင်သဇင်ရဲ့ ဖူးစာဖက်ဖြစ်သူ ကိုသက်နိုင်အောင်ဇေယျာနဲ့အတူ တည်ငြိမ်အေး ချမ်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့ပါတယ်။ သဇင်ရဲ့ ရင်သွေးရတနာလေးကို ဘယ်အချိန်မှာ ယူဖြစ်မလဲလို့ မေးကြည့်တဲ့ အခါမှာတော့ "သားသမီး ယယူဖို့ အစီအစဉ် ရှိပါတယ်၊ လိုလည်းလို ချင်ပါတယ်၊ သဇင့်မှာ ရင်သွေးရှိလာရင်လည်း ပရိတ်သတ်ကို အသိပေးမှာပါ"ဟု သူမရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပြသစ်မိုရက်စ်၏ ဆန္ဒ


မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုရက်စ်က ရိုနယ်ဒိုကို ဖာဒီနန်နုတ်ဆက်ပွဲမတိုင်မှီ ၆၅သန်းဖြင့် ပြန်လည်ခေါ်ယူရန် အလိုရှိနေသည်ဟုThe Sun သတင်းစာမှဖော်ပြသွားပါသည်။

ဒေါ့မွန်အသင်းရဲ့ မန်ယူအပေါ်ရာဇသံ


မန်ယူအသင်းမှ ဆန္ဒရှိပါက ဒေါ့မွန်ရဲ့ဂိုးသွင်းစက် လီဝန်ဒေါစကီးအား စတာလင်ပေါင်၂၅.၅သန်းပေးမယ်ဆိုရင်ခေါ်ယူနိုင်တယ်ဟုမန်ချက်စတာယူနိုက်တက်ကိုအသိပေးလိုက်သည့်ဘိုရုစီးယားဒေါ့မွန်!!!

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

နေပြည်တော် ဇွန် ၁၂
၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်တွင် ကျရောက်သော ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ (၁၁၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတမစ္စတာ ဘီနင်နို အကွီနို(၃) ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ် လွှာ ပေးပို့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရုရှားနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာပေးပို့

နေပြည်တော် ဇွန် ၁၂
၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်တွင် ကျရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမီယာ၊ဗွီ၊ ပူတင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
အလားတူ ၂၀၁၃ ခုနှစ် ဇွန် ၁၂ ရက်တွင် ကျရောက်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဒီမီထရီ၊အေ၊ မက်ဗီဒက်ဗ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။


 နိုင်ငံတော်သမ္မတရုံး

SNLD နှင့် RCSS တို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ ရှမ်းတိုင်းရင်းသားများအတွက် ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၂ ရက်နေ့ ၌ ဆွေးနွေးမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Voice သို့ ပြောကြားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက် ရှမ်း တိုင်းရင်းသားများ မှတ်ပုံတင် ရရှိရန်နှင့် ပြည်တော်ပြန်ဝင်နိုင်ရန်၊ ရှမ်းတိုင်းရင်းသား လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ဆောင်ရန်ဆိုသော အချက်သုံးချက်ကို ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
 RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သော အဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လာရောက်ညှိနှိုင်းခြင်းဖြစ်သည်။
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး ခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားနေသော RCSS/SSA ထိန်းချုပ် ဧရိယာအတွင်း ပဋိပက္ခစောင့် ကြည့်ရေးကော်မတီ ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

The Voice Weekly

လားရှိုး အဓိကရုဏ်း ဖန်တီးသူ မွတ်ဆလင်ကုလား ဦးနေဝင်းကို ထောင်ဒဏ် (၂၆)နှစ် ပြစ်ဒဏ်ချမှတ်

   
 ၂၈-၅-၂၀၁၃ ရက်နေ့၊ ညနေ ၄း၅၀ နာရီအချိန်တွင် လားရှိုးမြို့ကို မီးဟုန်းဟုန်း တောက်စေသော အဓိကရုဏ်းကြီး ဖြစ်ပေါ်အောင် မအေးဝင်း (လားရှိုးသူ)အား ဓါတ်ဆီပက် မီးရှို့ခဲ့သော မွတ်ဆင်ကုလား ဦးနေဝင်းကို  ၁၁-၆-၂၀၁၃ ရက်နေ့၊ မနက် (၁၀း၀၀)နာရီတွင် လားရှိုးတရားရုံးမှ ထောင်ဒဏ် (၂၆)နှစ် ချမှတ်လိုက်သည်။ ၎င်းတို့မှာ
        ပုဒ်မ (၃၀၇)ဖြင့် (၇)နှစ်။

          ။ (၃၂၆)ဖြင့် (၇)နှစ်

          ။ (၁၅)ဖြင့် (၅)နှစ်။

          ။ ၁၆ (ဂ) ဖြင့် (၇)နှစ်။

သီးခြားစီ ကျခံစေရန် ချမှတ်လိုက်ခြင်းဖြစ်ကာ လားရှိုးအကျဉ်းထောင်သို့ ပို့လိုက်ပြီ ဖြစ်သည်။
       ၎င်း၏ မီးရှို့မှုကို ခံလိုက်ရသော လူနာ မအေးဝင်းသည် ၁၂-၆-၂၀၁၃ ရက်နေ့၊ မနက် ၆း၀၀ နာရီတွင် လားရှိုးမြို့မှ ထွက်ခွါ လာမည်ဖြစ်ပြီး မန္တလေး ဆေးရုံကြီးသို့ မွန်းတည့် ၁၂း၀၀ နာရီခန့် ရောက်မည်ဟု သိရသည်။
  ဦးနေဝင်းနှင့် မအေးဝင်းကို လင်မယားအဖြစ် ရေးသားကြသူများ၊ မအေးဝင်းကိုဓါတ်ဆီရောင်းသူ အဖြစ် ရေးသားကြသူများရှိရာ သတင်းမှန်သိလိုသူများ လာရောက်သတင်း ရယူနိုင်ကြောင်း သိရသည်။

စုံစမ်းရန်

ကိုမျိုး- 09.421168220
ကိုသက်ဆွေ- 09403704233

တည်ငြိမ် အေးချမ်းတဲ့ အလှနဲ့ မော်ဒယ် မြတ်သူသူဇင်


သူမနာမည်ကတော့ မြတ်သူသူဇင်ဖြစ်ပါတယ်..သူမရဲ့ မွေးနေ့ကတော့ ၁၄ ဇွန် ၁၉၉၀ ဖြစ်ပြီး အရပ်အမြင့် ကတော့ ၅ ပေ ၄ လက်မရှိပြီး ကိုယ်အလေးချိန် ၁၁၁ ပေါင်ရှိပါတယ်။ သူမဟာ Stars & Models Int'l ကဖြစ်ပြီ Miss Gamone Pwint 2012 နှင့် 2nd Runner-Up of Miss Now How 2012 ဆု ၂ ခုကိုရရှိ ထားပါတယ်။ သူမဟာ B.Sc (Maths) နဲ့ဘွဲ့ရထားသူဖြစ်ပြီး သူမရဲ့ ဝါသနာကတော့ မော်ဒယ်ဖြစ်ပါတယ်။

Taylor Swift သည် Billboard Music Awards 2013 သို့ နာမည်ကျော် ငယ်ရွယ်သောအဆိုတော်(၂) အားအတူတက်ရန်ဖိတ်ကြား




Taylor Swift သည် Billboard Music Awards 2013 သို့ Justin Bieber ၏ချစ်သူ Selena Gmonez နှင့် Pank အဆိုတော် Miley Cryus တို့ နှစ်ဦးအား အတူတကွ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ Taylor Swift သည် ကျေးလက်သီချင်းများနှင့် ကျော်ကြားခဲ့သော အဆိုတော်မလေးတစ်ဦးဖြစ်ပြီး ယခုအခါ ဆုများကို တပွေ့တပိုက်ကြီးရရှိပြီး နာမည်ကျော် လူကြိုက်များနေသော အဆိုတော်ဖြစ်သည်။


ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း


တောင်နဲ့ မြောက်ကိုရီးယားအကြား အဆင့်မြင့် အရာရှိတွေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ ဗုဒ္ဓဟူးနေ့ကျင်းပဖို့ စီစဉ်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်း ထားလိုက်တဲ့ အကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ ဆွေးနွေးပွဲကို ဘယ်သူ ဦးဆောင် တက်ရောက်မလဲဆိုတဲ့အပေါ် သဘောတူညီမှုမရနိုင်တဲ့အတွက် အခုလို ရက်ရွေ့ဆိုင်းလိုက်တာ လို့ ဆိုပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ၀န်ကြီးက ဦးဆောင် တက်ရောက်အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မြောက်ကိုရီးယားဘက်က ကိုယ်စားလှယ်အဖွဲ့ မပို့ဘူးလို့ ပြောခဲ့တဲ့ အကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်ရေးဝန်ကြီဌာနက အင်္ဂါနေ့မှာပြောပါ တယ်။ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae ဦးဆောင် တက်ရောက်တာကို မြောက်ကိုရီးယားဘက်က လိုလားနေတာပါ။ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေကို ဘယ်အဆင့်ရှိတဲ့ ကိုယ်စားလှယ်က ဦးဆောင်တက်ရောက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး တောင်နဲ့ မြောက်ကိုရီးယားက ကိုယ်စားလှယ်အဖွဲ့တွေ နယ်စပ်မြို့ တခုဖြစ်တဲ့ Panmunjom မှာ တနင်္ဂနွေနေ့တုန်းက အလုပ်သဘော တွေ့ဆုံ ညှိနှိုင်းခဲ့ကြတာပါ။
ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် တွေ့ဆုံ ဆွေးနွေးမှုဟာ လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း အထူးခြားဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မှာပါ။

VOA Burmese

တရုတ်နိုင်ငံမှ အရှည်ကြာဆုံး အာကာသခရီးကို စတင်


တရုတ်နိုင်ငံသည် ယနေ့တွင် ၎င်းတို့နိုင်ငံမှ လွှတ်တင်ခဲ့သည့် အာကာသခရီးတွင် အရှည်ကြာ ဆုံးခရီးတစ်ခု စတင်မည်ဖြစ်ပြီး အာကာသ ယာဉ်မှူးများတွင် ဒုတိယမြောက် အမျိုးသမီး အာကာသယာဉ်မှူး ပါဝင်မည်ဖြစ်ကာ နိုင်ငံ၏တိုးတက်လာသော အင်အားပြယုဂ် တစ်ခုအဖြစ် ရည်ရွယ်ချက်ကြီးမားသော အာကာသခရီးစဉ်ကို ထပ်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ 
အာကာသယာဉ်ရှန်ကျိုး-၁၀ကို ကိုဘီသဲကန္တာရအတွင်းရှိ ဂျူကွန်အာကာသယာဉ် လွှင့်တင် စခန်းမှ ဂရင်းနစ်စံတော်ချိန် ၉နာရီ၃၈တွင် လွှတ် တင်မည်ဖြစ်သည်။ အာကာသယာဉ်မှူး သုံးဦးလိုက်ပါမည်ဖြစ်ပြီး အာကာသတွင် ၁၅ ရက်ကြာနေထိုင်ရန် စီစဉ်ထားကြောင်း အစီအစဉ်ပြောရေးဆိုခွင့်ရှိသူ ဝူပင်းက ဆိုသည်။

ဘေဂျင်းအစိုးရသည် ယခု ဒေါ်လာဘီလျံများစွာ ကုန်ကျထားသည့် အာကာသအစီအစဉ်ကို နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ၎င်းတို့၏ ကမ္ဘာပေါ်တွင်အရေးပါလာမှု တိုးတက်လာခြင်း အမှတ်အသားအဖြစ်မြင်ပြီး တချိန်က ချွတ်ချုံကျခဲ့သည့်နိုင်ငံ၏ ကြမ္မာကို လှည့်ပြောင်းပေး ရာတွင် လက်ရှိအုပ်စိုးနေသည့် ကွန်မြူနစ်ပါတီ၏အောင်မြင်မှုအဖြစ်လည်းမြင်ကြသည်။

နိုင်ငံပိုင်မီဒီယာတွင်လည်း အာကာသခရီးစဉ်နှင့် သက်ဆိုင်သည့် သတင်းများနှင့် ပြည့်နှက်နေ ပြီး အာကာသယာဉ်မှူးများ၏အကြောင်းများနှင့် ပုံများသည် နိုင်ငံတွင်းရှိမီဒီယာတိုင်းနီးပါးတွင် မျက်နှာဖုံးပုံများနှင့်ဖော်ပြထားကြသည်။ ခရီးစဉ်တွင်လိုက်ပါမည့် အာကာသယာဉ်မှူးတစ်ဦး သည် ခရီးစဉ်အတွင်းဗီဒီယိုမှတဆင့် ကျောင်းသားများကို သင်ခန်းစာများကိုလည်း ပြသ မည်ဖြစ်ကြောင်း အရာရှိများက ဆိုသည်။ ယခုလွှတ်တင်မည့် ရှန်ကျိုး-၁၀သည် အာကာသဓာတ်ခွဲခန်း ထျန်ဂေါင်-၁ နှင့်ချိတ်ဆက်နားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများသည် အထဲသို့ ဝင်ရောက်ကာ အာကာသနည်းပညာစမ်းသပ်မှုများလုပ်ဆောင်ကြမည်ဖြစ်သည်။

တရုတ်သည် လူလိုက်ပါသည့် အာကာသခရီးစဉ်ကို ၂၀၀၃ခုနှစ်တွင်စတင်ခဲ့ပြီး အာကာသပိုင်း ဆိုင်ရာတွင် အမေရိကန်နှင့် ရုရှားတို့ နောက် တွင် ရောက်နေခဲ့သည်။ သို့သော်လည်း အစီအစဉ်သည် မြင့်မားစွာမှန်းထားပြီး လပေါ်လူရောက်ရှိရေးကို စီစဉ်ထားပြီးဖြစ်ကာ ၂၀၂၀တွင် ကမ္ဘာကိုလှည့်ပတ်နေသည့် စခန်းတစ်ခုတည်ဆောက်ရန် စီစဉ်ထားသည်။ တချိန်တည်းတွင် အာကာသနယ်ပယ်တွင် သက်တမ်းရှည်ခေါင်းဆောင်ဖြစ်သည့် အမေရိကန် သည်လည်း အာကာသယာဉ်များကို လုပ်ငန်းမှ ဖယ်ရှားခြင်းကဲ့သို့သော ၎င်းတို့၏ အချို့ လုပ်ငန်းများကို လျှော့ချခြင်းများ လုပ်ဆောင်ခဲ့သည်။

အမှီအခိုကင်းအာကာသလေ့လာသူ မောရစ် ဂျူံးစ်က ရှန်ကျိုး-၁၀သည် ယခင်လွှတ်တင်ခဲ့သည့် တရုတ်လုပ်အာကာသယာဉ်များထက်ပို၍ ရှုတ်ထွေးကြောင်း ဆိုသည်။ “ရှည်ကြာပြီး ရှုတ်ထွေးတဲ့ ခရီးစဉ်သွားနိုင်တယ်ဆိုတာက တရုတ်အာကာသအစီအစဉ်ဟာ လုံးဝရင့်ကျက်တဲ့ အဆင့်ကို ရောက်ရှိပြီဆိုတာ ပြသတယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ဆိုသည်။ “သူတို့ဟာ သူတို့ကိုယ်ပိုင် အာကာသစခန်းကို တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အခြေခံ လုပ်ငန်းတွေကို အရမ်းကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေကြပါတယ်” ဟု ဆက်လက်ပြော ကြားသည်။

မြန်မာ့ခေတ်

အစ္စတန်ဘူလ် ဆန္ဒပြ ဖြိုခွဲ

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့လယ်က တာ့က်ဆင်မ် ရင်ပြင်ကို တစ်ပတ်ကျာ် သိမ်းပိုက် ထားတဲ့ ဆန္ဒပြ သမား တွေကို ရာနဲ့ ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဗုံးတွေ ရေပိုက်တွေ သုံးပြီး ဖြိုခွဲ နေပါတယ် ။ တာ့က်ဆင်ရင်ပြင်ကို ကြည့်လိုက်တယ် ဆိုရင် မျက်ရည်ယိုဗုံး အငွေ့တွေ တိမ်တွေ ဖုံးသလို လွှမ်းခြုံနေတယ်လို့ အစ္စတန်ဘူလ်က ဘီဘီစီ သတင်းထောက် မာ့က် လိုဝင်က ပြောပါတယ်။

လူတွေက လူတံတား လုပ်ပြီး လက်ချင်းချိတ် ပိတ်ဆို့ ထားပါတယ်။ အခြေအနေ ပိုမို ဆိုးဝါး လာလိမ့်မယ် လို့လဲ ဆန္ဒပြသူ အားလုံးက နားလည် နေကြပါတယ်။ ရင်ပြင်နဲ့ တဆက်တည်း ရှိနေတဲ့ ပြဿနာ စတင် ဖြစ်ပွားရာ ဂေဇီ ပန်းခြံ ဘက်ကို ဆန္ဒပြသူ တွေ ရှောင်တိမ်း စုဝေး နေကြပြီး လူ ၇ဝ ကျော်ကို ဖမ်းဆီး ထားပါတယ်။ ဆန္ဒပြသူ တွေ ချိတ်ဆွဲ ထားတဲ့ ပိုစတာ တွေကို ဖယ်ရှားပြီး တူရကီ နိုင်ငံ အလံနဲ့ နိုင်ငံ ဖခင်ကြီး ကီမယ်လ် အာတားတပ်ရဲ့ ရုပ်ပုံကို အစားထိုး ချိတ်ဆွဲ လိုက် ပါတယ်။ ရင်ပြင် ထောင့် တနေရာ မှာတော့ ဆန္ဒပြ သူတွေက မီးပန်းတွေ လက်လုပ် ဓာတ်ဆီ ဗုံးတွေ ခဲတွေနဲ့ ရဲတွေကို ပြန်လည် တိုက်ခိုက် ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ တနင်္လာနေ့တုန်းက သဘော တူခဲ့တဲ့ တူရကီ ဝန်ကြီးချုပ် အာဒိုအမ် ကလဲ ဆန္ဒပြ ပွဲတွေကို ဆက်ပြီး သည်းမခံ တော့ဘူး၊ ပန်းခြံထဲက ဆန္ဒပြသူတွေကို လူစု ခွဲကြပါလို့ ပြောကြား လိုက်ပါတယ်။ မနက်ဖြန်မှာ ဝန်ကြီးချုပ် အာဒိုအမ်နဲ့ ဆန္ဒပြခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ကြဖို့ ချိန်းထားပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းလိုက်တာလို့ အစကတော့ ထင်ထား ခဲ့ကြတာပါ။ စားပွဲဝိုင်း နည်းနဲ့ ပြေပြေလည်လည် ဖြေရှင်း တော့မယ်လို့ ထင်ခဲ့ပါတယ်။ ခုတော့ ဆွေးနွေးပွဲ မတိုင်ခင်မှာ ရဲကအလုံးအရင်းနဲ့အင်အားသုံး လှုပ်ရှားလာတာကို ကြည့်ရင်မနက်ဖြန် ဆွေးနွေးပွဲ အတွက် မျှော်လင့်ချက်မှေးမှိန်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြဿနာရဲ့ အစက ဂေဇီပန်းခြံကို ဖျက်ပြီး ဆောက်လုပ်ရေး လုပ်မယ်ဆိုတာကို ကန့်ကွက် တာက စပါတယ်။ ဒီကန့်ကွက်မှုကို အကြောင်း ပြုပြီး ဆန္ဒပြသူတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက် ကတည်းက တာ့က်ဆင်မ် ရင်ပြင်မှာ အလံတွေ လွှင့်ထူ၊ ရွက်ဖျင်တဲတွေ ဆောက်လုပ် စခန်းချပြီး နိုင်ငံတကာ အော်ကျူပိုင်း လှုပ်ရှားမှု ပုံသဏ္ဍာန် လုပ်ဆောင် နေကြတာလည်း ဖြစ် ပါတယ်။

BBC Burmese

ဗီယက်နမ် ဝန်ကြီးချုပ်ကို ယုံကြည်မှုကျ


ဗီယက်နမ် အမျိုးသား လွှတ်တော် အမတ် ၃ ပုံ ၁ ပုံ လောက်က ဝန်ကြီးချုပ်ငုယင်တန်ဇွန်းကို အယုံအကြည်နည်းကြောင်း မဲပေး ခဲ့ကြ ပါတယ်။

