29.11.16

နေပြည်တော်ကောင်စီ အစိမ်းရောင် နယ်မြေဖြစ်ရေး ဇုန်ကြီးငါးခုတွင် အကောင်အထည်ဖော်မည်


နေပြည်တော် ကောင်စီနယ်မြေကို အစိမ်းရောင် နယ်မြေ(Green City)ဖြစ်လာစေ ရန် ဇုန်ကြီးငါးခုပေါ်တွင် အခြေ ခံဆောင်ရွက်မည်ဖြစ်ကြောင်း နေ ပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ နေပြည်တော်မှာ နဂိုရှိပြီးသား အခြေအနေကောင်းတဲ့ စိမ်းစိုတဲ့ ဒေသကြီး တစ်ခုကို Eco Tourism (သဘာဝအခြေခံခရီးသွား လုပ်ငန်း) မြှင့်တင်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း မူတစ်ခုချမှတ်ထားတာပေါ့။ အဲဒါရဲ့အစိတ်အပိုင်း အနေနဲ့ နေပြည်တော် စည်ပင်က ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်’’ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောကြားသည်။

နေပြည်တော်ကို အနာ ဂတ်စိမ်းလန်းမြို့တော်အဖြစ် စီမံ ဆောင်ရွက်ရခြင်း၏ အဓိကအ ကြောင်းရင်းများမှာ လေထုညစ် ညမ်းမှုမရှိခြင်း၊ ယာဉ်ကြောရှုပ် ထွေးမှုမရှိခြင်း၊ စီးပွားရေးအရ ပတ်ဝန်းကျင်ထိခိုက်နိုင်မည့် အ ကြီးစားစက်မှုလုပ်ငန်းများ မရှိ ခြင်း စသည့် အကြောင်းရင်းများ အပေါ် အခြေခံရွေးချယ်ခြင်းဖြစ် သည်ဟု ဆိုသည်။

‘‘စီးပွားရေးအရ ပတ်ဝန်း ကျင်ကို ထိခိုက်နိုင်တဲ့ အကြီးစား စက်မှု လုပ်ငန်းမျိုးတွေကတော့ ဒီမှာ ခွင့်ပြုထားတာလည်းမရှိဘူး။ လက်ရှိအနေအထားအရ နောင် လည်း လုပ်မှာမဟုတ်ဘူး။ အုပ် ချုပ်ရေးကို အမှီပြုပြီးတော့မှနောင် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင်နဲ့ သာယာလှပတဲ့ (Green Zone)စိမ်းလန်းမြို့တော်အဖြစ်ပဲ ဆက်လက်ဆောင်ရွက်သွားဖို့ မူဝါဒရှိထားပါတယ်’’ ဟု နေပြည်တော် ကောင်စီဝင် ဦးမင်းသူက ပြောသည်။

နေပြည်တော်တွင် အစိမ်း ရောင်နယ်မြေတည်ဆောက်ရေး အတွက် Plan ရေးဆွဲရာ၌ ယခင်အစိုးရလက်ထက်က ဆောင်ရွက် ခဲ့သော အကွက်ကြီးငါးကွက်ဖြစ် သည့် ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှစ် မြို့နယ်နှင့် သက်ဆိုင်ရာ ဝန်ကြီး ရုံးများအပါအဝင် သပြေကုန်း၊ မြို့မဈေး၊ ဟိုတယ်ဇုန်များအပေါ် အခြေပြု၍ ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ဦးမင်းသူက ဆိုသည်။

‘‘အထူးသဖြင့် သဘာဝမ ပျက်တဲ့ တည်ဆောက်မှုလုပ်ငန်း မျိုးတွေပေါ့။ မြို့ဟောင်း သုံးမြို့ ဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ် ကုန်းမြို့တွေကို အခြေခံပြီးတော့ ငါးမြို့နယ် တည်ဆောက်နေတဲ့ ကိစ္စကို ဆက်လက် တိုးချဲ့ပြီး ဆောင်ရွက်မှာပေါ့’’ဟု ဦးမင်းသူ က ဆက်လက်ပြောကြားသည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဌာနက Green City ဇုန်အဖြစ် ဆောင်ရွက်နိုင်ရန် အခြေခံလိုအပ် ချက်များဖြစ်သော ဟိုတယ်များ၊ လေ့လာကြည့်ရှုလည်ပတ်ရန် နေ ရာများနှင့် လွှတ်တော်အဆောက် အအုံအတွင်း နိုင်ငံတကာမှ ဧည့်သည်များ လေ့လာနိုင်ရန် စီမံ ဆောင်ရွက်မည်ဖြစ်သည်။

‘‘နိုင်ငံရဲ့ ဆိုးခြင်း ကောင်း ခြင်းကို ဆုံးဖြတ်ပေးနေတဲ့ လွှတ် တော်ကြီးထဲမှာ ဘယ်လိုဆွေးနွေး သလဲဆိုတာတွေပါ ကြည့်နိုင်၊ မြင်နိုင်၊ လေ့လာနိုင်အောင် ကျွန်တော် တို့ဝန်ကြီးဌာနက လွှတ်တော်နဲ့ ပေါင်းစပ်ပြီးတော့ ခရီးစဉ်တွေ ရေးဆွဲပြီး စီစဉ်ပေးနေပါတယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

‘‘အုပ်ချုပ်ရေးကို အမှီပြုပြီး တော့မှ နောင်ပညာရေးဆိုင်ရာ တွေ ဖွံ့ဖြိုးတိုးတက်လာအောင်နဲ့ သာယာလှပတဲ့ (Green Zone) စိမ်းလန်းမြို့တော်အဖြစ်ပဲ ဆက် လက်ဆောင်ရွက်သွားဖို့ မူဝါဒ ရရှိထားတာပေါ့။ အဲဒီအပေါ်မှာ နေပြည်တော်တစ်ခုလုံးကို အနေ အထားပေါ် မူတည်ပြီးတော့ အခု မှပဲ အကောင်းဆုံးဖြစ်အောင် အစီအစဉ်ဆွဲနေတုန်း ရှိသေးတယ်။ လက်ရှိအနေအထားကတော့ ဒေ သထွက်ပန်းတွေ၊ ဒေသထွက်အ ပင်တွေကို ဦးစားပေးပြီးမှ စိုက် ပျိုးနေတယ်’’ဟု နေပြည်တော် ကောင်စီဝင် ဦးမင်းသူက ဆို သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment