12.6.13

ဦးနေမျိုးဝေမှ ဂုဏ်သိက္ခာကျဆင်းမှုအတွက် ဇေကမ္ဘာဦးခင်ရွှေအား ပုဒ်မ၅၀၀ဖြင့်တရားစွဲဆို

ဦးနေမျိုးဝေမှ ဂုဏ်သိက္ခာကျဆင်းစေမှုအတွက် ဇေကမ္ဘာဦးခင်ရွှေအား ပုဒ်မ၅၀၀ဖြင့် တရားစွဲဆိုမှုကို ဒဂုံ တရားရုံးမှာ မေလ၃၀ရက်နေ့က လက်ခံခဲ့ကြောင်း ဦးနေမျိုးဝေက ဇွန်လ(၁)ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါ ဇေကမ္ဘာဦးခင်ရွှေမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းတွင်လယ်ယာမြေစုံစမ်းစစ်ဆေးရေး
ကော်မတီနှင့် တွေ့ဆုံပွဲ၌ ၄င်းမှာ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် မိမိပိုင်နက်ထဲဝင်လာပါက ရိုက်နှက်မည်ဟူ
သော စကားမှာ ဥပဒေမဲ့သည့်အတွက် ဥပဒေနှင့် တရားစွဲလို့ရတယ်ဆိုတဲ့အကြောင်း ပြောဆိုထားမှုအပေါ် ဂုဏ်သိက္ခာကျဆင်းစေသည့် ပုဒ်မ၅၀၀ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးနေမျိုးဝေကပြောကြားခဲ့သည်။
"ပုဒ်မ ၅၀၀ နဲ့တရားစွဲတဲ့အမှုကို တရားရုံးကမနေ့ကပဲ လက်ခံခဲ့ပါတယ်၊ သူကလည်းကျနော့်ကိုပုဒ်မ၅၀၀နဲ့ စွဲခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါဘူး"ဟု ၄င်းကဆိုသည်။ယင်းရုံးချိန်းကိုဇွန်လ ၃၀ရက်နေ့သို့ ချိန်းဆိုထားပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ Ref:ပြည်သူ့ဆန္ဒ

0 comments:

Post a Comment