ပါတီထိပ်တန်းခေါင်းဆောင်တွေအပေါ် ယုံကြည်မှုရှိသလား တနင်္လာနေ့က မဲခွဲဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပဖို့ ရှိတဲ့ ဒီမဲခွဲမှုကို မနှစ်က သမ္မတ တောင်းဆိုမှုကြောင့် ကျင်းပခဲ့တာ ဖြစ်ပြီး အကျင့်ပျက် ခြစားမှုနဲ့ အလွဲသုံးစားမှု တွေကြောင့် လူထုကြား မကျေနပ် ဒေါသထွက်မှု တွေကို ဖြေလျှော့ဖို့၊ လူထုကြား တာဝန်ခံမှု ကိုးစားမှုတွေ ပိုမို ရရှိဖို့ စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ကို အမတ် ၄ဝ ရာခိုင်နှုန်းကျော်က အယုံအကြည် နည်းကြောင်း မဲပေးခဲ့ ကြပါတယ်။ ဒီမဲခွဲမှုကို အတုအယောင် လုပ်ရပ် အဖြစ် တချို့က သုံးသပ် ကြပေမယ့် ကွန်မြူနစ် ခေါင်းဆောင်တွေကို ဒီလို သတိပေး ဝေဖန်မှုတွေ ရှိလာတာကို အံ့သြစရာ အဖြစ် ရှုမြင်ကြပါတယ်။

BBC Burmese

မြန်မာ့လေကြောင်းပိုင် တရုတ်လုပ် MA60 လေယာဉ်ပျံသန်းခွင့် ယာယီပိတ်


မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းလေဆိပ်မှာ လေယာဉ် မတော်တဆဖြစ်ပြီးနောက် တရုတ်လုပ် MA-60 လေယာဉ်တွေ ပျံသန်းမှုကို ယာယီ ရပ်ဆိုင်းထားလိုက်တယ် လို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ တနင်္လာနေ့တုန်းက ကော့သောင်း မှာ ဖြစ်ခဲ့တဲ့ လေယာဉ် မတော်တဆမှုဟာ ကွင်းကြောင့်မဟုတ်ဘဲ လေယာဉ် စက်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းထား တဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

တနင်္လာနေ့ နေလည်ပိုင်းမှာ မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံလုပ် MA-60 အမျိုး အစားလေယာဉ်ဟာ ကော့သောင်းလေဆိပ်ကို အဆင်း လမ်းချော်ပြီး လေယာဉ်ပြေးလမ်းရဲ့ အနောက်ဘက် ပေ ၂၀၀ လောက်အထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက် ဒဏ်ရာရမှု မရှိပေမဲ့ လေယာဉ် ကတော့ ပန်ကာပိုင်းတွေ ကျိုးပျက်သွားပါတယ်။

အခုလို လေယာဉ် မတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးဆဲရှိပြီး၊ ကနဦး လေ့လာချက်အရ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာကြောင့် ယူဆတယ်လို့ မြန်မာ့လေကြောင်း ညွန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ဗွီအိုအေကို ရှင်းပြ ပါတယ်။

“အဲ့ဒါကတော့ ကွင်းကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ရာသီဥတုကလည်း မိုးရွာနေ တာ ဘာညာ အဲ့လိုမျိုးမဟုတ်ဘူး။ ကောင်းတယ်လို့ သိရတယ်။ အဲ့တော့ ကျနော်တို့ တွက်တာ ကတော့ ပုံမှန်အတိုင်း ဆင်းတယ်။ မြေပေါ်ကိုရောက်မှ ဘယ်ဘက်ကို ဆွဲထွက်သွားတယ် လို့ ပြောတယ်။ ဒါကြောင့် လေဆန်ကြောင့်ဖြစ်သလား။ လေကြောင့်မို့လို့ Control မှာ ဟိုဒင်းဖြစ်တာလား။ အားနည်းချက်ရှိတာလားဆိုတာ အဲ့တော့ ကနဦးပြောတာ ကတော့ လေယာဉ်ရဲ့ System မကောင်းဘူးလို့ ပြောတယ်။ ခုံရုံးအဖွဲ့က မနေ့ကသွားတယ်။ သွားတော့ ဟိုမှာ ရာသီဥတုမကောင်းတာနဲ့ ထားဝယ်မှာ ဆင်းနားပြီးစောင့်တာ။ မရတာနဲ့ ရန်ကုန်ပြန်လာကြတယ်။ အဲ့တော့ ဒီနေ့ ထပ်သွားတယ်လို့ သိရပါတယ်။”

ပြီးခဲ့တဲ့ လတွေတုန်းကတော့ အလားတူ MA-60 အမျိုးအစား လေယာဉ်တစ်စင်း ရှမ်းပြည်နယ် မိုင်းဆပ်မှာ မတော်တဆ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ MA-60 လေယာဉ်တွေ အသုံးပြုမှုကို ယာယီ ဆိုင်းငံလိုက်ပြီ ဖြစ်တယ်လို့ ဦးဝင်ဆွေထွန်း က ပြောပါတယ်။ “MA-60 က စုစုပေါင်း ၃ စင်းဝယ်တာလေ။ ၃ စင်းဝယ်တာမှာ အခု ၂ ခုဖြစ်သွားတာပေါ့။ ၂ စင်းဖြစ်သွားတော့ နောက် တစ်စင်းကိုလည်း ဆက်ပြီးတော့ Operation ကို ခွင့်မပြုတော့ဘူး။ ပိတ်ထားလိုက်တယ်။”

