29.11.16

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၃၅၀ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများရှိ ကျေက်မျက်တူးဖော်ရေး လုပ်ကွက် ၃၅၀ မှာ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလအတွင်း လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၆၉ ခု၊ မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက် ၁၅၆ ခု၊ မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက် ၉၄ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက် ၃၁ ခုတို့မှာ ဒီဇင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


လုံးခင်း၊ ဖားကန့် ရတနာနယ်မြေရှိ လုပ်ကွက် ၆၉ ခုကို ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။အဆိုပါလုပ်ကွက်များ အားလုံးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လုပ်ကွက် သက်တမ်းကုန်ဆုံးမည့် ရတနာနယ်မြေများရှိ လုပ်ကွက်များကို သက်တမ်းတိုးပေးရန် အစီအစဉ် ရှိ မရှိကိုမူ ထုတ်ပြန်ကြေညာ ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ရတနာနယ်မြေတွင် လုပ်ကွက် အသစ်များ မချပေးတော့ကြောင်း၊ လုပ်ကွက် သက်တမ်းတိုးခြင်းကိုလည်း ရပ်တန့်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ပြောကြားထားသည်။

နိုဝင်ဘာလအတွင်းကလည်း လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၅၂၉ ခု၊ ခန္တီးရတနာနယ်မြေတွင် လုပ်ကွက် ၂၈၈ ခု၊ မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက် ၄၈ ခု၊ မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက် ၇၉ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက် ကိုးခုနှင့်နန့်ယားဆိပ် ရတနာနယ်မြေတွင် လုပ်ကွက်လေးခု စုစုပေါင်း လုပ်ကွက် ၉၅၇ ခုတို့မှာ နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လုပ်ကွက် ၁၇၅ ခု၊ ခန္တီးတွင်နှစ်ခု၊ မိုးညှင်း တွင် ၅၄ ခု၊ မိုးကုတ်တွင် ၃၄ ခုနှင့် မိုင်းရှူးတွင် ငါးခုနှင့် နန့်ယားဆိပ် ရတနာနယ်မြေတွင် လုပ်ကွက်သုံးခု စုစုပေါင်းလုပ်ကွက် ၂၇၂ ခု တို့မှာလည်း အောက်တိုဘာလအတွင်းက သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment