ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.11.16

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော် အတည်ပြု

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ငါးရက်တာ ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ရက်တည်း ၁၂ ကျပ်ခုန်တက်လာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဖြင့် စံချိန်တင်


ပြီးခဲ့သည့် ငါးရက်တာအတွင်း ကျပ် ၁၃၄၀ ကျော်ဖြင့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ၁၂ ကျပ်ခုန်တက်လာကြောင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူ များထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်

(နိုဝင်ဘာ ၂၉ ရက်) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ မိထ္တီလာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က "ရှမ်းပြည်အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်း" အရေးကြီး အဆိုတင်သွင်းခဲ့ပါသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈ဝဝဝ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရောင်းချမည်

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၁၆ မှ ၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ငါးနှစ်တာကာလအတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာအခန်းပေါင်း ၈ဝဝဝ ဆောက်လုပ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

ရွှေတိဂုံစေတီအနီးရှိ ဒဂုံစီးတီးစီမံကိန်းနေရာအတွက် ပွင့်လင်းမြင်သာ မှုမရှိဘဲ မြေအစားထိုးငှားရမ်းခဲ့ခြင်း ကို ဖျက်သိမ်းပေးရန် လွှတ်တော် တွင်ပြော မြေဧကအားလုံးပြန်လည်ရရှိပါက ပညာရေးအတွက်အကျိုးဖြစ်ထွန်း မည်ဖြစ်၍လွှတ်တော်ကကူညီပေးရန် ပညာရေးဒုဝန်ကြီးဆို


ရွှေတိဂုံ စေတီအနီးရှိ ဒဂုံစီးတီးအဆင့်မြင့် မြို့ပြအိမ် ရာစီမံကိန်းနေရာအစား ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်း ထောင့် ရှိ အမှတ်(၆)သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ပိုင်မြေ နေရာ ကိုပွင့်လင်းမြင်သာမှုမရှိဘဲ ငှားရမ်းခဲ့ခြင်းကို ဖျက်သိမ်း၍ ဖွံ့ဖြိုး မှုအား နည်းသောနေ ရာများသို့ ရွှေ့ ပြောင်းနေရာချထားရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမောင် မောင်အုန်းကပြောကြားလိုက်သည်။

29.11.16

အရေးယူခံရသည့် ဒီချုပ်အမတ်သုံးဦး၏ လွှတ်တော်ရေးရာကော်မတီများတွင် တာဝန်ထမ်းဆောင်မှုကို ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပယ်ဖျက်

ပါတီမှ ပေးအပ် ထားသော တာဝန်အသီးသီးကို ရုပ်သိမ်းခြင်းဖြင့် အရေးယူခံရ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဒီချုပ်)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦး၏ လွှတ် တော်ရေးရာကော်မတီများ၌ ပါ ၀င်တာဝန်ထမ်းဆောင်နေမှုကို နိုဝင်ဘာ ၂၈ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပယ်ဖျက်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှု မရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ


 
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌

စစ်သည်တင်သံချပ်ကာယာဉ်များ သိမ်းဆည်းရမိမှု တရုတ်က စင်ကာပူအားတရားဝင်ကန့်ကွက်

စင်ကာပူနိုင်ငံသို့ ပေးပို့ရန်အတွက် တရုတ်(တိုင်ပေ)မှ သယ်ဆောင်လာသော စစ်သည်တင် သံချပ်ကာယာဉ်များ ကို ဟောင်ကောင်အကောက်ခွန်ဌာနက သိမ်းဆည်းရမိ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင် ကန့်ကွက်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုင်းရဲ့ Milicon Steel Plc နဲ့ ပြည်တွင်းက GE၊Thiha Co တို့ အကျိုးတူပူးပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်လုပ်မည်

ထိုင်းရဲ့ Millcon Steel Plc နဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းပြီး ဒေါ်လာ၁၂ သန်း ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်ကုန်များ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီ အစိမ်းရောင် နယ်မြေဖြစ်ရေး ဇုန်ကြီးငါးခုတွင် အကောင်အထည်ဖော်မည်


နေပြည်တော် ကောင်စီနယ်မြေကို အစိမ်းရောင် နယ်မြေ(Green City)ဖြစ်လာစေ ရန် ဇုန်ကြီးငါးခုပေါ်တွင် အခြေ ခံဆောင်ရွက်မည်ဖြစ်ကြောင်း နေ ပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

ကျေးလက်ဒေသများ၌ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန် Universal Service Fund အသုံးပြုမည်