ပြီးခဲ့တဲ့ မေလတုန်းကတော့ လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစည်း အဝေးတရပ် ကျင်းပရာမှာ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ၀န်ကြီး ဦးဥာဏ်ထွန်း အပါအ၀င် အရာရှိကြီးတွေနဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတွေ တတ်ရောက်ဆွေးနွေး ပြီး၊ လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ချမှတ်ခဲ့တာရှိတယ်လို့ ဦးဝင်းဆွေထွန်း က ပြောပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ ပိုပြီးတော့ များပြားလာချိန်လည်းဖြစ် တာမို့၊ လေကြောင်းလိုင်း အန္တရာယ် ထိန်းသိမ်းကာကွယ်မှုတွေကိုလည်း တိုးလုပ်လာချိန်ဖြစ် ပါတယ်။ အခု ပျံသန်းမှုတွေ ရပ်နားလိုက်တဲ့ MA-60 လေယာဉ်တွေဟာ နိုင်ငံတကာမှာလည်း မကြာခဏ မတော်တဆမှု တွေ့ရတတ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကတော့ အင်ဒိုနီးရှားနိုင်ငံ တွင်း MA-60 လေယာဉ်တစ်စင်း ပျက်ကျတာကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီလေယာဉ်တွေကို ဆင်းသက်ဖို့ ခက်တဲ့ လေယာဉ်ကွင်း သုံးခုမှာ အသုံးမပြုဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပိတ်ပင်ခဲ့ရပါတယ်။

မေလ ၁၆ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟဲဟိုးလေဆိပ်ကနေ မိုင်းဆပ်ကို အသွား မှာ မြန်မာ့လေကြောင်းပိုင် MA-60 လေယာဉ်ပဲ လမ်းချော်တာကြောင့် လူနှစ် ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တနင်္လာနေ့တုန်းကတော့ ကော့သောင်းလေဆိပ်မှာ MA-60 လေယာဉ် လမ်းချော်ခဲ့ချိန်မှာပဲ၊ တနေ့တည်း အင်ဒိုနီးရှားမှာလည်း တရုတ်လုပ် MA-60 လေယာဉ်တစ်စင်း လမ်းချော်ခဲ့တာကြောင့် လူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
MA-60 လေယာဉ်တွေနဲ့ပတ်သက်လို့ မှတ်တမ်းတွေမှာတော့ မတော်တဆမှု အများစုဟာ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ဖြစ်တာတွေ့ရ ပါတယ်။

VOA Burmese

ထွန်တုံးတိုက်ပွဲ ကူညီသူ သုံးဦး ဖမ်းဆီးခံရ


ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးတဲ့ သူတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထိုက်တို့ သုံးဦးကို နတ်တလင်းရဲစခန်းက တရားလိုပြုလုပ် တရားစွဲဆိုပြီး ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးခဲ့ကြတဲ့ လယ်သမားတွေကို အကူအညီ ပေးနေသူ သုံးဦးကို အရေးယူထားတာနဲ့ ပတ်သက်လို့ တရားစွဲခံနေရသူ ဒေါ်ခင်မိမိခိုင်က စစ်ဆေးမှု အပြီး အဖမ်းမခံရခင်မှာ RFA ကို အခုလို ပြောပါတယ်။ "၁ဝ ရက်နေ့မနက်မှာ သူတို့ထွန်တုံးတိုက်ပွဲ လုပ်တယ်၊ ကျမတို့က သွားပြီးတော့ ကြည့်တယ်၊ အဲဒါ မနေ့ကမနက်ကတည်းကမှ မြို့နယ်ထွေအုပ် ကနေပြီးတော့ ကျမတို့ကို မနက် ၈ နာရီ အစည်း အဝေးလာပါဆိုပြီးတော့ ဆင့်ခေါ်စာနဲ့ခေါ်ပါတယ်၊ ရဲစခန်းမှာ ကျမတို့ကို ရဲကနေပြီးတော့ စစ်ချက် ယူပါတယ်၊ ဘာနဲ့အရေးယူမယ်ဆိုတာတော့ ကျမတို့ မသိရသေးပါဘူး၊ ကျမတို့ဟာ အဲ့ထွန်တုံး တိုက်ပွဲကို ဦးဆောင် ပါတယ်ပေါ့နော်၊ တရား ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပါတယ် ဆိုပြီးတော့ သူတို့ပြောပါတယ်"

နတ်တလင်းမြို့နယ် ချောင်းကမ်းကြီးနဲ့ သဲမခန်းကျေးရွာကြားမှာရှိတဲ့ သက်ကြီးကြိုးဝိုင်းက လယ်ယာမြေဧက ၄ဝ ကို ၁၉၉၈ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိမ်းယူခဲ့တာဖြစ်ပြီး မနှစ်က အထိ သီးစားချ လုပ်ကိုင်ခွင့်ပေးခဲ့ တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ လုပ်ကိုင်ခွင့်မရတော့တဲ့အတွက် ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ မနေ့က လယ်သမားတွေ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ကြတာ ဖြစ် ပါတယ်။

အခုလို ဖမ်းဆီးအရေးယူမှုနဲ့ ပတ်သက်လို့ RFA က နတ်တလင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ လယ်သမားတွေအတွက် ကူညီပေးနေတဲ့ အဲဒီကွန်ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အရေးယူတာဖြစ်တယ်လို့ တာဝန်ကျရဲအရာရှိတစ်ဦးက အခုလို ဖြေကြားခဲ့ ပါတယ်။ "ပြည်သူ့ အကျိုးဆောင် ကွန်ရက် ဆိုလားဗျ၊ အဲဒါ တရားဝင်ဖွဲ့စည်းမှု မတင်ထားပဲ နဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလို လုပ်ပြီးတော့ ဖွင့်တာဗျ၊ ကျနော်တို့က စစ်ဆေးပြီးတော့ ဥပဒေအကြံပြုချက်တင်တာတို့ ဘာတို့ လုပ်ပြီးမှ တရားစွဲမှာပါ"

ဖမ်းဆီးစစ်ဆေးခံရသူ ဒေါ်မြင့်မြင့်အေးတို့ သုံးဦးကို နတ်တလင်း တရားသူကြီးအမိန့်နဲ့ ပေါင်းတည် အချုပ်ခန်းမှာ ဒီကနေ့ညနေပိုင်းက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စစ်ဆေးသွား မှာ ဖြစ်တယ်လို့ နတ်တလင်းရဲစခန်းက ပြောပါတယ်။

RFA Burmese

အလုပ်သမားတွေ ထောင်နဲ့ချီ ဆန္ဒပြ


ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံသားပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမား ၁၆ဝဝ ကျော်ဟာ ရှားပါးစရိတ် ကျပ်နှစ်သောင်း တိုးပေးဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ မနေ့ကစလို့ စက်ရုံတွင်း မီးပိတ်ပြီး အလုပ်မလုပ်ပဲ အေးဆေးစွာ နဲ့ တောင်းဆို ဆန္ဒပြနေကြတာလို့ အဲဒီစက်ရုံမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားတွေရဲ့ အမှုဆောင် ဥက္ကဌ မငြိမ်းငြိမ်းအိက RFA ကို ပြောပါတယ်။ "ကလေးတွေအားလုံးဟာ အခု အချိန်မှာ မီးပိတ်ပြီးတော့ တိတ်ဆိတ်စွာနဲ့နေနေတာကို ဒီလိုမျိုးပုံစံနဲ့ဆိုတော့ ညှိနှိုင်းမယ်လို့ မပြောဘူးလေ၊ အလုပ်ပြန်လုပ်ပေး မီးဖွင့်ပေးရင်တော့ သူတို့ဘက်က ညှိနှိုင်းမယ်လို့ပြောတယ်၊ အခုကလေးတွေအားလုံးရဲ့ဆန္ဒကို မေးကြည့်ရတာပေါ့၊ ညီမတို့ရဲ့ဆန္ဒချည်းပဲ လုပ်လို့မရတဲ့ အတွက်ကြောင့် စက်ရုံရဲ့ အေရုံ၊ ဘီရုံ ၂ ရုံစလုံးကိုခေါ်ပြီးတော့ အစည်းအဝေးပွဲ လုပ်လိုက်တဲ့ အခါမှာ သူတို့က သူဌေးက အခုသံရုံးမှာရောက်နေတယ်ဆိုတော့ ပြန်လာခဲ့၊ ပြန်လာပြီးတော့မှ တကယ်ညှိနှိုင်းမယ်ဆိုလို့ရှိရင် သူတို့ဘက်က သူဌေးပြန်လာရင် အချက်ပြပြီးတော့ မီးဖွင့် ပြီးတော့ အလုပ် လုပ်ကြည့်မယ်ပေါ့၊ ထွက်လာတဲ့အပေါ်မှာမူတည်ြ့ပီးတော့ ကောင်းခြင်း ဆိုးခြင်းကို စောင့်ကြည့်မယ်၊ ဒီအဖြေက ကောင်းလာနိုင်တယ်ဆိုလို့ရှိရင်တော့ အလုပ် ကို အေးဆေးစွာနဲ့ လည်ပတ်သွားမယ်၊ အဖြေကမကောင်းခဲ့ဖူးဆိုရင်တော့ ဒီအခြေအနေထက် ဆိုးဝါးသွားနိုင်တယ်လို့ သူတို့ဘက်ကပြောတယ်"

Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ တစ်လကို ၃ သောင်းကျော်သာ ရရှိတာဖြစ်ပြီး ရှားပါးစရိတ်အတွက် လစာကျပ်နှစ်သောင်း တိုးမြှင့်ပေးရေး၊ တစ်နှစ်မှာ ရှောင်တခင်ခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁ဝ ရက်၊ ဆေးခွင့် ၃ဝ ရက် ဥပဒေနဲ့အညီ ခံစားခွင့်ပြုရေး၊ အဆောင်နေ အလုပ်သမားတွေအတွက် မီး၊ ရေ လုံလောက်စွာ စီစဉ်ပေးရေးစတဲ့ အချက်တွေအပါအဝင် အချက် ၁၆ ချက်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ အလုပ်ရှင်ဖက်က တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိရင် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုမှုတွေ ကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