ကျေးလက်ဒေသများအ ထိ ဆက်သွယ်ရေးကွန်ရက်ရရှိ စေရန် ၀န်ကြီးဌာနအနေဖြင့် Universal Service Fund ကို အသုံးပြုဆောင်ရွက်မည်ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး ကျော်မျိုးကပြောကြားသည်။

အကျပ်အတည်းများကြောင့် ကာလုံအမြန်ခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးအပါအ၀င် ပါတီ ၁၃ ခု တောင်းဆို

နေပြည်တော်- နိုင်ငံတော်တွင် ရင်ဆိုင်နေရသော လုံခြုံရေး၊ စီး ပွားရေးအကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက် အန္တရာယ်များကို ဟန့်တားနိုင်ရေး အတွက် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအ ဝေးအမြန်ဆုံးခေါ်ယူပေးရန် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက သဘောထားကြေညာ ချက်ထုတ်ပြန်သည်။

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၃၅၀ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများရှိ ကျေက်မျက်တူးဖော်ရေး လုပ်ကွက် ၃၅၀ မှာ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ ချေးငွေများနှင့် ပတ်သက်၍ လွှတ်တော်တွင် ထောက်ပြဝေဖန်ခဲ့မှုအပေါ် ဦးဝင်းထိန်က ခေါ်ယူသတိပေးပြီးနောက် လွှတ်တော်ကော်မတီမှ ထုတ်ပယ်ခံရကြောင်း မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း ပြောကြား

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းအား ၎င်း၏ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ပယ်ဖျက်လိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်သို့ အသိပေးတင်ပြချက်အရ သိရသည်။

28.11.16

ရှမ်းမြောက်တိုက်ပွဲများကို စစ်ရေးနည်းနှင့် တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့် ဖြေရှင်းနေဟု ဆို


ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတွင် လတ်တလောဖြစ် ပွားနေသော တိုက်ပွဲများပြီးဆုံးစေ ရန် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သကဲ့သို့ တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်လည်း ဖြေရှင်းနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

ရန်ကုန်တွင် ကားအသစ်တင်သွင်းရေးနှင့် ကားထုတ်လုပ်ရေး စက်ရုံများ ပေါ်ပေါက်လာရေး ဦးစားပေးဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

ရန်ကုန်မြို့တွင် ကား အသစ်များ တင်သွင်းနိုင်ရေးနှင့် ကားထုတ်လုပ်ရေး စက်ရုံများ ပေါ်ပေါက်လာရေးကိုသာ အဓိကဦးစားပေး လုပ်ဆောင် မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး စီမံကိန်းမူကြမ်း ၀န်ကြီးဌာနသို့ တင်ပြထားဟုဆို

မြန်မာနိုင်ငံတွင် ခရီး သွားလုပ်ငန်းဈေးကွက်မြှင့်တင်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေ ရန် ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက် ရေးစီမံကိန်း ၂၀၁၇-၁၉ မူကြမ်း ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း သတင်းရရှိသည်။

မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူ ဖီလွန် ပြင်သစ်ရွေးကောက်ပွဲ ဝင်ခွင့်ရ

မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူ တစ်ဦးအဖြစ် နာမည်ကြီးသော ဖရန်ဆွာ ဖီလွန်သည် ပြင်သစ် သမ္မတလောင်း တစ်ဦးအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့်ရရန် သေချာသွားပြီ ဖြစ်သည်။

အမေရိကန် GSP အခွန်ကင်းလွတ်ခွင့်ပြန်လည်ရရှိလာသော်လည်း အပြည့်အ၀အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေသေး

အမေရိကန်နိုင်ငံမှ GSP အခွန်ကင်းလွတ်ခွင့် ပြန်လည်ရရှိလာသော်လည်း အပြည့်အ၀အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေသေးတယ်လို့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောဆိုပါတယ်။

ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်ကို အငှားစနစ်ကဦးဆောင်နေပြီး မြို့တွင်း အပြင်ဘက်မြို့နယ် စိတ်ဝင်စားမှုမြင့်တက်နေဆဲ

ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်ကို အငှားစနစ်ကဦးဆောင်နေပြီး မြို့တွင်းမြိုနယ်တွေထက် အပြင်ဘက်မြို့နယ်တွေမှာ စတ်ဝင်စား မှုပိုမိုမြင့်တက်နေတယ်လို့ ပြည်တွင်းရှိအွန်လိုင်းအိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ House.com ကထုတ်ပြန်ပါတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိ


မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁ သန်းကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုကုန်သွယ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို KNU ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက်မည်ဟု ဦးသန်းရွှေက ပြောကြားခဲ့ဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အဖွဲ့သည် နေပြည်တော်တွင် ရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မူဆယ် - ကွတ်ခိုင်လမ်းပိုင်းကို တပ်မတော်စစ်ကြောင်းက ထိန်းချုပ်ထားနိုင်ပြီး အသွားအလာ ပုံမှန်နီးပါးပြန်ဖြစ်လာ

နိုဝင်ဘာ၂၀ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများနှင့် နယ်မြေ မတည်ငြိမ်မှု အခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှင့် အသွားအလာများ ရပ်တန့်လုနီးပါး ဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ် - ကွတ်ခိုင် လမ်းပိုင်းကို တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ၂၆ ရက်တွင် ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အသွားအလာများ ပုံမှန်နီးပါး ပြန်ဖြစ်လာကြောင်း သတင်းရရှိသည်။

25.11.16

တနင်္သာရီတိုင်းရှိ ကျွန်း ၂၂ ကျွန်းကို ငှားရမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့စိစစ်

ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပ ဏီ ၂၂ ခုမှ ငှားရမ်းမည့် ကျွန်း ၂၂ ကျွန်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်လျက်ရှိ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေး ၀န်ကြီးဌာန၀န်ကြီးဦးအုန်း မောင်က နိုဝင်ဘာ ၂၃ ရက်က အမျိုးသားလွှတ်တော်တွင် ပြော ကြားသည်။

မန္တလေးတွင် လုပ်ငန်းမလုပ်သော မြေယာများ ပြန်သိမ်းမည်

လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် လျှောက်ထားရ ယူပြီး ခြောက်လအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက် များကို ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား၂၀၀ ကျော်ဖြင့် ဆောင်ရွက်နေပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၊ ပလာဇာနှင့် စူပါမားကတ်များတွင် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ကြရန် ခရိုင်ရဲတပ်ဖွဲ့မှူး ပြောကြား



မူဆယ် (၁၀၅)မိုင်တွင် တိုက်ပွဲများဖြစ်ပေါ်နေ မှု၊ ရန်ကုန်မြို့ရှိ Capital Hypermarket ပေါက်ကွဲမှုနှင့် ရခိုင်အရေးအခင်းဖြစ် ပွားနေမှုများရှိနေသည့်အတွက် မန္တလေး မြို့တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော် ဖြင့် လုံခြုံရေးဆောင်ရွက်နေပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၊ ပလာဇာ နှင့် စူပါမားကတ်များတွင် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ရန် မှာကြား ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။

ရုရှားနှင့် လက်နက်အရောင်းအဝယ်မပြုလုပ်ရန် ဂျာမနီနှင့် နိုင်ငံ ၁၅ ခု ဖိအားပေး



ခရိုင်းမီးယားနှင့် ယူကရိန်းအရှေ့ပိုင်းကဲ့သို့သော ဥရောပအရှေ့ပိုင်းဒေသများတွင် ရုရှားက လက်နက်ကိုင်တပ်ဖွဲ့များကို

မုံရွာမြို့နယ် ကျောက္ကာရွာရှိရေနံချက်ဖိုများကို ဒေသန္တရ ရေနံချက် ယာယီလိုင်စင်များ ထုတ်ပေး

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နှင့်ဆယ်မိုင်ခန့် အကွာ ကျောက္ကာမြောက်ရွာရှိရေနံ ချက်ဖိုများကို လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ ဒေသန္တရ ရေနံချက်လုပ် ငန်းယာယီလိုင်စင်များကို နိုဝင်ဘာ ၂၃ ရက်တွင် ရေနံချက်လုပ်ငန်းဇုန် အစည်းအဝေးခန်းမတွင် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးအရှုံးပေါ်ခဲ့ပြီးနောက် ထိုင်ဝမ်ရဲ့ TransAsia လေကြောင်းလိုင်းလုပ်ငန်းရပ်ဆိုင်းဖို့ ဆုံးဖြတ်


လေကြောင်းခရီးသွားဘေးကင်းလုံခြုံမှုမှတ်တမ်းပိုင်းမှာဆိုးရွားတဲ့မှတ်တမ်းဆိုးတွေရှိထားခဲ့တဲ့ ထိုင်ဝမ်ရဲ့ TransAsia

အာရှဒေသရဲ့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုပိုင်းမှာ စင်ကာပူကထိပ်ဆုံးမှာ ရပ်တည်နေ

စီးပွားရေးလုပ်ငန်းတွေအတွက် ဒစ်ဂျစ်တယ်နည်းပညာပိုင်းကိုအသွင်ကူးပြောင်းနိုင်မှုကဏ္ဍမှာတော့ အာရှဒေသမှာ စင်ကာပူ ထိပ်ဆုံးကနေရပ်တည်နေနိုင်လျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံ့ကုန်သွယ်မှု ကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံအထိရှိလာ

အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၈ ရက်နေ့အထိ နိုင်ငံ့ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံ ၀န်းကျင်အထိ ရှိလာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနထံကသိရပါတယ်။

23.11.16

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းမဟာဗျူဟာသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာမဟာဗျူဟာသစ်အရ စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့
မျှော်လင့်ထားတယ်လို့ ထရီဇာမေက CBI အခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးသောအချက် ပါဝင်

အစိုးရသစ်၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွင် စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ်သိမ်းယူခြင်းမှ အကာအကွယ်ပေးမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။

ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေ တစ်နာရီခန့် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက် နံနက်က တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KIA)အကြား ရင်ဆိုင်တိုက်ပွဲ တစ်နာရီခန့်ဖြစ် ပွားခဲ့ကြောင်း  သတင်းရရှိသည်။ဖားကန့်-ကာမိုင်းလမ်းပေါ် ဂေါ့လူယန်ကျေးရွာနှင့် တံတားညီ နောင်ကျေးရွာအကြား၌ နှစ်ဖက်လှုပ်ရှားတပ်များတွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA တပ် ရင်း (၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တန်ဆန်းကပြောသည်။

နိုင်ငံစီးပွားရေးတည်ငြိမ်ပြီး သင့်လျော်ကာလ ရောက်ချိန်တွင် ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲခြင်း ဆောင်ရွက်မည်

 ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲရိုက်နှိပ်ထုတ်ဝေခြင်း ကို နိုင်ငံတော်စီးပွားရေးတည်ငြိမ် ပြီး သင့်လျော်သည့် ကာလရောက်ချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြော ကြားသည်။

နေပြည်တော်ဝင်ပေါက်၊ ထွက်ပေါက်များကို လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် ဒုသမ္မတဦးမြင့်ဆွေပြော

နေပြည်တော် ၀င်ပေါက်၊ ထွက်ပေါက်များတွင် လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေက (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်

နိုဝင်ဘာ ၂၂ ရက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်သူများထံမှ သိရသည်။

တအာင်းဒေသတွင် ၂၀၁၆ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

၂၀၁၆ ခုနှစ်အတွင်း တအာင်းဒေသ၌ တိုက်ပွဲပေါင်း ၃၀၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ၂၀၁၅ - ၂၀၁၆ ခုနှစ် စစ်ပွဲသုံးသပ်ချက်တွင် ဖော်ပြထားသည်။

လူငယ်ရေးရာ မူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ၀င်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ကိုယ်စားလှယ်များက အစိုးရအား တောင်းဆို

လူငယ်ရေးရာမူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ၀င်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ရေးရာမူဝါဒရေးဆွဲရေး ကော်မတီအနေဖြင့် အစိုးရအား တောင်းဆိုထားကြောင်း လူငယ်ရေးရာမူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင် ကိုသူရစိုးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ကာလီနင်ဂရက်ဒေသ၌ ဒုံးကျည်ဖြန့်ကြက်မည်ဟု ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးပြော

ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသအနီးတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)က စစ်ရေးတည်ဆောက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အက်စ်-၄ဝဝ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သော အစ်ခန်ဒါ ဒုံးကျည်များကို ကာလီနင်ဂရက်ဒေသ၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း အစိုးရလိုလားသော ဝါရင့်အမတ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်မျိုးနွယ် လက်နက်ကိုင်အဖွဲ့များ၏ လော်ဘီများ ပေါ်ပေါ်တင်တင် လှုပ်ရှားနေသည်ကို တရုတ်အစိုးရ မျက်ကွယ်ပြုထားသည်ဟု South China Morning Post ဖော်ပြ


မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် တရုတ်လူမျိုးနှင့် နီးနွယ်သည့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုဖြစ်သော ကိုးကန့် တပ်ဖွဲ့ က အင်တာနက်တွင် ငွေနှင့် အထောက်အကူများ စုစည်းတောင်းခံနေသည်ကို တရုတ်အစိုးရ၏ ဆင်ဆာနှင့် အာဏာပိုင်များက မတားမြစ်ဘဲ လုပ်ခွင့်ပေးထားသည်။

21.11.16

ကားတင်သွင်းသူများစွာရှိခြင်းက ဒေါ်လာဈေးမြင့်တက်ရသည့် အချက်တစ်ချက်ဟု ကားတင်သွင်းသူများ သုံးသပ်