RFA Burmese

မလေးရှားက မြန်မာနိုင်ငံသားတွေအရေး ဖြေရှင်းဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အသတ်ခံနေရတဲ့ အခြေအနေတွေ အပါအဝင် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးဖို့ အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် ခေါင်းဆောင်တဲ့ အထူးကိုယ်စားလှယ် ၄ ဦး ဒီကနေ့ ညနေလေးနာရီက မလေးရှားနိုင်ငံကို ထွက်ခွာသွားပြီလို့ သိရပါတယ်။

မြန်မာအထူးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအလုပ်သမားတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မလေးရှားနိုင်ငံ အစိုးရနဲ့ ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့အတွက် သွားရောက်တာဖြစ်ပြီး မသွားရောက်ခင်မှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူ ရုံးဌာနမှူးတစ်ဦးက RFAကို အခုလို အတည်ပြုပြောပါတယ်။ "နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ပါ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း လည်းတစ်ဦးဖြစ်ပါတယ်၊ အားလုံးသွားမှာ လေးဦးပါ၊ မလေးရှားလေကြောင်းလိုင်းနဲ့ သွားမှာပါ၊ အကြမ်းဖျင်းကတော့ ကူညီဆောင်ရွက်ပေးလို့ရမယ့် ကိစ္စတွေအားလုံးဆောင်ရွက်ပေးဖို့ သွားခြင်းဖြစ်ပါတယ်၊ ဟိုရောက်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ သံအမတ်ကြီးတို့ရော ဒီကဒုတိယနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပါတာဆိုတော့ တွေ့ဆုံဆွေးနွေးပြီးမှ ဆောင်ရွက်ပေး ရမယ့်ကိစ္စတွေကို လက်ရှိဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ " လက်ရှိမှာ မလေးရှားနိုင်ငံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အပါအဝင် သက်တမ်းရက်ကျော်နေထိုင်သူ မြန်မာအလုပ်သမားတွေရဲ့ အဖမ်းခံနေရမှု အခြေ အနေတွေ၊ မြန်မာနိုင်ငံကို ပြန်လာချင်ကြတဲ့မြန်မာအလုပ်သမားတွေရဲ့ အအြေနေတွေနဲ့ လုံခြုံရေးအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် အထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆောင် ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မေလ ၃ဝ ရက်နေ့ကတည်းကစလို့ မလေးရှားနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်သတ်ဖြတ် ခံရမှုတွေကြောင့် ဒီနေ့အထိ မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။ ဒီအတောအတွင်း မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ မြန်မာနိုင်ငံသား ၁ ထောင်ကျော်ထဲက အယောက် ၃ဝဝ ကျော်မှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည် အသိအမှတ်ပြု ကတ်ပြားအတုတွေ ဘယ်လိုရရှိထားသလဲဆိုတာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ စာရွက်စာတမ်းအတုတွေ ဘယ်ကရရှိသလဲဆိုတာ သိရဖို့အတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ကွာလာလာမ်ပူမြို့တော် လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲက ဒီကနေ့ ပြောကြားလိုက် တာပါ။ စာရွက်စာတမ်းအတုပြုလုပ်မှု တွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေသလဲဆိုတာ သိရအောင် ဆောင်ရွက် နေပါတယ်။ တွေ့ရှိ ချက်တွေကို တရားသူကြီးချုပ်ထံ သီတင်းနှစ်ပတ် အတွင်းတင်ပြမှာဖြစ်ပြီး ရာဇဝတ်မှု နဲ့ အရေးယူဆောင်ရွက်မှု တွေ ပြုလုပ် သွားမယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မြန်မာ မွတ်ဆလင်တွေအကြား တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့တဲ့ အတွက် မလေးရှားအစိုးရက မြန်မာလူမျိုး ၁ဝဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ၁၉၆ ဦးမှာ တရားဝင် နေထိုင်ခွင့်အထောက်အထား ခိုင်ခိုင်လုံလုံ မရှိကြောင်း တွေ့ရသလို၊ ၅၇ ဦးမှာ မလေးရှား UNHCR ဒုက္ခသည်ကတ်ပြား အတုတွေ ကိုင်ဆောင်ထား တာ တွေ့ရတယ်လို့ ဆိုပါတယ်။

RFA Burmese

ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်းတိုးမြှင့်

 ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

မြို့နယ် ၆ ခုမှာ ပုဒ်မ- ၁၄၄ ညမထွက်ရအမိန့် ထပ်မံသက်တမ်းတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပြပါတယ်။

"ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့အခါမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော် မြို့နယ်တွေမှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရကို ထပ်ပြီးတော့ သက်တမ်း တိုးတယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်မှာလည်း ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်"

ပြီးခဲ့တဲ့ ၂ဝ၁၂ ဇွန်လတွင်းကစလို့ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထပ်မံတိုးလိုက်တာပါ။ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေမှာတော့ မနေ့က ဇွန်လ ၁ဝ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

RFA Burmese