 ဒေါ်လာဈေး ပြည်တွင်း၌ ဆက်တိုက် မြင့်တက်နေခြင်းမှာ လက်ရှိကားတင်သွင်း ခွင့်မူဝါဒဖြင့် နှစ်မကုန်မီ ကားတင်သွင်းသူအမြောက်အမြား ရှိနေခြင်းကလည်း အချက်တစ်ချက် ဖြစ်ကြောင်း မော်တော်ယာဉ် တင် သွင်း ရောင်းချသူများက ပြော ကြားသည်။

မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် များအတွင်း နိုဝင်ဘာ ၂၀ ရက် နံနက်က စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန္တလေး-မူ ဆယ် ကုန်စည်စီးဆင်းမှုများ ပြတ် တောက်သွားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ် ဆိုင်းသွားကြောင်း သတင်းရရှိ သည်။

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ကိုးရက်တိုင် ဝယ်ယူနိုင်မည်

၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။

ရုရှားနှင့် ဖိလစ်ပိုင်သမ္မတနှစ်ဦး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်ဆွေးနွေး

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးတို့သည် ပီရူးနိုင်ငံလီမာမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (အေပက်) ကို တက်ရောက်ပြီးနောက် သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

18.11.16

သီလ၀ါ အထူးစီးပွားရေးဇုန်၌ ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ကုမ္ပဏီ Ball က အချိုရည်နှင့် အဖျော်ယမကာသုံး သံဘူးများ တစ်နှစ်လျှင် သန်း ၅၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု သိရ

သီလ၀ါ အထူးစီးပွားရေးဇုန်၌ ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန် ကုမ္ပဏီ Ball က မြန်မာနိုင်ငံအတွက် အချိုရည်နှင့် ယမကာသုံး သံဘူးများ တစ်နှစ်လျှင် သန်း ၅၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း Ball Asia Pacific (Yangon) Metal Container Ltd ၏ Country Manager ဦးမင်း တလဥာဏ်က ပြောကြားသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမည့် သဘာဝဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်သွားမည်



မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ လင်မလိုရွာကြီး အနီးတွင် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်နှင့် ကိုရီးယားနိုင်ငံမှ KMPI တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမည့် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ငွေလဲနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း အပြောင်းအလဲမရှိ

တစ်ပတ်အတွင်း နိုင်ငံ ခြားငွေလဲလှယ်နှုန်းစံချိန်တင်မြင့် တက်လာသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်နေကြောင်း သတင်းရရှိသည်။

ဒေါ်လာဈေး ၁,၃၀၀ကျပ် ကျော်သော်လည်း ဆေးဝါးပစ္စည်းဈေးနှုန်းများ ဈေးတက်ရန် စောင့်ကြည့်ဦးမည်ဟုဆို

အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၁၅ ကျပ်သို့ မြင့်တက် လာသော်လည်း ဆေးဝါးပစ္စည်း ဈေးနှုန်းများ ဈေးတက်ရန် သင့်၊ မသင့်ကို နိုဝင်ဘာလကုန်အထိ စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန်လျင်တံတားသစ် စီမံကိန်းတို့ကို ဂျပန်နိုင်ငံမှ ကူညီမည့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံဖြင့် ဆောင်ရွက်မည်

အစိုးရသစ် စတင်တာဝန်ယူအပြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်အပြီးတွင်

17.11.16

NLD အစိုးရလက်ထက် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၁၀ အထိ စံချိန်တင် ရောက်ရှိလာပြီး အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာ ၁၅၇ ကျပ် မြင့်တက်

NLD အစိုးရလက်ထက် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၁၀ အထိ စံချိန်တင် ရောက်ရှိလာပြီး အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၅၇ ကျပ်မြင့်တက်လာကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို Third Party များအား အပ်နှံဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ထိန်းကွပ် ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို ယခင်ကမရှိခဲ့သော Third Party များအား အပ်နှံ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။

လူစီးမော်တော်ယာဉ်ဟောင်းတွေအပ်နှံကာ မော်ဒယ်မြင့်ဘတ်စ် ကားတွေ အစားထိုးတင်သွင်းဖို့ စာရင်းသွင်းသူနည်းပါးနေဆဲ

လူစီးမော်တော်ယာဉ်ဟောင်းတွေအပ်နှံကာ မော်ဒယ်မြင့်ဘတ်စ်ကားတွေ ပြန်လည်တင်သွင်းဖို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြားထားပေမယ့် အမှန်တကယ်အပ်နှံဖို့ စာရင်းသွင်းသနည်းပါးနေဆဲလို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် ကင်းစခန်း များပြုပြင်ရန် ပြည်ထဲရေး ၀န်ကြီးဌာနက လွှတ်တော် သို့ ဖြည့် စွက်ရန်ပုံငွေတောင်းခံ



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် ခြံစည်းရိုးတစ်လျှောက် ရှိ ကင်းစခန်းများပြုပြင် ရန် ပြည် ထဲ ရေးဝန်ကြီးဌာနက လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေတောင်းခံ လိုက် ကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်ကကျင်းပ သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မူလ ခန့်မှန်းရန်ပုံငွေဖြင့် လုံလောက်မှုမရှိ သည့် အသုံးစရိတ်ငွေဖြည့်စွက်တောင်း ခံရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းကဲ့သို့ တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။
မူလခွင့်ပြုငွေဖြင့် မလုံလောက် သောကြောင့် ငွေလုံးငွေရင်းအသုံး စရိတ်အဖြစ် ကျပ် သန်းပေါင်း ၃၆၉၂၈ သန်းကိုတောင်းခံခဲ့ပြီး ယင်းငွေဖြင့် မြန် မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံ စည်းရိုးကာရံခြင်းနှင့် ခြံစည်းရိုး တစ်လျှောက်ရှိ ကင်းစခန်းများပြု ပြင်ရန်အပြင် အခြားလုပ်ငန်းနှစ်ခု ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်စိုး၏ လွှတ်တော်သို့တင်ပြချက်အရ သိရ သည်။
" ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံငွေ ကျပ်သန်းပေါင်း ၃၆၉၂၈ ဒသမ ၅၇၉ သန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်း များအတွက် တောင်းခံငွေ၊ ကျပ်သန်းပေါင်း ၃၁၃၁၄ ဒသမ ၈၇ သန်းမှာ မြန်မာ နိုင်ငံလူ့အခွင့် အရေးကော် မရှင် မှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးပြီး ဘူးတံခါးများပြု ပြင်သင့်ကြောင်း အကြံပြုချက်အရ တိုင်းဒေသ ကြီး ပြည်နယ်ရဲ တပ်ဖွဲ့လုံ ခြုံရေးတပ်ဖွဲ့များ မှာရှိတဲ့ အချုပ် ခန်းများကိုပြင်ဆင် ဖို့အတွက် လိုအပ် သောငွေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်း ရိုးကာ ရံခြင်းဆောင် ရွက်ဆဲလုပ်ငန်းများ အတွက် လို အပ်သောငွေ၊ ခြံစည်းရိုး တစ်လျှောက် မှာရှိတဲ့ ကင်းစခန်း ၂၇ ခုပြုပြင်ခြင်း လုပ်ငန်းအတွက် လိုအပ်ငွေ၊ မြန်မာ- ထိုင်းနယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေး နယ်စပ်ဂိတ် ဖွင့်လှစ်ထားတဲ့ ကယား ပြည်နယ် မယ်စဲ့နယ်မြေရဲ စခန်းမှာရှိ တဲ့ တပ်ဖွဲ့ဝင်များအတွက် အဆောက် အအုံဆောက် လုပ်ပေး ရန်ဖြစ်ကြောင်း " ပြည်ထဲရေးဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး ကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်း ပေါင်း ၁၃၄၅၄ ဒသမ ၉၄၄ သန်း တောင်းခံခဲ့ပြီး အကျဉ်းသား၊ အချုပ် သားဦးရေ တိုးမြင့်လာခြင်းကြောင့် ကျွေးမွေးရန်ရိက္ခာငွေလိုအပ်ချက် အပြင် အခြားကိစ္စရပ်များကို ဆောင် ရွက်မည်ဖြစ်ကြောင်းသိရသည်။
"သာမန်အသုံးစရိတ်အဖြစ် ထပ်မံတောင်းခံငွေကျပ်သန်းပေါင်း ၁၃၄၅၄ ဒသမ ၉၄၄ သန်းဟာ ဖွဲ့စည်း ပုံအရ ထပ်မံခန့်ထား ရန်လိုအပ်တဲ့ ၀န်ထမ်း များအတွက် လိုအပ်သော လစာငွေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာ နနဲ့ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအား ရိက္ခာထောက် ပံ့ငွေနှုန်းထားများ တိုးမြှင့်ခံစားခွင့် ပြုခြင်းအတွက် ထပ်မံလိုအပ်ငွေ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ ဓာတုဗေဒစစ် ဆေးရေးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ မှုခင်း သိပ္ပံဌာနတို့အတွက် လိုအပ်သော ဓာတုဗေဒဆေးရည်၊ ဆေးမှုန့်ဝယ်ယူ ရန်လိုအပ်ငွေ၊ အကျဉ်း ဦးစီး ဌာနမှ အကျဉ်းသား၊ အချုပ်သားဦးရေ တိုး မြင့်လာ သဖြင့် ၎င်း တို့အားကျွေးမွေး ရန် လိုအပ်သောရိက္ခာငွေ၊ အကျဉ်း ထောင် အကျဉ်းသား စခန်းအ ဆောက်အအုံများ တိုးချဲ့ဆောက် လုပ် ပြင်ဆင်ရန် လိုအပ်ငွေ၊ လုံခြုံရေးအရ အရေးပေါ်ပြင် ဆင်ရန် အဆောက် အအုံများ အတွက် လိုအပ်ငွေ ၊ မြန် မာ နိုင်ငံအမျိုးသားလူ့ အခွင့်အရေး ကော်မ ရှင်နှင့် လွှတ်တော် လူ့အခွင့် အရေးကော်မတီတို့၏အကြံပြုချက် များအရ လို အပ်သော အကျဉ်းထောင် အဆောက်အအုံများပြုပြင် ရန် လို အပ်ငွေတို့အ တွက် တင်ပြတောင်း ခံ ထားခြင်းဖြစ်ကြောင်း " ဗိုလ်ချုပ် အောင်စိုး က ထပ်လောင်း ရှင်းလင်း ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန များမှ ဖြည့် စွက်ရန်ပုံငွေတောင်းခံ ခြင်းများဆောင် ရွက်ခဲ့ပြီး ကျန်ဝန်ကြီး ဌာနများ ၏ ဆက်လက်တင်ပြမှုကို နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ဆောင် ရွက်မည်ဖြစ်ကာ ယင်းသို့ တင်ပြမှုများနှင့်ပတ်သက်ပြီး လွှတ် တော်က ဆက်လက်ဆွေးနွေးဆုံး ဖြတ်ခြင်းများကို ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

Credit To >>> Democracy Today

ဒေါက်တာအေးမောင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲ၌ ရခိုင်ပြည်နယ် အမ်း မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာအေး မောင်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိနေကြောင်း သတင်းရရှိသည်။

16.11.16

နိုင်ငံတကာသစ်ကုန်စည်ပြပွဲတွင် မြန်မာသစ်များ တရားမ၀င်ရောင်းဝယ်သည်ဟု တိုင်ကြားခံရသည့် ဥရောပအခြေစိုက် သစ်ကုမ္ပဏီနှစ်ခု ၀င်ရောက်ပြသနေ

နယ်သာလန်နိုင်ငံ အမ်စ တာဒမ်မြို့တွင် နိုဝင်ဘာ ၁၅ ရက် မှ ၁၇ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာသစ် ကုန်စည်ပြပွဲ၌ ဥရောပကော်မ ရှင်သို့ တရားမ၀င်မြန်မာကျွန်း သစ်များ ရောင်းဝယ်ဖောက်ကား နေသည်ဟု တိုင်ကြားခံရသော ဥရောပအခြေစိုက်သစ်ကုမ္ပဏီ နှစ်ခုဝင်ရောက်ပြသနေကြောင်း EIA အဖွဲ့က နိုဝင်ဘာ ၁၅ ရက် တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီ Harman ကို ဒေါ်လာ ၈ ဘီလီယံနဲ့ Samsung ၀ယ်ယူ


တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ယခုဆိုရင် အမေရိကန်အခြေစိုက်

မောင်တောအကြမ်းဖက်မှုများအပေါ် အလွန်စိုးရိမ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ် တွင် လတ်တလောဖြစ်ပွားနေ သည့် အကြမ်းဖက်မှုများအပေါ် အလွန်စိုးရိမ်မှုရှိကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင် (အာနန်ကော်မရှင်)က သ တင်းထုတ်ပြန်သည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းကျပ်၁၃၀၀ ကျော်သို့ရောက်ရှိလာ၊ ထပ်မံမြင့်တက်နိုင်သဖြင့် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ဟုဆို

ယခုနှစ်အ တွင်း ပြည်တွင်းအမေရိကန်ဒေါ် လာ ငွေ လဲနှုန်း အမြင့်ဆုံးအဖြစ်တစ်ဒေါ် လာလျှင် ပြည် ပဈေးကွက်အတွင်း ကျပ် ၁၃၀၀ ကျော်သို့ ရောက်ရှိ လျက်ရှိရာ ထပ်မံမြင့်တက်နိုင်သည့် အလားအလာ များကြောင့် ဗဟို ဘဏ်အပါအဝင် သက်ဆိုင်ရာဝန် ကြီးဌာနများအနေဖြင့် ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်ရန် လိုအပ်နေ ကြောင်း ငွေကြေးဈေး ကွက်လေ့လာ သူများ၏ ပြောကြားချက်အရ သိရ သည်။

15.11.16

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၆၈ ခုကို ခွင့်ပြုပြီးဖြစ်

သီလ၀ါအထူးစီးပွားရေး ဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ ရန် လျှောက်ထားသည့် ကုမ္ပဏီ များထဲမှ ကုမ္ပဏီပေါင်း ၆၈ ခုကို ပါမစ်ထုတ်ပေးထားပြီဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေး ဇုန်စီမံ ခန့်ခွဲရေးကော်မတီက သတင်း ထုတ်ပြန်သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ ပူးပေါင်းဆက်ဆံရေးအတွက် ဖုန်းဖြင့် စကားပြောဆိုခဲ့


ရုရှားသမ္မတပူတင်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအ၀င် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်ရေးအတွက်လုပ်ငန်းများဆောင်ရွက်ရန် တနင်္လာနေ့ တွင် သဘောတူခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ဆိုသည်။

နိုင်ငံတကာဘဏ်လုပ်ငန်းတွေဝင်လာသော်လည်း ပြည်တွင်းဘဏ် လုပ်ငန်းမှာ ကြီးမားတဲ့ရိုက်ခတ်မှုမရှိနိုင်ပါဘူးလို့ဆို

နိုင်ငံတကာဘဏ်လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေသော်လည်းပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ရိုက်ခကမှုတွေမရှိနိုင်ပါဘူးလို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုပါတယ်။

နိုင်ငံပိုင် သထုံအကြီးစားစက်ရုံမှာ တာယာနဲ့ရော်ဘာပစ္စည်းအခြေခံ စက်မှုလုပ်ငန်းကို ပုဂ္ဂလိကနဲ့ ဖက်စပ်ဆောင်ရွက်မယ်

နိုင်ငံပိုင် သထုံအကြီးစားစက်ရုံမှာ တာယာနဲ့ ရော်ဘာပစ္စည်းအခြေခံစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များ အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန် နယ်စပ်ဂိတ်များအားလုံးကို အာဆီယံအဆင့် စံချိန်စံညွှန်းများဖြစ်လာစေရန် အဆင့်မြှင့်တင်မှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။

အိန္ဒိယဘဏ်များတွင် ငွေလဲလှယ်မှုအခက်အခဲဖြစ်ပေါ်

အစိုးရက တန်ဖိုးကြီးငွေစက္ကူအချို့ တရားမဝင်တော့ကြောင်း ရုတ်တရက် ကြေညာပြီးနောက် ငွေစက္ကူများ လဲလှယ်ရန် အလျင်လိုနေသည့်လူများကြောင့် အိန္ဒိယ ဘဏ်များတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

မန္တလေးမြို့ အိမ်ခြံမြေသတ်မှတ်စံနှုန်းသစ်များ အတည်ပြုထုတ်ပြန်

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ သတ်မှတ်စံနှုန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အောက်တိုဘာလ ကုန်ရက်က အတည်ပြုထုတ်ပြန်လိုက်ပြီး ယခင်စံနှုန်းများထက် ၁ဝ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောသည်။

10.11.16

အိန္ဒိယ အစိုးရက ငွေမည်းတွေနဲ့ ငွေစက္ကူတုတွေကို ထိရောက်စွာနှိမ်နင်းဖို့ စတင်လုပ်ဆောင်

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဦးဆောင်တဲ့ အိန္ဒိယ အစိုးရအဖွဲ့ ဟာငွေမည်းတွေနဲ့ ငွေအတုတွေ လည်ပတ်နေတာကြောင့် တိုက်ဖျက်ဖို့အတွက် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ငွေကြေးတွေထဲက ရူပီး ၅၀၀တန် နဲ့ ၁၀၀၀ တန်တို့ဟာ နိုဝင်ဘာ ၉ရက်နေ့ကစပြီးအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။အဆိုပါ ငွေ၅၀၀ နဲ့၁၀၀၀ တို့ကို ဖျက်သမ်းလိုက်ပါပြီ။အဲဒီအတွက် ပြည်သူတွေဟာ သူတို့ရဲ့ငွေတွေကို ဘဏ်ဒါမှမဟုတ် စာတိုက်တွေမှာ အကောင့်ဖွင့်ကာ သွားသွင်းထားဖို့ကို အစိုးရကတိုက်တွန်းထားပါတယ်။